Subscribe to our RSS Feed

ဝန်ထမ်းလစာ တိုးမြှင့်ရေး နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌမှ ပြည်ထောင်စုလွှတ်နာယက သို့ ပေးပို့သော သဝဏ်လွှာ

မနေ့ကကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၊ ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သ၀ဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါ သ၀ဏ်လွှာ၌ ပြည်သူ့ ၀န်ထမ်းများအတွက် လုပ်ခ၊ လစာများကို အနိမ့်ဆုံးလစာ တစ်လ ကျပ်တစ်သိန်း ဖြစ်သင့်ကြောင်း၊ ထိုက်သင့်သော အခွန် နုတ်ပယ်ပြီးပါက တစ်လ ကျပ် ၈၀၀၀၀၊ ကျပ် ၉၀၀၀၀ ပေးသင့်ကြောင်း၊ ငွေကြေး လုံလောက်မှု မရှိသေးပါက ဖြစ်နိုင်သလောက် တိုးမြှင့် ပေးသင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။


နိုင်ငံတော်တွင် ငွေကြေးလုံလောက်အဆင်ပြေလျှင် ပြည်သူ့ဝန်ထမ်းများအား အနိမ့်ဆုံးပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင်ဖြင့် လုပ်ခလစာတိုးမြှင့်ပေးသင့်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းထားသည်။

ထိုအတိုးနှုန်းအတိုင်း သတ်မှတ်ထားပါက ထိုက်သင့်သော အခွန်နှုတ်လျှင်ပင် တစ်လကျပ်ရှစ်သောင်း၊ ကျပ်ကိုးသောင်းရရှိမည်ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။ ငွေကြေးလုံလောက်အဆင်မပြေသေးပါကလည်း ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်သည်ဟု ပါဝင်သည်။

လစာတိုးမြှင့်ရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့တင်ပြလာသည့် စီမံကိန်းများ၊ လုပ်ငန်းပရောဂျက်များနှင့် လောလောဆယ် ဆောင်ရွက်ရန် မသင့်သေးသော စီမံကိန်းလုပ်ငန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။

ယင်းစီမံကိန်းများအတွက် ဥပမာပေးရာတွင် စက်မှုဖွံ့ဖြိုးရေးစီမံကိန်းနှင့် နေပြည်တော်ဖွံ့ဖြိုးရေးစီမံကိန်းတို့ကို ဥပမာပေး ပြောကြားသွားသည်။

သ၀ဏ်လွှာ အပြည့်အစုံမှာ..





ဝန်ထမ်းလစာတိုးမြှင့်ရေး အဆိုကို ပြည်ထောင့်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ သူရဦးရွှေမန်းမှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လ ၇ ရက်နေ့က အဆိုတင်သွင်းခဲ့ ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ကိုယ်စား ပြည်ထောင်စု ဝန်ကြီးများက မဖြစ်နိုင်ကြောင်းပြောကာ ပယ်ချခဲ့သည်။ ထို့ကြောင့် ယခုတစ်ကြိမ် တွင် သူရဦးရွှေမန်းမှ ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခြင်း ဖြစ်ပါသည်။

အတိုက်အခံအင်အားစုများရဲ့ အဆိုးမြင်ဝါဒနဲ့ သွေးထိုးမှုများကြောင့် အစိုးရ အထက်မှာ ပြည်ခိုင်ဖြိုးပါတီရှိကြောင်း၊ လွှတ်တော်အထက်မှာ ပြည်ခိုင်ဖြိုးပါတီ ရှိကြောင်း အသံပေါင်းစုံ မူလက ထွက်လာခဲ့ပေမယ့် အခုချိန်မှာတော့ အားလုံးနှုတ်ဆိတ်နေကြကြောင်း တွေ့လာရပေသည်။

ဝန်ထမ်း လစာ တိုးမြှင့်ရေးအတွက် ယခုလက်ရှိ လွှတ်တော် အတွင်း ဖြစ်စဉ်များကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အစိုးရအဖွဲ့နှင့် လွှတ်တော် တို့ကို ပြည်သူတို့မှ အယုံအကြည် ပိုရှိလာကြကြောင်း သတင်းရရှိပါသည်။

Myanmar Express

1 comments:

ကြံ့ဖွံ့ကို ယုံကြည်လာတယ် ဆိုတာကတော့ တကယ်ပဲဗျို့
ကျုပ်တို့ကြည့်မြင့်တိုင် တစ်ခုလုံးကတော့ ပြည်ခိုင်ဖြိုးမှ ပြည်ခိုင်ဖြိုးဖြစ်နေကြပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်