Subscribe to our RSS Feed

လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ICT ကဏ္ဍဖြင့် ပူးပေါင်း ဆောင်ရွက်ရန်ရှိ

From :MRTV4 

ပြည်တွင်းမှာ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဆင်းရဲမှု လျှော့ချရေးအတွက် ICT ကဏ္ဍနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ ကြိုးပမ်း လျက်ရှိတယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သိရပါတယ်။ အခုလို လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် ICT ကဏ္ဍနဲ့ ကြိုးပမ်းရာမှာ ပြည်တွင်းရဲ့ ICT ကဏ္ဍ တိုးတက်မြင့်မားဖို့ကို ဦး စွာဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အဲ့ဒီလိုလုပ်ဆောင်ရာမှာ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီရဲ့လမ်းညွှန်ကြီးကြပ်မှုနဲ့အတူ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာတော့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုနဲ့  ICT  ဖွံ့ဖြိုးတိုးတက်ရေး အခြေခံ လိုအပ်ချက် တွေဖြစ်တဲ့ ဆက်သွယ်ရေး အဆောက် အအုံ၊ ဥပဒေပိုင်းဆိုင်ရာ ကဏ္ဍတွေကို ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလိုဆောင်ရွက်ရာမှာ ဥပဒေပိုင်းဆိုင်ရာ ကဏ္ဍနဲ့ပ တ်သက်ပြီး သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ဥပဒေ မူကြမ်းတွေကိုလည်း ရေးဆွဲထားပြီး မကြာမီမှာ အတည်ပြု ထွက်ရှိလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ ကဏ္ဍတွေမှာလည်း ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့အတွက် စီစဉ်ထားရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ICT လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်ရေးနဲ့  ICT ဆိုင်ရာ စီးပွားရေးလုပ်ငန်း တွေကိုလည်း ထိုက်သင့်သေ လာက် ပြည့်စုံအောင် ဆောင်ရွက်ပြီးဖြစ်တဲ့အပြင် ပြည်တွင်းရဲ့ လုပ်ငန်း ကဏ္ဍအလိုက် နည်းပညာတွေနဲ့ ဆက်နွယ်ပြီး ဆောင်ရွက်နိုင် ဖို့အတွက်လည်း စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ အင်တာနက်မြန်နှုန်း မြင့်ဖို့အတွက် ရေအောက်ဖိုက်ဘာ ဆက်ကြောင်းတွေ ကိုလည်း ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းရဲ့ ICT ကဏ္ဍနဲ့   လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရာမှာ နိုင်ငံတကာရှိ ICT ကဏ္ဍမှ လုပ်ဆောင်နေမှုတွေကို အခြေခံ ကာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်