Subscribe to our RSS Feed

လူတစ်ဦး တစ်နှစ်ဝင်ငွေ ၁၄ သိန်းရရန် ရည်မှန်းထားကြောင်း ၀န်ကြီးချုပ်ပြောကြား

From : ပန်းသတင်း
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ


တစ်နှစ်လျှင် လူတစ်ဦးချင်းစီ၏ ပျမ်းမျှငွေ ၁၄ သိန်းခန့် ရရှိရန် ရည်မှန်းထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၁-၂၀၁၂ ခုနှစ် စီမံကိန်းအရ နှစ်ကုန်တွင် တိုးတက်မှုနှုန်း ၁၄ ရာခိုင်နှုန်းရရှိရန်နှင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှဝင်ငွေ (Percxapita GDP) မှာ ၁၃၉၁၈၄၂ ကျပ်ရရှိရန် ရည်မှန်း ထားသည်ဟု ဆိုသည်။

" စီးပွားရေးကဏ္ဍတွေမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရရှိပြီး ပြည်သူတို့ရဲ့ လူမှုစီးပွားရေးဘ၀ တိုး တက်ဖို့ရည်မှန်း ဆောင်ရွက်နေပါတယ်။ ၂၀၁၁-၂၀၁၂ မှာ ၁၄ ရာခိုင်နှုန်း တိုးတက်မှုရဖို့နဲ့ လူတစ်ဦးချင်းရဲ့ ၀င် ငွေတိုးဖို့ကိုလဲ ရည်မှန်းထားပါတယ်" ဟု ၀န်ကြီးချုပ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးအတွက် ရည်မှန်းချက် ၁၀ ဒသမ ၁၇၇ ထရီလီယံ ရရှိရန် လျာထားဆောင်ရွက်ရာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ ၆ ဒသမ ၉၁၂ ထရီလီယံရရှိသဖြင့် ၆၇ သမ ၉ ရာခိုင်နှုန်းအကောင် အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်ကုန် မတ်လတွင်လျာထားချက် ပြည့်မီစေရန်အတွက် အစိုးရအဖွဲ့အနေဖြင့် ကြိုးစား ဆောင်ရွက်နေသည်ဟု ဆိုသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်