Subscribe to our RSS Feed

Call Centerမှ တစ်မိနစ်လျှင် ၃၀ကျပ်နှုန်းဖြင့် စတင်ကာ ၀န်ဆောင်ခ ကောက်ယူ

From : MRTV4

ရတနာပုံတယ်လီပို့မှ ဖွင့်လှစ်ထားတဲ့ Call Center ကိုဆက်သွယ်ပြီး မေးမြန်းမှုအားလုံး အတွက် တစ်မိနစ်လျှင် ၃၀ကျပ်နှုန်းနဲ့ ယခုဖေဖော်ဝါရီလမှ စတင်ကာ ၀န်ဆောင်ခကောက်ခံနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုလို ၀န်ဆောင်ခ ကောက်ယူချိန်ကစတင်ပြီး  English ဘာသာနဲ့ မြန်မာဘာသာ အတွက် ၀န်ဆောင်မှုကို ၂၄နာရီ ၀န်ဆောင်မှု ပေးလျက်ရှိကာ တရုတ်၊ ဂျပန်၊ မလေးရှား၊ ဂျာမနီ၊ ကိုရီးယား၊ ပြင် သစ်အစရှိတဲ့ ဘာသာစကားတို့အတွက် ဖြေကြားမှုကိုတော့ နံနက် ၉နာရီမှ ညနေ ၅နာရီအတွင်းသာ ဖြေကြားပေးမှာ ဖြစ်ပါ တယ်။ 
 အခုလို ၀န်ဆောင်ခကောက်ယူမှုဟာ မြန်မာ့ဆက်သွယ်ရေး မှ ကောက်ယူနေကျ နှုန်းထားအပြင် Call Center သို့ဆက်သွယ် မေးမြန်းမှု အတွက် ၁မိနစ်ကို ကျပ်၃၀ ထပ်လောင်း ကောက်ယူမှာဖြစ်ပါတယ်။ ရတနာပုံ Call Center ကို ၂၀၁၁ ဒီဇင်ဘာလ ၁၇ရက်နေ့က စတင်ဖွင့်လှစ်ကာ ၀န်ဆောင်မှုပေးခဲ့တာဖြစ်ပြီး စတင်ဖွင့်လှစ်စဉ်က အခမဲ့ဝန်ဆောင်မှုကို နှစ်လပေးခဲ့ကာ ယခုအခါမှသာ ၀န်ဆောင်ခကို စတင်ကောက်ခံတာ ဖြစ်တယ်လို့ သိရပါတယ်။


 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်