Subscribe to our RSS Feed

နေပြည်တော်ရှိ အမျိုးသား စာကြည့်တိုက် ၇၀ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီး

From : MRTV-4



ယဉ်ကျေးမှု ၀န်ကြီးဌာန ၊ ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက် ဦးစီးဌာန အမျိုးသား စာကြည့်တိုက် နေပြည်တော်ကို တည်ဆောက်ရာမှာ ယခုလက်ရှိမှာ ၇၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး နေပြီဖြစ်တယ်လို့ ရှေးဟောင်း သုတေသန ၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ အမျိုးသား စာကြည့်တိုက် နေပြည်တော် ကို ဇမ္ဗူသီရိမြို့နယ် ၊ ရာဇသင်္ဂဟလမ်း ၊ ကုမုဒြာကြာပန်းဝိုင်း အနီး အမျိုးသားပြ တိုက် နေပြည်တော်ရဲ့ တောင်ဘက်မြေဧက ၂၃.၂၂ ဧက ပေါ်မှာ ၂၀၁၀ ခုနှစ် ၊ ဇွန်လဆန်းပိုင်းမှာ ပန္နက်ချခဲ့ တာ ဖြစ်တယ် လို့ သိရပါတယ်။ ဒီလို ဆောက်လုပ်လျက်ရှိတဲ့ အမျိုးသား စာကြည့်တိုက် နေပြည်တော် ဟာ သံကူကွန်ကရစ်၁ ထပ် အဆောက်အအုံ ဖြစ်ပြီး ပင်မဆောင် ၁ ၊ ပင်မဆောင်၂ တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး နိုင်ငံတကာမှာ တည်ဆောက် ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်များရဲ့ ဖွဲ့စည်းပုံအတိုင်း အဆင့်မှီ အမျိုးသား စာကြည့်တိုက်အဖြစ် တည်ဆောက်သွားဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီလို ဆောက်လုပ်လျက်ရှိတဲ့ အမျိုးသားစာကြည့် တိုက် နေပြည်တော် မှာ e-Library စနစ်ကို ထားရှိဆောင်ရွက် သွား မှာဖြစ်ပြီး နောက်ပိုင်းမှာလည်း အွန်လိုင်း ၀န်ဆောင် မှု ပေးနိုင်မယ့် Digital Library အဖြစ် တိုးမြှင့်တည်ဆောက် ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတာ ဖြစ်ပါသည်။ အဆိုပါ အဆောက်အဦကိုတော့ နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုငွေနဲ့ မိုးကြယ်စင် ဆောက်လုပ်ရေး ကုမ္ပဏီက တည်ဆောက်လျက်ရှိတာ ဖြစ်တယ်လို့ သိရပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်