Subscribe to our RSS Feed

ယခင်ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများနှင့် အော်တိုလိုင်းဖုန်းများ ကြိုတင်ငွေဖြည့်စနစ်သို့ မတ်လတွင် စတင်ပြောင်းလဲမည်

From :မြန်မာတိုင်းမ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ဆောင်မှုပေးလျက်ရှိသော ဂျီအက်စ် အမ် မိုဘိုင်းဖုန်းများနှင့် အော်တိုတယ်လီ ဖုန်း (လိုင်းဖုန်း) များအား Prepaid စနစ်သို့ မတ်လ ၁ ရက်နေ့တွင် စတင်ပြောင်းလဲ တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက သတင်းထုတ်ပြန်ခဲ့ သည်။
ဂျီအက်စ်အမ်တွင် ကြိုတင်ငွေဖြည့် စနစ် (Prepaid) ကို သက်ဆိုင်ရာ ဂျီအက်စ်အမ်အိတ်ချိန်းနယ်မြေအလိုက် မတ်လ ၁ ရက်နေ့တွင် 09-20xxxxx ၊ 09-21xxxxx ၊ 09-22xxxxx ၊ 09-23 xxxxx ၊ 09-24xxxxx ၊ 09-55xxxxx စသည့် နံပါတ်များနှင့် အော်တိုတယ်လီ ဖုန်း (လိုင်းဖုန်း)များကို (၀၁-၂၃၀xxxx) နံပါတ်ဖြင့်စသော ဂဏန်းခုနစ်လုံးပါ ဖုန်း များကို ကြိုတင်ငွေဖြည့်ကတ်စနစ်အဖြစ်သို့ ပြောင်းလဲ ပေးသွားမည်ဖြစ်သည်။
"လိုင်းဖုန်းတွေကို ကြိုတင်ငွေဖြည့် ကတ်စနစ်အဖြစ်ကို ပြောင်းလဲလိုတဲ့လူတွေက လိုအပ်တဲ့ပုံစံတွေကို အမှတ် (၁၀၃)၊ လမ်း(၄၀)၊ အော်တိုတယ်လီဖုန်း ရုံးမှာ အခမဲ့ရယူဖြည့်သွင်းနိုင်မှာပါ" ဟု မြန်မာ့ ဆက်သွယ်ရေးမှတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဂျီအက်စ်အမ်မိုဘိုင်းတယ်လီဖုန်းများကို Postpaid စနစ်မှ ကြိုတင်ငွေဖြည့် ကတ်စနစ်သို့ ပြောင်းလဲအသုံးပြုလိုသူ များသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ပေးပို့ထားသော SMS မှ YES ကို နှိပ်၍လည်းကောင်း၊ နံပါတ် ၁၈၈၁၂ သို့ YES ဟု တိုက်ရိုက် ပေးပို့၍လည်း ကောင်း၊ ဧပြီလ ၁၅ ရက်နေ့ ညနေ ၄ နာရီကို နောက်ဆုံးထား၍ အကြောင်း ပြန်ကြားပေးရမည် ဖြစ်ကြောင်း၊ အကြောင်းပြန်ကြားခြင်း မရှိသည့် ဂျီအက်စ်အမ်ဖုန်းများကို အွန်လိုင်းတယ် လီဖုန်းဘီလ်ဆောင်စနစ်ကို သုံးမည်ဟု မှတ်ယူမည်ဟု ၎င်းကပြောသည်။
"ဂျီအက်စ်အမ် မိုဘိုင်းတယ်လီဖုန်း တွေအချင်းချင်း ဆက်သွယ်မှုမပြတ်စေဖို့ ကျပ် ၁,၀၀၀ ကို ကြိုတင်ဖြည့်တင်းထား ရမှာဖြစ် ပါတယ်။ ဂျီအက်စ်အမ်ဖုန်းတွေ ရော၊ လိုင်းဖုန်းတွေရောကို ကြိုတင် ငွေဖြည့်စနစ်ပြောင်းပေးတာက ပြည်သူ တွေ ဖုန်းပြောဆိုခ ပေးချေရလွယ်ကူရ အောင်သာဖြစ်ပြီး ရှိရင်းစွဲနံပါတ်တွေက ပြောင်းသွားမှာမဟုတ်ပါဘူး။ တယ်လီ ဖုန်းတစ်လုံးက တစ်ကြိမ်သာ ပြောင်းနိုင် တာပါ" ဟု ၎င်းက ပြောသည်။
တယ်လီဖုန်းသုံးစွဲသူများအနေဖြင့် ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲသည့် အချိန်တွင် ၎င်းတို့ နောက်ဆုံး Postpaid အဖြစ် သုံးစွဲ ထားသည့် တယ်လီဖုန်းခေါ် ဆိုခများကို ယခင်စနစ်အတိုင်းပေးချေ ရန်လိုအပ်ကြောင်း၊ ကြိုတင်ငွေပေးသွင်း ထားသော ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ နှင့် လိုင်းဖုန်းများအတွက် ကြိုတင်ငွေ ဖြည့်ကတ်စနစ်အဖြစ် ပြောင်းလဲဝန် ဆောင်မှု စတင်အသုံးပြုသည့်နေ့အထိ ပိုငွေရှိလျှင် ယင်းပိုငွေများကို ကြိုတင်ငွေ ဖြည့်ကတ်စနစ်သို့ ထည့်သွင်းဖြည့်တင်း ပေးမည်ဖြစ်သည်။
"ဂျီအက်စ်အမ် မိုဘိုင်းတွေရဲ့ ငွေဖြည့် ကတ်က ယခုဈေးကွက်ထဲမှာရှိတဲ့ ကျပ် ငါးသိန်းတန် ငွေဖြည့်ကတ်တွေနဲ့ သုံးလို့ ရပါတယ်။ ကျပ် ၁၀,၀၀၀ တန်ကတ်၊ ၃၀,၀၀၀ တန်ကတ်နဲ့ ၅၀,၀၀၀ တန်ကတ် တွေပဲ ဖြစ်ပါတယ်။ လိုင်းဖုန်းများအတွက် မိမိတို့ဖုန်းမှာ ငွေဖြည့်ကတ် (Top-Up- Card) များနဲ့ ဖြည့်သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။ ကြိုးဖုန်းတွေအတွက်ကို ကျပ် ၅,၀၀၀ တန်ကတ်နဲ့ ကျပ် ၁၀,၀၀၀ တန်ကတ်ဆိုပြီး ရှိပါတယ်" ဟု မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကြိုးဖုန်း ကြိုတင်ငွေဖြည့်ကတ်များကို လမ်း(၄၀)၊ အော်တိုတယ်လီဖုန်း ရုံး နှင့် အမှတ် (၄၆၅/၄၆၉)၊ မဟာဗန္ဓုလ လမ်း၊ ပန်းဘဲတန်း မြို့နယ်၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ငွေစာရင်းရုံးတို့တွင် ဦးစားပေး ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် တယ်လီဖုန်း အခွန်ငွေ လက်ခံသည့်စခန်းများတွင် ရောင်းချ သွားမည်ဖြစ်သည်။
ဌာနဆိုင်ရာများနှင့် နိုင်ငံခြားငွေဖြင့် ဆောင်ရသည့် တယ်လီဖုန်းများသည် Postpaid စနစ်ဖြင့် ဆက်လက် အသုံးပြု နိုင်ကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်