Subscribe to our RSS Feed

ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ စတင်အကောင်အထည်ဖော်ပြီ


From : ပန်းသတင်းဂျာနယ်

ရန်ကုန်တိုင်းဒေသကြီးကို စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်လာစေရန် ရန်ကုန်မြို့တော် မြို့ပြစီမံကိန်း ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့တော်ဝန်ဦးလှ မြင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့တော် မြို့ပြစီမံကိန်း ရေးဆွဲရေးကော်မတ်ီကို ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့မှ ကွန်ဆက် Plan များကို စတင်ရေးဆွဲနေပြီဟု သိရသည်။

" နိုင်ငံတော်သမ္မတကြီးက ရန်ကုန်တိုင်းဒေသကြီးကို စင်ကာပူနိုင်ငံလိုဖြစ်အောင် ဆောင်ရွက် ဖို့ လမ်းညွှန်ထားပါတယ်။ ဒါကို အကောင်အထည်ဖော်နိုင်ဖို့ ရန်ကုန်မြို့တော် မြို့ပြစီမံကိန်းရေးဆွဲရေးကော်မတီ ကို ဖွဲ့စည်းပြီး ဆောင်ရွက်နေပါပြီ။ ရန်ကုန်မြို့ကြီးကို ရေရှည်တည်တံ့ကောင်းမွန်တဲ့ သန့်ရှင်းစိမ်းလန်းပြီး ကျန်း မာရေးနဲ့ ပြည်စုံတဲ့ မြို့ကြီးတစ်မြို့ဖြစ်လာအောင် စီမံကိန်းတွေ ရေးဆွဲနေပါတယ်" ဟု ဦးလှမြင့်က ဖေဖော်ဝါရီ် ၁၅ ရက်တွင် ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးနန်းညွှန့်ဝင်းမော်၏ ရန်ကုန်မြို့တော်အား နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်ရန် မည်သို့စီမံထားသည်ကို သိလိုကြောင်း မေးခွန်းကို ပြန်လည်ဖြေကြားသည်။

စီမံကိန်းရေးဆွဲရာတွင် လက်ငင်းဆောင်ရွက်ရန် စီမံကိန်း၊ ရေတိုငါးနှစ်စီမံကိန်းနှင့် ရေရှည် ဆောင်ရွက်ရန် စီမံစိန်းများပါဝင်ပြီး ဘက်စုံဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် သယ်ယူပို့ ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးလာစေရန် လေဆိပ်၊ ရေဆိပ်၊ အဝေးပြေးကားဂိတ်နှင့် မီးရထားဘူတာရုံများကို အဆင့် မြှင့်တင်ရန် ပါဝင်ကြောင်း သိရသည်။

သမိုင်းအမွေအနှစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထည့်သွင်းရေးဆွဲထားပြီး တိုးပွားလာမည့် ရန် ကုန်မြို့၏ လူဦးရေပေါ်တွင် အခြေခံကာ စီမံကိန်းကို ရေးဆွဲနေသည်ဟု သိရသည်။

ရန်ကုန်မြို့၏ လူဦးရေမှာ ၁၉၈၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ခန့်မှန်းတွက်ချက်မှုအရ နှစ်စဉ် ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးပွားနေပြီး ၂၀၁၀ ပြည့်နှစ်တွင် ၄ ဒသမ ၈ သန်းရှိကာ ၂၀၁၁ ခုနှစ်တွင် ၅ ဒသမ ၁ သန်းရှိကြောင်း သိရသည်။

နောင်လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တိုးပွားပါက ၁၂ သန်းခန့်ရှိမည် ဖြစ်ပြီး ၃ ရာခိုင်နှုန်းဖြင့် တိုးပွားပါက ရန်ကုန်မြို့ရှိ လူဦးရေသည် ၁၈ သန်းအထိရှိလာနိုင်ကြောင်း သိရသည်။

Myanmar Express

3 comments:

မြန်မာနိုင်ငံ တိုးတက်အောင် လုပ်မယ်လို.ပဲ
သုံးသင့်ပါတယ် ။ ဟိုနိုင်ငံနဲ.တူအောင် ဒီနိုင်ငံနဲ.
တူအောင်လို. မပြောသင့်ပါ ။ ဘာကြောင့်လဲဆိုတော့
ဘာသာ ၊ သာသနာ ၊ ယဉ်ကျေးမှု. ၊
လူ.အဖွဲ.အစည်း ဒါတွေဟာ မတူညီနိုင်ပါ ။
အဲ့ဒီအပြင် ဟိုးတလောက ဖတ်မိလိုက်တဲ့
စင်္ကာပူရောက် လူငယ်တဦးရေးထားတဲ့ မြန်မာကို စင်္ကကာပူနဲ.တူစေချင်သလို မတူစေချင်တာများ
ဆိုတာလေးက အရမ်းမှတ်သားထိုက်ပါတယ် ။ စင်္ကာပူမှ မဟုတ်ပါဘူး ။ အတုယူမယ်ဆိုရင် တိုးတက်တဲ့ နိုင်ငံတိုင်းက ကောင်းတဲ့အချက်တွေကိုသာ
ယူသင့်ပါတယ် ။
ပျက်ဆီးနေတဲ့ အကျင့်စရိုက်တွေ ၊ လူမှု.ရေး လော်လီ ဖောက်ပြန်မှု.တွေ ၊ ရွဲနေတဲ့ ယဉ်ကျေးမှု.တွေကို မယူသင့်ပါဘူး ။ အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှု. နဲ. စာရိတ္တတွေ ပျက်ဆီးမှာ
သူ.အိမ်ထောင် ကိုယ့်အိမ်ထောင် ပျက်ဆီး၊ဖျက်ဆီးမှု.တွေ
များလာမှာ ၊ မူးယစ်ဆေး ၊လောင်းကစားနဲ. အနှိပ်ခန်းတွေ
တိုးပွားလာမှာကိုတော့ ကြောက်မိပါသည် ။

ရန်ကုန်ကို အဆင့်မြင့်ရာမှာ ရေ ၊ မီး အဓိကြ
ဖစ်ပါတယ် ။ ရေကောင်းရေသန်.ရဖို. လိုအပ်ပါတယ် ။ အဓိကကတော့ နွေရာသီ ဖြစ်ပါတယ် ။ တိုးတက်တဲ့
နိုင်ငံတွေလို ပိုက်ကလာတဲ့ ရေကို သောက်လို. မဖြစ်နိုင်ရင်တောင် အနည်းဆုံးတော့
အညစ်အကြေးကင်းစေချင်တယ် ။ တီ ၊ ပိုး
ကင်းစေချင်တယ် ။ မီးမလာတော့ ရေမရ ဘဝက
အခုတော့ မီးမှန်နေတယ် ကြားရလို. ဝမ်းသာမိပါ၏ ။ ဆက်လက်တည်တံ့ နိုင်စေဖို. မျှော်လင့်ပါ၏ ။
အမှိုက်သရိုက်လည်း အရင်ကလို မတွေ.ရ ဟု ကြားသိရသဖြင့် ကျေနပ်မိပါ၏ ။ ဒါဏ်ရိုက်ခြင်းထက် ပြည်သူလူထုကို အသိပညာပေးဖို.လိုပါ၏။
ရေမြောင်းများကိုလည်း အစဉ် သန်.ရှင်းစေချင်ပါ၏ ။ လမ်းများကတော့ ဆိုးဆဲဟု သိရသဖြင့် တိုးတက်ကောင်းမွန်
လာလိမ့်မည်ဟု မျှော်လင့်မိပါ၏ ။ ဘတ်စ်ကားပေါ်တွင်
ခါးပိုက်နှိုက် ကင်းဝေးစေချင်၏။ ပြင်းထန်သော ပစ်ဒဏ်
ပေးခြင်းဖြင့် စံပြပြုလုပ်ပေးပါ ။ မကောင်းသော ဘတ်စ်ကားစီး
ခရီးသည် ယောင်္ကျားများအား ပင်အပ်များဆောင်ထားကာ
ဆုံးမ သည့်နည်းကို မိန်းကလေးများ သုံးကြည့်ပါ ။
ကွမ်းတံတွေး မဆင်မခြင်ထွေးသူများအား စဉ်ဆက်မပြတ်
အပစ်ပေးနိုင်ပါစေ ။ ယာဉ်စည်းကမ်းကတော့ အရင်အတိုင်း
ချိုးဖောက်နေကြဆဲ ဟု ကြားသိရပါသဖြင့် ယာဉ်မောင်းသူ
များအားလုံးကို ခေါ်ယူပညာပေးသင့်ပါသည် ။ နိုင်ငံတကာ
ယာဉ်မောင်းနှင်သည့် အခွေကို ပြသင့်ပါသည်။ ချိုးဖောက်ပါက
မှတ်လောက်သားလောက် ပစ်ဒဏ်ပေးခြင်းဖြင့်
အများမလုပ်ရဲအောင် ပြုလုပ်သင့်သည်။

ကျေးဇူးတင်ပါ၏
SV

လိုချင်တော့ ဒီမိုကရေစီ
စည်းကမ်းတော့ လိုက်နာမယ်မရှိဘူး
ကိုယ့်ဟာကိုယ် စောက်သုံးမကျလဲ
စစ်တပ် မဟုတ်ရင် အစိုးရကို လက်ညှိုးထိုးဖို့ပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်