Subscribe to our RSS Feed

အော်စကာ ဆုပေးပွဲ ကျင်းပပြီးစီး


ဟောလီးဝုဒ် ရုပ်ရှင် လောက အတွက် တစ်နှစ်တာ၏ အကောင်းဆုံး အနုပညာရှင် များကို ရွေးထုတ် ပေးသည့် ယခုပွဲကို သရုပ်ဆောင် Octavia Spencer မှ "The Help" ဇတ်ကားဖြင့် အကောင်းဆုံး ဇတ်ပို့ဆုကို ရရှိသွားခဲ့ကာ အီရန်နိုင်ငံမှ "A Separation," ဇတ်ကားမှာ အကောင်းဆုံး နိုင်ငံခြား ဇတ်ကား ဆုတို့ဖြင့် အစောပိုင်း အော်စကာ ဆုများကို ဆွတ်ခူး သွားခဲ့ပြီ ဖြစ်သည်။ ယခင်က နိုင်ငံတကာ မှဆုပေးပွဲများတွင် ဆုတံဆိပ်များစွာ ဆွတ်ခူးပေးခဲ့ ဇတ်ကား နှစ်ခု ဖြစ်သည့် The Artist နှင့် သုံးဖက်မြင် စွန့်စားခန်း ဇတ်ကား "Hugo" တို့မှာ ယခုနှစ် ဆုပေးပွဲတွင် အားပြိုင် လျက်ရှိပြီး Hugo ဇတ်ကားမှာ အကောင်းဆုံး တည်းဖြတ်ဆုနှင့် အကောင်းဆုံး အသံဆုတို့အပြင် သုံးဖက်မြင် ပုံရိပ်ဖော် အမြင် အထူးပြုလုပ်မှု ဆုလည်း ရရှိသွားခဲ့ပြီ ဖြစ်သည်။ ယနေ့ဆုပေးပွဲ အခမ်းအနားတွင် ယခင်နှစ်က အကောင်းဆုံး ဆုများ ရရှိသွားခဲ့ ကြသည့် Natalie Portman နှင့် Colin Firth တို့မှစီစဉ် တင်ဆက်သူများ အဖြစ် ဆောင်ရွက်ခဲ့ ကြသည့်အပြင် ဟောလီးဝုဒ်မှ နာမည်ကျော် သရုပ်ဆောင်များ ဖြစ်သော Tom Cruise, Penelope Cruz, Tom Hanks နှင့် Angelina Jolie အစရှိသည့် သရုပ်ဆောင်များမှလည်း တင်ဆက်သူများ အဖြစ် ပါဝင်ခဲ့ကြပါတယ်။ ယနေ့ ဆုပေးပွဲတွင် Hugo မှာ ပဏာမဆု ၁၁ ခုစာရင်းဝင် ထားပြီး The Artist ဇတ်ကားမှာ ဆန်ခါတင် ၁၀ ဆု ဝင်ထား ခြင်းလည်း ဖြစ်သည်။ ယနေ့ပွဲတွင် ဂျိမ်းဘွန်း ဇတ်ကောင် ပါဝင်သရုပ်ဆောင် ထားသည့် "The Girl With the Dragon Tattoo" ဇတ်ကားမှ Kirk Baxter နှင့် Angus Wall တို့ မှအကောင်းဆုံး တည်းဖြတ်မှု ဆုကိုလည်း ဆွတ်ခူး နိုင်ခဲ့ကြပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်