From : ခေတ်လူငယ်
Myanmar Express
ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်အဖွဲ့တို့၏ ကြိုတင်ညှိနှိုင်းထားချက်အရ မတ် ၁၂ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဆေးရုံးတက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေကြရသော ကျောင်းသားကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်လျက် ဆေးရုံစာဖြေဌာနသုံးခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံးကြီးနှင့် ဝေဘာဂီ အထူးကုဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားသည်။ စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုကြသည့် ကျောင်းသားကျောင်းသူ (အတွင်းလူနာ) များသည် အဆိုပါ ဆေးရုံကြီးများ၌ အထူးတာဝန်ချထားသော ဆေးလူမှုဆက်ဆံရေးအရာရှိများနှင့် ဆက်သွယ်ဆောင်ရွက် အကူအညီတောင်းခံနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ |
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်