Subscribe to our RSS Feed

ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀ပြည့် ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့

FromးMRTV4

ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀ပြည့် ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနဲ့ ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားကို ယနေ့ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ နံနက်ပိုင်းက ရွှေတိ ဂုံစေတီတော် ရင်ပြင်တော်ပေါ်မှာ ကျင်းပပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားကို နံနက် ၇နာရီက ရွှေတိဂုံ စေတီရင်ပြင်တော်ပေါ်မှာ သံ ဃာတော်များက ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့တာ ဖြစ် ပါတယ်။

အဲ့ဒီနောက် နံနက် ၇နာရီ မိနစ် ၃၀ခန့်မှာ ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၄ခရိုင်မှ ပင့်ဖိတ်ထားတဲ့ သံဃာတော် အပါး ၂၆၀၀ကို စောင်းတန်း ၄သွယ်မှာ သံဃာတော်အပါး ၆၀၀ကျော်စီခွဲပြီး တိုင်းဒေသကြီး ၀န်ကြီးများ၊ ဂေါပကအဖွဲ့ဝင် လူကြီးများနဲ့ တိုင်းအဆင့်အကြီးအကဲများက ဦးဆောင်ကာ အများပြည်သူတို့နဲ့အတူ ဆွမ်းဆန်တော် လောင်းလှူခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီလို လောင်းလှူကြရာမှာ ဆွမ်းဆန်တော် များ၊ စားသောက်ကုန်များ၊ သံဃာတော်အသုံး အဆောင်ပစ္စည်းများဖြစ်တဲ့ ထီး၊ ဖိနပ်၊ ယပ်အစရှိတဲ့ လှူဖွယ်ပစ္စည်း အစုံအလင်ကို အလှူရှင်များ က ကုသိုလ်ပါဝင် လောင်းလှူခဲ့ကြတယ်လို့ သိရှိရပါတယ်။
 Myanmar Express

1 comments:

Sitke Maung Htaw Lay and Sitke Maung Khine were the founding members of Shwedagon Pagoda Trust (Gaw-pa-ka) and the Mon-Burmese patriots. Your fucking army didn't know that and renamed their namesake streets in Rangoon.

Because of them Shwedagon is what Shwedagon is today. I hope your fucking generals learn that and acknowledge the two by re-assigning their rightful names to their old streets again.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်