Subscribe to our RSS Feed

ဘယ်သူတွေဘာဘဲပြောပြော သူတု.ိပြုံးပြီးကြည်.နေကြတယ်ဆိုတာ မမေ.နဲ.

သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာကြသူအသီးသီးဟာ အကျဉ်းကျစဉ်က မတွေ့ရသူ မိဘဆွေမျိုးတွေ ၊ လုပ်ဖေါ်ကိုင်ဘက်တွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေ နဲ့ တွေ့ကြဆုံကြ ၊ ပြောကြဆိုကြနဲ့ မြင်ရ တဲ့ မြင်ကွင်းတွေဟာ ကြည်နူးစရာပါဘဲ ၊ဒီလို တွေ့ကြဆုံကြ ပြောကြဆိုကြရာမှာ အဓိက အကြောင်းအရာ ကတော့ ထောင်ထဲမှာ သူတို့နေခဲ့ရတဲ့အခြေအနေတွေ ၊ အတွေ့အကြုံတွေ ၊ အခက်အခဲတွေ ကို မေးကြမြန်းကြ ပြောကြဆိုကြတာပါဘဲ ၊ ပြောရဆိုရမှာပေါ့လေ... ထောင်ဆိုတာ ပျော်စရာကောင်းတဲ့ အရပ်မှမဟုတ်တာကိုး ... ၊ အပြင်မှာနေတဲ့ သူတွေကလည်း သူတို့မရောက်ဘူတဲ့ထောင်ဆိုတာကြီးဟာ ဘယ်လိုပါလိမ့်ဆိုပြီး သိချင်ကြ ရှာမှာ သဘာဝပါဘဲ ...။


ဒီနေရာမှာ ပြောစရာရှိတာက တချို့က ဒီထောင်ဆိုတဲ့အကြောင်းကို ပြောဆိုရာမှာ သူ့ရဲ့ခံစားချက်မူရင်း အတွေ့အကြုံမူရင်းတွေကို ပြန်ဖောက်သည်ချနေပေမယ့် အများစုကတော့ ဒီထောင်ကျတာကိုပဲ အင်မတန်ကြီးမားတဲ့ အံ့ဘွယ်အနစ်နာခံမှုကြီးတစ်ခုလိုလို ၊ ဟိမ၀န္တာ စွန့်စားခန်းကြီးတစ်ခုလိုလို ၊ငရဲပြည်ကနေ ပဲ နေ့ချင်းညချင်း ပြန်လာသလိုလို ၊ ချဲ့ကားပြောဆိုနေကြတာကိုလည်း တွေ့နေရပါတယ် ၊ဒီလိုလူတွေကို ရည်ရွယ်ပြီးဒီဆောင်းပါးကို ရေးပါတယ် ။



ဒီပုံလေးကိုကြည့်စမ်းပါဗျာ...ခင်ဗျားတို့ ထောင်ကချက်ပြီးသား အဆင့်သင့် ထမင်းကို မကောင်းပါဘူးလို့ ညီးညူနေချိန်မှာ ဒီရဲဘော်လေးတွေက ကိုယ်စားဘို့ ဆန်အညံ့စားလေးတွေ ကို ကျောပေါ်လွယ်ပြီးသွား လာနေရတယ် ၊ ဒီလိုနေရာမျိုးမှာ ထမင်းချက်စားဘို့ဝေးစွ မီးဘယ်လိုမွှေးရ မလဲတောင် စဉ်းစားလို့မရပါဘူး ဒါပေမယ့် ဒီရဲဘော်တွေက ခင်ဗျားတို့လို မညည်းဘူး ၊ အော်မနေဘူး ၊ အပြုံးမပျက်ဘူး ။




ကဲဒီပုံကိုလည်း ကြည့်ပါဦး ၊ အန္တရာယ်မများဘူးလား ?..... ထောင်ထဲမှာ အမိုးအကာ နဲ့ ခြောက်ခြောက်သွေ့သွေ့ ၊လုံလုံခြုံခြုံ နေနေရတဲ့သူတွေက ကျန်းမာရေးနဲ့မညီညွတ်ဘူး ၊ အင်္ကျီအထူကြီးတွေဝတ်ပြီး ခန္တီးထောင်ကဘယ်လိုအေးတာ တို့ဘာတို့ အော်နေတဲ့သူတွေကို ဒီလို မိုးရေထဲမှာ လနဲ့ချီပြီးနေနေတဲ့သူတွေက ရယ်နေမှာပေါ့ဗျ မဟုတ်ဘူးလား ...၊ ဒါပေမယ့် ခင်ဗျားတို့လို ခိုညည်း ညည်းမနေဘူး ၊ ဝေလံခေါင်ဖျားတဲ့ အရပ်တွေကို ပို့ပါတယ်တို့ ၊ မိသားစုနဲ့ ဝေးတယ်တို့ ဒီရဲဘော်တွေပါးစပ်က မပြောကြဘူး ။မကွာဘူးလား ခင်ဗျားတို့နဲ့။


ဒါတောင် ဘယ်အချိန် ရန်သူကချောင်းပစ်လိုက်မလဲ ၊ ဘယ်အချိန် မိုင်းတက်နင်းလိုက်မလဲဆိုတာ တထင့်ထင့်နဲ့ သွားနေလာနေရတဲ့ စိုးရိမ်စိတ်မပါသေးဘူး...။



ခင်ဗျားတို့ ထောင်ထဲမှာ လမ်းလျှာက်ချိန်နည်းလို့ ၊ လမ်းလျှောက်ရတဲ့ဧရိယာ ကျဉ်းလို့တိုလို့ ဆူပူအော်ဟစ်နေကြပေမယ့်  မိုးရွာရင်စိုလိုက် ၊ နေပူရင်ခြောက်လိုက် ၊ ချောင်းဖြတ်ရင်စိုလိုက် ၊ မဖြတ်တာကြာရင်ပြန်ခြောက်လိုက်နဲ့ တစ်နေ့မိုင်ပေါင်းများစွာနဲ့ နေ့စဉ် လမ်းလျှောက်နေရတဲ့ ဒီခြေထောက်ပိုင်ရှင်တွေကတော့ ရယ်နေကြတယ် ။




ဒါ မြန်မာ့တပ်မတော်က ရှေ့တန်းစခန်းကလေးတစ်ခုပါဘဲ...ဘယ်မှာများ စားရသောက်ရ နေရထိုင်ရတာ ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလဲ ၊ ဘယ်မှာလာပြီး အဟာရဖြစ်ပါ့မလဲ ၊ဘယ်မှာလာပြီး သောက်ရေသန့်တွေ ရပါ့မလဲ ၊ ဘယ်မှာလာပြီးဂျာနယ်ဖတ်ရပါ့မလဲ ၊ ဘယ်မှာလာပြီး လုံခြုံမှုရှိပါ့မလဲ ၊ ဒါပေမယ့် သူတို့တွေ စစ်သားအခွင့်အရေးဆူံးရှုံးနေပါတယ် ၊ စာအုပ်ထဲမှာပါတဲ့ စစ်သားအခွင့်အရေးတွေမရ ဘူးဆိုပြီး အစာအငတ်ခံ ဆန္ဒပြတာများ တစ်ခါတစ်လေ ကြားဘူးကြသလား ၊ ထောင်ထဲကနေ အကျဉ်းသား အခွင့်အရေးမရလို့ အော်နေတဲ့သူတွေကို ဒီစစ်သည်လေးတွေက ပြုံးနေမှာပေါ့ဗျာ... မဟုတ်ဘူးလား ။




ဒါ တပ်မတော်စစ်ကြောင်းတစ်ခု ချီတက်နေတဲ့ပုံပါ ၊ ကြည့်ပါဦးဗျာ.. နေ့စဉ် ရာသီဥတုဒဏ်ခံနေရတော့ အ၀တ်အစားတွေ ၊ စစ်ဘိနပ်တွေ ၊ ချပ်ဝတ်တန်ဆာတွေဟာ မကောင်းနိုင်တော့ပါဘူး ... ၊ စုတ်ပြတ်နေတာပါဘဲ ... ၊ သူတို့လဲ လူတွေပဲ ... အမေရိကန် မရိန်းတပ်သားတွေလို သွားချင်တဲ့နေရာကို ရဟတ်ယာဉ်ကြီးတွေ နဲ့သွား ၊ လေယာဉ်တွေနဲ့ လာချပေးတဲ့စည်သွတ်ဘူးတွေစား ၊ ဂြိုလ်တု ဆက်သွယ်ရေးတွေပါတဲ့ ခေတ်မီ ချပ်ဝပ်တန်ဆာတွေနဲ့ သွားရရင် ကောင်းမှန်း သိတာပေါ့ ... ၊ ဒါပေမယ့် တိုင်းပြည်ဆင်းရဲနေတော့ ပြောမထွက်ဘူး ၊ မတောင်းရက်ဘူး ၊ ဆင်းရဲတဲ့ မိဘဆီက မရနိုင်တာတွေတောင်းပြီး မိဘကို စိတ်ဆင်းရဲစေမယ့် အလုပ်တွေ သူတို့မလုပ်ဘူး...၊ ဘာလို့လဲဆိုတော့ ပေးဆပ်နေရတာကို ဂုဏ်ယူနေကြတာကိုး...။


ဒီလိုဖြစ်နေတာတောင် စစ်အသုံးစရိတ်များနေပါတယ်တို့ ထပ်လျော့ရမယ်တို့ ပြောနေတဲ့ ခင်ဗျားတို့ကို မေတ္တာ မပျက်ဘူး ၊ စစ်ခွေးလို့ခေါ်လဲ အပြုံးမပျက်ဘူး ၊ ခင်ဗျားတို့ရဲ့ ထောင်တွင်းဟိမ၀န္တာ စွန့်စားခန်းတွေကို ပြည်ပအသံလွှင့် ဌာနတွေကတစ်ဆင့်နားထောင်ရင်း သူတို့ ပြုံးနေကြတယ် ၊ လှောင်ပြုံးမဟုတ်ပါဘူး ... ပေးဆပ်သူတို့ရဲ့အပြုံး ၊ နှလုံးလှသူတို့ရဲ့ အပြုံးတွေနဲ့ပါ.....။

 Myanmar Express

17 comments:

ဟုတ်တာပေါ့သိပ်ဟုတ်တာပေါ့ အလကား စောက်သုံးမကျတဲ. မင်းကိုနိုင်တဲ. အပေါင်းအပါတွေ သုံးစားမရတဲ.ကောင်တွေ

ဒီတခါဘယ်သူမှလာမရေးကြတော့ပါလား...
ဟက်ဟက်

ဟုတ်ပဗျာ စာနာ သင့်တယ်

Its a reality. Government must install compulsory military service. So everyone will understand what is military service.

ဘာလို.များစောက်ရေးမပါတဲ့မင်းကိုနိုင်ဆိုတဲ.ခွေးမသား..နာမည်
ထည့်ရေးနေရတာလည်းကွာ....နောက်မရေးနဲ့..အဖက်ဖက်ကပေး
ဆပ်နေရတဲ့တပ်မတော်သားတွေကြားမှာ..ခွေးမသားမပါစေနဲ့
ကျက်သရေယုတ်တယ်။

ငါလိုးမသားမင်းကိုနိုင် ငါလိုးမသားဇာဂနာ မအေလိုးတွေ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ဘာမှအဖြစ်ရှိအောင်မလုပ်ဘူး အဖြစ်ရှိအောင်လုပ်နေတဲ့လူတွေကျတော့ ဟိုဟာလိုတယ်ဒီဟာလိုတယ် ဟိုဟာမကောင်းဘူးဒီဟာမကောင်းဘူးနဲ့ အမေလိုးတွေ မိန်းမကြီးတွေကျနေတာပဲ ပြောအုန်းလေအခုမင်းပထွေးတွေနေရတဲ့ဘ၀ကို ဒီပို့စ်မှာရေးထားပေးတယ် ဖတ်ပီးတော့ဝေဖန်အုန်းလေကွာ ...လီးပဲ

အပေါ်ကပုံတွေကိုတော့ ထောက်ခံပါတယ် .. မှန်သင့်သလောက်လဲ မှန်ပါတယ် .. ဘာလို့လဲဆိုတော့ ကျနော်လဲ စစ်သားတစ်ယောက်ကိုး .. :D ကျနော်တို့ စစ်တပ်ဆိုတာ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတာ နဲ့ ဖွဲ့စည်းထားတာဗျ ..။ ကျနော်တို့ဆီမှာ အမိန့်ဆိုတာပဲ ရှိတယ်။ ဒါပေမယ့် သနားစရာကောင်းတဲ့ အောက်လက်ငယ်သားတွေလဲ အများကြီး တွေ့ဖူးပါတယ် .. တကယ်သနားတယ် သူတို့ကို . ဥပမာ အရမ်းသနားဖို့ကောင်းတဲ့ အိမ်ထောင်စုတွေလိုမျိုး .. စောက်သုံးမကျ..ကိုယ့်ဖို့ပဲကြည့်တဲ့ တပ်ရင်းမှူးတွေကြောင့် ရပိုင်ခွင့်ကို အပြည့်မရတဲ့ ရဲဘော်လေးတွေ .. ဒါတွေအတွက်လဲ အထက်ကပုဂ္ဂိုလ်တွေ မသိတာလား .. သိလျှက်နဲ့ မသိချင်ယောင် ဆောင်နေတာလားဆိုတာကို ဝေဖန်သုံးသပ်တတ်နေ ပါပြီ ..။ တကယ်တော့ အထက်ကပုဂ္ဂိုလ်တွေက မသိတာပါ ..။
အောက်က စောက်သုံးမကျတဲ့ တပ်ရင်းမှူးအချို့ကြောင့် ဘ၀ပျက်နေ ပေမယ့် . အမြဲတမ်း ပျော်စရာကို ကိုယ့်ဘာသာ ဖန်တီးပြီး ပျော်နေရတဲ့ ဘ၀လေးတွေကိုတော့ လူတွေ သိစေချင်တယ်ဗျာ . အခုလို ပုံလေးတွေမြင်ရတော့ ကရင်ပြည်နယ်၊ တောထဲက ကျနော့်တပ်လေးကို လွမ်းမိသားဗျာ .. ။ အခုချိန်ဆို သူတို့ ဘယ်လိုဘယ်ပုံဘယ်လိုလူမျိုးတွေနဲ့ ၂ ပါးသွား နေရလဲ သိချင်လိုက်တာ .. :(

ဒီ သတင်း နဲ့ ပုံတွေ ကို သတင်းစာ ဂျာနယ် တွေ မှာ ထည့် ပေးလိုက် လို့ မရ ဘူးလား

ထောက်ခံပါတယ် ဘယ်သူ့ ဘက်ကမှတော့မဟုတ်ဘူး ဒါပေမယ့် မြန်မာပြည်မှာနိုင်ငံရေးနဲ့ ပေါ်ပင်ရေးမကွဲဘူး
နောက်တချက် လူဆိုတာ အကေင်းအဆိုးဒွန်တွဲနေတယ် ဘာလို့  ဒေါ်စု မင်းကိုနိုင် ဇာဂနာ ကျော်သူ ဒီလူတွေက ကောင်းသတင်းပဲထွက်တာ် မကောင်းတာတွေဘာလို့ မပြောကြလဲ ဒီလူတွေ ထိရင်ဆတ်ဆတ်ထိမခံဘူး
ဘာကြောင့်လဲ ကောင်းသာတွေ၇ှိတယ် ဒါပေမယ့် အဲလောက်မလိုဘူးထင်တယ် အရင်တုန်းက အစိုးရမကောင်းကြောင်းမပြောရဲ ဘူး အခုကျတော့ သူတို့ မကောင်းကြောင်းမပြောရဲဘူးဖြစ်နေတယ်...၀ိုင်းဆဲကြမှာ ကံမကောင်းရင်ဓားပါအထိုးခံ၇မှာ...ဘာဒီမိုလဲ အစိုးရမကောင်းရင်မကောင်းသလို ဒီလူတွေမကောင်းရင်မကောင်းသလိုပြောခွင့်မ၇ှိဘူးလား... ဒီမိုကရေစီဆိုတာ ပါးစပ်ကအများဆုံးအော်နေသူတွေပိုချိုးဖာက်ကြတာ...
တကောင်မှ ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ကိုမှီသူမတွေ့ ဘူး...
အဘိုးရေ...အဘိုးသမီးနဲ့ အပေါင်းအပါးတွေ ပြည်သူအတွက်ဆိုပီး အာဏာလုနေတယ်ဟေ့...
ပီးတော့ နောက်တခုဘ၀င်မကျတာ ကိုယ့်မင်ကိုယ့်ချင်း အချုပ်အချာအာဏာတည်တဲ့မြန်မာပြည်မှာဘာလို့ တခုခုဆိုဒီကောင်တွေ ဒီအဖွားကြီးက ဘာလို့  နိုင်ငံတကာနဲ့ လှည့်ပတ်ပိတ်ဆို့  ခြိမ်းခြောက်နေကြတာလဲ..ပြည်သူအတွက်ဆို ဘာလို့ အမေရိကန်နဲ့  EU တွေနဲ့ ပတ်ပတ်တိုက်နေတာလဲ
တော်ကီတော့ကောင်းသာ ဒီလူတွေက
ပြည့်အင်အားသည်ပြည်တွင်းမှာသာ၇ှိသည် တိုင်းပြည်ကို သူတပါး ၀င်ရောက် အာဏာစက်မသိမသာ လွမ်းမိုးမှ တိုးတက်မယ်ဆိုရင်ကျုပ်စိတ်နဲ့ ဆို တသက်လုံးအမွဲခံလိုက်မယ်
ကိုယ်ရေကိုယ်သောက်ကိုယ်ထမင်းကိုယ်စားပီးမသိမသာစိတ်ပိုင်းရုပ်ပိုင်းနယ်ချဲ့ခံနေရတာမျိုးတော့မလိုလားဘူး...မြန်မာသည်မြန်မာအတွက်ပဲဖြစ်ရမည် မြန်မာပြည်အရေးသည်မြန်မာပိုင်သည်...
ကျွန်တော်တပ်မတော်သားတယောက်မဟုတ်ပါ...
၂ဖက်ကြားမှာနေတဲ့ကြားနေသူပါ ..ဒါပေမယ့် ဘယ်ဘက်ကိုမဆိုအကောင်းအဆိုးယှဉ်တွဲမြင်စေချင်သည်..
နောက်တချက်လိုတာတောင်းလို့ ရတယ် ဆန္ဒပြလို့ ရတာကိုဒီမိုလို့ သိထားသူတွေကို လဲမေးချင်ပါသည် သန်း၆၀ကျော်နေနေတာပါ မိမိပုဂဂလိက လိုလားချက်ကို ပြည်သူလိုလားချက်နဲ့ မရောချပါနဲ့  မင်းတို့ ဦးနှောက်တထွာနဲ့ တက်မလာနဲ့  သမ္မတကြီးမှာခေါင်းပေါင်းများစွာနဲ့ လုပ်နေရပါတယ်..သန်း၆၀နဲ့ နိုင်ငံတကာနဲ့ ကြားမှာသူအလုပ်တွေရှုတ်နေပါတယ်...ခင်ဗျားတို့ နားလည်သင့်တယ်...

အိုကေ ရေ .. ဒီလို တကယ် အမှန်အကန် လုပ်နေတဲ့သူတွေရဲ့ သတင်းမျိုး ဂျာနယ်မှာထည့်ရင် အဲ့ ဂျာနယ် ရောင်းအားကျ နာမည်ပျက်ကုန်မှာ စိုးလို့ ဘယ်သူမှ အထည့်ခံမှာမဟုတ်ဘူး .. မြန်မာပြည် အနှံ့ လျှောက်ပေါ နေတဲ့ သတင်းမျိုးမှ လူပိန်းကြိုက်တာလေ .. မြန်မာပြည်မှာကလဲ လူပြိန်းက အများသားလား ..

Mrs. Aris
ဒီလိုလူမျိုးတွေအကြောင်းလေးလည်းပဲ
စကားထဲ ထည့်ပြောပါဦး

သနားဖို့ အရမ်းကောင်းပါသည်။

ကျွန်တော်တို့ကတော့ နားလည်ပါတယ်ဗျာ...တချို့ စောက်သုံးမကျတဲ့ ဟာတွေကတော့ မိုက်တွင်းနက်တုန်းပဲ...မြန်မာ့တပ်မတော်ကို အရမ်းလေးစားတယ်....ထာဝရ အလေးပြုနေမှာပါ...

ဒါတွေကတော့ အားလုံးအမှန်တွေပါပဲ

ဂုဏ် ယူ ပါ သည်

သရော်စာလို့ မရေးပါနဲ့။အမှန်တရား ပါ။

this is our patriotic Army

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်