၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့ ညနေ ၆ နာရီလောက်မှာ လူမိုက်လက်သစ်လေး မင်းအုပ်စိုးနဲ့ တပည့်လူကြမ်းသရုပ်ဆောင်တစ်ချို့ဟာ အရက်သောက်စား မူးယစ်ပြီး ပြည်သူတွေသွားလာတဲ့လမ်းပေါ်မှာ ဖြတ်သွားတဲ့ ကားမှန်သမျှ လမ်းပိတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါတင်ကျေနပ်မှုမရှိသေးပဲ တောင်ညွှန့်မှာ မီးလောင်တာကို အားကျလို့လား မသိဘူး ဟောလီးဒေး စားသောက်ဆိုင်အနီးက လမ်းဘေးအမှိုက်ပုံ တစ်ခုကို လည်း မီးရှို့ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်မှာ အနီးအနားကလူတွေသိလို့ တာမွေရဲစခန်းနဲ့ မီးသတ်ကို အကြောင်း ကြားလို့ ရဲတွေနဲ့ မီးသတ်တွေရောက်လာပြီး မီးငြိမ်းခဲ့ရပါတယ်။ တာဝန်ရှိသူတွေက အေးအေးဆေးဆေး ပြောဆိုတဲ့အခါမှာလည်း မိုက်ရိုင်းကြမ်းတမ်းစွာဆက်ဆံခဲ့ပါတယ်။

ဒါတင်မကသေးဘဲ မင်းအုပ်စိုးအနေနဲ့ သူရှို့ခဲ့တဲ့မီးကို ဘယ်သူရှို့လဲဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေကို အမှန်တရားဖော်ထုတ်ဖို့ပြောဆိုခဲ့ပါသေးတယ်။ နောက်ပြီး မင်းအုပ်စိုးပြောတာက
“ လက်ရှိနိုင်ငံတော်အစိုးရလည်း ဒီကိစ္စကို အမှန်မဆောင်ရွက်ပေးနိုင်ဘူး၊ နောင် ၀င်ရောက်လာမယ့် ဒေါ်စုကြည် ခွပ်ဒေါင်းအလံလဲ ဆောင်ရွက်မပေးနိုင်ဘူး” လို့ပြောဆိုခဲ့ကြောင်းသိရပါတယ်။
မင်းအုပ်စိုးဟာ စစ်တပ်က ဗိုလ်ချုပ်တစ်ဦးရဲ့ တူတစ်ယောက်ဖြစ်တယ်လို့သိရှိရပါတယ်။ ပြုပြင်ပြောင်း လဲရေး အတွက်အစိုးရကဆောင်ရွက်နေတာကို အသိအမှတ်ပြုပုံမရသလို တခြားမင်းသမီး၊ မင်းသားတွေ တရုံးရုံးနဲ့ အမုန်းကဲနေတဲ့ ဒေါ်စုကိုလည်း မကျေနပ်လို့ တမင်များညုလိုက်လေသလားလို့ လည်းထင် မိပါရဲ့။ ဒေါ်စုအတွက်ဘာမှမဖြစ်ပေမယ့် ဘာမသိညာမသိနဲ့ အလံပေါ်ရောက် နေတဲ့ ခွပ်ဒေါင်းလည်း မင်းအုပ်စိုး ကြောင့် မျက်နှာပျက်စရာ ဖြစ်ခဲ့ရပြီး ရှေ့မထွက်ရဲတော့တဲ့ အခြေအနေ ရောက်ခဲ့ ရပါတယ်။
Myanmar Express
4 comments:
အမှန်တရားဆိုတာ ကိုယ်တိုင်ကျင့်သုံးရမှာပါ လူတိုင်းလူတိုင်း စည်းကမ်းရှိပြီး ကိုယ်ကျင့်တရားကောင်းမှ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ စစ်စစ်ကို ရမှာပါ။ဥပမာပေးရရင် မြတ်စွာဘုရားရှင်က နိဗာန်ရောက်အောင်လမ်းပဲပြ ပေးခဲ့တာပါ ။ရောက်အောင်တော့ကိုယ်တိုင်ပဲ ကျင့်သုံးရမှာပါ။ ဒီမိုကရေစီ ဆိုတာလည်း အဲဒီလိုပါပဲ လျှောက်အော်နေတာ ကတော့ လူတိုင်းအော်တတ် ပါတယ် ။ဒီမိုကရေစီ ပြည့်ဝသော အနေအထိုင်ဖြစ်အောင် သာလူတိုင်းမနေထိုင်နိုင်တာပါ။ စဉ်းစားပါ .....
ဒါတွေကဘာတွေလဲ၈၈လိုစည်းကမ်းမဲ့ကြရင်တော့ ဒီတစ်ခါတော့ မှန်အောင်ပစ်မယ်ဟေ့။။။။။။။။။။။။။။။။။။။။။။။။။
လျောက် ပြော တယ် ငါ မင်း အုပ် စိုး ပဲ
လျောက် ပြော တယ် ငါ မင်း အုပ် စိုး ပဲ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်