Subscribe to our RSS Feed

မတ်လမှ စ၍ အော်တို တယ်လီဖုန်း များ နှင့် GSM မိုဘိုင်း တယ်လီဖုန်းများ မူရင်း နံပါတ် ပြောင်းလဲခြင်း မရှိဘဲ prepaid စနစ်ဖြင့် အသုံးပြု နိုင်တော့မည်


မတ် ၁ ရက်မှ စတင်ကာ အော် တိုတယ်လီဖုန်း များနှင့် GSM မိုဘိုင်း တယ်လီဖုန်းများ မူရင်းနံပါတ်ပြောင်း လဲခြင်းမရှိဘဲ ကြိုတင်ငွေဖြည့် ကတ် စနစ်ဖြင့် ပြောင်းလဲအသုံးပြု နိုင်မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။

အောင်တိုတယ် လီဖုန်းတွင် ကြို တင်ငွေဖြည့်ကတ် စနစ်ပြောင်းလဲအသုံး ပြုရန် လိုအပ်မည့် ပုံစံများကို အမှတ် ၁၀၃၊ လမ်း ၄၀၊ ကျောက်တံတားမြို့ နယ်ရှိ အော်တိုတယ်လီဖုန်းရုံး မှရယူ၍ လျှောက်ထား နိုင်ကြောင်း၊ တယ်လီဖုန်း တစ်လုံးကို တစ်ကြိမ်သာ ပြောင်းလဲနိုင် မည်ဖြစ်ကြောင်း၊ prepaid စနစ်သို့ ပြောင်းလဲသည့် တယ်လီဖုန်းများမပြောင်း လဲမီခေါ်ဆို ထားသည့် တယ်လီဖုန်းခေါ် ဆိုခများ ယခင်စနစ် အတိုင်းပေးချေရ မည်ဖြစ်ပြီး ငွေဖြည့်ကတ် top up card များကို မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း ငွေစရင်းရုံးနှင့် တယ်လီဖုန်းအခွန် လက်ခံသည့် စခန်းများ တွင်ရောင်းချ ပေးမည်ဖြစ်ကြောင်း သိရသည်။

အလားတူ GSM မိုဘိုင်းဖုန်းများ အားလည်း မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှပေးပို့ထားသော SMS မှ YES ကိုနှိပ်၍ လည်းကောင်း၊ နံပါတ် ၁၈၈၁၂ သို့ YES ဟု တိုက်ရိုက်ပေးပို့၍လည်း ကောင်း ဧပြီ ၁၅ ရက် ညနေ ၄ နာရီ အတွင်း အကြောင်းပြန်ခြင်းဖြင့် prepaid စနစ်ဖြင့်အသုံးပြုနိုင်ကြောင်း၊ GSM တယ်လီဖုန်းများကို GSM အိတ် ချိန်းနယ်မြေအလိုက် ၀၉-၂၀……ယ ၀၉-၂၁……. နှင့် ၀၉-၅၅……. နံပါတ်နှင့် ယခင်နံပါတ် အတိုင်း သုံးစွဲနိုင်ကြောင်း၊ ငွေကျပ် ၁,၀၀၀ ကြိုတင်ဖြည့်တင်းရ မည်ဖြစ်ကြောင်း၊ postpaid အဖြစ် သုံးစွဲစဉ် ခေါ်ဆိုခများအား ယခင်အ တိုင်းပေးချေရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ postpaid မှ prepaid စနစ်သို့ပြောင်းလဲလိုခြင်းမရှိသည့် သူများ အနေဖြင့် မြန်မာ့ ဆက်သွယ်ရေးလုပ် ငန်းတယ်လီဖုန်းဘေ ပေးချေသည့်ကောင် တာများ တွင် တယ်လီဖုန်းသုံးစွဲခကို သွားရောက် ပေးချေနိုင်တော့မည် မဟုတ် ကြောင်း၊ နောင်တွင်မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း၏ တယ်လီဖုန်း သုံးစွဲခ ကောက်ခံသည့် ငွေသွင်း ကောင်တာ များကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ဇန်န၀ါရီတွင် ပြည်တွင်း မီဒီယာ များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ သည်။

လက်ရှိတွင် အွန်လိုင်းမှ တယ်လီ ဖုန်းသုံးစွဲ ခပေးချေမှုစနစ်ကို မြန်မာ့ စီး ပွားရေးဘဏ်နှင့် အာရှစိမ်း လန်းမှုဖွံ့ဖြိုး ရေးဘဏ် တို့က ၀န်ဆောင်မှု ပေးလျက် ရှိကြောင်း သိရသည်။

၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်သူများ အဆင်ပြေ ချောမွေ့စွာ
ပြောဆိုဆက်သွယ် နိုင်ရေးအတွက် အစဉ် စဉ်းစား ဆောင်ရွက်ပေးလျက် ရှိပါသည်။

၂။ GSM မိုဘိုင်း တယ်လီဖုန်းများကို ယခု Post Paid စနစ်ဖြင့်
အသုံးပြုနေကြသော သုံးစွဲသူများခင်ဗျား Prepaid စနစ်သို့ ပြောင်းလဲ
အသုံးပြုလိုပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပေးပို့ထားသော SMS မှ YES
ကို ရိုက်နှိပ်၍ လည်းကောင်း၊ နံပါတ် (၁၈၈၁၂) သို့ YES ဟု
တိုက်ရိုက်နှိပ်၍ လည်းကောင်း၊ (၁၅.၄.၂၀၁၂) ရက်နေ့ (၁၆ : ၀၀) နာရီအတွင်း
အကြောင်းပြန်ရန် လိုအပ်ပါသည်။

၃။ Prepaid စနစ်သို့ ပြောင်းလဲရန် အဆိုပြုထားသည့် GSM မိုဘိုင်း
တယ်လီဖုန်းများကို သက်ဆိုင်ရာ GSM အိတ်ချိန်း နယ်မြေအလိုက် (၁.၃.၂၀၁၂)
ရက်နေ့တွင် ၀၉-၂၀xxxxx, ၀၉-၂၁xxxxx, ၀၉-၂၂xxxxx, ၀၉-၂၃xxxxx, ၀၉-၂၄xxxxx,
၀၉-၅၅xxxxx နံပါတ်များအား လည်းကောင်း၊ (၁.၅.၂၀၁၂) ရက်နေ့မှစ၍ ကျန်ရှိသည့်
နံပါတ်များအား လည်းကောင်း အဆင့်ဆင့် Prepaid စနစ်သို့ စတင်ပြောင်းလဲ
ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် GSM တယ်လီဖုန်း
သုံးစွဲသူများ၏ Prepaid စနစ်အဖြစ် ပြောင်းလဲ ဝန်ဆောင်ပေးမည့်
တယ်လီဖုန်းများအား အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်မှု
မပြတ်တောက်စေရေးအတွက် ၁၀၀၀ိ/- ကျပ် (ကျပ်တစ်ထောင်တိတိ) ကြိုတင်ဖြည့်တင်း
ပေးထားမည်ဖြစ်ပြီး၊ ၎င်းအထဲမှ မိမိပြောဆိုသည့် မိနစ်အတိုင်း ကျသင့်သွားမည်
ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အဆိုပါ GSM ဖုန်းများကို
ပြည်သူများ ဖုန်းပြောဆိုခ ပေးချေရမှု လွယ်ကူ အဆင်ပြေစေရန် Prepaid
စနစ်သို့ ပြောင်းလဲပေးခြင်းသာ ဖြစ်ပါသည်။ သုံးစွဲသူများ၏ ယခင်
ဖုန်းနံပါတ်များ ပြောင်းလဲမည် မဟုတ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

၎။ Prepaid စနစ်သို့ ပြောင်းလဲဝန်ဆောင်မှု ရယူသည့် GSM မိုဘိုင်း
တယ်လီဖုန်းများ အနေဖြင့် မိမိနောက်ဆုံး Post Paid အဖြစ် သုံးစွဲစဉ်
ကာလအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်း ခေါ်ဆိုခများကိုမူ ယခင်စနစ်များအတိုင်း
ပေးချေရန် လိုအပ်ပါမည်။ ကြိုတင်ငွေ ပေးသွင်းထားသော GSM
မိုဘိုင်းဖုန်းများသည် Prepaid စနစ်အဖြစ် ပြောင်းလဲဝန်ဆောင်မှု စတင်
အသုံးပြုသည့် နေ့အထိ ပိုငွေရှိပါက ၎င်းပိုငွေကို Prepaid စနစ်သို့ ထည့်သွင်း
ဖြည့်တင်းပေးမည် ဖြစ်ပါသည်။

၅။ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၁၈၇၆ (Call Center) သို့
ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်