Subscribe to our RSS Feed

၈၈မျိုးဆက်သစ်ကျောင်သားဟောင်းတစ်ဦး၏ မျိုးဆက်သစ်လူငယ်များသို့ အိတ်ဖွင့်ပေးစာ

From : ၈၈မျိုးဆက်ကျောင်းသားဟောင်းတစ်ဦး

ဒီကနေ့ ၈၈မျိုးဆက်သစ်ဆိုတာ ကျောင်းသားတွေရဲ့ ဘ၀တွေကို မြှင့်တင်ဖို့ နိုင်ငံရေးအတွေ့အကြုံ ဆိုတာမရှိဘဲနဲ့ ကျောင်းသားတွေ ရရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရရှိစေဖို့ အသက်အသေခံ ၊ထောင်ကျခံပြီး ကျောင်းသာများအခွင့်အရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားယောင်ယောင်၊ နိုင်ငံရေး သမားယောင်ယောင်နဲ့ ကျောင်းသားထုရဲ့ သိက္ခာတွေချဖို့ရောက်လာတဲ့သူတွေ အများကြီးရှိပါတယ်။ ဒီနေရာ မှာ အဲ့ဒီလိုလူတွေကြောင်းကို အနည်းငယ်ပြောချင်ပါတယ်။ မသိသေးတဲ့ ညီငယ်တွေအနေနဲ့ သိသင့်သိထိုက် မယ်ထင်လို့ အခုလိုပြောနေရခြင်းဆိုတာကို ၈၈မျိုးဆက်သစ်ကျောင်းသားတွေလို့ ခံယူထားတဲ့ ညီငယ်တွေရဲ့ စိတ်ထဲမှာ သိစေချင်ပါတယ်။





တကယ်တော့ ပေါ်ဦးထွန်းလို့ ခေါ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးဆိုတာက ၈၈မျိုးဆက် ကျောင်းသား တွေမှန်ပါတယ်။ ဒါပေမယ့် မင်းကိုနိုင် ဥက္ကဌအဖြစ်တာဝန်ယူနေတဲ့အချိန် ကိုကိုကြီး ဒုဥက္ကဌဖြစ် နေတဲ့အချိန် တုန်းက ကျောင်းသားတွေ အခွင့်အရေးအတွက် ဘာမှဆောင်ရွက်ပေးခဲ့တာမရှိခဲ့သလို ကျောင်းသားတွေ ဘက်ကပဲ ကျောင်းသား ခေါင်းဆောင် တစ်ယောက်လို့ အသိအမှတ်ပြုမှုကို အလွဲသုံးစားလုပ်ပြီး ဆူပူလှုံ့ ဆော်ခဲ့ပါတယ်။ တကယ်တော့ ပေါ်ဦးထွန်းဆိုတဲ့လူတစ်ယောက်ကို ပြည်သူမသိနိုင်တာမို့ ပေါ်ဦးထွန်းတဖြစ်လဲ မင်းကိုနိုင်ဆိုပြီး ပေးခဲ့တာကလည်း သူရဲ့ လှည့်ကွက်တစ်ခုပါပဲ။အဲ့ဒီနာမည်ကကျောင်းသားထု ထောက်ခ လို့ပေးခဲ့တာမဟုတ်ပါဘူး။ စစ်တပ်ကဖမ်းမှာ စိုးရိမ်လို့ ပေးခဲ့တဲ့နာမည်ပါပဲ။ အခုညီလေးတို့ကို ပေါ်ဦးထွန်းလို့ မေးလိုက်ရင် မသိတဲ့သူများပါလိမ့်မယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အမည်ကိုတောင်ညီလေးတို့ မသိဘဲ လုပ်ပေးနေတာ တကယ်တော့ ညီလေးတို့ မလွန်ပါဘူး။ ရိုးသားဖြူစင်တဲ့ ညီလေးတို့ကို အရောင်တွေပြောင်းလဲ လာအောင် နိုင်ငံရေးမှိုင်းတွေ တိုက်ပေးခဲ့တာပါ။ ကျောင်းသားတွေက ကျောင်းသားအရေးကိုပဲ ဆောင်ရွက် တယ်။ နိုင်ငံရေးပါဝင်ပက် သက်ခြင်းမရှိပါဘူး။

ပေါ်ဦးထွန်းလို့ခေါ်တဲ့ မင်းကိုနိုင်ဟာ ကျောင်းသားထုလိုအပ်ချက်ကို သိသူမဟုတ်သလို ကျောင်းသား ထုကိုဗန်းပြပြီး သူတို့ကောင်းစားရေးအတွက် ဦးတည်လုပ်ဆောင်နေတာပါ။ အခုချိန် ၂၀၁၂ ကာလမှာ ၈၈မျိုးဆက်သစ်ကျောင်းသားဟောင်းဆိုတာ Date out နေပါပြီ။ အသက် ၄၅နှစ်ကျော်ပြီး ၅၀နီးပါးရှိနေတဲ့ လူတွေက စီးပွားရေးလုပ်ပြီး တရားဘောင်ဝင်မဲ့အချိန်ရောက်နေပြီဆိုတာ အားလုံးသိကြမှာပါ။ မင်းကိုနိုင်တို့ ကိုကိုကြီးတို့ရဲ့ ရည်ရွယ်ချက်တွေက ကျောင်းသားအဖွဲ့အစည်းဖွဲ့မယ်။ နိုင်ငံတကာ အကူအညီတောင်းမယ်။ ရလာတဲ့ ပိုက်ဆံတွေကို စာရင်းဇယားမရှိဘဲ သုံးစွဲမယ်။ သုံးစွဲမှုတွေကို ဘယ်လိုသုံးစွဲလဲဆိုတာ ညီလေး တို့မသိပါဘူး။ ၈၈မျိုးဆက်သစ်ကျောင်းသားတွေရဲ့ လုပ်ငန်းတွေကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့ အမေရိကန် NGO အဖွဲ့အစည်းတစ်ခုက၂၀၀၅ခုနှစ်မှာ ဒေါ်လာ ၅၀၀၀လှူခဲ့ပါတယ်။ အဲ့ဒီလှူဒါန်းမှုရဲ့ ပိုက်ဆံတွေကို ဘယ်လို ခွဲဝေသုံးစွဲလဲ ဆိုတာ ဘယ်သူ့ကိုမှ ရှင်းပြခြင်းလဲ မရှိပါဘူး။ နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ဘိုကြည်နဲ့လည်း ဆက်သွယ်ပြီး အလှူငွေကောက်ခံတာ သိန်း ၂၅၀ ရရှိခဲ့ပါတယ်။ အဲ့ဒီသိန်း ၂၅၀ကို မင်းကိုနိုင်က လက်ကိုင်ဖုန်း ၄လုံးဝယ်ပြီး သုံးစွဲခဲ့ပါတယ်။ ကျန်တာတွေကတော့ ဘယ်သူသုံးလဲဆိုတာ ရှင်းပြခြင်းမရှိပါဘူး။ ပိုက်ဆံကိုလက်ခံတာကတော့ မင်းကိုနိုင်ပါပဲ။

အခု မင်းကိုနိုင်၊ ကိုကိုကြီး ၊ဌေးကြွယ်၊ မြအေးတို့ဟာ ကျောင်းသားတွေအကြားမှာ ရန်ပုံငွေတွေ ရှာတယ်၊ သုံးစွဲမှုကတော့ တစ်ယောက်တစ်မျိုး သုံးချင်သလိုသုံးနေတဲ့အတွက် သူတို့ကြားမှာလည်း သဘော ထားကွဲလွဲမှုလေးတွေရှိလာတယ်ဆိုတာ ကိုယ်တို့ အသိဆုံးပါ။ တစ်ယောက်နဲ့ တစ်ယောက်ဟန်ဆောင် ပေါင်းနေရပေမယ့် ညီလေးတို့ မျိုးဆက်သစ်ကျောင်းသားလေးတွေအထင်မမြင်လွဲပြီး ညီလေးတို့အပေါ်မှာ သူတို့လုပ်ချင်သလို လုပ်လို့မရ တော့မှာ စိုးရိမ်တဲ့အတွက် ဖုံးဖုံးဖိဖိနေ နေကြတာပါ။ ပြည်တွင်းမှာရော ပြည်ပမှာရော စေတနာရှိတဲ့ မိဘပြည်သူတွေကနေ ၈၈မျိုးဆက်သစ်ကျောင်းသားတွေ လူမှုရေးလုပ်ငန်း တွေအဆင်ပြေစွာလုပ်နိုင်ဖို့ ထောက်ပံ့ငွေတွေလှူဒါန်းတဲ့အခါမှာလည်း မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် ၊မြအေးတို့ကပဲ ချုပ်ကိုင်သုံးစွဲ နေပြီးတော့ ဘယ်လောက်ရတယ် ၊ ဘယ်နေရာမှာ ဘာသုံးခဲ့တယ်ဆိုတာလဲ ကျန်တဲ့အဖွဲ့ဝင်ကျောင်သားဟောင်းတွေကို ရှင်းမပြပါဘူး။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် ၊မြအေး တို့ဟာ ဒို့ကျောင်းသားတွေကို ဗန်းပြပြီး ငွေကြေးတွေတောင်းခံလို့ရတဲ့အပေါ်မှာ စီးပွားရေးဆန်ဆန် လုပ်ဆောင်နေ ပါပြီ။
ကိုကိုကြီးက အမေစုကိုထောက်ခံပြီး အမေစုဘက်ပါချင်ပေမယ့် မင်းကိုနိုင်ကတော့ ကျောင်းသား ခေါင်းဆောင်ဆိုတာ ဗန်းပြပြီး နိုင်ငံတကာအကူအညီလိုချင်တယ်။ နှစ်ယောက်စလုံးက ကိုယ်ကျိုးအတွက် လုပ်နေပေမယ့် မင်းကိုနိုင်ကတော့ ကျောင်းသားဆိုတာ နုနယ်တော့ ချုပ်ကိုင်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖန်တီးလာနေပါပြီ။ ကျောင်သားသမ္မဂပြန်လည်တည်ဆောက်မယ်။ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင် မျိုးပြန်လည်လုပ်ချင်နေတယ်။ ဒါပေမယ့် ဗိုလ်ချုပ် ခြေဖျားတောင်မှီတဲ့ အရည်အချင်း မရှိပါဘူး။ အခုလည်း မင်းကိုနိုင်က ၈၈ကျောင်းသားလို့ခေါင်းစဉ်တပ်ပြီး လက်ဘက်ရည်ဆိုင်တွေဖွင့်ဖို့ကြံစည်နေပါပြီ။ နောက်တစ်ခု ကလည်း မင်းကိုနိုင်အနေနဲ့ ဖောင်ဒေးရှင်းဖွဲ့မယ်ကြည့်လုပ်နေပြန်တော့ နောင်ရေးအတွက် စဉ်းစားပြီး ခိုင်အောင်လုပ်နေတယ်ဆိုတာ သိသာပါတယ်။ ကျောင်းသားတွေကို အသုံးချပြီး ရလာတဲ့ ပိုက်ဆံနဲ့ တစ်ဦး တစ်ယောက် ကောင်းစားရေး အတွက်လုပ်ဆောင်နေပါပြီ။ ဖြူစင်ရိုးသားတဲ့ ကျောင်းသားတွေရဲ့ အနာဂတ်ကို အဆိုးမြင်ဝါဒီတွေနဲ့ အမှောင်ဖုံးပြီး စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်၊ ကျောင်းသားထုကို ဂုတ်သွေးစုပ်ချယ်လှယ်ဖို့ ကြိုးစားနေတဲ့ မင်းကိုနိုင်အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားဟောင်းများကို လက်မခံ ကျဖို့ ညီငယ်များအတွက် စကားလက်ဆောင်အဖြစ် သတိပေးလိုက်ပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်