Subscribe to our RSS Feed

အမြင်မရှင်းသည့် မေးခွန်းများ (၄)


  1. ပြုပြင်ပြောင်းလဲရမယ်၊ နောက်ပြန်မလှည့်ရဘူး လို့ ဆက်တိုက်အော်နေကြပြီး " မြန်မာ" ကို " မြန်မာ" လို့ပြောင်းမခေါ်နိုင်ပဲ "ဗမာ" လို့ ခေါ်နေကြတာဘယ်သူတွေလဲ၊ အပြောင်းအလဲကို လက်ခံရမယ် အော်နေကြပြီး အလံသစ်ကို လက်မခံပဲ အလံဟောင်းကို နောက်ကြောင်းပြန်ချင်တာ ဘယ်သူတွေလဲ??


  2. နောက်ကြောင်းပြန်မလှည့်ရဘူး ဆက်တိုက်အော်နေကြပြီး အတိတ် နောက်ကြောင်းက အဖွဲ့တွေ ပြန်ဖွဲ့ဖို့လုပ်နေကြတာ၊ အတိတ်နောက်ကြောင်းက ဖြစ်စဉ်တွေကို စမြုပ်ပြန်နေကြတာ ဘယ်သူတွေလဲ??




  3. ရှေ့ကိုပဲ သွားရမယ် လို့ ထောက်ပြဝေဖန်နေကြပြီး ကိုယ်တိုင်တော့ လ တိုင်း၊ ရက်တိုင်း နီးပါးမှာ အတိတ်က နေ့တွေကို နှစ်ပတ်လည်နေ့ ကျင်းပ နေကြတာ ဘယ်သူတွေလဲ??


  4. "အာရုံဦးမှာ ဖူးသည့်ကြာ" ဇတ်ကားကို ကို သမိုင်းမှား ပါတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတဲ့ လူတွေက "The Lady" ဇတ်ကား က သမိုင်းအမှားတွေကိုတော့ ဘာကြောင့် မသိချင်ဟန်ဆောင်နေကြတာလဲ??


  5. The Lady ဇတ်ကားထဲက ဒေါ်အောင်ဆန်းစုကြည်က စစ်သားတွေ သေနက်နဲ့ ချိန်ထားတာကို သတ္တိရှိရှိ မကြောက်မရွံ့ ရှေ့တိုးသွားရဲပြီးတော့ သူ့အိမ်ရှေ့မှာ သေနက်ဖောက်သံကြားတော့ လန့်ပြီး တုန်သွား ရတာ ဘာကြောင့်လဲ??


  6. မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ပြောင်းလဲနေပြီလို့ နိုင်ငံတကာက ချီးကျူး ပြောနေချိန်မှာ ဇဂနာ နဲ့ တခြားအတိုက်အခံတွေက ဘာမှ မပြောင်းလဲသေးဘူးလို့ ဖင်ပိတ်ငြင်းနေတာ ဘာကြောင့်လဲ??


  7. မြန်မာနိုင်ငံအပေါ်မှာ စီးပွားပိတ်ဆို့တာ ရပ်ဆိုင်းဖို့ နိုင်ငံခြားသားတွေက ပြောဆိုထောက်ပြနေချိန်မှာ မြန်မာနိုင်ငံသား စစ်စစ် တွေက စီးပွားပိတ်ဆို့မှုကို ရပ်ဆိုင်းဖို့ မပြောတဲ့အပြင် စီးပွားပိတ်ဆို့တဲ့ နိုင်ငံတွေဖက်ကို ကာကွယ် ပြီးပြောနေကြတာ ဘာကြောင့်လဲ??



  8. ဘီအိုစီ ကုမ္မဏီ က ရေနံတွေ အကုန်ယူသွားမှု၊ စတီးဘရားသား ကုမ္မဏီက ဆန်စပါးတွေ အကုန်သယ်သွားမှု၊ ဘုံဘေဘားမား ကုမ္မဏီက ရိုးမပေါ်က သစ်တွေအကုန် မ သွားမှု နဲ့ ဗြိတိန်တို့ရဲ့ ကြေးဆင်းတုတွေ၊ ကြေးခေါင်းလောင်းတွေကို နှစ် ၁၀၀ ကျော် အဓ္ဓမ ယူဆောင်သွားတာတွေကို မလွမ်းဆွတ်ကြပဲ တရုတ်က အခုမှ တင်သွင်းနေတာတွေကိုကျမှ စာဖွဲ့ ကန့်ကွက်နေကြတာ ဘာကြောင့်လဲ??

    ဗြိတိလျှတို့ အမြှောက်လုပ်ရန် ယူဆောင်သွားရာမှ ရေထဲကျခဲ့သော ဓမ္မစေတီခေါင်းလောင်းကြီး

    တရုတ်က ယူသွားသော မျိုးစေ့အတွက် ကြေကွဲခြင်း

  9. "မြန်မာ့ဆက်သွယ်ရေးကို ကန့်ကွက်တယ်၊ နှစ်သိန်းခွဲတန် ဖုန်းကဒ်ကိုတော့ ဈေးကြီးတယ်" လို့အကြောင်းပြပြီး မဝယ်ပဲ သပိတ်မှောက်မယ် ဆိုတဲ့လူတွေက သူ့ထက် အဆများစွာ ဈေးကြီးတဲ့ ၁၅ သိန်းတန်နဲ့ ခြောက်သိန်းတန် ဖုန်းတွေကိုကြတော့ ဘာလို့ ကိုင်ထားကြတာလဲ??


  10. အမျိုးသားရေး စစ်စစ်တွေဖြစ်တဲ့ NLD LA မလေးရှားရဲ့ အချင်းချင်းခေါင်းပုံဖြတ်မှု၊ ဒီဗွီဘီ ရဲ့ ငွေကြေး ခိုးယူမှု၊ ဘီဘီစီရဲ့ သတင်းလိမ်မှု နဲ့ ABSDF ရဲ့ အချင်းချင်း ရက်ရက်စက်စက် သတ်မှုတွေက ခဏ လေးနဲ့ ရပ်သွားပြီး ဘာမှမဆိုင်တဲ့ ရွေပြည်တံခွန် က မဖြစ်နိုင်ကြောင်း ဝန်ခံထားတဲ့ ဖုန်းကဒ် ကို တော့ အမျိုးသားရေး လို့ အော်နေတာ ဘာကြောင့်လဲ??



  11. အရင်တုန်းကတော့ စစ်တပ်ကလာတဲ့ အစိုးရ ဆိုပြီး ပစ်ပစ်ခါခါ ဝေဖန်ပြောဆိုလာတဲ့လူတွေက အခုတော့ အဲဒီ စစ်တပ်က လာတဲ့ အစိုးရကိုပဲ သူတို့မဟုတ်သလိုပဲ အစိုးရနဲ့ လက်တွဲဖို့ ဆွေးနွေးနေကြတာ ပါကြောင့်လဲ??


  12. ကျောင်းသားချင်း ရက်ရက်စက်စက် သက်ခဲ့တဲ့ ABSDF နဲ့ အစိုးရတို့ ဆွေးနွေးတာကို ဘယ်အတိုက်အခံ တစ်ယောက်ကမှ မကန့်ကွက်တာ ဘာကြောင့်လဲ??



  13. ဒုတိယ ပင်လုံ နဲ့ ရင်ကြားစေ့ရေး ဆိုတော့ ဝိုင်းထောက်ခံခဲ့ကြပြီး နေရာတိုင်းမှာ ဖော်ပြ ရေးသားနေကြတဲ့ လူတွက အစိုးရရဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေကို ဘာကြောင့် ဝိုင်းပြီး မထောက်ခံ၊ မကြိုဆို ချဲ့ကား မရေးသားကြတာလဲ??


  14. ချွတ်ချော်တဲ့ လွှတ်တော် လို့ အော်လာကြတဲ့လူတွေက ဒေါ်အောင်ဆန်းစုကြည် တို့လွှတ်တော်ထဲ သွားမယ်ဆိုတော့ ကြိုဆိုပါတယ်၊ ထောက်ခံပါတယ် အော်နေကြတာ ဘာကြောင့်လဲ??


  15. လွှတ်တော် အမတ် အိုင်ကျူက အခု ဘယ်လောက်ရှိသွားပြီလဲ??


  16. အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လွတ်တော်ထဲရောက်မှ အခြေခံဥပဒေ ကို ပြင်ဖို့ ပြောတုန်းက အဲဒီလမ်းကြောင်းက မှားကြောင်း ပြောခဲ့ပြီးမှ ဘာလို့ ခုကျတော့ လမ်းကြောင်းအမှားပေါ် ပြန်သွားရပြန်တာလဲ။ အဲဒီတုန်းက မှားခဲ့ တာလား အခု မှားနေတာလား။ မှားခဲ့မှု (သို့) မှားနေမှုအတွက် ဘာတွေ ပြန်လုပ်ပေးပြီးသွားပြီလဲ၊ မှားယွင်းမှုကို ဘာကြောင့် လုံးဝ ဝန်မခံ၊ လုံးဝ မတောင်းပန်ရတာလဲ??






  17. ၂၀၀၈ အခြေခံဥပဒေအရ မဲမပေးပဲ နေခွင့်ရှိတယ်လို့ အော်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုကျတော့ NLD ကို မဲပေးပါ မဲပေးပါ အော်နေတာဘာကြောင့်လဲ??




  18. ဒေါ်အောင်ဆန်းစုကြည်ကို လူထုတစ်ရပ်လုံးက ထောက်ခံတယ်လို့ အော်နေကြပြီး ဘာကြောင့် ကန့်ကွက်တဲ့လူက ရှိနေရတလဲ?? လူထုတစ်ရပ်လုံးထောက်ခံတယ်ဆိုတာက ဝါဒ ဖြန့်တာ သက်သက်လား??

    ဦးတင်ရီ၏ အထောက်အထားဖြင့် ကန့်ကွက်လွှာ


    NLD ပါတီကို မထောက်ခံသူ လူထုမှ ပါတီဆိုင်းဘုတ်များကို ဆုတ်ဖြဲပစ်ခဲ့


  19. NLD က မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ဒေါ်စုကို စောင့်ခဲ့တာလား။ ဒေါ်စု မရှိရင် မှတ်ပုံတောင် မတင်တတ်တော့ဘူးလား??


  20. NLD ရုံး မှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ အများကြီး ရှိနေတာ ဘာကြောင့်လဲ၊ ဗိုလ်ချုပ်နဲ့ NLD က ဘာဆိုင်လို့လဲ??



  21. NLD စည်းရုံးရေး လုပ်ချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေထုတ်သုံးရတာလဲ? ဗိုလ်ချုပ်အောင်ဆန်း မသေခင်က NLD ဆိုတာ ရှိခဲ့ဖူးသလား??


  22. ဒေါ်အောင်ဆန်းစုကြည်က အသားဖြူတဲ့ နိုင်ငံခြားသားတွေကို ဖက်နမ်းပြီး အသားမဲတဲ့နိုင်ငံခြားသားတွေကို ဘာလို့မနမ်းတာလဲ?? ဒီလုပ်ရပ်က မြန်မာမျိုးဆက်သစ် မိန်းခလေးတွေ အတုယူစရာလား??



  23. ပွင့်လင်းရမယ် လို့ အမြဲအော်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပုခုက္ကူ၊ မကွေး ခရီးစဉ်ကို လူမသိအောင် ဘာလို့ ခိုးသွားရတာလဲ??



  24. နိုင်ငံတကာနဲ့ အဆက်အသွယ် ကောင်းတဲ့ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပနိုင်ငံတွေမှာ ကျောင်းတက် နေတဲ့ မြန်မာနိုင်ငံသား ကျောင်းသားတွေ အတွက် ဘာတွေ ပိုကောင်းအောင် လုပ်ပေးနိုင်လို့လဲ??

  25. နိုင်ငံတကာနဲ့ အဆက်အသွယ် ကောင်းတဲ့ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားမှာ အလုပ်ရှင်တွေရဲ့ မတရားမှုတွေ ခံနေရတဲ့ မြန်မာအလုပ်သမားတွေ၊ နေခွင့်မရလို့ ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားတွေ အများကြီးရှိနေတာကို ဘာကြောင့် ခုထိ မသိချင်ဟန်ဆောင်နေတာလဲ??


  26. ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးလုပ်သက် ၂၃ နှစ်မှာ ပြည်သူတွေအတွက် ဘာတွေ လုပ်နိုင်ခဲ့ပြီလဲ??

    ပြည်သူအတွက်က နောက်မှ။ ဒါက အဲရစ် အတွက်။


  27. ဒေါ်အောင်ဆန်းစုကြည်က အသက် ၆၇ နှစ်အတွင်းမှာ ပြည်သူတွေအတွက် ဘာလုပ်ပေးခဲ့လို့ အတိုက်အခံတွေက ထောက်ခံကြတာလဲ??

    ပြည်သူ့အတွက် ကြိုးစားခဲ့တာ ရလဒ်မပြနိုင်ပေမယ့် ကိုကိုအဲရစ်အတွက် ကြိုးစားခဲ့တာကတော့ ရလဒ် ပြနိုင်ခဲ့


  28. ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောရင် ပြောပြီးသားတွေပဲ ထပ်ထပ်ပြောနေတာ ဘာကြောင့်လဲ
    သူ တစ်ခါပြောရင် ပြည်သူတွေနားမဝင်လို့လား??



  29. ပါတီပေါင်း ၄၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ တခြားပါတီတွေ ရုံးခွဲဖွင့်တာ၊ စည်းရုံးတာ၊ အခမ်းအနားလုပ်တာတွေက ဘာသံမှမကြားရပဲ NLD လုပ်မှ လူတကာကို ဖိတ်စာ လိုက်ဝေနေတာ ဘာကြောင့်လဲ??



  30. NLD မှ ဥက္ကဌ အထက်မှာ ဘာလို့ သဘာပတိတွေ ရှိနေတာလဲ၊ ဥက္ကဌနဲ့ သဘာပတိ ဘယ်သူက ရာထူးကြီးတာလဲ၊ ဥက္ကဌ က ရုံးတက်ပြီး သဘာပတိတွေက အိမ်မှာထိုင်နေတာ ဘာကြောင့်လဲ??


  31. အစိုးရဖက်က အသက်ကြီးတွေ အကုန်နားနေချိန်မှာ NLD ဖက်က အသက် ၈၀ ကျော် သေခါနီး တွေ ဘာကြောင့် မနားနိုင်သေးတာလဲ??

  32. NLD က လွှတ်တော် ကိုယ်စားလှယ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဇေယျာသော်နဲ့ ဖြူဖြူသင်းကို ပဲ သတင်းလုပ်နေတာ ဘာကြောင့်လဲ။ ဇေယျာသော်နဲ့ ဖြူဖြူသင်း က ဘယ်လို နိုင်ငံရေး အသိပညာ အရည်အချင်းတွေ ရှိလို့ ထောက်ခံခိုင်းနေကြတာလဲ??


  33. စက်ဆန်း မီးလောင်တုန်းက အစိုးရမီးသတ်သမားတွေ ပြည်သူ့အတွက် အသက်စွန့်ခဲ့ရသလိုမျိုး NLD ပါတီဝင် တွေ ပြည်သူ့အတွက် အသက်စွန့်ခဲ့တာ ရှိဖူးပါသလား။ မရှိဘူးရင် အစိုးရမီးသတ် တပ်ဖွဲ့ဝင်တွေနဲ့ NLD ပါတီဝင်တွေ မှာ ဘယ်သူတွေက လူထုအတွက် ပိုအသုံးကျသလဲ။


  34. NLD က ဒေါင်း တိရစ္ဆာန်ကို ဘာကြောင့်ကိုးကွယ်ရတာလဲ??


  35. ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ ဒုတိယ ပင်လုံဆိုတာ ကြီးကရော အခု ဘယ်ချောင် ရောက်သွားပြီလဲ??



  36. ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ် အလုပ်လုပ်နေတာ ၁၅ လ ပြည့်တော့မယ်။ ဘယ်ပြည်သူတစ်ယောက် အကျိုးရှိ ကောင်းစားသွားတာ ဘာ ရှိလဲ??


  37. ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင်ပဲ မြန်မာနိုင်ငံကြီးက နက်ရေကန်ထဲ ပစ်ချသလို ချက်ချင်းပြောင်းလဲ မလိုလို အော်နေကြသူတွေအနေနဲ့ အခု ဘာမှ မထူးတာကို ဘာကြောင့် မသိချင်ဟန်ဆောင်နေကြတာလဲ??


  38. ပြည်ပက မြန်မာတွေကို စည်းလုံးဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောတုန်းက မစည်းလုံးကြ၊ ပြည်တွင်းတိုက်ပွဲတွေ ငြိမ်းချမ်းဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောတုန်းက ဘာတစ်ခုမှ ဖြစ်မလာပဲ အခု အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ လုပ်မှ ဖြစ်လာတာက ဘာကြောင့်လဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်မင်း ဘယ်သူ ပို အရည်အချင်းရှိသလဲ??



  39. ပြည်ပက အစိုးရ ကို ဆန့်ကျင်ခဲ့ကြတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေက ဆန့်ကျင်ခဲ့တဲ့ အစိုးရနဲ့ ဆွေးနွေးနေကြပေမယ့် အစိုးရကို အတူ ဆန့်ကျင်ခဲ့ကြတဲ့ အဖွဲ့တွေ အချင်းချင်းတော့ ခုထိ ရင်ကြားမစေ့နိုင်တာ ဘာကြောင့်လဲ??


  40. ပြည်ပက လူတွေကိုလည်း စည်းလုံးအောင်မပြောနိုင်၊ ပြည်တွင်းငြိမ်းချမ်းရေးလည်းမလုပ်နိုင်၊ မောင်နှမချင်းတောင် ရန်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆု ရသွားရတာလဲ??


  41. အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အန်တီ လို့ခေါ်ကြပြီး ၄၀ ၅၀ ကျော် ၈၈ မျိုးဆက် ဆိုတဲ့လူတွေကို တော့ ကိုမင်းကိုနိုင်၊ ကို မြအေး ခေါ်နေတဲ့လူတွေက သူတို့ထက် အများကြီး ငယ်တဲ့ ဇေယျာသော် ကျမှ ဘာလို့ ဦး ဇေယျာသော် လို့ ခေါ်ကြတာလဲ??


  42. မင်းကိုနိုင် (ဝါ) ခေါကြီး ပြည်သူ့အတွက် က နေစဉ်

  43. အခုလွှတ်၊ ချက်ချင်းလွှတ် အော်နေတဲ့ ၈၈ မျိုးဆက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့လူတွေ လွှတ်လိုက်တော့ ဘာလုပ်နေကြလဲ??


  44. အတိုက်အခံတို့ အလွန်အင်မတန် အားကိုး လှ တဲ့ ၈၈ မျိုးဆက် ဆိုတဲ့လူတွေကို ရှေ့ဘာဆက်လုပ်မလဲ မေးတိုင်း အဖြေတွေက ခိုင်ခိုင်မာမာ ထွက်မလာပဲ နောက်ကြောင်းတွေပဲ လျှောက်ပြောနေတာ ဘာကြောင့်လဲ??


  45. ဇာဂနာ က အမေရိကားက သူ့မိန်းမနဲ့ သွားတွေ့တာ ကြိုဆိုစရာလား??


  46. ဇာဂနာ ရဲ့ မိန်းမနဲ့ မိသားစုက အခြားမြန်မာ ပြည်သူတွေနဲ့ တန်းတူ မြန်မာရေသောက်ပြီး မြန်မာ့မြေမှာ ဘာကြောင့် မနေနိုင်ရတာလဲ??



  47. ဇာဂနာကို ဇတ်ကားရိုက်ဖို့အတွက် ထောင်ထဲက ထွက်အလာကို အတိုက်အခံတို့ စောင့်ခဲ့ကြတာလား၊ ၈၈ မျိုးဆက်ဆိုတဲ့လူတွေကို အကျီဖြူဝတ် လမ်းလျှောက်ဖို့ အတိုက်အခံတို့ စောင့်နေခဲ့ကြတာလား။ အဲဒီအလုပ်တွေ ကို ကျန်တဲ့လူတွေ မလုပ်တတ်ကြဘူးလား။??

    သူတို့ကိုယ်သူတို့တော့ ကျောင်းသား လို့ပြောတာပဲ။ အသက်ကတော့ ၅၀ ရှိပြီ။


  48. အရင်တုန်းက တူနီးရှားမှာ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြကြတယ်၊ အခု တိဘက်မှာ မီးရှို့ဆန္ဒပြကြတယ် မြန်မာအတိုက်အခံတွေရော ကိုယ့်ကိုယ်ကို မီးရှို့ရဲတဲ့ သတ္တိမရှိကြပဲ လမ်းပဲ လျှောက်နေကြတာ ဘာကြောင့်လဲ??

    တိဘက်မှ ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြမှု

    အားကျမခံ သွားရင်းလာရင်း ခက်ခက်ခဲခဲ အနစ်နာခံ လမ်းလျှောက် ဆန္ဒပြမှု

  49. မီးလာနေတာကို မီးပိတ်ပြီး ဖယောင်းတိုင် မီးထွန်း ဆန္ဒပြကြတာ တူနီးရှားကို အားကျလို့လား??

    မီးရှို့ဆန္ဒပြတယ်ကွ (ဖယောင်းတိုင်ကို)


  50. စွယ်စုံရ အနုပညာရှင် ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်တာလဲ?? ဒီအနုပညာရှင်တွေကရော ဘာတွေလုပ်နေကြတာလဲ??



  51. အနုပညာရှင်ချင်းအတူတူ NLD ကိုထောက်ခံတဲ့ အနုပညာရှင်ကိုတော့ စွယ်စုံရ အနုပညာရှင်လို့ ခေါ်ပြီး၊ မထောက်ခံတဲ့ သားစိုး ကိုတော့ နတ်ကတော် လို့ ဘာကြောင့်ခေါ်ရတာလဲ??



  52. အရင်တုန်းက ထောင်ထဲကလူတွေ မလွှတ်ပေးလို့ မပြန်တာပါလို့ အကြောင်းပြနေကြတဲ့ ဒုက္ခသည်တွေက အခု လွှတ်ပေးလိုက်တော့ ဘယ်နှယောက်ပြန်ပြီး ကိုယ့်နိုင်ငံမှာ ပြည်သူတွေနဲ့ တန်းတူု နေနိုင်ကြလဲ??



  53. NCGUB နဲ့ NLD_LA အပါအဝင် အခြားအဖွဲ့တွေက ဘာကြောင့် ပျက်သွားရတာလဲ။ အရင်ကတည်းက မလိုအပ်ပဲ ဖွဲ့စည်းထားတဲ့ အသုံးမကျတဲ့ အဖွဲ့တွေလား??


  54. NCGUB နဲ့ NLD_LA အပါအဝင် အခြားအဖွဲ့တွေ ရှိနေခဲ့စဉ်က မြန်မာလူထု အတွက် ဘာတွေလုပ်ပေးခဲ့တာရှိလဲ??


  55. ရခိုင်ပြည်နယ်ကို ရိုအင်ဂျာပြည်နယ်လို့ ပြောထားတဲ့ ဘီဘီစီက ပြည်တွင်းမှာ အခြေစိုက်ဖို့ လုပ်နေတာကို ဘယ်သူမှ မကန့်ကွက်တာ ဘာကြောင့်လဲ??


  56. NLD လက်ရှိ ဥက္ကဌ ဦးအောင်ရွှေ ကို ဖြုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည် က ပါတီ ဥက္ကဌ နေရာယူလိုက်ပြီးနောက်မှာ ဦးတင်ဦးတို့ ဦးဝင်တင်တို့ကို သဘာပတိဆိုပြီး နာမည်ခံခိုင်းရုံ ခံခိုင်းပြီး ဘာမလုပ်မှ မခိုင်းတော့တာပဲ သိရပြီး ဖြုတ်ချခံရတဲ့ ဥက္ကဌဟောင်း အကြောင်းကို လုံးဝ မပြောတာ ဘာကြောင့်လဲ။ မီဒီယာတွေကရော ဘာလုပ်နေကြတာလဲ။??

    ရာထူးမှ ဖယ်ရှားခံရတဲ့အပြင်၊ ဘယ်ဂျာနယ်ကမှ အင်တာဗျူးမခံရတဲ့ ဦက္ကဌ ဦးအောင်ရွှေ


  57. အစိုးရဖက်က ဥက္ကဌဟောင်း ၊ ဝန်ကြီးချုပ် ဟောင်း အကြောင်းတွေဆိုရင် အကျယ်တဝင့် ဖော်ပြသလောက် NLD ဖက်က ဥက္ကဌဟောင်း၊ အကြောင်းကိုတော့ တစ်ခါမှ မဖော်ပြကြ ဘယ်သူမှ မဆွေးနွေးကြတာ ဘာကြောင့်လဲ??


  58. NLD ရဲ့ မဲဆွယ်ပွဲတွေမှာ ဘုန်းကြီးတွေရဲ့ အမြင်မတော်တဲ့လုပ်ရပ်တွေ၊ စည်းမဲ့ကမ်းမဲ့လူတွေရဲ့ ဥပဒေ မဲ့လုပ်ရက်တွေကို မီဒီယာတွေက ဘာမှရေးသားဖော်ပြခြင်း မရှိတာ ဘာကြောင့်လဲ??




  59. အရှင်ဂမ္ဘီရ ကို အရေးယူတဲ့အကြောင်းကိုပဲ ဖော်ပြနေကြပြီး နိုင်ငံတော် သံဃမဟာနာယက က ဆရာတော်ကြီးတွေအပေါ်မှာ ရိုင်းစိုင်းစော်ကားမှုတွေကိုတော့ ဘာကြောင့် ဘယ်မီဒီယာကမှ မဖော်ပြရတာလဲ??




  60. စတုတ္ထမဏ္ဍိုင် ဆိုတဲ့ မီဒီယာ သမားတွေက မင်မဲ့စရိုက် လူသတ်မှုတွေ ဖြစ်တော့ ဘယ်ဂျာနယ်၊ ဘယ်မီဒီယာက ဒုစရိုက်သမားတွေကို အပြစ်တင် ရှုံ့ချ ရေးခဲ့တာရှိခဲ့ပါသလဲ။ လူသားချင်းမစာမနှာ လုပ်ခဲ့တဲ့ ဒုစရိုက်သမားကို အပြစ်မတင်ပဲ ရဲ ကို အပြစ်တင်နေတာ ဘာကြောင့်လဲ။


  61. ဧရာဝတီ မြစ်ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးကြောင်း၊ ဧရာဝတီမြစ်က အသက်သွေးကြောဖြစ်ကြောင်း ကို စာတွေ အများကြီးရေးခဲ့ကြတဲ့လူတွေက အခုချိန်ကျတော့ ဧရာဝတီ မြစ်ကို ဘာကြောင့် ပစ်ထားကြရပြန်တာလဲ?? ထိန်းသိန်းစောင့်ရှောက်ရေးတွေ အမြဲလုပ်သင့်ကြောင်း ၊ ကာကွယ်သင့်ကြောင်း ထောက်ပြခဲ့တဲ့လူတွေက အခုချိန်မှာ ဘယ်လို ထိန်းသိန်းစောင့်ရှောက်နေကြတယ်၊ ဘယ်လိုကာကွယ်နေကြတယ်ဆိုတဲ့ အကြောင်း တစ်ခုမှ မတွေ့ရတာ ဘာကြောင့်လဲ??



  62. ဦးတေဇတို့၊ ဦးခင်ရွှေ တို့ရဲ့ ချမ်းသာမှုကို ပိုက်ဆံတွေ ဘယ်ကရလဲ မေးခွန်းထုတ်နေကြတဲ့သူတွေက ဒေါ်မာလာဝင်းက အကျီတစ်ထည်ကို ၁၂၅ သိန်းနဲ့ ဝယ်ချိန်မှာ ပိုက်ဆံတွေ ဘယ်ကရလဲ လို့ မမေးကြတာ ဘာကြောင့်လဲ??



  63. ၁၉၉၀ ရွေးကောက်ပွဲတုန်းက နိုင်ရင် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် ပြောခဲ့လို့ မဲတွေ ပေးခဲ့ကြပြီးမှ နိုင်လည်းနိုင်ရော ဘာမှ မလုပ်ပေးနိုင်ခဲ့တဲ့ NLD ကို အခု တစ်ခါ ဘယ်လို ယုံကြည်ပြီး မဲပေးကြမှာလဲ??


နိုင်ငံရေးသမားတို့အတွက် အမြင်မရှင်းသည့်မေးခွန်းများ (၁)

မြန်မာ အတိုက်အခံတို့အတွက် အမြင်မရှင်းသည့်မေးခွန်းများ (၂)

မြန်မာ အတိုက်အခံတို့အတွက် အမြင်မရှင်းသည့်မေးခွန်းများ (၃)

ဒေါ်အောင်ဆန်းစုကြည်အတွက် မေးခွန်း (၅၅) ခု


Myanmar Express


5 comments:

မေးခွန်းတွေကောင်းလွန်းလို့
ဘယ်ခွေးသူတောင်းစားမှ ဖြေနိုင်မှ မဟုတ်ဘူး

Mrs. Aris လည်း ယောင်္ကျားကလူဖြူဖြစ်ပြီး အောက်စဖို့တက်ခဲ့ပြီး
အင်္ဂလိပ်စကားတောင် ကောင်းကောင်းမတတ်ဘူး
ကိုယ့်လူမျိုးဒုက္ခသယ်တွေကို Refugee Refugee ဆိုပြောနေတာ
ထိုင်းဝန်ကြီးချုပ်ဟောင်းကတောင် displaced peopele ဆိုပြီး
မသိမသာ ပြန်ပြင်ပြောသွားတယ်
ဒီလောက်တောင် မသိတော့ဘူးလား

စိတ်ကောမှန်သေးရဲ့လား
နောက်ပိုင်းပိုပိုညုလာတယ်
ကင်မရာတွေကိုလည်းခေါင်းကြီးစောင်း ပဲပေးလိုပေး
မျက်လုံးသူငယ်အိမ်လည်း မငြိမ်၊ ပန်းရောင်တွေအစိမ်းနုရောင်တွေ
ဝတ်လိုဝတ် အသက်ကဖြင့်ကြီးလှပြီ
အာရှက အမျိုးသမီးခေါင်းဆောင်တွေ သူ့လိုဘယ်သူမှမကဲဘူး
လူဖြူတွေကိုဖက်လိုက်နမ်းလိုက် လက်တွေတွဲလိုက်
ကောင်လေးတွေနဲ့လက်ချိတ် ဓာတ်ပုံရိုက်လိုက်
မျက်စိကိုနောက်နေတာပဲ
ဒီအရွယ်ကြီး နိုင်ငံခေါင်းဆောင်လုပ်နေပြီး မဖြစ်သင့်တော့ဘူး

လွှတ်ပေးလိုက်ပါ
အရင်က စီစစ်ရေး (စည်းကမ်းလုပ်တော့ စည်းကမ်းလုပ်သူတွေက လူဆိုးဖြစ်တယ်)
မို့မို့မြင့်အောင်ဆိုတာကြီးကိုလည်း ကြည့်ကြပါဦး
အဘွားကြီးဖြစ်နေပြီ လူမြင်မကောင်းအောင်တက်ကဲနေတယ်
လွှတ်ပေးလိုက်ပါ ဒီလောက်ကဲချင်တဲ့ဟာမကြီးတွေကို
လူ့အသိုင်းဝိုင်းက သူ့ဟာသူထိန်းသွားလိမ့်မယ်
ဒီလောက်တောင်ဖြစ်လှတဲ့ဟာတွေ

မေးခွန်းလေးနောက်တစ်ခု ထပ်ဖြည့်ပေးပါ

ဒေါ်စုကိုမထောက်ခံတိုင်း
NLD ကို မထောက်ခံတိုင်း
စစ်တပ်နဲ့ကြံ့ဖွံ့ လို့ထင်တာလဲ

ကြံ့ဖွံ့ထဲမှာလည်း သာကူးညာစားတွေ အများကြီးပဲဟေ့
မှတ်ထား
စစ်မှန်တဲ့စစ်သားတွေလည်း တပုံဠီးပဲဟေ့

လွတ်လပ်စွာတွေးခေါ်သူတွေလည်းအများကြီးပဲဟေ့
သောက်ခေါင်းထဲမှာ ချီးပဲရှိသူများရေ

ငါကတော့ ကြံ့ဖွံ့လဲမဟုတ်ဘူး
NLDလည်း ရွံ့တယ်

Shut up ,pet dog of junta !

စောက်ရူးထောင်ထွက်ကောင်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်