Subscribe to our RSS Feed

လးဆူဓာတ်ပုံ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ကို ပူဇော်ခြင်း

From : အချစ်ကို ကိုးကွယ်သူလေး


ရွှေတိဂုံ စေတီတော်မြတ် (လေးဆူဓါတ်ပုံ ရွှေတိဂုံ)

ကမ္ဘာတစ်ဝှမ်းမှ ၊ မြန်မပြည်သို့ ဒေသန္တရ ဗဟုသုတ ရှာမှီးရင်း ကမ္ဘာအရပ်ရပ်မှ လူကြီး ၊ လူငယ်များ မကြာမကြာပင် ရောက်လာ

ကြည့်ရှူ မှတ်သားကြသော ၊ မြန်မာပြည်တ၀ှမ်းမှ ဘုရားဖူး ပြည်သူများ နှင့် မြန်မာပြည်သူပြည်သားတွေရဲ့ အထွဋ်မြတ်ထားရာ ရွှေတိဂုံ စေတီတော် မြတ်ကြီးသည်

............*ထူးခြား (၉) ဌာနေ ရွှေတိဂုံမြေ* ပေါ်တွင်တည်ရှိပြီး ၊ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိပြီး ၊ စေတီအစ ရွှေတိဂုံက ဟုဆို

ရလောက်အောင် အစောဆုံး စေတီတော်ကြီး (ကမ္ဘာ့အံ့ဘွယ်)ဖြစ်သော ၊ သာသနာ သက္ကရာဇ် ၁၀၃ခုနှစ်မှာ စတင်တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်

ကျင်းပနိုင်ခဲ့ပါပြီရှင်။ နှစ် ၂၆၀၀ တိုင်သာသနာ့ ခရီးပေါက် တန်ခိုးကြီး အံ့ဖွယ်အဖြာဖြာ နှင့် ပြည့်စုံတော်မူသော ရွှေတိဂုံ စေတီတော်

မြတ်ကြီးကို သိမှတ်ဖွယ်ရာ အဖြာဖြာတို့ဖြင့် ကြည်ညိုသဒ္ဒါပွားစိတ်ဝယ်ထုံမွှန်းနိုင်အောင် ရေးသားဖော်ပြပေးချင်ပါတယ်။

ဤကမ္ဘာလောက၌ ဂေါတမ ဘုရားရှင်ပွင့်တော်မူခဲ့သည်မှာ နှစ် ပေါင်း ၂၆ဝဝ တိုင်ခဲ့ပြီဖြစ်ပါ၏။

မြတ်စွာဘုရားရှင်သည်ဒုက္ကရစရိယာ အကျင့်မြတ်ကို ခြောက်နှစ်မျှ ကျင့် တော်မူပြီးနောက် သဗ္ဗညုတ ရွှေ ဉာဏ်တော်ကို ရရှိတော်မူခဲ့ပါ၏။ ဘုရားရှင်အဖြစ်သို့ ရောက် တော်မူပြီး သတ္တာ သတ္တဟ စံနေ တော်မူစဉ် မွန်နိုင်ငံတော် အသိ တဥနာဂိုရ် ပြည်မှ ကုန်သည် ညီ နောင်ဖြစ်သော တဖုဿနှင့် ဘလ္လိက တို့သည် ရာဇယတနတွင် ဗုဒ္ဓအား ဖူးမြော်ခွင့်ကြုံပါ၏။ ဘုရားရှင်က တရားတော်များ ဟောကြားတော်မူ ပြီး ဆံတော်များကို ပူဇော်ရန် ပေး ခဲ့သဖြင့် လက်ခံပြီး နေရပ်သို့ပြန်လာ ပါ၏။ ထိုဆံတော်များကို ဋ္ဌာပနာ တော်မူ၍ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ရွှေ တိဂုံစေတီတော်မြတ်ကြီးကို တည် တော်မူခဲ့သည်ဟု အဆိုရှိပါ၏။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခိုင်လေး မေမေက ရွှေတိဂုံ နှစ်၂၆၀၀ ပြည့် ကို ဘုရားသွားဖူးကြရအောင်လို့ မေမေကခေါ်တာနဲ့

ရွှေတောင်ကနေ ရန်ကုန်ကို ရောက်ရှိလာခဲ့ပါသည်။ မနက်တော့ မေမေ နဲ့ ခိုင်လေး မနက်စောစော ရွှေတိဂုံ ဘုရားကို တက်ခဲ့ကြပါတယ်။

....စေတီတော်မြတ် ရှိရာ ဘုရားကုန်းမြေသို့ရောက်ရှိပြီး ဆောင်းတန်း ရှိ ဈေးတန်းတွေကို ဖြတ်ကျော်လာကြပြီးနောက် ရင်ပြင်တော်ပေါ်သို့ တက်ရောက်ခဲ့ကြသည်။ ရင်ပြင်တော်ပေါ် ရောက်သည်နှင့် ရွှေရောင်တစ်ဝင်းဝင်းနဲ့ ကြည်ညိုသပ္ပာယ်စရာ



စေတီတော်မြတ်ကြီးကို ဖူးမြော်လိုက်ရသည်မှာ

ရေးပြလို့ မမှီနိုင်အောင်ကြည်နူးပီတိ ဖြစ်ခဲ့ရပါသည်။

မေမေနဲ့ ခိုင်လေး အံ့မခန်းကို လှပလွန်းတဲ့

မညှိုးပန်းတွေပူဇော်ထားတာကိုလဲ

တွေ့မြင်ခဲ့ရပါတယ်ရှင်။ ပန်းပေါင်းစုံလင်စွာ

မေမေက မွေးနေ့ဂြိုလ်တိုင်တွေ ဆီမှာ ဦးချ၊

ဘုရားရှိခိုး ၊ ပုတီးစိပ် နေတုန်း ခိုင်လေးကတော့

စည်ကားလွန်းတဲ့ လူတွေ အမှတ်တရ ပစ္စည်းတွေ

ရောင်းနေတဲ့ ဆိုင်တန်းတွေဆီ လျှောက်ကြည်ပနေမိပါသည်။

လူတွေ ဘုရားပေါ် တက်နေကြတုန်း တဖွဲဖွဲပါပဲ။ ဒီလို ဘုရား တရား ကြည်ညိုတဲ့ တတ်တဲ့

ချစ်စရာကောင်းတဲ့ မြန်မာ လူမျိုးအားလုံး ရဲ့ ဘာသာရေး ယုံကြည်မှုစိတ်ဓာတ်ကောင်းလေးတွေ အနာဂတ်ကာလများတိုင်အောင်

အရှည်တည်တံ့ပါစေလို့ စိတ်ထဲက ဆုတောင်းပေးလိုက်ပါသေးတယ်ရှင်။

ခိုင်လေးတို့ လူ သက်တမ်း တိုတိုလေးမှာ အခုလို ကြုံတောင့်ကြုံခဲေ၇ွှတိဂုံစေတီတော်မြတ်ကြီး၏နှစ်(၂၆၀၀) ပြည့်နှစ် နှင့် တိုက်ဆိုင်စွာ ဖူးမျှော်ခွင့်၊ ပူဇော်လှူဒါန်း ကြည်ညိုသဒ္ဒါပွားများနိုင်ဖို့ အခွင့်ရေးတွေကို ပိုင်ဆိုင်ရလို့ လူဖြစ်ရကျိုးနပ်သလိုကို ခံစားပီတိ ဖြစ်မိပါသည်။

(၂၅.၂.၂၀၁၂ ) စနေနေ့ တွင် သံဃာတော် ၂၆၀၀ပါး ဖြင့် ရွှေတိဂုံစေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာ တင်ပြီး

သံဃာတော် ၂၆၀၀ပါး ဆွမ်းဆန်တော်များ လောင်းလှုခြင်း။၂၂.၂.၂၀၁၂ မှ ၇.၃.၂၀၁၂ ထိ ပွဲတော်ကာလ အတွင်း

ဓမ္မဒေသနာတော်များ ရွတ်ဆိုပူဇော်ခြင်း။ ပွဲတော်ကာလအတွင်း နိဗ္ဗာန်ဈေးဖွင့်လှူခြင်း။ဆွမ်း ၊ ပန်း ၊ ရေချမ်း နှင့် ဆီမီးကပ်လှူခြင်း။

ဓမ္မသဘင်အတွက် လှူဒါန်းခြင်း။ လျှပ်စစ်မီးရောင်စုံ ထွန်းညှိပူဇော်ခြင်း။ ဖူးပွင့်နေသော ပန်းပင်များ လှူဒါန်းခြင်း။ တို့ကိုလဲ ပြုလုပ်

မည်လို့ Myanmar Daily Mail မှာကြိုတင် ဖတ်ရပါသည်။

အလွန်သပ္ပာယ်ဖွယ်ကောင်းသော စေတီတော်မြတ်ကြီးကို ဖူးမြော်ရင်း သက်တော် ထင်ရှားဘုရားရှင် ကိုယ်တော်မြတ်ကြီးဧ။်

ကျေးဇူးတော် ဂုစ်တော်တို့ကို ရည်မှန်းကာ ခြေတော်ရင်းဦးခိုက်လျက် လှိုက်လှဲစွာ ပူဇော်ခဲ့ပေသည်။ ထိုသို့ ဦးခိုက်ပူဇော်ရင်း

ခိုင်လေး စိတ်အစဉ်ကို ဆင်ခြင်လိုက်မိသည်။ ဘုရားကိုမလာခင်က ရင်ဆိုင်ခဲ့ရတဲ့ အခက်ခဲတွေ ၊ ရှုပ်ထွေးနောက်ကျိနေသော အာရုံ

များသည်လည်းကောင်း၊ ကြည်ညိုဖွယ် လေးဆူဓါတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ကြည်ညိုဦးခိုက်ပူဇော်လိုက်ရသည့်

အချိန်လေးမှာ ကြည်လင်လာခဲ့ပါသည်။ စိတ်ကြည်လင်သည်နှင့်အမျှ ကိုယ်ခန္ဓာပေါ့ပါးလန်းဆန်းနေသည်ကို ခံစားမိလိုက်ပါသည်။

ကြည်လင်သော စိတ် ၊လန်းဆန်းပေါ့ပါးသောကိုယ်ဖြင့်စေတီတော်မြတ်ကြီး ခြေရင်းမှထကာ စေတီတော်မြတ်ကြီး အလှူခံဌာနသို့

ဖြေးညင်းစွာ လျှောက်လှမ်းလာရင်း ကြည်ညိုပူဇော်လာခဲ့ပါသည်။ အလှူခံဌာနတွင် ပန်းအိုး ၅ အိုးလှူပူဇော်ခဲ့ပါသည်။

ရွှေတောင်က မိတ်ဆွေအတွက် လးဆူဓာတ်ပုံ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်အမှတ်တရ တံဆိပ်ပါသော ယောဂီသပတ်တွေကို ၀ယ်ခဲ့ပါသေးသည်။

ယခုဖူးတွေ့နေရသော ရွှေတိ ဂုံစေတီတော်မြတ်ကြီး၏ ဥာဏ် တော်မှာ ၃၂၆ ပေမြင့်ပါ၏။ သို့ သော် မူလရွှေတိဂုံစေတီတော်၏ အမြင့်မှာ ၆၆ ပေမျှသာဖြစ်ပါ၏။ ယခု ဖူးတွေ့ရသော စေတီပုံမျိုး လည်းမဟုတ်ဘဲ အေဒီ ၅ ရာစုမှ ၁၅ ရာစုအတွင်း မြန်မာနိုင်ငံတွင် ခေတ်စားခဲ့သော တိုက်စေတီပုံဖြစ် ခဲ့ပါ၏။ အေဒီ ၁၄ ရာစုတွင် ယင်း စေတီမှာ ပြိုပျက်နေပြီဖြစ်ပါ၏။ ရွှေ တိဂုံစေတီတော်ကြီးနှင့် ပတ်သက် သော ရှေးအကျဆုံး အထောက်အ ထားအဖြစ် အေဒီ ၁၅ ရာစုနှောင်း ပိုင်းက ရေးထိုးခဲ့သည့် ပါဠိ၊ မွန်၊ မြန်မာကျောက်စာများကို တွေ့ရပြီး ယင်းကျောက်စာများကို ရွှေတိဂုံ စေတီတော်ကြီး အရှေ့ဘက်စောင်း တန်း၏မြောက်ဘက်အလယ်ပစ္စယံ တွင် တွေ့နိုင်ပါ၏။ ထိုကျောက်စာ များအရ ရွှေတိဂုံစေတီတော်ကြီး၏ ဥာဏ်တော်အမြင့်မှာ ဆင်ဖြူရှင်မင်း လက်ထက်တွင် စေတီအိမ်ပြာသာဒ် ကို ပယ်၍အတောင် ၄ဝ မြင့်သော စေတီကိုတည်ခဲ့ပုံ၊ သက္ကရာဇ် ၈၃၁ တွင် ဗညားဗ ရူး၏ ညီဝမ်းကွဲ ဓမ္မဇေ တြလောကျနာထ ရာဇဓိရာဇ်ဘွဲ့ခံ ဗညားကျန်းတော မင်းပြုသောအခါ မယ်တော်ဝိဟာရ ဒေဝီမိဖုရားကြီး သည် အမြင့် ပေ ၃၂ဝအထိ တည် ထားပြီးဖြစ်၍ ဗညားကျန်းတောက စေတီတော်ကို အင်္ဂတေကိုင်ပြီး သမိုင်းမှတ်တမ်း များတွင် တွေ့ရပါသည် ။ထီး တော်တင်ခဲ့ပုံများကို ရွှေတိဂုံသည် မြန်မာတို့၏ ကိုး ကွယ်ယုံကြည်ဆည်းကပ်ရာဖြစ်သ လို မြန်မာတို့၏ပထဝီသမိုင်း (င လျင်အကြိမ်ကြိမ်လှုပ်ခဲ့ပုံ) မြန်မာတို့ ၏ နိုင်ငံရေးသမိုင်း၊ မြန်မာမင်းတို့ ၏ အောင်မြေနင်းပုံ၊ မြန်မာတို့၏ နယ်ချဲ့တော်လှန်ရေးဆင်နွှဲပုံများတွင် အထိကရအဓိကအခန်းမှ ပါဝင်နေ သည်ကို တွေ့ရမည်ဖြစ်ပါ၏။ သမိုင်းမှတ်တမ်းများအရ မြန်မာ သက္ကရာဇ် ၇၉ဝ (အေဒီ ၁၄၃၆) ဗညားရန်ခိုက်မင်း၊ အေဒီ ၁၅၆၄ (ဘုရင့်နောင်မင်း)၊ အေဒီ ၁၆ဝ၈၊ အေဒီ ၁၆၁၆ (ဗညားဒလမင်း)၊ အေဒီ ၁၆၂ဝ နိုဝင်ဘာ (အနောက် ဘက်လွန်မင်း)၊ အေဒီ ၁၆၄၄ (သာ လွန်မင်း)၊ အေဒီ ၁၆၅၂ (ပင်းတလဲ မင်း)၊ အေဒီ ၁၆၆၂ (ပြည်မင်း)၊ အေဒီ ၁၆၆၄၊ အေဒီ ၁၆၇၉ (မင်းရဲ ကျော်ထင်)၊ အေဒီ ၁၉၆၈ ဇွန်လ ၁၃ (ဆင်ဖြူရှင်မင်း)၊ ၁၉၃ဝ မေလ ၅ ရက်နှင့် ၁၉၇ဝ သြဂုတ်လ ၂ဝ ရက်တို့တွင် ငလျင်များလှုပ်ခတ်ခဲ့ ရာ ရွှေတိဂုံစေတီတော်ကြီးအား ထိခိုက်မှု ရှိခဲ့သဖြင့် ပြုပြင်မွမ်းမံ ခြင်း၊ ထီးတော်တင်ခြင်း၊ စိန်ဖူး တော်၊ ငှက်မြတ်နားတော်များ ပြု ပြင်ခြင်းတို့ကို ပြုလုပ်ခဲ့ရပါ၏။ ရွှေတိဂုံစေတီတော်မြတ်ကြီး သည် သင်္ခါရနှင့်သဘာဝ ဓမ္မတရား အရ ငလျင်လှုပ်ခြင်း၊ မီးလောင် ကျွမ်းခြင်းတို့ကိုလည်း ခံခဲ့ရပါ၏။ ၁၉၃၁ ခုနှစ် မတ်လ ၆ ရက်နေ့ တွင် အနောက်ဘက်စောင်းတန်းမှ စ၍ လောင်ခဲ့သော မီးသည် စေတီ တော်ကြီးနှင့်အရှေ့ဘက်စောင်းတန်း အထိ မီးကူးစက်လောင်ကျွမ်းခဲ့ရာ သမိုင်းတန်ဖိုးများစွာ ဆုံးရှုံးခဲ့ရပါ၏။ သို့သော်လည်း သဘာဝတရား ကြီးကို ကြံ့ကြံ့ခံကာ သိင်္ဂုတ္တရ ကုန်း တော်မြတ်၌ ငွါးငွါးစွင့်စွင့် တင့်တင့် တယ်တယ်သပ္ပာယ်လှစွာရွှေအဆင်း ဖြင့် ပဝင်းလျက်ရှိတော်မူသော ရွှေတိ ဂုံစေတီတော်မြတ်ကြီးသည် နှစ် ၂၆ဝဝ တိုင်တိုင်တိုး၍တိုး၍သာ ကြည်ညိုသဒ္ဓါပွားဖွယ်ဖူးတွေ့ရပါသည် ဟုမှတ်သားဘူးပါတယ်ရှင်။

ခိုင်လေး စေတီတော်မြတ်ကြီးကို လှည့်ည်ပူဇော်ပြီးချိန်တွင် မေမေလဲ ပုတီးစိပ်ပြီးတာနဲ့ မှတ်တမ်းတင်ဓာတ်ပုံလေးများ နှင့် မေမေ

စိတ်ကြိုက်ရိုက်ကူးကာ ရင်ပြင်တော်အနှံ့ မေမေနှင့်အတူ ထပ်မံလေ့လာကြည်ရှူခဲ့ကြပြီး ဘုရားဖူးခဲ့ရသည့် အာရုံကို စိတ်ဝယ်ထုံမွှန်းလျက် စေတီတော်မြတ်ကြီးမှ ပြန်လည်ထွက်ခွာ ပြန်ခဲ့ကြပါသည်။

ဗုဒ္ဓဘာသာဝင် အပေါင်းတို့အနေဖြင့် ကြုံတောင့်ကြုံခဲ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို သွားရောက် ပူဇော်ဖူးမြော်ကြရင်း *ရွှေတိဂုံကို မြင်လျှင်* ဖူးမြော်ပူဇော်ရရင် ခိုင်လေး ခံစားရတဲ့ ကြည်နူးသဒ္ဒါပီတိနှင့်တကွ ကုသိုလ်ထူးတွေကို ရရှိပိုင်ဆိုင်ပြီး ...တရားထူးတရားမြတ်တွေကို ရရှိခါ နောက်ပွင့်တော် မူမယ့် ဘုရားရှင် ကိုယ်တ်ေမြတ်ကြီးကို ကိုယ်တိုင် ကိုယ်ကျ ဖူးမြော်နိုင်ပြီး ....နိဗ္ဗာန်သို့ တက်လမ်းနိုင်သော ပုဂ္ဂိုလ်ထူး ပိုဂ္ဂိုလ်မြတ်တွေ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို ပူဇော်လိုက်ရပါသည်ရှင်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်