ရန်ကုန် ဖေဖော်ဝါရီ ၁၇ ရက်
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ ဦးပေါက်ယူချမ်း က အမေစုနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆက်သွယ်လာတယ်လို့သိရှိရပါတယ်။ ဥက္ကဌ ဦးပေါက်ယူချမ်းရဲ့ ဆန္ဒအရ “၀” အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ဟာ NLD ပါတီက သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်း ကိုဆက်သွယ်ပြီး အမေစုနှင့် တွေ့ဆုံခွင့်တောင်းတယ်လို့ အမည်မဖော်လိုတဲ့ NLD လူငယ်တစ်ဦးက ပြောပါ တယ်။ အမေစုက လက်ခံတွေ့ဆုံလိုခြင်းရှိ၊မရှိကို ရက်ပိုင်းအတွင်း အကြောင်းပြန်ကြားရမယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဦးပေါက်ယူချမ်းဟာ မူးယစ်ဆေးဝါးနဲ့ ပက်သက်နေတာကြောင့် အမေစု အနေနဲ့ တွေ့ဆုံလိုခြင်း မရှိဘူးလို့ သိရှိရပါ တယ်။

အမေစုက တွေ့ဆုံလိုခြင်းမရှိဘူးဆိုတာကိုတော့ NLD တာဝန်ခံတွေက
“အန်တီစုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စီစဉ်နေတာတွေရှိပါတယ်။ ဒါပေမယ့် ဦးပေါက်ယူချမ်းတို့ကျတော့ မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ပက်သက်နေတော့ သိပ်ပြီးတွေ့ဖို့တော့ အစီအစဉ်မရှိဘူး။အန်တီစုအနေနဲ့လည်း မတွေ့ဆုံချင်ဘူးလို့ ပြောတယ်” လို့ပြောပါတယ်။
“၀” အဖွဲ့ဟာ ယခင်က စစ်ထောက်လှမ်းရေးအဖွဲ့ အစီအစဉ်နဲ့ပဲ ရပ်တည်လှုပ်ရှားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုများကိုလည်း ထောက်ခံအားပေးခြင်းမပြုခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်အုပ်စု အထူးသဖြင့် အမေရိကန်နဲ့ ဗြိတိန် တို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေး များရှိပြီး “၀”တပ်ဖွဲ့ဟာ တရုတ်ရဲ့ ကျောထောက်နောက်ခံနဲ့ ရပ်တည်နေရတာဖြစ်ပါတယ်။ ဒါ့အပြင် “၀” အဖွဲ့ဟာ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုများကြောင့် အမေရိကန်ကစောင့်ကြည့်ခံခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေလှမ်းများကို တရုတ်ကလည်း စောင့်ကြည့်လျက်ရှိပါတယ်။
Myanmar Express

1 comments:
Hello MyanmarExpress..
ဒါလေးကို သုံးသပ် ရေးသား ပေးပါ.....
http://www.tobacco-news.net/tag/legalizing-marijuana/
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်