Subscribe to our RSS Feed

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးတိုးမြှင့်ထား


From : ခေတ်လူငယ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဖေဖော်ဝါရီလ ၇ ရက်မှစ၍ လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။ “ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်)နဲ့ လူနဲ့တိုက်ပြီး သေသေချာချာ စစ်တာတို့၊ အိတ်တွေကို သေသေချာချာစစ်တာတို့ လုပ်တာပါ” ဟု လေကြောင်းလိုင်းမှ မန်နေဂျာတစ်ဦးက ပြောသည်။ ထို့အပြင် ပြည်တွင်းခရီးစဉ်များတွင် ဧည့်သည်များအား မှတ်ပုံတင်နှင့် လူအား သေသေချာချာ တိုက်ဆိုင်စစ်ခြင်းနှင့် အိတ်များအား စနစ်တကျစစ်ဆေးခြင်းများ ပြုလုပ်ထားကြောင်း ပြည်တွင်းခရီးစဉ် ပျံသန်းပေးနေသော လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ခရီးသွားဧည့်သည်များမှာ ပုံမှန်သာသွားလာလျက်ရှိပြီး လေယာဉ်ခရီးစဉ်များအား ပုံမှန်ပျံသန်းလျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “၉ ရက်အတွက် ဘန်ကောက်သွားချင်လို့ လက်မှတ်ဝယ်တာ ၈ ရက်ညနေအထိ မရသေးဘူး” ဟု ရန်ကုန်မြို့မှ ဘန်ကောက်သို့သွားမည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ၂၀၁၀ ခုနှစ် ခရီးသွားရာသီမှစ၍ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုများခဲ့ပြီး လေကြောင်းလိုင်းများ အလုပ်ဖြစ်ခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်