Subscribe to our RSS Feed

ကြက်/ငှက်တုပ်ကွေးရောဂါ သံသယဖြစ်ဖွယ်တွေ့ရှိ


၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ နေရှင်နယ်ရပ်နေ ဦးလှဖုန်းဟန်၏ ကြက်အကောင်(၁၀၀၀)မွေးမြူထားသောခြံတွင် ကြက်အကောင်(၆၀)ခန့်နှင့် ၎င်းခြံအနီးရှိ ဦးခင်မောင်မြင့်၏ ကြက်ခြံတွင် ကြက်(၁၀)ကောင်ခန့် သေဆုံးနေကြောင်း သတင်းရရှိ၍ မုံရွာခရိုင် တိ/ကုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်အေးနှင့် အဖွဲ့သည် ကြက်ခြံမှ သေဆုံးသော ကြက်များအား Rapicl Test Kit အရ စစ်ဆေးရာ ကြက်၊ငှက်တုပ်ကွေးဟု သံသယဖြစ်ဖွယ်တွေ့ရှိရသဖြင့် အထက်မြန်မာပြည် တိရိစ္ဆာန်ရောဂါရှာဖွေဌာနသို့ ဆက်လက်ပို့ဆောင်စစ်ဆေးရာ ရောဂါရှိကြောင်း (Positive) ပြသဖြင့် ရန်ကုန်မြို့ရှိ တိရိစ္ဆာန်ရောဂါရှာဖွေရေးဌာနသို့ ပို့ဆောင်ကာ အတည်ပြုချက်ရယူနေကြောင်း သိရှိရပါသည်။ မုံရွာခရိုင်မှ တာဝန်ရှိသူများမှ ၎င်းကြက်ခြံများအပါအ၀င် အခြားကြက်ခြံများမှ ကြက်ဥ၊ အသားနှင့် ဆက်စပ်ပစ္စည်းများအား မြို့နယ်ပြင်ပသို့ မထွက်ရှိစေရေး ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်