Subscribe to our RSS Feed

ပြောင်းလဲချိန်တန်ပြီ မဲဆွယ်ဗွီဒီယိုမှ အလွဲများ (အပိုင်း-၂)



From : .. #‎ဒေါက်တာမျိုးချစ်‬

ဇာတ်လမ်းမလာခင် လိုရာစွဲ စာတမ်းထိုးပြီး အစိုးရမကောင်းကြောင်း မေးခွန်းထုတ်ကာ NLD ကို မဲထည့်ခိုင်းတာ မဖြစ်သင့်ကြောင့် ရေးခဲ့ပြီးဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်း ဆက်ပါအုံးမယ်။

ဇာတ်လမ်းထဲမှာ အဆိုးရွားဆုံးကိစ္စတော့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ လူမင်းရဲ့ ပြည်သူလူထုကို လိမ်ညာ ပြောဆိုခြင်းဖြစ်ပါတယ်။ လူမင်းက NLD ပါတီဝင်တစ်ဦးအနေနဲ့ သရုပ်ဆောင်ထားပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ မိုးကျရွှေကိုယ် ကိုယ်စားလှယ်လောင်း မပါဘူးလို့ လိမ်ညာပြောဆိုခဲ့ပါတယ်။ လူမင်းကိုယ်တိုင်က တကယ် မသိလို့ပြောတာလား၊ တမင်တကာ လိမ်ပြောတာလား၊ ဒါရိုက်တာ ဝိုင်းက လိမ်ခိုင်းလို့ လိမ်တာလားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ တမင်လိမ်ပြောတာဆိုရင်တော့ လူမင်းမှာ တာဝန်ရှိပါတယ်။ ပြည်သူကို လိမ်ညာမှု အတွက် ပြန်တောင်းပန်ဖို့ လိုပါတယ်။ လိုအပ်ရင် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးကပါ နှုတ်ထွက်ရမှာပါ။ မင်းသားတစ်ယောက်အနေနဲ့ အခကြေးငွေယူထားလို့ ဒါရိုက်တာဝိုင်းက လိမ်ခိုင်းခြင်းကြောင့် လိမ်ရပြီး၊ ဇာတ်ညွန်းထဲမှာ ပါသမျှအတိုင်း သရုပ်ဆောင်ရတယ်ဆိုရင်တော့ ဇာတ်လမ်းထဲက လူမင်းရဲ့ စကား အားလုံးဟာ သာမန်နားထောင်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပဲ မှတ်ယူရမှာပါ။ ဒါပေမယ့် ဇာတ်ညွန်းရေးတဲ့ မိုက်တီး၊ ကြည်ဖြူရှင်နဲ့ ဒါရိုက်တာဝိုင်း သာမက တည်းဖြတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ ပြည်သူကို လိမ်ညာမှုအတွက် ပြန်ဖြေရှင်းရပါလိမ့်မယ်။

လူမင်းပြောတဲ့ မိုးကျရွှေကိုယ် မပါဘူးဆိုတဲ့ ပြောစကားဟာ ဖယ်ရှားခံခဲ့ရတဲ့ ကိုကိုကြီး၊ ကိုမြအေး၊ ဒေါ်ညိုညိုသင်းတို့ကို ရည်ရွယ်တာဖြစ်နိုင်ပြီး NLD ပါတီဝင်တွေ ကျေနပ်စေဖို့ မိုးကျရွှေကိုယ်မပါဘူးလို့ ပြောဆိုခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်းစာရင်းမှာ NLD ပါတီဝင်မဟုတ်တဲ့ မိုးကျ ရွှေကိုယ်တွေ အများကြီးရှိနေပါတယ်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၀) မှ ဒေါ်နော်လှလှစိုး၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါ်သက်သက်ခိုင်၊ ဒေါပုံမဲဆန္ဒနယ်မှ ကိုပြုံးချို၊ ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင် နဲ့ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ကိုနေဘုန်းလတ်တို့ဟာ အခုမှ NLD တံဆိပ်ကပ်တဲ့ မိုးကျရွှေကိုယ် စစ်စစ်တွေ ဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ ယာဉ်ထိန်းရဲတွေကို တိုက်ခိုက်ပြောဆိုထားပါတယ်။ ကားနှစ်စီးချိတ်မိစဉ် ရဲမရှိလို့ ယာဉ်ကြောပိတ်ဆို့နေရတယ်လို့ ဆိုပါတယ်။ နေရာတိုင်းမှာ လူဆိုးလူကောင်း တွဲရှိတဲ့အတွက် တာဝန်ကျေပွန်စွာနဲ့ နေပူမရှောင်၊ မိုးရွာမရှောင်ဘဲ လမ်းပေါ်မှာ ပင်ပင်ပန်းပန်လုပ်နေရတဲ့ ယာဉ်ထိမ်းရဲတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ မော်တော်ပီကယ်တွေနဲ့ ရဲတွေအနေနဲ့ ၎င်းတို့ကို အပြစ်တင်ပြီး မဲတောင်းသွားတဲ့ NLD ကို မဲထည့်သင့်/မထည့်သင့် စဉ်းစားရမှာပါ။

အဲဒီနောက် ရှေ့မှာပိတ်လို့ နောက်ပြန်လှည့်မယ်ဆိုတဲ့ ကားသမား မေတ္တာကို မင်းသမီး သဉ္စာဝင့်ကျော်က “ရှင်တို့က တစ်စိတ်ရှိ နောက်ကြောင်းပြန်မယ်ဆိုတာချည်းပဲ” လို့ ဆိုပါတယ်။ ဒီစကားက ဗွီဒီယိုကြည့်တဲ့ပြည်သူဆီကို အစိုးရ ထစ်ကနဲရှိ နောက်ကြောင်းပြန်လှည့်မယ်လို့ ပြောတတ်တယ်ဆိုတဲ့ မက်ခ်ျဆေ့ပေးထားတာ ဖြစ်နိုင်ပါတယ်။ သာမန်ပြည်သူတစ်ဦးအနေနဲ့ အစိုးရက နောက်ကြောင်းပြန်ဖို့ ခဏခဏပြောခဲ့သလားဆိုတဲ့ အတွေးမျိုး ယူဆသွားဖွယ်ရှိပါတယ်။ ဒါပေမယ့် ၅ နှစ်တာအတွင်းမှာ သမ္မတ ဦးသိန်းစိန်၊ ဦးတင်အေး၊ ဦးရွှေမန်း၊ ဦးရဲထွဋ်၊ ဦးအောင်မင်း၊ ဦးစိုးသိန်း သာမက ကာချုပ်မင်းအောင်လှိုင်ကပါ နောက်ကြောင်းပြန်လှည့်စရာအကြောင်း လုံးဝမရှိဟု အကြိမ်ကြိမ်ပြောဆိုခဲ့တာ စာဖတ်သူအများ သိနိုင်ပါ တယ်။ ဒီတော့ ဒီစကားရဲ့ ဆိုလိုရင်းကိုပါ မေးခွန်းထုတ်ရမှာပါ။

နောက်တစ်ယောက်ကတော့ ဘွဲ့ရပညာတတ်ပြီး နိုင်ငံခြားမှာ ကျွန်ခံမယ်ဆိုတဲ့ ချစ်သုဝေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်ရှားပါးခက်ခဲပြီး အလုပ်လက်မဲ့ဦးရေ များပြားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကျန်တဲ့ အနုပညာသည်များပေါင်းကာ အစိုးရကြောင့်ဆိုပြီး ခေါင်းတည်ပါတယ်။ တကယ်တော့ အလုပ်လက်မဲ့ ပြဿနာဟာ နိုင်ငံတကာမှာ ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ အလုပ်လက်မဲ့ရှိတိုင်း အစိုးရမကောင်းဘူး ပြောရမယ်ဆိုရင် အလုပ်လက်မဲ့အများဆုံး ၁၀ နိုင်ငံ စာရင်းဝင်တဲ့ ဂရိ၊ ပေါ်တူဂီ၊ စပိန်နဲ့ တောင်အာဖရိက နိုင်ငံတို့က သမ္မတတွေကို အပြစ်တင်ရမလိုဖြစ်နေပါတယ်။ ကမ္ဘာ့စစ်တမ်းများအရ အလုပ်လက်မဲ့ အများဆုံး နိုင်ငံ ၁၀၀ စာရင်းမှာတောင် မြန်မာနိုင်ငံ မပါဝင်ပါဘူး။ ဒါကို မင်းသမီး ချစ်သုဝေနဲ့ ဒါရိုက်တာဝိုင်းတို့ သိဖို့လို ပါတယ်။

မိုးယံဇွန်ရဲ့ “လင်ယူရင် လင်က လုပ်ပြီးကိုင်ပြီးမှ ကျွေးတယ်” ဆိုတဲ့ ရိုင်းဆိုင်းတဲ့ စကားကိုတော့ အကျယ်ချဲ့ပြီး မဝေဖန်တော့ပါဘူး။ ပြည်သူဆီက မဲဆွယ်တဲ့ ဗွီဒီယိုမျိုးမှာ မလိုအပ်ဘဲ ရိုင်းစိုင်းတဲ့စကားလုံးတွေ မထည့်သင့်ဘူးထင်ပါတယ်။ မတော်တဆ ကြည့်မိတဲ့ ဆရာတော်ကြီးတွေ၊ အမျိုးသမီးငယ်တွေကို အားနာ သင့်ပါတယ်။

ဆက်လက်ဖော်ပြမည်။

‪.. https://www.facebook.com/MyanmarExpress

 

ပြောင်းလဲချိန်တန်ပြီ မဲဆွယ်ဗွီဒီယိုမှ အလွဲများ အပိုင်း(၁)

From : ..#‎ဒေါက်တာမျိုးချစ်‬

ရွေးကောက်ပွဲကျင်းပဖို့ ၅၇ ရက်အလိုတွင် NLD ပါတီမှ စီမံချက်နဲ့ ဖြန့်ဝေခဲ့တဲ့ မဲဆွယ်ဗွီဒီယိုမှာ အလွဲအမှားပေါင်းများစွာ တွေ့ရပါတယ်။ NLD ပါတီကို မဲထည့်ပါဟု ဇာတ်လမ်းမစခင် စာတမ်းထိုးထားပြီး အဘယ့်ကြောင့်မဲထည့်သင့်ကြောင်းကို မေးခွန်းအချို့ဖြင့် မေးမြန်းထားပါတယ်။ ဒါပေမယ့် မေးခွန်းတွေက သက်တမ်း ၂၅ နှစ်ကျော် NLD ပါတီကြီးရဲ့ လုပ်ဆောင်မှုတစ်ခုမှ ရေးသားထားခြင်းမရှိဘဲ လက်ရှိ ဦးသိန်းစိန်အစိုးရနဲ့ ယခင် နအဖ အစိုးရရဲ့ အားနည်းချက်တွေကိုပဲ ဖော်ပြထားပါတယ်။

“NLD ပါတီမှ ၂၅ နှစ်အတွင်း ပြည်သူ့အကျိုးအတွက် ဘာတွေ၊ ဘာတွေ ………၊ ……………၊ တွေကို လုပ်နိုင်ခဲ့တာ သိပါသလား?” ဆိုပြီး လုပ်နိုင်ခဲ့တဲ့ ရလဒ်တွေကို ရေးသားဖော်ပြပြီး မဲတောင်းရမှာပါ။ လက်ရှိ မြန်မာနိုင်ငံထဲက ပါတီများနဲ့ ကမ္ဘာ့နိုင်ငံများမှ မဲဆွဲသူများအားလုံးလည်း အလားတူ ပြောဆိုမဲဆွယ်ကြတာပါပဲ။ ဒါပေမယ့် NLD မှာ ဒီလို ပြောဆိုနိုင်စွမ်းမရှိဘဲ မြန်မာနိုင်ငံ ဆင်းရဲကြောင်း၊ ဒေသတွင်းနိုင်ငံများတွင် ဝင့်ကြွားစွာ မရပ်တည်နိုင်ကြောင်း၊ မြန်မာလူမျိုးများ မိဘနှင့် ခွဲနေရကြောင်း မေးခွန်းတွေ ထုတ်ထားတာပါ။

အစိုးရသစ်လက်ထက် အာဆီယံ စစ်တမ်းများမှာ မြန်မာနိုင်ငံကို စံပြနိုင်ငံအဖြစ် သက်မှတ်ခံခဲ့ရပြီး ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲကြီးအပါအဝင် 9th East Asia Summit, 6th ASEAN-UN Summit, 2nd ASEAN-US Summit, 17th ASEAN-China Summit, 17th ASEAN-Japan Summit, 12th ASEAN-India Summit, 17th ASEAN PLUS THREE Summit နဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်း (SEA Games) အားကစားပွဲကြီးအား အာဆီယံနိုင်ငံများတွင် အခမ်းအနားဆုံးအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ ပရိသတ်များ ဆီးဂိမ်းအားကစားပွဲကို တကူးတက လာရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ နိုင်ငံတကာ Channel များမှာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့် အားပေးခဲ့ကြပါတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များ ဆီးဂိမ်းကို သပိတ်မှောက်ခဲ့ကြပါတယ်။ စိတ်ပျက်ဖွယ်ကောင်းလေစွ။

မြန်မာဒေသတွင်း လူ့အခွင့်အရေးစစ်တမ်း၊ ဒီမိုကရေစီစစ်တမ်းများတွင် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်များထက် မြန်မာက သာလွန်ကြောင်း ချီးကျူးခံခဲ့ရပါတယ်။ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများသာမက အမေရိကန်နှင့် အနောက်နိုင်ငံများကပါ အသိအမှတ်ပြုချီးကျူးလာခြင်းကြောင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ အကောင်းမမြင်ကြဖို့ တားရသည်အထိဖြစ်ခဲ့တာ အားလုံးအသိပါ။

ဤသို့ဆိုလျှင် မြန်မာ ဂုဏ်သိက္ခာရှိမှာ စိုးရိမ်ခဲ့တာ ဘယ်သူတွေလဲ?
နိုင်ငံတကာမှာ ဝင့်ကြွားနိုင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က ၅ နှစ်အတွင်း နိုင်ငံခြားရောက် မြန်မာတွေအတွက် ဘာတွေလုပ်ပေးနိုင်ခဲ့သလဲ?
ရွှေ့ပြောင်းမြန်မာလုပ်သားတွေ၊ ဖိနှိပ်ခံ၊ ဖမ်းဆီးခံ မြန်မာလုပ်သားတွေအတွက် ဘာတွေတောင်းဆိုပေးနိုင်ခဲ့သလဲ?
မတရားခံနေရသူတွေအတွက် “မတရားဘူး၊ မဖြစ်သင့်ဘူး” ဆိုတဲ့ မှတ်ချက် စကားတစ်ခွန်းတောင် ပြောဆိုခဲ့ဖူးသလား?
“ကူညီပေးကြပါ၊ ဂရုစိုက်ကြပါ၊ လူ့အခွင့်အရေးကို လေးစားလိုက်နာကြပါ” ဆိုပြီး ကြေညာချက်တစ်စောင် ထုတ်ခဲ့ဖူးသလား?
ထိုင်းရောက်မြန်မာ လုပ်သား နှစ်ဦးရဲ့ စာပို့အကူအညီတောင်းတာကို ဘာကြောင့် မကူညီခဲ့သလဲ?
အသတ်ဖြတ်ခံရတဲ့ ရခိုင်တွေ အကူအညီတောင်းတာကို ဘာကြောင့် လစ်လျူရှုခဲ့သလဲ?
စတဲ့အကြောင်းတွေကို ပြန်ပြီးမေးခွန်းထုတ်ရပါလိမ့်မယ်။ ဒါတွေက အစိုးရဖြစ်မှ လုပ်လို့ရတာတွေမဟုတ်ပါဘူး။ ၂၅ နှစ်လုံးလုံး ဝေဖန်နိုင်ငံရေးနဲ့ ကြေညာချက်နိုင်ငံရေးကို NLD တစိုက်မက်မက်လုပ်ခဲ့ပြီးဖြစ်ပါတယ်။

ဆက်လက်ဖော်ပြမည်။


.. https://www.facebook.com/MyanmarExpress
 

လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ကွဲလွဲခွင့်ကို NLD ချိုးဖောက်နေပြီလား

From : ..Khin Mg Thant

အာဏာစက်သိပ်ပြင်းပါလားကွယ်ရို့
ဘယ်လိုအရေးယူမလည်းတော့မသိဘူး
ပါတီဝင်ပြီးအမတ်မရွေးခံရတဲ့ဒေါ်ညိုညိုသင်းတို့ကတော့ အောင်နိုင်ရေးရုံးခန်းတောင်ဖွင့်နေပြီ
ကျနော်တို့မြို့နယ်ကNLdအမတ်ကမလှုပ်သေးဘူး။ပါတီက ထုတ်ခံလိုက်ရတဲ့မြို့နယ်အလုပ်အမှုဆောင်ဟောင်းက တသီးပုဂ္ဂလိက အနေနဲ့ ပတ်ဆွယ်နေပြီ အရင်ကထဲကသည်လူကအားရှိတော့အများစုကလည်းသူ့ဖက်ပါနေကြပြီ။ကဲ------လွှတ်တော်ထဲရောက်သွားတဲ့ပြည်သူမကြိုက်တဲ့အမတ်ကို ပါတီကဘယ်လိုအရေးယူမလဲ ပါတီကစည်းကမ်းကိုမလိုက်နာနိုင်ဘူး လွှတ်တော်ထဲရောက်မှထွက်တယ်ဗျာ တသီးပုဂ္ဂလလုပ်မယ်ဗျာ ဆိုတဲသူတွေကိုဘယ်လိုလုပ်မလည်း ပါတီကလည်းဖြုတ်ချမရ ပြည်သူကလည်းဖြုတ်ချမရ ၅နှစ်တာကာလသည်ဗြဟ္မာ့ကြီးဦးခေါင်း
ကောင်းကောင်း မကောင်းကောင်း ထိုင်ကြည့်နေရမဲ့အပေါက်။ကဲအခုလည်း ပါတီဝင်က မထွက် တသီးပုဂ္ဂလိကအနေနဲ့လည်း
စင်ပြိုင်တိုက်လာတဲ့ သည်အမတ်လောင်းတွေကိုဘယ်လိုအရေးယူမလည်းကြည့်ခြင်ပါတယ်ဗျာ။နောင်ရိုးတိုက်ပွဲလို ဘုရင့်နောင်ဖောင်ဖျက်တိုက်ရမှာ ဖောင်မဖျက်ခင် ဖောင်ပျက်နေတာတော့မမြင်ခြင်ပါ။ကျနော့အနေနဲ့ကတော့အစိုးရရယ် အတိုက်အခံရယ်ပါတီကြီးနှစ်ခု အပြိုင်အဆိုင်
အပြန်အလှန်ထိန်းကျောင်းလို့ တိုင်းရင်းသားပါတီတွေတခြားအမျိုးသားရေးပါတီတွေက ဝန်းရံလို့ မြန်မာ့နိုင်ငံရေးအနာဂတ်လှပစေခြင်တာပါဗျာ။ကျနော့မှာအစွဲမရှိပါဘူး။တသီးပုဂ္ဂလိကအမတ်တွေအများစုလွှတ်တော်တွေထည်းရောက်လာမဲ့နိုင်ငံရေးပုံစံဟာပရမ်းပတာနိုင်တယ်ထင်ပါတယ်။ဒါကကျနော့အမြင်ပါ တသီးပုဂ္ဂလိကအရွေးခံမဲ့လူတွေ မတော်လို့မကောင်းလို့မဟုတ်ပါဘူး။အများစုကလူချွန်လူမွန်လူတော်လူကောင်းတွေပါ။ဒါကြောင့်လည်း တယောက်ထဲထရင်ဆိုင်ရဲတာပေါ့။ကျနော်အများကြီးသူတို့ကိုချီးကျူးပါတယ်။လေးလည်းလေးစားပါတယ်။သူတို့ကိုပါတီကြီးတွေရဲ့တိုက်စစ်မှုးအဖြစ်ပုံဖော်ကြည့်မိတိုင်းသိပ်လှတဲ့ကစားကွက်တွေလည်းမြင်မိပါတယ်။ဒါပေမဲ့ ဖြစ်မလာတာတော့ဘယ်တတ်နိုင်မလည်းလေ။
တသီးပုဂ္ဂလိကအမတ်တွေက ကိုယ့်တိုင်းနဲ့ပြည်နယ် မြို့နယ်တွေမှာပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုအနီးကပ်ဖြည့်စည်းပေးနိုင် တောင်းဆိုပေးနိုင်မှာတော့မလွဲပါဘူး။ဒါပေမဲ့
မှုဝါဒတွေပြင်ဖို့ ဥပဒေတွေပြောင်းဖို့ကတော့ အမတ်အင်အားစုစည်းထားဖို့လိုပါတယ်။ တပွဲထိုးတခါရွေးကောက်ပွဲအတွက်တခါဘဲစဉ်းစားပြီး ရေရှည်မစဉ်းစားရင် ပါတီတွေရဲ့အနာဂတ်က မလှပနိုင်ပါဘူး။ဒါကြောင့် အားလုံးညီညီညွတ်ညွတ်နဲ့
အလျော့အတင်း
အပြင်းအပျော့
ညှိနှိုင်းတိုင်ပင်လို့ချစ်ချစ်ခင်ခင်လေးလေးစားစား ဝါဒမတူတာတွေဘေးထားလို့ တိုင်းပြည်ကောင်းစားရေးကိုသာရှေ့ရှုသွားကြပါလို့မေတ္တာရပ်ခံခြင်ပါတယ်ဗျာ။

.. https://www.facebook.com/MyanmarExpress
 

NLD တောင်ပြိုကမ်းပြိုနိုင်ပါ့မလား


၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD ဟာ ၂၀၁၅ ရွေးကောက်ပွဲကို တောင်ပြိုကမ်းပြိုနိုင်ဖို့ မျှော်လင့်နေဟန်ရှိပါတယ်။ ဒါပေမယ့် ၉၀ ရွေးကောက်ပွဲတုန်းက နိုင်ခဲ့ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် တော်လို့မဟုတ်ဘဲ ၈၈ ကျောင်းသားတွေကြောင့်ဖြစ်ကြောင်း၊ ပြည်သူတွေက ထွက်ပေါက်တစ်ခုလိုချင်တာကြောင့် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်က ဆိုပါတယ်။ အလားတူ ၂၀၁၂ ရွေးကောက်ပွဲ အနိုင်ရတယ်ဆိုတာကလည်း မဲဆန္ဒနယ် ၄၀ ကျော်သာရှိပြီး အားလုံးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စည်းရုံးခဲ့တာကြောင့် တစ်ကြောင်း၊ ပြည်ခိုင်ဖြိုးအပါအဝင် အခြားပါတီများက အပြိုင်အဆိုင် အလုအယက်မဲဆွယ်မှုမရှိခဲ့တာက တစ်ကြောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲက ၂၀၁၂ ထက် မဲဆန္ဒနယ် ၁၀ ဆပိုများလာသလို ၁၉၉၀ တုန်းကလို တစ်ပါတီ အာဏာရှင်စနစ် မဟုတ်တော့ပါဘူး။
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ဒေသခံတွေက ရွေးချယ်ထားတာ မဟုတ်ဘဲ ဗဟိုက ရွေးချယ်ထားခြင်းကြောင့် မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှု အားနည်းနေတာ တွေ့ရပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ရော ကာယကံရှင် ကိုယ်စားလှယ်လောင်းတွေရော သိကြပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို တွင်တွင်ကျယ်ကျယ် သုံး၍တစ်ဖုံ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်၍ တစ်မျိုး စည်းရုံးနေတာဖြစ်ပါတယ်။ ဒါပေမယ့် ရက်ပေါင်း ၆၀ အတွင်း မဲဆန္ဒနယ်အားလုံးကို သွားရောက်ဟောပြောဖို့ မဖြစ်နိုင်ပါဘူး။
-
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၃၃၀ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၁၆၈ နေရာရှိပါတယ်။ စုစုပေါင်း ပြည်ထောင်စုလွှတ်တော်မှာ ၄၉၈ နေရာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြို့နယ်အားလုံးကို ကိုယ်တိုင်သွားရောက်စည်းရုံးမယ်ဆိုရင် တစ်နေ့ကို ၅ နေရာ၊ ၆ နေရာထိ သွားရမှာဖြစ်ပြီး အကြိမ်ပေါင်း ၃၃၀ ဟောပြောရမှာဖြစ်ပါတယ်။ ဒါကမဖြစ်နိုင်တဲ့ ကိစ္စပါ။ ကချင်ပြည်နယ်မှာ မဲဆန္ဒနယ် (၁၈) ခု ကယားပြည်နယ်မှာ ( ၇) ခု၊ ကရင်ပြည်နယ်မှာ ( ၇) ခု၊ ချင်းပြည်နယ်မှာ ( ၉) ခု ၊ စစ်ကိုင်းတိုင်းမှာ (၃၇) ခု တနင်္သာရီတိုင်းမှာ (၁၀) ခု ၊ ပဲခူးတိုင်းမှာ (၂၈) ခု ၊ မကွေးတိုင်းမှာ (၂၅) ခု ၊ မန္တလေးတိုင်းမှာ (၃၆) ခု ၊ မွန်ပြည်နယ်မှာ (၁၀) ခု ၊ ရခိုင်ပြည်နယ်မှာ (၁၇) ခု၊ ရန်ကုန်တိုင်းမှာ (၄၅) ခု ၊ ရှမ်းပြည်နယ်မှာ (၅၅) ခု နဲ့ ဧရာဝတီတိုင်းမှာ (၂၆) ခုရှိပါတယ်။ ဒါ့အပြင် အမျိုးသားလွှတ်တော်က နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေလည်း ရှိပါသေးတယ်။ ရန်ကုန်တိုင်းဒေသကြီးလို နေရာမျိုးမှာ တစ်နေ့ ၅ မြို့နယ် သွားနိုင်မယ်ဆိုရင်တောင် နေရာမရှိပါဘူး။
-
နောက်ထပ် စိုးရိမ်စရာ တစ်ခုက ဟောပြောပွဲတွေမှာ တစ်မြို့နယ်လုံးမှာရှိတဲ့ လူအကုန်မလာကြပါဘူး။ ပြီးခဲ့တဲ့ ဟိုပုန်းနဲ့ ဆီဆိုင်က ဟောပြောပွဲတွေမှာ လူ ရာဂဏာန်းပဲ လာနားထောင်တာ တွေ့ရပါတယ်။ ဒါတွေက မကောင်းတဲ့ လက္ခဏာပါ။ မြို့နယ်တစ်ခုစီမှာ NLD ပါတီအတွက် ဒေါ်အောင်ဆန်းစုကြည်က တစ်နာရီသာ လာရောက်စည်းရုံးပြီး ပြန်သွားပေမယ့် အခြားပါတီများမှ ကိုယ်စားလှယ်လောင်းတွေက ရက်ပေါင်း ၆၀ လုံး မိမိနယ်တွေမှာ တစ်အိမ်တက် တစ်အိမ်စင်း တစိုက်မတ်မတ် စည်းရုံးနေကြမှာဖြစ်ပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရက်ပေါင်း ၆၀ ကျော် ခြေကုန်လက်ပမ်းကျ ဟောပြောသွားမှုတွေက အချည်းအနှီးဖြစ်သွားမှာပါ။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD တောင်ပြိုကမ်းပြိုနိုင်ဖို့ဆိုတာ ဆောင်းညအိပ်မက်တစ်ခုသာ ဖြစ်ပါကြောင်း ဆင်ခြင်သုံးသပ်လိုက်ပါတယ်။

‪#‎ဒေါက်တာမျိုးချစ်‬


.. https://www.facebook.com/MyanmarExpress
 

NLD ကိုယ်စားလှယ်လောင်းများ ပိုင်ဆိုင်မှုစာရင်းအား ပြည်သူကို ချပြမည်မဟုတ်


ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ပါကလည်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စား လှယ်လောင်းများ၏ ပိုင်ဆိုင်မှုစာရင်းများ ကို အများပြည်သူသို့ ချပြသွားရန် အစီအ စဉ်မရှိသေးကြောင်း NLD ပြောခွင့်ရ ဦးဝင်း ထိန်က ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များ၏ ပိုင်ဆိုင်မှုစာရင်းများကို အဖွဲ့ချုပ်က ရယူထားပြီး အကယ်၍ အစိုးရတစ်ရပ် ဖွဲ့ နိုင်ပါကလည်း ကိုယ်စားလှယ်များ၏ ပိုင် ဆိုင်မှုကို ချပြသွားမည်မဟုတ်ဘဲ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် နာယကတို့၏ ပိုင်ဆိုင်မှုလောက် သာ ချပြသွားမည်ဖြစ်သည်ဟု ဦးဝင်းထိန် က ဆက်ပြောသည်။
ဦးဝင်းထိန်က ''ရွေးကောက်ပွဲ ပြီးသွားရင် အရွေးမခံရတဲ့ ကိုယ်စားလှယ် လောင်းတွေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကိုတော့ ပြန်ပေးမယ်။ အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်း တွေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကိုတော့ အား လုံးစုစည်းပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌကို အပ်ထား မယ်။ တကယ်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင် သူတို့ ရဲ့စီးပွားရေးကို စောင့်ကြည့်နိုင်ဖို့ပါ။ ပြည် သူကိုတော့ ချပြဖို့မရှိပါဘူး''ဟု ပြောသည်။
NLD ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန်ြီူ သို့ အမည်စာရင်း တင်သွင်းခဲ့စဉ်ကတည်းက ကိုယ်စားလှယ်လောင်းများ၏ ဇနီး၊ ယောက်ျား၊ သားသမီးများ၏ ပိုင်ဆိုင်မှု၊ ဘဏ်အကောင့် များကို တင်ပြထားကြောင်း သိရသည်။
''ကိုယ်စားလှယ်လောင်းတွေရဲ့ ပိုင်ဆိုင်မှုစာရင်းကို ပြည်သူတွေကို ချပြနိုင် ရင်တော့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိမယ် ထင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ နှစ် နှစ်လောက်ကလဲ သမ္မတရုံးကနေ ဝန်ကြီး တွေရဲ့ ပိုင်ဆိုင်မှုကို တောင်းခံပြီး ပြည်သူ တွေကို ချမပြဘဲ သမ္မတရုံးကပဲ သိမ်းထား တယ်ပေါ့။ NLD ကလဲ ပါတီတွင်း စောင့် ကြည့်ဖို့ပါလို့ ပြောရင်တော့ လက်ရှိအစိုး ရနဲ့ ပုံသဏ္ဌာန်တူနေပါလိမ့်မယ်။ ပြည်သူ တွေက တောင်းဆိုလို့မဟုတ်ဘဲ ပြည်သူတွေ ကို ချပြပြီး ပြည်သူကပါ စောင့်ကြည့်နိုင်ရင် ဒီမိုကရေစီနည်းအရ အကောင်းဆုံးပါပဲ''ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်း ဦးက ပြောသည်။


 https://www.facebook.com/MyanmarExpress

တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌ ဥပဒေမလိုက်နာမှုဖြင့် အတိုင်ခံရ


မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ မကျေလည်မှုများ ဖြစ်ပေါ်နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ စက်တင်ဘာ ၇ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အပြန်အလှန်တိုင်ကြားထားသည်ဟု ပြည်တောင်စုနယ်မြေ (နေပြည်တော်ကောင်စီနယ်မြေ) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်ထက်ကျော်က ပြောသည်။
"NLDက ဦးမြင့်လှိုင်ကို တိုင်တယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဒေါ်စုကို တိုင်တယ်။ မဲဆွယ်စည်းရုံးတဲ့ကိစ္စတွေပဲပေါ့" ဟု ဦးအောင်ထက်ကျော်က ပြောသည်။
ဦးအောင်ထက်ကျော်က ထိုသို့ အပြန်အလှန်တိုင်ကြားသည်ဟုဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားသူမှာ ဦးကျော်ဝင်းဖြစ်သည်။ လယ်ဆည် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဦးကျော်ဝင်းမှာ မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀)တွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူဖြစ်သည်။
မဇ္ဈိမက ရရှိထားသည့် NLD၏ တိုင်ကြားစာတွင် "ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများကို ကျင့်သုံးဆောင်ရွက်ရာတွင် တရားမျှတမှုမရှိသောကြောင့် စုံစမ်းစစ်ဆေး၍ လိုအပ်သလို အရေးယူပေးပါရန် တိုင်ကြားခြင်း" ဟု ခေါင်းစဉ်တပ်ကာ ဦးမြင့်လှိုင်အား မဲပေးရန် ရေးသားထားသော ထီး၊ ယပ်တောင်များ ပေးဝေသည့် ဓာတ်ပုံမှတ်တမ်းများဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား တိုင်ကြားထားသည့်စာကိုမူ ရရှိခြင်း မရှိပေ။ သို့သော် ဩဂုတ် ၃၀ရက်က နေပြည်တော်ရှိ နေရာ(၅)ခုတွင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောထားသည်။
ယခုကဲ့သို့ အပြန်အလှန်တိုင်ကြားမှုများကို "UECကပဲ ဆုံးဖြတ်လိမ့်မယ်၊ တိုင်တာက UECကို လိပ်မူပြီး တိုင်တာ၊ ကျွန်တော်တို့ကို တိုင်တာမဟုတ်ဘူး၊ ကျွန်တော်တို့ကို မိတ္တူပေးတာ" ဟု ဦးအောင်ထက်ကျော်က ဆိုသည်။


 https://www.facebook.com/MyanmarExpress

ရွေးကောက်ပွဲသတ်မှတ်ရက်မတိုင်ခင် ဥပဒေချိုးဖောက်စည်းရုံးနေသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောဆို

ရွေးကောက်ပွဲသတ်မှတ်ရက်မတိုင်ခင် ဥပဒေချိုးဖောက်စည်းရုံးနေသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောဆို

ဗွီဒီယိုကြည့်ရန် https://www.facebook.com/MyanmarExpress/videos/896063610487762/



ရွေးကောက်ပွဲသတ်မှတ်ရက်မတိုင်ခင် ဥပဒေချိုးဖောက်စည်းရုံးနေသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောဆို
Posted by Myanmar Express on Sunday, September 6, 2015

.. https://www.facebook.com/MyanmarExpress

ဒေါ်အောင်ဆန်းစုကြည် နှင့် ဆုပေါင်း ၁၁၇ ဆု


ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၀ အတွင်း ဆုပေါင်း ၁၁၇ ခုရရှိခဲ့ပြီး အသက် ၄၅ နှစ်အတွင်း ဆုတစ်ခုမှ မရခဲ့တာကို ထူးဆန်းစွာတွေ့ရပါတယ်။

၄၅ နှစ်အတွင်း အရေအချင်းမရှိခဲ့တာလား၊ မိုက်ကယ်အဲရစ်နဲ့ပဲ အချိန်ကုန်နေခဲ့တာလားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။
၁၉၄၅ မှ ၁၉၉၀ ထိ ၄၅ နှစ်အတွင်း ဘာဆုမှမရခဲ့ဘဲ
၁၉၉၀ မှ ၂၀၁၅ ထိ ၂၅ နှစ်အတွင်းမှာတော့ ဆုပေါင်း ၁၁၇ ခုရရှိခဲ့ပါတယ်။

ပထမဆုံး နေအိပ်အကျယ်ချုပ်ကျပြီး ဘာမှမလုပ်ချိန်မှာတော့ ဆုတွေစပြီးရရှိခဲ့ပါတယ်။

၁၉၉၀ မှာ ဆု ၂ ခု
၁၉၉၁ မှာ ဆု ၅ ခု
၁၉၉၂ မှာ ဆု ၁၀ ခု
၁၉၉၃ မှာ ဆု ၈ ခု
၁၉၉၄ မှာ ဆု ၂ ခု
၁၉၉၅ မှာ ဆု ၈ ခု ရရှိခဲ့ပါတယ်။

ဒီဆုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်မပြောဆိုရဲပါဘူး။

နိုင်ငံရေးလောကထဲ ပြန်ဝင်လာပြီး အလုပ်ပြန်လုပ်ချိန်မှာတော့ တစ်နှစ်ကို ၁ ဆု၊ ၂ ဆုပဲ ရပါတော့တယ်။ ဒါတောင် မြို့တော်သူ ဆုတွေပါ။ အနှစ်သာရရှိတဲ့ ဆုတော့ မဟုတ်ပါဘူး။

၂၀၀၁ ခုနှစ် မှာတော့ ၂ ဆု၊
၂၀၀၂ ခုနှစ် မှာ ၁ ဆုနဲ့
၂၀၀၃ ခုနှစ်မှာတော့ ၂ ဆုပဲ ရပါတော့တယ်။

အင်ယားကန်ဖြတ်ကာ ခိုးဝင်လာသည့်အမျိုးသားအား ညအိပ်လက်ခံခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ ဆု ၆ ဆုရရှိခဲ့ပါတယ်

နိုင်ငံရေးလောကထဲ ပြန်လည်ဝင်ရောက်လာကာ အလုပ်ပြန်လုပ်လာတဲ့ ၂၀၁၀ မှာတော့ ဆု ၃ ဆုပဲ ရရှိပါတော့တယ်

နိုင်ငံရေးပါတီတစ်ခု ပြန်လည်အသက်သွင်းပြီး ပြန်လည်လှုပ်ရှားလာတဲ့ ၂၀၁၂ ခုနှစ်က စပြီး ဆုတွေရှားပါးသွားပါတယ်။

ဘာကြောင့် ဆုတွေ တဖြည်းဖြည်းနည်းသွားရတာလဲ? အရည်အချင်းကျသွားတာလား? ဆိုတာ ပြန်ပြီးမေးခွန်းထုတ်ရမလိုဖြစ်နေပါတယ်။

Times မဂ္ဂဇင်းက ဖော်ပြတဲ့ သြဇာအရှိဆုံး ပုဂ္ဂိုလ်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် မပါတော့ဘဲ ဦးသိန်းစိန် ပါလာပါတယ်။ နိုဘယ်ဆုရွေးချယ်ရေး ဘုတ်အဖွဲ့နဲ့ အခြားအဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်လိုက်ကြပါတယ်။ နိုင်ငံတကာရဲ့ စံပြပုဂ္ဂိုလ်ဟု သတ်မှတ်သော်လည်း ကုလသမဂ္ဂမှာ အဆင့်မြင့်ရာထူးပေးဖို့ ကမ်းလှမ်းခံရခြင်း မရှိတော့ပါဘူး။

၂၀၁၂ ခုနှစ်မှာ ဆု ၁ ဆု
၂၀၁၂ ခုနှစ်မှာ ဆု ၂ ဆု
၂၀၁၃ မှာ ဆု ၁ ဆု ရရှိခဲ့ပေမယ့်
၂၀၁၄ မှာတော့ ဘာဆုမှ မရတော့ပါဘူး။

ဖြိုးဖြိုးအောင်တို့ အောင်မျိုးမင်းတို့ကမှ ဆုရကြပါသေးတယ်။

ဖြိုးဖြိုးအောင်က ဒေါ်အောင်ဆန်းစုကြည်ထက် ပိုတော်သွားပြီလို့  ဆိုရမှာပါ။

အလုပ်ကတော့ ဒီနှစ်တွေက အရင်နှစ်တွေထက် အလုပ်ပိုလုပ်တယ်လို့ ဆိုနိုင်ပါတယ်။ ထိုင်နေတဲ့ အချိန်မှာ တစ်လ တစ်ဆု ရနေပြီးမှ အလုပ်လုပ်ချိန်မှာတော့ တစ်နှစ် တစ်ဆုတောင် မရခြင်းက ဘာကြောင့်ပါလဲ? ရခဲ့တဲ့ ဆုတွေအားလုံးက အရည်အသွေးမပါတဲ့ ဆုတွေများလား? သံသယဖြစ်စရာပါ။

ထင်ရှားတဲ့ ဆုတွေကို ကောက်နုတ်ဖော်ပြရလျှင် ၁၉၉၂ ခုနှစ်မှာ လန်ဒန်တက္ကသိုလ်သမဂ္ဂ(ယကေ) နဲ့ လန်ဒန်စီးပွားရေးတက္ကသိုလ် သမဂ္ဂတို့မှ သမဂ္ဂဝင်ဆုများ ရရှိခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ တောင် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေမှာ အသက် ၄၀ ကျော် မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမဂ္ဂဝင်တော့ အသက် ၄၇ နှစ်ရှိနေပါပြီ။

၁၉၉၂ မှာပဲ ယူနက်စကို နဲ့ ၉၃ မှာ ပြင်သစ် ယဉ်ကျေးမှု အကယ်ဒမီက ယဉ်ကျေးမှု ဂုဏ်ထူးဆောင်ဘွဲ့ပေးပြန်ပါတယ်။ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်မှု တစ်ခါမှ မရှိခဲ့ပါဘူး။ အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ဒေါ်အောင်ဆန်းစုကြည်ရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေရော မသိတော့ပါဘူး။

ရခဲ့တဲ့ ဆုတွေထဲမှာ အမြင့်ဆုံးဆုက ငြိမ်းချမ်းရေးနိုဘယ်ဆုဖြစ်ပါတယ်။ ၁၉၉၁ တုန်းကပါ။ အဲဒီအချိန်တုန်းက မြန်မာ့ငြိမ်းချမ်းရေးရော၊ ကမ္ဘာ့ငြိမ်းချမ်းရေးရော ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်ခဲ့တာ မရှိခဲ့ပါဘူး။
လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာလည်း ဝင်ရောက်လုပ်ဆောင်ခြင်းမရှိတဲ့အပြင် “မဖိတ်လို့ ဝင်မလုပ်တာ” ၊ “တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်မထိုးကြပါနဲ့” ဆိုပြီး တရားလက်လွတ်စကားတွေ ပြောဆိုခဲ့ပါသေးတယ်။

ဒီတော့ ငြိမ်းချမ်းရေးနိုဘယ်ဆုအပါအဝင် ဆုပေါင်း ၁၁၇ ခုဟာ အရည်အချင်းမရှိဘဲ ရခဲ့တာလား၊ တခြားရည်ရွယ်ချက်နဲ့ ရခဲ့တာလား ဆိုတာ သံသယဝင်စရာပါ။ အထူးသဖြင့် လူထုနဲ့ ထိတွေ့ဆက်ဆံ အလုပ်ကြိုးစားနေချိန်မှာ ဆုမရတော့ဘဲ လူထုနဲ့ မထိတွေ့ဘဲ အိမ်မှာထိုင်နေချိန် ဆုပေါင်း ရာချီရနေခြင်းဟာ ဆုလက်ခံသူကို အရှက်ရစေပါတယ်။
 
#‎ဒေါက်တာမျိုးချစ်‬ 
 
.. https://www.facebook.com/MyanmarExpress
 

မင်္ဂလာတောင်ညွန့် NLD ဓားထိုးမှုဖြစ်ရပ်မှန် သတင်းထုတ်ပြန်ချက်



၂၀၁၅ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ညနေ တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက်၊ ကျီတော်လမ်း အမှတ်(၄၃)၊ (၃) လွှာတွင် မြို့နယ် NLD အောင်နိုင်ရေးရုံးခန်းဖွင့်ပွဲ ကျင်းပရန် ပြင်ဆင်ရာမှ ပါတီဝင်အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။

ညနေ ၃ နာရီ ခွဲအချိန်တွင် ဒေါ်ဖြူဖြူသင်း၏ ယာဉ်မောင်းဖြစ်သူ ရထားရပ်ကွက်မှ အသက် ၃၃ နှစ်အရွယ် ဦးဇေယျာမင်း (ခ) ခေါကြီး မှ NLD ဘဏ္ဍာရေးမှူး အသက် ၄၀ အရွယ် ဦးတင်အောင်လင်း နှင့် ပါတီဥက္ကဌ အသက် ၆၈ နှစ်အရွယ် ဦးသာအောင် တို့အား လည်ပင်းအား ကားသော့ဖြင့် ထိုးခဲ့ကာ လုပ်ကြံသတ်ဖြတ်ခဲ့သည်။

အခင်းဖြစ်ပွားပုံမှာ တိုက်ခန်းဝတွင် ရပ်နေသည့် မြို့နယ် NLD ဘဏ္ဍာရေးမှူး ဦးတင်အောင်လင်းအား ကားသမား ဦးဇေယျာမင်းမှ ၎င်းနှင့် ဒေါ်ဖြူဖြူသင်း လာလျှင် အားလုံး လမ်းရှင်းထားရမှာ နားမလည်ဘူးလားဟု မေးမြန်းရာ ဦးတင်အောင်လင်းက ကာသမားက ကားသမားလိုနေရန်နှင့် အေးအေးဆေးဆေး ပြောရန် ပြန်ပြောရာမှ စတင်အချင်းများခဲ့ကြသည်။

နောက်တွင်ပါလာသည့် ဒေါ်ဖြူဖြူသင်းမှ လက်ပိုက်ကာ ဘဏ္ဍာရေးမှူးအား အဆင့်မရှိကြောင်း ငေါက်ငန်းပြောဆိုခဲ့ရာ ဦးတင်အောင်လင်းက ပြန်ပြောရာမှ ဦးဇေယျာမင်းက လည်ပင်းအား သော့ဖြင့် ပြေးထိုးခဲ့သည်။

ရုံးခန်းအတွင်း ရုတ်ရုတ်သဲသဲဖြစ်ကာ ရုန်းကန်ကာကွယ်နေသည့် ဦးတင်အောင်လင်းအား သော့ဖြင့်လည်ပင်းကို ထပ်ထိုးရန် ကြိုးစားနေသည့် ဦးဇေယျာမင်းအား အခြားပါတီဝင်များက ဆွဲရန်ကြိုးစားကြသော်လည်း ဒေါ်ဖြူဖြူသင်းမှ ဆွဲစရာမလိုဘူးဟု လေသံမာမာဖြင့် အော်ဟစ်ခဲ့ရာ အားလုံး ရပ်ကြည့်ခဲ့ရသည်။

ထိုအချိန်တွင် ဖဆပလ ရပ်ကွက်နေ အသက် ၆၈ နှစ်အရွယ် ဦးသာအောင်မှ ဒေါ်ဖြူဖြူသင်းစကားကို နားမထောင်ကြရန်ပြောဆိုခဲ့သော်လည်း မည်သူမျှ မလွန်ဆန်ကြသဖြင့် ကိုယ်တိုင်ဝင်ဆွဲရာ ဦးသာအောင်၏ လည်ပင်းနောက် ကိုပါ ဦးဇေယျာမင်းက သော့ဖြင့်ထိုးသဖြင့် ဒေါ်ဖြူဖြူသင်းမှ သူမ၏ တပည့် ဦးဇေယျာမင်းအား ရပ်တန့်စေခဲ့သည်။

တစ်ကိုယ်လုံး သွေးအလိန်းလိန်းပေကျံနေသူနှစ်ဦးကို ဒေါ်ဖြူဖြူသင်းမှ ပြန်လွှတ်လိုက်ရာ နှစ်ဦးလုံးမှ မင်္ဂလာတောင်ညွန့်ရဲစခန်းသို့ ကိုယ်တိုင်သွားရောက်ကာ ညနေ ၄ နာရီခွဲတွင် အမှုဖွင့်ခဲ့ကြသည်။

အခြေအနေစိုးရိမ်ရသဖြင့် ရဲဆေးစာဖြင့် လက်ရှိ ရန်ကုန်ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ခဲ့ပြီး အရေးပေါ် ဆေးကုသမှုခံယူခဲ့သည်။

မင်္ဂလာတောင်ညွန့် NLD တွင် ပါတီတွင်းပြဿနာများစွာရှိနေပြီး ဒေါ်ဖြူဖြူသင်းကို ထောက်ခံသည့် ရပ်ကွက် ၆ ခုမှ NLD ပါတီဝင်များမှ တစ်ဖက်၊ ကိုကိုကြီးနှင့် ၈၈ မျိုးဆက်များကိုထောက်ခံသည့် ရက်ကွက် ၁၄ ခုမှ NLD ပါတီဝင်များက တစ်ဖက် နှစ်ဖွဲ့ကွဲလျှက်ရှိသည်။

ဦးဇေယျာမင်းအား (ပ) ၇၄၆/၂၀၁၅၊ ပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားသော်လည်း ည ၈ နာရီခွဲတွင် ဒေါ်ဖြူဖြူသင်းကိုယ်တိုင် ရဲစခန်းသို့ သွားရောက်ကာ အာမခံဖြင့် ဦးဇေယျာမင်းအား ပြန်လည်ခေါ်ယူ ခဲ့သွားသည်။

အသေးစိတ်သိရှိလိုပါက မြို့နယ်EC တွဲဘက်အတွင်းရေးမှူး မြို့နယ်အောင်နိုင်ရေးဘဏ္ဍာရေးမှူး ဦးဌေးမြင့် နှင့် NLD အောင်နိုင်ရေး မှ
ဦးရာဇာကြီး (ဖုံးနံပါတ်-၀၉၇၉၈၁၀၈၅၂၉) သို့ စုံစမ်းမေးမြန်နိုင်သည်။

‪#‎MyanmarHeadlineNews‬


.. https://www.facebook.com/MyanmarExpress
 

"လူကိုကြည့်ပြီး မဲပေးပါ" – ဦးဌေးဦး၊ ပူးတွဲ ဥက္ကဋ္ဌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

From : .. myanmar times


မေး။ ပြည်သူတွေအနေနဲ့ ပြည်ခိုင်ဖြိုးပါတီကို ဘာကြောင့် မဲပေးသင့်တယ်လို့ထင်လဲ။
ဖြေ။ တစ်အချက်က ကြံခိုင်ရေးပါတီရဲ့ လုပ်ဆောင်မှုကို ကြည့်ရမယ်။ သူတို့ ပါးစပ်နဲ့ပြောနေသလား၊ လုပ်နိုင်သလောက် လုပ်ပေးနေတဲ့ ကြိုးစားအားထုတ်မှုတွေ ရှိနေသလား။
ကျွန်တော်ဆိုလိုတာက အားလုံး လုပ်ပေးနိုင်တယ်လို့ မဟုတ်ဘူးနော်။ အကောင်အထည်ကောပေါ်ရဲ့လား။ ကျွန်တော် ထင်ပါတယ်။ နေရာတိုင်းမှာ ရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့
ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းပေါ့။ ဒီကိုယ်စားလှယ်လောင်းတွေက လုပ်ပေးချင်တယ်
ဆိုပေမယ့် သူလည်း ထိုက်သင့်တဲ့ အရည်အချင်း ရှိရဦးမယ်။ လုပ်ပေးနိုင်စွမ်း၊ ၀ါသနာ၊
စိတ်ထားမျိုးလည်း ရှိရဦးမယ်။ အဲဒါ မရှိရင်လည်း မရဘူး။ နောက် ပေါင်းသင်းဆက်ဆံရေးမှာ
အဆင်မပြေဘူးဆိုလည်း မဖြစ်ဘူး။ စာရိတ္တ ဒါတွေ ကြည့်ပြီးတော့မှ စဉ်းစားပြီးထည့်ပါလို့
ကျွန်တော်ပြောချင်တယ်။ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကော၊ ပါတီကိုလည်းကြည့်ရမှာပေါ့။ ပါတီကို ကြည့်မယ်ဆိုရင်တော့ မဲဆွယ်စည်းရုံးတဲ့ ကာလမှာတော့ ပါတီက
ဘယ်လုပ်နိုင်မလဲ။ အကျိုးရှိအောင် လုပ်တယ်ဆိုတာ တောက်လျှောက်လုပ်ခဲ့တာပေါ့။
တောက်လျှောက်လုပ်ခဲ့တာကို ကြည့်ပါလို့ ပြောချင်တယ်။
မေး။ လက်ရှိ ပါတီအောင်နိုင်ရေး ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ပါတီအနိုင်ရရေး
အတွက် ဘာတွေ စီစဉ်ဆောင်ရွက်ထားပြီးပြီလဲ။
ဖြေ။ ကျွန်တော်တို့မှာ ရွေးကောက်ပွဲ အောင်နိုင်ရေးစီမံချက်ဆိုတာ အဆင့်ဆင့်ရှိတယ်။
ဗဟို၊ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်တွေမှာ စနစ်တကျ ဖွဲ့စည်းပြီးသားပဲ။ ဥပဒေရေးရာ၊
မီဒီယာအဖွဲ့၊ တကယ် ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မယ့် အဖွဲ့တွေလည်း ရှိတယ်။
အဲဒီအဖွဲ့တွေကို မဲဆွယ်စည်းရုံးရေး မတိုင်မီကတည်းက ကြိုသင်တန်းပေးထားတယ်။
အမှားအယွင်း နည်းအောင်လို့။ မဲရုံမှာ တာဝန်ကျတဲ့သူတွေဆိုလည်း မှားလို့မရဘူး။
အဲဒါ သေသေချာချာ သင်တန်းပေးထားတယ်။
မေး။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ညက ပါတီမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ နောက်
ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေကြောင့် ပါတီတွင်းမှာ စိတ်ဝမ်းကွဲမှု ဖြစ်နေတယ်။
နောက် အုပ်စုတွေလည်း ကွဲနေတယ်လို့ သိရတယ်။ အခုရွေးကောက်ပွဲကလည်း
နီးလာပြီဆိုတော့ ပါတီမှာ တာဝန်ရှိတဲ့သူတစ်ယောက်အနေနဲ့ ပါတီ အောင်နိုင်ရေး
အတွက် အဓိကကျတဲ့ ပါတီတွင်း စည်းလုံးညီညွတ်မှု ပြန်လည်တည်ဆောက်နိုင်အောင်
ဘယ်လိုပုံစံနဲ့ ကြိုပမ်းသွားမလဲ။
ဖြေ။ တစ်အချက်က ပါတီဥက္ကဋ္ဌကတော့ သမ္မတကြီးပါပဲ။ သမ္မတကြီးကတော့ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေအရ ပါဝင်ပတ်သက်မရတဲ့အတွက် ကျွန်တော့်ကို လွှဲထားတယ်။ တကယ့်ရာထူးက
ပူးတွဲဥက္ကဋ္ဌပဲ။ အဲဒီတော့ ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်လို့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့
ပါတီဝင်တွေရဲ့ သဘောထား ဘာမှမရှိဘူး။ ဒီအပေါ်မှာ မူတည်ပြီး ဘာမှမဖြစ်ဘူး။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဟိုးအရင်ကတည်းက လုပ်ခဲ့တဲ့သူတွေလေ။ အခုဝင်ပြီး
အသစ်လုပ်တာ မဟုတ်ဘူး။ သူတို့နဲ့လည်း လက်ပွန်းတတီးလုပ်ခဲ့တာ။ ရုံးအနေနဲ့ မဟုတ်ဘူးနော်
အတူတူသွားလုပ်ခဲ့တာ။ အကုန်လုံး နားလည်တယ်။ အခြေအနေကို သူတို့ နားလည်ပါတယ်။
ကျွန်တော်တို့ အရင်တုန်းက နာယကကြီးက နာယကတာဝန်လည်း ထမ်းဆောင်ရတယ်၊
ဥက္ကဋ္ဌတာဝန်လည်း ထမ်းဆောင်ရတယ်ဆိုတော့ ဒီတာဝန်တွေ ပိနေတဲ့အချိန်မှာ ဖိဖိစီးစီး
ဘယ်ဆောင်ရွက်နိုင်မလဲ။ ဒါကြောင့် ကျွန်တော်တို့ လဲလိုက်တယ်ဆိုတာလည်း သူတို့
နားလည်ပါတယ်။ အဲဒီတော့ ပထမဆုံးလုပ်တဲ့အခါမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ အဟောင်းနဲ့
အစည်းအဝေးလုပ်တယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်ပါပဲ။
ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းထဲမှာ ပါတယ်။ ဒီလိုတော့ ဖြစ်နေပြီ ကျွန်တော်တို့ ပိုပြီးစည်းလုံး
ညီညွတ်မှုကောင်းအောင် ကျွန်တော်တို့ ဖြည့်ချင်တယ်၊ လူတွေ ဖြည့်ချင်တယ်။ တချို့လည်း
အစိုးရပိုင်းက ရွေးကောက်ပွဲအတွက် နုတ်ထွက်လာတဲ့ လူတွေရှိတယ်။ တချို့လည်း
တပ်မတော်ကနေ နှုတ်ထွက်လာတာ ရှိတယ်။ ဒီလူတွေကလည်း တကယ်စွမ်းရည်ရှိတဲ့လူတွေ၊
ပေါင်းစပ်ညှိနှိုင်းနိုင်တဲ့ အခြေအနေရှိတဲ့ လူတွေချည်းပဲဆိုတော့ သူတို့ကို အားဖြည့်ပြီး ထည့်ပေးရင်
ကောင်းမလားဆိုပြီး တိုးချဲ့ဖွဲ့စည်းတယ်။ ပြောင်းလဲတာ မဟုတ်ဘူးနော်။ တိုးချဲ့ဖွဲ့စည်းတာ။
အဲဒီထဲမှာ ၅၃ ယောက် ရှိတဲ့အထဲမှာ ၄၀ က အဟောင်း၊ ၁၃ ယောက်က အသစ်၊ ၁၃ ယောက်
ကလည်း အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေက ကျွန်တော်တို့ရဲ့
ဗဟိုအလုပ်အမှုဆောင်တွေပဲ။ ကျွန်တော်တို့ လူတွေပဲ။ သို့သော် တပ်မတော်ကတော့
တချို့ပါတာပေါ့။ သို့သော်လည်းပဲ နည်းပါတယ်။ အားလုံးက သိနေတာပဲ။ အတူလက်တွဲ
လုပ်ခဲ့တာပဲ။ သိနေကြတဲ့အတွက် သူတို့ လာပြီး အားဖြည့်ပြီး စည်းလုံးညီညွတ်မှုရှိအောင်၊
ပိုပြီး စွမ်းရည်ရှိအောင် လုပ်တယ်ဆိုတာကို အကုန်လုံးက သဘောတူကြတယ်။
အဲဒီထဲမှာ အဓိက အကျဆုံးကတော့ တိုင်းနဲ့ ပြည်နယ် ဥက္ကဋ္ဌတွေ။ သူတို့လည်း
အကုန်သဘောတူတယ်။ သို့သော်လည်း ဒီကိစ္စက စိုးရိမ်စရာကောင်းတဲ့ အချက်ပါပဲ။
တချို့ကလည်း သို့လော၊ သို့လောနဲ့ မြင်မှာစိုးလို့။ တကယ်တော့ စိတ်ဝမ်းကွဲမှုက မရှိပါဘူး။
ဘာကြောင့်လဲဆိုတော့ စီအီးစီ အဟောင်းကိုက ၄၀ ပါတာပဲ။ အသစ်အကုန်ပါတာမှ မဟုတ်ဘဲ။
မေး။ ကျွန်မတို့ မရှင်းတာက အခုနောက်ဆုံးလုပ်သွားတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့
သတင်းစာရှင်းလင်းပွဲမှာ သူရ ဦးရွှေမန်းက ဗဟိုကော်မတီဝင်အနေနဲ့ ရှိနေသေးတယ်လို့
ပြောခဲ့တယ်။ ဒါပေမဲ့ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ
၅၃ ဦးကော်မတီပေါ့ အဲဒီထဲမှာတော့ သူ့နာမည် မတွေ့ဘူး။ ဒါနဲ့ ပတ်သက်ပြီး
ရှင်းရှင်းလင်းလင်းသိအောင် ပြောပေးပါလား။
ဖြေ။ ပါတီမှာ ရိုးရိုးပါတီဝင်ရှိတယ်။ နောက်တစ်ခါ ဗဟိုကော်မတီအစည်းအဝေးကို တက်လို့ရတဲ့
ဗဟိုကော်မတီဝင် ရှိတယ်။ အဲဒီ ဗဟိုကော်မတီက ထပ်ရွေးတဲ့အခါ ဗဟိုအလုပ်အမှုဆောင်
ကော်မတီဆိုတာ ရှိတယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီထဲမှာ အလုပ်များလို့ မထည့်တာက
လွဲလို့ ဗဟိုကော်မတီထဲမှာ ရှိတယ်။ ဗဟိုကော်မတီမှာက အဖွဲ့ဝင် ၂၅၀၊ ၃၀၀ လောက် ရှိတယ်။
မေး။ အခုလည်း အပြင်မှာ ပြောနေကြတယ်ပေါ့ သူရဦးရွှေမန်းက ပါတီကနေ
သူ့သဘောဆန္ဒအရ နုတ်ထွက်မယ်ဆိုပြီး ပြောနေကြတယ်။ ဒီလိုသာ
ထွက်သွားမယ်ဆိုရင် ပါတီတွင်း အကွဲအပြဲတွေ ဖြစ်လာနိုင်ပြီး ရွေးကောက်ပွဲမှာလည်း
ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်နေကြတယ်။ လက်တွေ့မှာကော
ဒီလို ဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိနေလား။
ဖြေ။ ကျွန်တော် ထင်ပါတယ်။ မရှိပါဘူး။ ဘာပဲပြောပြော ကျွန်တော်တို့ ပါတီဆိုတာ ယုံလို့
ဝင်လာကြတာပဲ။ အကုန်လုံး အတူလက်တွဲ လုပ်နေကြတယ်။ တကယ်လို့ နုတ်ထွက်မယ်
ဆိုလည်း ပါတီကို အကျိုးယုတ်အောင် မလုပ်ဘူးလို့ ကျွန်တော်တော့ ယူဆတာပါပဲ။
မေး။ အခု ရွေးကောက်ပွဲမှာ တပ်မတော်က ဗိုလ်ချုပ် ၅၀ လောက်က ပြည်ခိုင်ဖြိုးပါတီ
ကနေ ၀င်ပြိုင်ကြမယ်။ တကယ်တမ်း တပ်မတော်သားတွေက ပါတီနိုင်ငံရေးမှာ
အတွေ့အကြုံလည်း မရှိသလို လူထုနဲ့လည်း မရင်းနှီးတဲ့ အခြေအနေရှိတော့ သူတို့
အောင်နိုင်ရေးအတွက် ပါတီက ဘယ်လို ပံ့ပိုးပေးမှာလဲ။
ဖြေ။ မှန်တယ်၊ ဒီစကားက သာမန်ကြည့်ရင် မှန်တယ်။ သို့သော်လည်း တပ်မတော်မှာ
တပ်မတော်စည်းရုံးရေးကော်မတီဆိုတာ ရှိတယ်။ တပ်မတော်က စစ်တိုက်စရာရှိရင် စစ်တိုက်မယ်။
တိုက်စရာ မရှိရင် လေ့ကျင့်မယ်။ လေ့ကျင့်စရာ မရှိရင် ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်မယ်။
ပြည်သူ့အကျိုးလုပ်မယ် ဆိုတာသည် တပ်မတော်စည်းရုံးရေးကော်မတီရဲ့ အောက်ထဲမှာ ရှိတယ်။
ဒါကလည်း ဖွဲ့စည်းထားတာပဲ။ ဒီလုပ်ငန်းတွေနဲ့ဆို ကျွန်တော်တို့နဲ့ အတူတူပဲ။ မစိမ်းပါဘူး။
နောက်တစ်ခါ သူတို့နဲ့ နီးစပ်တဲ့ နေရာထားတာပဲ။ သူတို့ အမျိုးများတဲ့နေရာတွေ။ သူတို့လည်း
တကယ်တော့ တပ်မတော်သား ဆိုပေမယ့် ကောင်းကျိုး ဖြစ်အောင် လုပ်နေတဲ့သူ များပါတယ်။
မစိမ်းပါဘူး။ ကျွန်တော်တို့နဲ့လည်း နဂိုကတည်းက လက်တွဲလုပ်လာတာ။
အခု သူတို့လာတော့လည်း ပါတီကလူတွေက ၀ိုင်းကူပေးနေပါတယ်။
မေး။ မဲဆွယ်စည်းရုံးရေး ကာလမှာကော သူတို့အတွက် ဘယ်လိုပုံစံနဲ့
မဲဆွယ်စည်းရုံးမှုတွေလုပ်ဖို့ ပါတီက စီစဉ်ထားလဲ။
ဖြေ။ တစ်အချက်က တပ်မတော်သားတွေကို ကျွန်တော်တို့ ရွေးကတည်းက နယ်မြေလူထုက
သိသလားဆိုတာ အရင်ကြည့်တယ်။ အဲဒါ အရေးအကြီးဆုံးပဲ။ မသိရင် မရွေးဘူး။
ကင်းကွာနေတဲ့သူ မရွေးဘူး။ လူထုက လက်မခံရင် မရွေးဘူး။ ဒါကြောင့် တစ်ရာကျော်ထဲမှာ
ငါးဆယ်ကျော် ဖြစ်တာပေါ့။ အောင်နိုင်ရေးကော်မတီရဲ့ မဲဆွယ်စည်းရုံးရေးကို သူတို့နဲ့
အတူတူလုပ်သွားမှာပဲ။ အားလုံးတူတူပါပဲ။
မေး။ ပါတီကြီးတစ်ခုအနေနဲ့ လိုအပ်တဲ့ ဘတ်ဂျက်က ဘယ်ကနေ ရရှိနေလဲ။
မေးချင်တာတော့ ပါတီအတွက် သုံးနေတဲ့ ပိုက်ဆံတွေကို ဘယ်ကနေ အဓိကရလဲ
ဆိုတာပါ။
ဖြေ။ ဘတ်ဂျက်နဲ့ပတ်သက်ပြီး ပါတီမှာ ငါးမွေးမြူရေးကန်တွေ ရှိတယ်။ ကျွန်တော်တို့က
တစ်ချိန်ကျရင် ပါတီဖြစ်မှာပဲ ဆိုပြီး နှစ် ၂၀လောက်ကတည်းက ကြိုစုထားတယ်။
မေး။ အဲဒါက တပ်မတော်အစိုးရလက်ထက်က စုထားတဲ့ ပိုက်ဆံလား။
ဖြေ။ တပ်မတော်အစိုးရ လက်ထက်ပဲ ဖြစ်မှာပေါ့။ သူ့လက်ထက်မှာ ကျွန်တော်တို့ ဖွဲ့တာကိုး။
၉၃ ခုနှစ် ဖွဲ့တာ။ အဲဒီတုန်းကတည်းက အစိုးရနဲ့မပတ်သက်ဘဲနဲ့ သူများရသလို ရတဲ့
ပိုက်ဆံတွေကို အဲဒီကတည်းက စုထားတယ်။ ပါတီကျရင်တော့ လိုမှာပဲ ဆိုပြီး စုထားတာ။
အဲဒါတွေက ဘဏ်မှာ ရှယ်ယာဝင်တာတို့ ဘာတို့လုပ်ထားတော့ ထိုက်သင့်တဲ့ အတိုးရပါတယ်။
မေး။ အဲဒါနဲ့ လုံလောက်တယ်ပေါ့။
ဖြေ။ သုံးတယ်ဆိုရင်တော့ ဘာမှ မလုံလောက်ဘူးပေါ့။ သို့ပေမဲ့လည်း မဆိုးဘူးပေါ့။ သုံးနိုင်တာပေါ့။
မေး။ အခု ရွေးကောက်ပွဲအတွက်ကော ဘက်ဂျက်ဘယ်လောက် သုံးမယ်လို့
စီစဉ်ထားလဲ။ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအတွက် ဘယ်လို ထောက်ပံ့ပေးမလဲ။
ဖြေ။ ရွေးကောက်ပွဲ ဘတ်ဂျက်ကတော့ ကော်မရှင်က သတ်မှတ်ထားတာ မကျော်ဘူးပေါ့။
များသောအားဖြင့်တော့ ကိုယ်စားလှယ်တွေလည်း သူတို့ဘာသာ သုံးနိုင်ပါတယ်။
မေး။ တချို့ပါတီတွေဆို ဥပမာ - ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေးကို
စိုက်ပေးတာမျိုး။ တခြားလိုအပ်တာ ပံ့ပုံးပေးတာမျိုး ရှိတယ်လေ။ ပါတီကကော
အဲဒီလိုမျိုး လုပ်ပေးလား။
ဖြေ။ မှန်တယ်။ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေးတော့ ပါတီက ထည့်ပေးထားပြီးပြီ။
ဒါပေမဲ့ ကိုယ်စားလှယ်က သိပ်များတော့ မဲဆွယ်ရေးအတွက်တော့ ကျွန်တော်တို့ နိုင်သလောက်
ပေးမှာပေါ့။ သို့သော်လည်း ကျွန်တော်ထင်ပါတယ်။ မြို့နယ်ပါတီအဆင့်တွေကလည်း စည်းရုံးရေး
လုပ်ငန်းတွေ လုပ်နေတော့ သူတို့နဲ့အတူ တွဲလုပ်လို့်ရင်ကို အဆင်ပြေပါတယ်။
သူတို့ကိုယ်တိုင်လည်း တတ်နိုင်ကြပါတယ်။
မေး။ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲပေါ့ ပြည်ခိုင်ဖြိုးပါတီက ၀င်ပြိုင်မယ့်
ကိုယ်စားလှယ်လောင်းက အင်န်အယ်လ်ဒီပါတီထက် နည်းတယ်။ တစ်ဖက်မှာတော့
ပါတီဝင်ဟောင်းတွေက ပါတီက ထွက်ပြီး တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ကြတာ
များတယ်။ နောက်တစ်ချက်က မိတ်ဖက်တိုင်းရင်းသားပါတီတွေ အခြေပြုတဲ့
ဒေသတွေမှာ ၀င်မပြိုင်ဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲအလွန်ကာလမှာ တစ်သီးပုဂ္ဂလတွေ၊
မိတ်ဖက်တိုင်းရင်းသားပါတီတွေရဲ့ အနိုင်ရမဲတွေက ပြည်ခိုင်ဖြိုးပါတီနဲ့
ပေါင်းသွားမှာလား။
ဖြေ။ ကျွန်တော် ထင်ပါတယ်။ သူယုံလို့ရှိရင် ကျွန်တော်တို့ ပါတီဝင်လာမှာပေါ့။ သူ့အပေါ်မှာ
မူတည်တယ်။ အဓိက ကျွန်တော်တို့ နည်းသွားတဲ့ အကြောင်းရင်းက တိုင်းရင်းသား ဒေသတွေ
ထဲက ဥပမာ - ၀ တို့ ပအို့ဝ်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ကျွန်တော်တို့ မရွေးဘူး။
ဒါကြောင့် နည်းနေတာ။
မေး။ နောက်ထပ်သိချင်တာက ပါတီတွင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲ လုပ်တဲ့
ကိစ္စတွေနဲ့ ၁၂ ရက်ညက ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ
ပါဝင်ပတ်သက်နေတယ်လို့ ပြောဆိုနေတာ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး
ဟုတ်၊ မဟုတ် အတည်ပြုပေးနိုင်မလား။
ဖြေ။ မရှိပါဘူး။ ဗိုလ်ချုပ်မ-းကြီးနဲ့ တိုက်ရိုက်မပတ်သက်ပါဘူး။
မေး။ ဒါဆိုရင် သာမန်အချိန်မှာကော ထိတွေ့ဆက်ဆံမှုရှိလား ရှင့်။
ဖြေ။ ကိုယ့်လူကြီးပဲ သီတင်းကျွတ်တို့ ဘာတို့ သွားကန်တော့ ကြတာပေါ့။ နောက်တစ်ခါ
လူကြီးလေ လူကြီးဆိုတော့ အချိန်အားရင် သွားစကားပြောတာပေါ့။ ဒါပဲပေါ့။ ပါတီနဲ့
မပတ်သက်ပါဘူး။
မေး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပါတီအပေါ်မျှော်လင့်ချက်ကကော
ဘယ်လောက်နိုင်မယ်လို့ မျှော်လင့်ထားလဲ။
ဖြေ။ ကျွန်တော်ကတော့ ရာနှုန်းပြည့်နိုင်မယ်လို့ ယုံတယ်။
မေး။ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်မဲဆန္ဒနယ်က ၀င်ရောက်ယှဉ်ပြိုင်မှာလဲ။
ဖြေ။ လက်ရှိ ကိုယ်စားပြုနေတဲ့ ဟင်္သာတမြို့နယ်ကပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့
ပြိုင်မှာပါ။
မေး။ ပြီးခဲ့တဲ့ လေးနှစ်ကျော်ကာလမှာကော ကိုယ့်မဲဆန္ဒနယ်အတွင်း
ဘာတွေလုပ်ပေးဖြစ်ခဲ့လဲ။
ဖြေ။ ပါတီဆိုတာ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ဖို့ပဲ။ တစ်နိုင်ငံလုံးအတွက်
လုပ်မပေးနိုင်သေးဘူးဆိုရင်တောင် ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့ပေါ့ တက်နိုင်သလောက်ပေါ့။
ကျွန်တော်ဆိုလည်း ကျွန်တော့်မြို့နယ်၊ ဇာတိလည်း ဇာတိဖြစ်တဲ့ ဟင်္သာတပေါ့ မဲဆွယ်စည်းရုံးတဲ့
ပုံစံမျိုး မဟုတ်ဘူး။ သူတို့လိုအပ်တာတွေကို အစဉ်တစိုက်လုပ်ပေးခဲ့တာ။ တောက်လျှောက်
လုပ်တယ်။ အခုလည်း လုပ်တယ်။
မေး။ အခု မဲဆွယ်စည်းရုံးရေးကာလလည်း စတော့မှာဆိုတော့ စက်တင်ဘာ ၈ ရက်နေ့
နောက်ပိုင်းမှာ ဘယ်လို ပုံစံနဲ့ မဲဆွယ်စည်းရုံးရေးတွေ လုပ်သွားမလဲ။
ဖြေ။ အခုအချိန်မှာ ၈ ရက်နေ့ မဟုတ်သေးတဲ့အတွက် ကျွန်တော့်ကို မဲထည့်ပါလို့ မပြောဘူး။
ပါတီကို မဲထည့်ပါလို့လည်း မပြောဘူး။ သို့သော်လည်းပဲ သူတို့ လိုအပ်တာတွေကို ကျွန်တော်တို့
လုပ်ပေးနေတယ်။ ဒါဆိုရင် သူတို့ ကျွန်တော်တို့ကို ယုံကြည်မှုတစ်ခုတော့ ရှိမယ်လို့ မြင်တယ်။
၈ ရက်နေ့နောက်ပိုင်း အတွက်တော့ ကျွန်တော်တို့ ကြိုပြင်ထားတာ ရှိတယ်။ ဘာလဲဆိုတော့
ကျွန်တော်တို့ဒေသမှာ ကျွန်တော် ယုံတယ် မဲပေးနိုင်တဲ့ပြည်သူတွေက သူတို့ ယုံကြည်တဲ့သူကို
မှန်မှန်ကန်ကန်ပေးတတ်ဖို့ဆိုတာတော့ ကျွန်တော်တို့ ပြောပေးတယ်။ လိုက်သင်ပေးနေတယ်။
မဲပေးပိုင်ခွင့်ရှိသားနဲ့ မှတ်ပုံတင်တို့ ဘာတို့ မရှိတဲ့သူတွေ တချို့လည်း ဒီအတိုင်းနေနေကြတာပဲ။
မဲစာရင်းမှာ မပါတာတွေ လိုက်လုပ်ပေးနေတယ်။ ကော်မရှင်က ထုတ်ပြန်ထားတဲ့
စည်းကမ်းတွေနဲ့အညီ ပါတီဝင်တွေကော လူထုကော လိုက်နာနိုင်အောင် သင်တန်းတွေ
ပေးနေတယ်။ ဒါက ရွေးကောက်ပွဲကို အထောက်အကူပေးနေတာ။ သို့သော်လည်း
မဲဆွယ်တာတော့ မဟုတ်ပါဘူး။ ကြိုက်တဲ့သူ ထည့်ပေါ့။ ဘာမှ ပြောစရာမရှိဘူး။
ကြိုက်တဲ့သူထည့်ပါ။ သို့သော် ကိုယ့်ရဲ့အခွင့်အရေး မဆုံးရှုံးအောင် လိုက်လုပ်ပေးပါတယ်ဆိုပြီး
Door to Door စနစ်နဲ့ သွားတယ်။ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ ပါတီဝင်တွေ
အားလုံး ဖြန့်သွားနေကြတယ်။ အခုလည်း သွားနေတယ်။ အဲဒါ မဲဆွယ်တာတော့ မဟုတ်ဘူး။
နယ်လှည့်ဆေးကုအဖွဲ့တွေကလည်း နေရာအနှံ့ သွားနေတယ်။ ဒါတွေကတော့ နယ်မြေနဲ့
ပတ်သက်လို့ ပိုနီးစပ်တာပေါ့။
မေး။ အန်ကယ့် မဲဆန္ဒနယ်မှာ မဲပေးနိုင်တဲ့ဦးရေ ဘယ်လောက်ရှိလဲ။
ဖြေ။ တစ်သိန်းနဲ့ ရှစ်သောင်းလောက် ရှိမယ်။ ကျွန်တော် သေချာမသိဘူး။ စာရင်းတော့ ရှိပါတယ်။
မေး။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လူထုကို အဓိက လုပ်ပေးချင်ဆုံးဆန္ဒ
ဘာများဖြစ်မလဲ။
ဖြေ။ ။ကျွန်တော်လုပ်ပေးချင်တာ အလုပ်အကိုင် ရရှိစေချင်တယ်။ လူတိုင်းက သူလုပ်နိုင်တဲ့
အတိုင်းအတာပေါ် မူတည်ပြီးတော့မှ ထိုက်သင့်တဲ့ဝင်ငွေ ရစေချင်တယ်။ အခုလည်း လုပ်နေတယ်။
မိန်းကလေးတွေ စက်ချုပ်သင်တန်းဖွင့်နေတယ်။ ဘာသာရပ် ၁၅ မျိုးကို အခမဲ့ သင်ပေးနေတယ်။
ဒီတော့ သူတို့တွေမှာလည်း မျှော်လင့်ချက်တွေ အများကြီးရှိလာတယ်။ ကျွန်တော်တို့ဆီကတော့
လယ်ပေါတော့ လယ်စိုက်မှာပေါ့။ ကောက်စိုက်မှာပေါ့။ ကျွန်တော်ကတော့ စား၊ ၀တ်၊ နေရေးကို
အထောက်အကူပြုတဲ့ အလုပ်အကိုင်ရရှိရေး လုပ်ပေးချင်တယ်။ ဒုတိယကတော့ ပညာရေး။
ပြောရမယ်ဆို အများကြီးပေါ့။
မေး။ ဒါဆို ဒီနှစ်တွေအတွင်းမှာကော ကိုယ်မျှော်မှန်းသလောက် လူထုအတွက်
လုပ်ပေးနိုင်ခဲ့ရဲ့လား။
ဖြေ။ လုပ်ပေးချင်သလောက် လုပ်မပေးနိုင်သေးဘူး။ သို့သော်လည်းပဲ အများကြီး လုပ်ပေးနိုင်တယ်။
စိတ်ထဲရှိသလောက် လုပ်မပေးနိုင်သေးဘူး။ ဥပမာ - မျက်စိခွဲတဲ့ဟာ ဟင်္သာတမှာ
ထောင်ထားတယ်။ တစ်နှစ်ကို ၇၀၀၀၊ ၈၀၀၀ လောက် ရှိတယ်။ ခု သောင်းကျော် ခွဲပြီးပြီ။
အဲဒါက တိုင်းမှူးတုန်းက ပန်းတနော်မှာ မျက်စိခွဲတာလေး မြင်ပြီး လုပ်ချင်တာ။
တကယ်တမ်းပြောရင် အခုမှ လုပ်ဖြစ်တာပေါ့။ လုပ်ချင်တာတွေတော့ ရှိတယ်။ သို့သော် ချက်ချင်း
အကောင်အထည်မဖော်နိုင်တာပေါ့။ တချို့ကိစ္စတွေက ချက်ချင်း အကောင်အထည်မဖော်နိုင်ဘူးပေါ့။
ဦးဌေးဦး၊ ပူးတွဲ ဥက္ကဋ္ဌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ။


.. https://www.facebook.com/MyanmarExpress
 

အိုဘားမားက မွတ်စလင်ဖြစ်ဟု ရီပတ်ဘရီကန်အများစု ယုံကြည်

From : ..mizzima


ထင်မြင်မှုမဲစစ်တမ်းတစ်ရပ်တွင် အမေရိကန်နိုင်ငံ၏ ပထမဆုံး လူမည်းသမ္မတ အိုဘားမားက မွတ်စလင်တစ်ဦးဖြစ်သည်ဟု ရီပတ်ဘရီကန်အမတ်အများစုက ယုံကြည်ထင်မြင်ကြသည်။

သမ္မတအိုဘားမားက မွတ်စလင်ဖြစ်သည်ဟု ယုံကြည်သူ ရီပတ်ဘရီကန်အမတ်များစု၏ မဲရာခိုင်နှုန်းမှာ ၅၄ ရာခိုင်နှုန်းရှိကြောင်း ဆန်းစစ်ချက်အရသိရသည်။

မဲရလဒ်၏ ၃၂ ရာခိုင်နှုန်းက အိုဘားမားသည် မွတ်စလင် သို့မဟုတ် ခရစ်ယာန်ဖြစ်မဖြစ် မကျိန်းသေကြောင်း ဆိုပြီး ၁၄ ရာခိုင်နှုန်း ရီပတ်ဘရီကန်များကသာ ခရစ်ယာန်ဖြစ်သည်ဟု ယုံကြည်ထားကြသည်။

အိုဘားမားကိုယ်တိုင်က အီစတာကဲ့သို့သော ပွဲတော်များတွင် ခရစ်ယာန်အပေါ် ယုံကြည်မှုကို ပွင့်ပွင့်လင်းလင်းပြောဆိုထားသည်။

MSNBC က ယခုကဲ့သို့ သမ္မတအိုဘားမားနှင့် ပတ်သက်ကာ မဲကောက်ယူ စစ်တမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

သမ္မတ အိုဘားမား၏ ကိုးကွယ်ရာဘာသာနှင့် မွေးဖွားဇာတိနှင့် ပတ်သက်ကာ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပြီး သမ္မတဖြစ်စဉ်မှစကာ အငြင်းပွားမှုများရှိထားသည်။

အိုဘားမား၏ ဖခင်ဖြစ်သူမှာ ကင်ညာနိုင်ငံသားတစ်ဦးဖြစ်သည်။


.. https://www.facebook.com/MyanmarExpress
 

မင်္ဂလာတောင်ညွန့် NLD ရိုက်ပွဲအပြီး နောက်တစ်နေ့ ဥက္ကဋ္ဌနှင့် မြို့နယ်အမှုဆောင် ဓားထိုးခံရ

မင်္ဂလာတောင်ညွန့် NLD ရိုက်ပွဲအပြီးနောက်တစ်နေ့မှာ မင်္ဂလာတောင်ညွန့်မှမြို့နယ် အောင်နိုင်ရေးဥက္ကဌ ဦးသာအောင် (ဖုံးနံပါတ်-
၀၉၄၂၀၇၂၁၈၁၇) နှင့် မြို့နယ်အမှု့ဆောင် (မဲစာရင်းစီစစ်ရေးမှုး)
ကိုထင်အောင်လင်း (ဖုံးနံပါတ်-၀၉၅၁၆၀၈၂၄) တို့ ဓားထိုးခံရကြောင်း သတင်းရရှိပါတယ်။

ဓားဖြင့်ထိုးသူမှာ မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြူဖြူသင်း၏ ယာဉ်မောင်း ခေါ်ကြီး ဆိုသူဖြစ်ပြီး သြဂုတ်လ ၃၀ ရက်နေ့ ကျီတော်ရပ်ကွက် အောင်နိုင်ရေးရုံးခန်း ဖွင့်ပွဲအပြီး လှေကားအဆင်းမှာ ကြိုတင်စောင့်ဆိုင်းကာ
ချွန်ထက်သောလက်နက်ဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဥက္ကဌနဲ့ အမှုဆောင်တို့နှစ်ဦးစလုံးမှာ ထိုးသွင်းဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး ဥက္ကဌ၏ ဝဲဘက်နားအောက်နှင့် လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ၃ချက် (စိုးရိမ်ရ)၊ အလုပ်အမှု့ဆောင်၏ ဝဲဘက်နံရိုး အောက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း သိရပါတယ်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးလုံးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ကုသမှု့ခံယူထားပြီး
ယင်းဖြစ်စဉ်ကို မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်းတွင် သြဂုတ်လ ၃၀ ရက် ညနေ ၇ နာရီခွဲတွင် ပ ၇၄၅/၂၀၁၅ ၊ ပုပ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။

သြဂုတ်လ ၂၉ ရက် စနေနေ့က မင်္ဂလာတောင်ညွန့်မြိုနယ်ရှိ NLD အမတ် ဒေါ်ဖြူဖြူသင်းအား ထောက်ခံသည့် ရက်ကွက် ၆ ခုမှ ပါတီဝင်များနှင့် မထောက်ခံသည့် ရက်ကွက် ၁၄ ခုမှ ပါတီဝင်များ၊ ၈၈ ထောက်ခံသူများနှင့် ပါတီမှ နုတ်ထွက်သူများ အချင်းချင်း စကားများရန်ဖြစ်ရာမှ အုပ်စုဖွဲ့ ရိုက်နှက်ကြပြီး နောက်တစ်နေ့မှာ ဓားထိုးမှု ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရက်ကွက် ၁၄ ခုနှ ပါတီဝင်များ၊ ၈၈ မျိုးဆက်ထောက်ခံသူများနဲ့ NLD ပါတီမှ နုတ်ထွက်သူများရှိရာသို့ ဒေါ်ဖြူဖြူသင်းဦးဆောင်တဲ့ NLD ပါတီဝင်များ ရောက်ရှိလာခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ခေါ်ကြီးမှ ကားပေါ်ကဆင်းကာ ကိုကိုကြီးထောက်ခံအဖွဲ့အား စိန်ခေါ်ရာမှ အပြန်အလှန် ထိုးကြိတ်ရိုက်ခဲ့ကြကြောင်း သိရပါတယ်။

စုံးစမ်းမေးမြန်းနိုင်ပါသည်
ရာဇာကြီး (ဖုံးနံပါတ်-၀၉၇၉၈၁၀၈၅၂၉)
ကျီတော်ရပ်ကွက် အောင်နိုင်ရေး


.. https://www.facebook.com/MyanmarExpress
 

ဘဏ်အကောင့်တစ်ခုပဲ ပိုင်တယ်တဲ့လား ?



၂၀၁၅ ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်၏ ရွေးကောက်ပွဲအကြို မဲဆွယ်ဟောပြောပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် " ကျွန်မမှာ ဘဏ်အကောင့် တစ်ခုကလွဲလို့ တခြားဘာမှပိုင်ဆိုင်မှုမရှိပါဘူး " ဆိုသည့်စကားက ပြည်သူများ အကြား ပျံ့နှံ့သွားခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများမြင့်တက်လာခဲ့ပြီး သူမ၏ ပြောစကားကိုလည်း ဟာသတစ်ခုအဖြစ် သာ ရှုမြင်မှုများရှိလာခဲ့သည်ကိုလည်း မြင်တွေ့လာရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမတွင် ဘဏ်အကောင့်တစ်ခုသာ ပိုင်ဆိုင်သည်ဟု ပြောဆိုပြီးနောက် ဆက်တိုက်ဆို သလိုပင် Social Network များမှတစ်ဆင့် သူမ၏ လျှို့ဝှက်ပိုင်ဆိုင်မှုများအပါအ၀င် ပြည်ပ အထောက်အပံ့များရရှိနေသည့် သတင်းအချက်အလက်များ ထွက်ပေါ်လာခဲ့သည်ကိုလည်း မြင်တွေ့လာ ရသည်။ သူမ၏ ပြောစကားနှင့်ပတ်သက်၍လည်း အကြောင်းမသိသူများသာ ယုံကြည်မည်ဖြစ်ကြောင်း၊ အကြောင်းသိသူများကတော့ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ ပြည်အနှံ့မှ ပိုင်ဆိုင်မှုများနှင့် ချမ်းသာကြွယ်ဝ မှုများကိုသိရှိပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုလို ပြည်သူကိုလိမ်ညာ၍ အသနားခံနေသည်မှာ ခေါင်းဆောင်တစ်ဦး၏ စိတ်ဓါတ်မဟုတ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိလာခဲ့ပြီး သူမ၏ပိုင်ဆိုင်မှု အခြေအနေကို မသိသူများကပင် ဒေါ်အောင်ဆန်းစုကြည်တွင် ဘဏ်အကောင့်တစ်ခုသာ ပိုင်ဆိုင်ခြင်းကို မယုံကြည်ကြကြောင်း ပြောဆိုမှုများလည်းရှိလာခဲ့သည်။
ယခုအခါတွင် သူမအနေဖြင့် မည်သည့်အသက်မွေးဝမ်းကြောင်း စီးပွားရေးလုပ်ငန်းမှမရှိပါဘဲ လေယာဉ် စင်းလုံးငှား ခရီးစဉ်များသွားနိုင်ခြင်း၊ တစ်နေ့တစ်မျိုးမထပ်အောင် တန်ဖိုးကြီးချိတ်ဝတ်စုံများဝတ်ဆင် နေနိုင်ခြင်း တို့အတွက်လည်း မေးခွန်းပေါင်းများစွာထွက်ပေါ်လာခဲ့ပြီင်္ဖြစ်သည်။ သူမ၏ ပြောစကားထဲတွင် စားဝတ်နေရေး ကိစ္စ အရပ်ရပ်မှ ပေးကမ်း ထောက်ပံ့မှုများကြောင့်သာ ဖြစ်သည်ဟုလည်း ၀န်ခံသွားခဲ့ကြောင်း သိရှိရသည်။ ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်း စုကြည်အား မည်သူတွေက မည်ကဲ့သို့ ထောက်ပံ့နေသနည်း၊ မည်သည့်အဖွဲ့ အစည်းများက မည်သည့် ရည်ရွယ်ချက် များဖြင့် ထောက်ပံ့နေသနည်းဆိုသည်ကိုလည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ဖွင့်ဟ၀န်ခံရမည်ဖြစ်သည်။
.
လက်ရှိထွက်ပေါ်နေသည့် သတင်းများအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ ဗဟိုဌာနချုပ်ရုံးတည်ရှိရာ ဗဟန်း မြို့နယ် ရွှေဂုံတိုင်ရှိ အဆောက်အဦမှာ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ပေါက်ဟု သိရသည်။ ယခုအခါတွင် NLD ရုံးချုပ်အား ၆ ထပ်အဆောက်အဦဖြင့် အဆင့်မြှင့်တည်ဆောက်မည်ဖြစ်ပြီး ထိုကဲ့သို့ ဆောက်လုပ်ရန်အတွက် မည်သူတွေက နောက်ကွယ်က ထောက်ပံ့ကူညီနေသလဲဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထုတ်ဖော်ပြောဆိုသင့် ပေသည်။ နေပြည်တော်တွင် ပြောခဲ့သည့်စကားအရ လက်ရှိသူမ နေထိုင် သည့် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) နှင့် နေပြည်တော်ရှိ နှင်းဆီစံအိမ်များကလည်း သူမအပိုင် မဟုတ်ကြောင်း ဆိုခဲ့သဖြင့် သူမတွင် နေစရာအိမ်ပင် မရှိဘူး ဟုဆိုနိုင်ပေသည်။ သို့သော်လည်း အွန်လိုင်း စာမျက်နှာများတွင်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ် ရေးထိုး စာချုပ်ချုပ်ဆိုထားသော အိမ်ခြံမြေများရှိကြောင်း သတင်းများထွက်လာသည့်နောက် သူမ၏ စကားများသည် အလိမ်အညာများ ဖြစ်ကြောင်း ပိုမိုထင်ရှားလာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသ တွင် ခြံတစ်ကွက်ဝယ် ယူထားရှိပြီး အဆိုပါခြံ၏ လက်ရှိပေါက်ဈေးမှာလည်း သိန်းပေါင်း နှစ်သောင်းဝန်းကျင် ရှိကြောင်းသိရသည်။ ထို့အတူ ကော့မှူးမြို့တွင်လည်း သူမအမည်ပေါက်ဖြင့် ၀ယ်ယူထားသောခြံများရှိသကဲ့သို့ ပြင်ဦးလွင်မြို့တွင်လည်း လက်ဆောင်ရရှိထားသော ခြံများရှိကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်၏ လျှို့ဝှက် ပိုင်ဆိုင်မှုများကိုသိရှိသူများက Social Network များမှတစ်ဆင့် ဖော်ပြလာကြသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ခရိုနီများ၏ ဆက်ဆံမှုများမှာယခင်ကထက် ပိုမိုနီးစပ်လာသော်လည်း ယခင်က လောက် ပွင့်လင်းမှုမရှိတော့သည်ကိုလည်း တွေ့မြင်လာရသည်။ အမေ့အိမ် ပညာရေးကွန်ရက် ရန်ပုံငွေဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ထိုးခဲ့သော ဆွယ်တာအား ခရိုနီ ဦးကျော်ဝင်း ပိုင်ဆိုင်သည့် ရွှေသံလွင် ကုမ္ပဏီမှ ၄၁၅ သိန်းဖြင့် မတန်တဆ ဈေးပေးဝယ်ပြခဲ့သည်။ ထို့အတူ ရန်ပုံငွေဖျော်ဖြေပွဲ ဒုတိယ ရက်တွင်လည်း အမည်မဖော်လို သူတစ်ဦး ဆိုသူက နောက်ထပ် ဆွယ်တာတစ်ထည်အား သိန်း ၆၃၀ ဖြင့် ထပ်မံဝယ်ယူခဲ့သည်။ အဆိုပါ ရန်ပုံငွေပွဲအတွက်လည်း သိန်းထောင်ပေါင်းများစွာရရှိခဲ့ပြီး Sky Net အသံလွှင့် ဌာနမှ သိန်းပေါင်း ၁၃၀၀၊ AGD ဘဏ်မှ သိန်း ၅၀၀ စသည်ဖြင့် လှူဒါန်းမှုများလည်းရှိခဲ့သည်။ ထို့အတူ ဒီချုပ် ဗဟိုဌာနချုပ် ဆောက်လုပ်ရန်အတွက်လည်း မြန်မာပြည်၏ Top Ten စာရင်းဝင် သူဌေးကြီးများ အပြိုင်အဆိုင် လှူဒါန်းမှုများရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည်၏ အိမ်စရိတ်ကို တာဝန်ယူပေး နေသည့် သူဌေးကြီးများ ရှိသည်ဆိုသည့် သတင်းကလည်း NLD အသိုင်းအ၀ိုင်းမှပင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထို့အတူပင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ပြောဆိုခဲ့သည့် အချက်အလက်အရ ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စုံစရိတ်မှာ တစ်လတွင် သိန်း ၅၀ ခန့် ကုန်ကျပြီး ထိုစရိတ်များ ကိုလည်း ခရိုနီများကပင် အလုအယက်တာဝန်ခံ နေကြကြောင်းကိုလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘဏ်အကောင့်တစ်ခုရှိသည်ဟု ဆိုလျှင်ထိုဘဏ်အကောင့်ထဲတွင်ရှိသော ငွေကြေး ပမာဏ ကိုလည်း ဖွင့်ဟပြောဆိုသင့်ပေသည်။ နိုဘယ်လ်ဆု အပါအ၀င် နိုင်ငံတကာဆုပေါင်း ၁၀၀ ကျော် ရရှိထားသည့် သူမအနေဖြင့် ထိုဆုတံဆိပ်များမှ ရရှိသော လစဉ်၊ နှစ်စဉ်ကြေးများကို ပြည်သူလူထုအား ထုတ်ဖော်ပြောဆိုသင့်သည်။ ထိုမှသာလျှင် OIC အဖွဲ့များ၏ ထောက်ပံ့ကြေးများ၊ CIA နှင့် အနောက် အုပ်စုများ၏ ခေါင်းစဉ်အမျိုးမျိုးပြသော ထောက်ပံ့ ကြေးများ ရရှိနေသည်ဆိုသော အတွင်းသတင်းများ ထွက်ပေါ်နေမှုအား ချေဖျက်နိုင်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၁၉၈၇ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်စဉ်က ဒေါ်လာ ၄၀၀ ကျော်နှင့် အထုပ်နှစ်ထုပ်သာပါရှိကြောင်း သိရှိရသည်။ ထိုကာလနှင့် ယနေ့ကာလ ပိုင်ဆိုင်မှုများအား နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် များစွာကွာဟလွန်းလှပေသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြောဆိုသည့် သူမတွင် နေစရာ အိမ်ပင်မရှိဘူးဆိုသည့် သဘောသက်ရောက်သော စကားမှာ လွန်စွာဟာသမြောက်သည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် မိမိပိုင်ဆိုင်မှုကို ပြည်သူလူထုအား အမှန်တကယ် ချပြမည်ဆိုလျှင် အမှန်တကယ် ပိုင်ဆိုင်သည့်အရာ အားလုံးကို ချပြရန်လိုအပ်ပေသည်။ နိုင်ငံအနှံ့အပြားတွင် ၀ယ်ယူထားသော ခြံကွက်များ၊ လက်ဆောင်ပဏ္ဍာရရှိထားသော မြေကွက်များကိုပါ ဖော်ထုတ်ပြောဆိုရန် လိုအပ်သကဲ့သို့ ဘဏ်အကောင့်တွင်ရှိသော ငွေပမာဏများ၊ ထိုငွေကြေးများ ကိုလည်း မည်သည့်အဖွဲ့အစည်းများက ထောက်ပံ့ထားသည်ဆိုသည့် အကြောင်းများ၊ ခရိုနီများက မည်ကဲ့သို့ စပွန်စာ ပေးထားသလဲဆိုသည့် အကြောင်းတရားများကိုလည်း ပြည်သူလူထုအား ရဲရဲဝံ့ဝံ့ ချပြပြောဆိုရမည်ဖြစ်သည်။ ထိုကဲ့သို့ မဟုတ်ဘဲ အလိမ်အညာများဖြင့် ပြည်သူသနားယုံသက်သက် လုပ်ကြံပြောဆို နေအုံးမည်ဆိုလျှင်တော့ ပြည်သူ့ ခေါင်းဆောင်တစ်ဦးမဖြစ်ထိုက်ဟုပင် သုံးသပ်ရတော့မည်ဖြစ်သည်။

#လက်ယျာ

.. https://www.facebook.com/MyanmarExpress
 

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပြဌာန်း


တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ
(၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၄။)
၁၃၇၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်
(၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်၊ သက်ဆိုင်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေသည် မြန်မာနိုင်ငံတွင် နေထိုင်သူအားလုံးနှင့် လည်းကောင်း၊ မြန်မာနိုင်ငံပြင်ပတွင် နေထိုင်သော နိုင်ငံသားနှင့်လည်းကောင်း၊ မြန်မာနိုင်ငံ တွင်နေထိုင်စဉ် နိုင်ငံသားနှင့် ထိမ်းမြားသော နိုင်ငံခြားသားနှင့်လည်းကောင်း သက်ဆိုင်စေရမည်။
၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) နိုင်ငံသား ဆိုသည်မှာ မြန်မာနိုင်ငံသားဥပဒေတွင် နိုင်ငံသား အဖြစ် ဖော်ပြထားသည့် မြန်မာနိုင်ငံသားကို ဆိုသည်။ ယင်း စကားရပ်တွင် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ လည်းပါဝင်သည်။
( ခ ) မြန်မာနိုင်ငံတွင်နေထိုင်သူ ဆိုသည်မှာ မြန်မာနိုင်ငံတွင် အမြဲ ဖြစ်စေ၊ ယာယီဖြစ်စေနေထိုင်သူကို ဆိုသည်။
( ဂ ) ယောက်ျား ဆိုသည်မှာ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူယောက်ျားကို ဆိုသည်။
(ဃ) မိန်းမ ဆိုသည်မှာ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ လူမိန်းမကိုဆိုသည်။
အခန်း(၂)
ရည်ရွယ်ချက်များ
၎။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) ဥပဒေနှင့်အညီ ထိမ်းမြားကြသော လင်နှင့်မယားတို့ တစ်ဦး အပေါ်တစ်ဦး သစ္စာရှိစွာဖြင့် သာယာချမ်းမြေ့သည့် အိမ်ထောင် တည်ဆောက်နိုင်စေရန်၊
(ခ) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဖြင့် အမျိုးသမီးများ တရားမဝင်မယားအဖြစ် ရောက်ရှိခြင်းမှကာကွယ်ရန်၊
(ဂ) အိမ်ထောင်ဘက် တစ်ဦးထက်ပို၍ ယူခြင်းကြောင့် ဖြစ်ပွားနိုင် သည့် အိမ်ထောင်ရေး ပြဿနာနှင့် အိမ်ထောင်ရေးမှုခင်းများကို တားဆီးနိုင်ရန်၊
(ဃ) အမျိုးသား၊ အမျိုးသမီးများ၏ ကိုယ်ကျင့်တရား ပိုမိုထိန်းသိမ်း နိုင်ကြစေရန်။
အခန်း (၃)
တစ်လင်တစ်မယားစနစ်ဖြင့် ထိမ်းမြားခြင်း
၅။ မည်သည့်ယောက်ျားနှင့် မိန်းမမဆို ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာ အရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ တရားဝင်ထိမ်းမြားခြင်း ပြုနိုင်သည်။
၆။ ဤဥပဒေအာဏာတည်ပြီးနောက် ယောက်ျားနှင့် မိန်းမတို့သည် ဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်း အရဖြစ်စေ ထိမ်းမြားမှုပြုလုပ်ရာတွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း သာလျှင် တရားဝင်အတည်ဖြစ်သည်။
၇။ မြန်မာဗုဒ္ဓဘာသာဝင်အချင်းချင်း ထိမ်းမြားခြင်းသည် ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် ညီညွတ်ပါက တရားဝင် အတည်ဖြစ်သည်။
၈။ ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားတို့ ထိမ်းမြားခြင်းသည် ဤဥပဒေနှင့်မဆန့်ကျင်သရွေ့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှင့်ညီညွတ်ပါက တရားဝင် အတည်ဖြစ်သည်။
၉။ ဗုဒ္ဓဘာသာဝင်မဟုတ်သူအချင်းချင်း ယင်းတို့နှင့်သက်ဆိုင်သည့် ဥပဒေ၊ ဘာသာ၊ ဓလေ့ထုံးတမ်းနှင့်အညီ ထိမ်းမြားခြင်းသည် ဤဥပဒေနှင့် မဆန့်ကျင် သရွေ့ အတည်ဖြစ်သည်။
အခန်း (၄)
တားမြစ်ချက်များ
၁ဝ။ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယားတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ တရားဝင်ထိမ်းမြားပြီးသည့် ယောက်ျား သို့မဟုတ် မိန်းမသည် အဆိုပါ ထိမ်းမြားမှုတည်မြဲနေစဉ်ကာလအတွင်း ဤဥပဒေအာဏာတည်သည့်နေ့မှ စ၍ အခြားသူတစ်ဦးနှင့် ထပ်မံထိမ်းမြားခြင်းမပြုရ သို့မဟုတ် လင်မယား အဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရ။
၁၁။ ယောက်ျား သို့မဟုတ် မိန်းမသည် ယခင်က ထိမ်းမြားခဲ့ဖူးလျှင် ယင်းသို့ ထိမ်းမြားခဲ့ဖူးကြောင်း အသိပေးကြေညာ၍ ယခင်အိမ်ထောင်နှင့် တရားဝင် ကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထား တင်ပြနိုင်လျှင် အခြားသူတစ်ဦးနှင့်ထပ်မံ၍ ထိမ်းမြားနိုင်သည်။
၁၂။ မည်သူမျှ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် ထပ်မံ၍ ထိမ်းမြား မှုမပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်း မပြုရ။
အခန်း (၅)
ပြစ်ဒဏ်များ
၁၃။ မည်သူမဆို ပုဒ်မ ၁ဝ သို့မဟုတ် ပုဒ်မ ၁၂ ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
၁၄။ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် လင် သို့မဟုတ် မယားသည် အခြားသူနှင့်ထပ်မံ၍ ထိမ်းမြားလျှင် ဤဥပဒေအရ အိမ်ထောင် ရေးပြစ်မှုကို ကျူးလွန်ခြင်းဖြစ်၍ ကျန်သည့်မယား သို့မဟုတ် လင်က လင်မယားကွာရှင်းခွင့်ရှိသည်။
၁၅။ ပုဒ်မ ၁၄ အရ လင်မယားကွာရှင်းရာတွင် အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူသည် နှစ်ဦးပိုင်ပစ္စည်းနှင့်စပ်လျဉ်း၍ ¤င်း၏အခွင့်အရေးများ ဆုံးရှုံးခြင်းခံရမည်။
၁၆။ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျားတစ်ဦးသည် အဆိုပါ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် အခြားမိန်းမတစ်ဦးနှင့် ထပ်မံထိမ်းမြားပါက တရားမဝင်ထိမ်းမြားခြင်းဖြစ်သဖြင့် နောက်မိန်းမသည် ထိုယောက်ျား၏ အမွေကိုဆက်ခံခွင့်မရှိစေရ။ နောက်မိန်းမယူသည့် ယောက်ျားသည်လည်း ပထမမိန်းမနှင့် နောက်မိန်းမတို့၏ အမွေကိုဆက်ခံခွင့်မရှိစေရ။
၁၇။ မည်သူမဆို ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရ ဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျား သို့မဟုတ် မိန်းမတစ်ဦးဦးသည် အဆိုပါထိမ်းမြားမှုအတည်ဖြစ်နေစဉ် ယင်းထိမ်းမြားမှု ကို ထိမ်ချန်၍ အခြားယောက်ျား သို့မဟုတ် မိန်းမတစ်ဦးကို ထပ်မံထိမ်းမြား ပါက ၁ဝ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
အခန်း (၆)
အထွေထွေ
၁၈။ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျား သို့မဟုတ် မိန်းမတစ်ဦးဦး သည် အဆိုပါထိမ်းမြားမှု အတည်ဖြစ်နေစဉ် ယင်းထိမ်းမြားမှုကို ထိမ်ချန်၍ အခြားယောက်ျား သို့မဟုတ် မိန်းမတစ်ဦးကို ထပ်မံထိမ်းမြားပါက နစ်နာသူ သည် တရားမကြောင်းအရ တရားစွဲဆိုပိုင်ခွင့်ရှိသည်။
၁၉။ ဤဥပဒေ အာဏာမတည်မီက တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ တရားဝင် အတည်ဖြစ်သည့် ထိမ်းမြားခြင်းကို ဤဥပဒေက မထိခိုက်စေရ။
၂ဝ။ တရားမဝင်ထိမ်းမြားလက်ထပ်ခြင်း သို့မဟုတ် ထိမ်ချန်ထိမ်းမြားလက်ထပ် ခြင်းကြောင့် ရရှိလာသော သား၊ သမီးများသည် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆုံးရှုံးခြင်း မရှိစေရ။
၂၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမ များ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များကို ထိခိုက်ခြင်း မရှိစေရ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


.. https://www.facebook.com/MyanmarExpress
 

တရားလိုပြ သက်သေအဖြစ် ဒေါက်တာသန်းထွဋ်အောင်အား ဗဟန်းမြို့နယ် တရားရုံးက ဆင့်ခေါ် သော်လည်း ဦးသန်းထွဋ်အောင် သွားမည်မဟုတ်။ တစ်စုံတစ်ခု ဖွင့်ချမည်ကို စိုးရိမ်တာဖြစ်နိုင်ဟု တရားခံဘက်မှ ယူဆ



Weekly Eleven CEO ဦးသန်းထွဋ်အောင်၏ ကားအား ကုန်းသီးဖြင့် မတော်တဆ ပစ်ခတ် မှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသူ နှစ်ဦးအား တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ဦးသန်းထွဋ်အောင်အား
သက်သေအဖြစ် အစစ်ဆေးခံရန်အတွက် ဗဟန်းတရားရုံးက ဆင့်ခေါ်သော်လည်း သွားမည်မဟုတ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆင့်ခေါ်ခြင်းအပေါ် လက်ရှိစုံစမ်းစစ်ဆေးမှုများနှင့်
ပတ်သက်၍ တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှုများနှင့် ညီညွတ်ခြင်း
မရှိသေးပါသဖြင့် တရားရုံးသို့ သွားရောက်မည် မဟုတ်ကြောင်း Eleven
Media Group ၏ CEO ဦးသန်းထွဋ်အောင်က Eleven Facebook မှတဆင့် ပြောကြားခဲ့သည်။

ဦးသန်းထွဋ်အောင်အနေနဲ့ မိမိဘက်က မှန်တယ်ဆိုရင် ဘာမှကြောက်စရာမလိုဘဲ တရားရုံးကို သွားသင့်ကြောင်း စွပ်စွဲခံ ပုဂ္ဂိုလ်များဘက်မှ ရှေ့နေတစ်ဦးက ဆိုသည်။

"သူတို့ကပဲ တိုင်တာလေ.. အခု တရားရုံးက ခေါ်တော့ မလာဘူးတဲ့.. ပြီးရင် မစစ်သေးဘူးဆိုပြီးအော်တာလည်း သူတို့ပဲ.. ကြာတယ်အော်တာလည်း သူတို့ပဲ.. ဘာပဲဖြစ်ဖြစ် ကိုယ့်လိပ်ပြာကိုလုံရင် လာသင့်တာပေါ့" ဟု ဆိုသည်။

ဒါ့အပြင် ဦးသန်းထွဋ်အောင်အနေဖြင့် စွပ်စွဲခံရသူတွေနဲ့ မျက်နှာချင်းဆိုင်ရမည်ကို ကြောက်နေဟန်ရှိပြီး တစ်စုံတစ်ခု ဖွင့်ချမည်ကို စိုးရိမ်နေဟန်ရှိကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က ဦးသန်းထွဋ်အောင်၏ ကားအား လူငယ် လေးဦးမှ ကုန်းသီးဖြင့် မတော်တဆ ပစ်ခတ်မိခဲ့သော်လည်း ဦးသန်းထွဋ်အောင်မှာ ထိခိုက်ဒဏ်ရာ လုံးဝမရရှိခဲ့ပေ။

အခင်းဖြစ်ပြီး နောက်တစ်နေ့တွင် KTV မှ မကျေနပ်မှုကြောင့် ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။


.. https://www.facebook.com/MyanmarExpress
 

နာရေးကူညီမှုအသင်း ၀က်ဆိုဒ်အား မွတ်စလင်ဟက်ကာများ တိုက်ခိုက်


နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ၀က်ဆိုဒ်စာမျက်နှာကို Myanmar Muslim Cyber Force ဆိုသူများက သြဂုတ် ၃၁ ရက် က ၀င်ရောက်တိုက်ခိုက် (Hack) ထားသည်။

ရခိုင်ပြည်နယ်အတွင်း ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အစ္စလမ်ဘာသာဝင်များအပေါ် ခွဲခြားသည်ဟု စွပ်စွဲချက်ဖြင့် တိုက်ခိုက်ထားခြင်းဖြစ်သည်။

"STOP RACISM" ဟု အင်္ဂလိပ်စာဖြင့် ဖော်ပြထားပြီး၊ "ဦးကျော်သူရေ ခင်ဗျားကို အရင်ကတော့ လေးစားတယ် ဒါပေမယ့် ရခိုင်မှာတော့ ခင်ဗျားက ရေမြုပ်တာခြင်းအတူတူ အစ္စလမ်ဘာသာဝင်တွေကို ခွဲခြားခဲ့တယ် ဆိုတာ ၀န်ခံလိုက်စမ်းပါဗျာ ... နောက် သတိထားဗျာ နော်..
grin emoticon
" ဟု နာရေးကူညီမှုအသင်း(ရန်ကုန်) ၀က်ဆိုဒ် www.ffssyangon.org စာမျက်နှာတွင် Myanmar Muslim Cyber Force ဆိုသူများက မြန်မာစာဖြင့်ရေးသားထားသည်။


.. https://www.facebook.com/MyanmarExpress
 

တရုတ်နှင့် ကုလား မိဘများ၏ သား/သမီးများလည်း နိုင်ငံ့ခေါင်းဆောင် ဖြစ်သင့်ဟု NLD ပြော

From : ..rfa


တရုတ်၊ ကုလား နှင့် တခြားနိုင်ငံခြားသားမိဘများ၏ သား/သမီးများလည်းအား နိုင်ငံခေါင်းဆောင် လွှတ်တော်အမတ်များ ဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောလိုက် ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် ထုတ်ပြန်ထားတဲ့ မွေးဖွားစဉ် မိဘနှစ်ပါးက နိုင်ငံသားဖြစ်ရမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၁၀ (င) ပါ ပြဌာန်းချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။

"နိုင်ငံကိုဦးဆောင်မယ့် လွှတ်တော်အမတ် ဆိုပေမယ့် မိဘတွေ နိုင်ငံသားမဖြစ်လည်း ကိစ္စမရှိပါဘူး။ မိဘတစ်ပါးပါးကြောင့် ဒီလိုချို့ယွင်းတာကို မူတည်ပြီးတော့ ပယ်လိုက်တာဟာ သူ့ရဲ့နိုင်ငံသားအခွင့်အရေး ထိခိုက်တယ်လို့ ယူဆတယ်" လို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ နိုင်ငံသားတိုင်းဟာ ညီမျှတဲ့အခွင့်အရေးရှိရမယ်လို့ ပါရှိတဲ့ အတွက် နိုင်ငံသားခံယူထားသူ တရုတ်နှင့် ကုလားမိဘများရဲ့ သားသမီးများလည်း ကျန်မြန်မာများနဲ့ တန်းတူအခွင့်အရေး ရသင့်ကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

.. https://www.facebook.com/MyanmarExpress