Subscribe to our RSS Feed

မင်္ဂလာတောင်ညွန့် NLD ပါတီတွင်းရန်ပွဲ ၉ ဦး ဆေးရုံတင်ထားရ



သြဂုတ်လ ၂၉ ရက် စနေနေ့က မင်္ဂလာတောင်ညွန့်မြိုနယ်ရှိ NLD ပါတီဝင်အချင်းချင်း အကြီးအကျယ် ရန်ဖြစ်ခဲ့ခြင်းကြောင့် ပါတီဝင်အချို့ ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် NLD အမတ် ဒေါ်ဖြူဖြူသင်းအား ထောက်ခံသည့် ရက်ကွက် ၆ ခုမှ ပါတီဝင်များနှင့် မထောက်ခံသည့် ရက်ကွက် ၁၄ ခုမှ ပါတီဝင်အချင်းချင်း စကားများရန်ဖြစ်ရာမှ အုပ်စုဖွဲ့ ရိုက်နှက်ကြခြင်းဖြစ်ပြီး ၉ ဦးဆေးရုံတင်ထားရကာ ၂ ဦးမှာ ဦးခေါင်းထိထားပြီး စိုးရိမ်ဖွယ်ရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရက်ကွက်ပေါင်း ၂၀ ရှိသော်လည်း ရက်ကွက် ၄ ခုက တစ်ဖက် ၁၄ ခုက တစ်ဖက် NLD ပါတီဝင်အချင်းချင်း ပြဿနာဖြစ်လေ့ရှိကြောင်း ဒေသခံတစ်ဦးမှ ဆိုသည်။

အခင်းဖြစ်ပွားမှုတွင် ပါဝင်ခဲ့သူများအား မင်္ဂလာတောင်ညွန့်ရဲစခန်းတွင် (ပ)၇၄၆ /၂၀၁၅ နှင့် အမှုဖွင့်ထားပြီး မင်္ဂလာတောင်ညွန့်ရဲစခန်း မှူး ဒု ရဲမှူး ဦးသန်းဦး၊ ဖုန်း 095281566 နှင့် စခန်းဖုန်း -01291034 အား ဖုန်ဆက်မေးမြန်းနိုင်ကြောင်း မင်္ဂလာတောင်ညွန့် NLD မှ တာဝန်ရှိသူ တစ်ဦးမှ ဆိုသည်။

“စကားများရင်း ရိုက်ကြတာပါ.. အတိအကျသိချင်ရင်တော့ ရဲစခန်းကိုပဲဖုန်းဆက်ကြပါ.. ပြောခွင့်မရှိလို့ပါ” ဟု မြို့နယ် NLD EC တစ်ဦးမှဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းနှင့် NLD ဗဟိုအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိခဲ့ချေ။

ဒေါ်ဖြူဖြူသင်းအနေဖြင့် လက်ရှိ ပါတီအား ဦးဆောင်နိုင်စွမ်းမရှိခြင်းကြောင့် မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ NLD ပါတီဝင် ၈၀ရာနှုန်းကျော်က မကျေနပ်သော်လည်း ဒေါ်ဖြူဖြူသင်းမှာ တိုင်း NLD နှင့် NLD ဗဟို နှင့် နီးစပ်ခြင်းကြောင့် ဒုတိယအကြိမ် ပြန်လည်ရွေးချယ်ခံခဲ့ရသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီဝင်များမှ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ၉၃လမ်းရှိ NLD ပါတီဝင်တစ်ဦး၏နေအိမ်၌ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ကာ ဒေါ်ဖြူဖြူသင်းသည် မင်္ဂလာတောင်ညွှန်မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သက်တမ်းကာလ အတွင်း မြို့နယ်၏ လိုအပ်ချက်များ၊ တင်ပြမှုများကို ဖိအားပေးလုပ်ဆောင်မှုမရှိကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်လျှင်လည်း ရပ်ကွက် ပေါင်း၂၀ရှိသည့်အနက် ရပ်ကွက်ပေါင်း ၆ ရပ်ကွက်သာ အဓိကထားလုပ်ဆောင်ပေးသည့်အတွက် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ပြည်သူများ၊ NLD ရပ်ကျေး၊ အလုပ်အမှုဆောင်နှင့် မြို့နယ်အောင်နိုင်ရေးများမှ ၄င်းအားကန့်ကွက်ကြောင်း၊ မြို့နယ်ECတွဲဘက်အတွင်းရေးမှူး မြို့နယ်အောင်နိုင်ရေးဘဏ္ဍာရေးမှူး ဦးဌေးမြင့်မှ ပြောဆိုထားသည်။

‪#‎MyanmarHeadlineNews‬


.. https://www.facebook.com/MyanmarExpress
 

2 comments:


မင်္ဂလာတောင်ညွန့်မြို့နယ် NLDရုံး အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်အကျဉ်း

မင်္ဂလာတောင်ညွန့်မှမြို့နယ်အောင်နိုင်ရေးဥက္ကဌ ဦးသာအောင်(ဖုံးနံပါတ်-
၀၉၄၂၀၇၂၁၈၁၇) နှင့် မြို့နယ်အမှု့ဆောင်(မဲစာရင်းစီစစ်ရေးမှုး)
ကိုထင်အောင်လင်း(ဖုံးနံပါတ်-၀၉၅၁၆၀၈၂၄) တို့ကို မင်္ဂလာတောင်ညွန့် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်း၏ ယာဉ်မောင်း ကိုခေါ်ကြီးမှ ၃၀.၈.၂၀၁၅ နေ့၊ ကျီတော်ရပ်ကွက် အောင်နိုင်ရေးရုံးခန်းဖွင့်ပွဲအပြီး လှေကားအဆင်း၌ ချွန်ထက်သောလက်နက်ဖြင့် ဝင်ရောက်တိုက်ခိုက်မှု့ကြောင့် ယင်းတို့နှစ်ဦးတွင်ထိုးသွင်းဒဏ်ရာရှိခဲ့ပါသည်။

ယင်းတိုက်ခိုက်မှု့ကြောင့် ဥက္ကဌ၏ ဝဲဘက်နားအောက်နှင့်လည်ပင်းတွင်ထိုးသွင်းဒဏ်ရာ၃ချက်(စိုးရိမ်ရ)၊ အလုပ်အမှု့ဆောင်၏ ဝဲဘက်နံရိုးအောက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ကုသမှု့ခံယူခဲ့ရပါသည်။

ယင်းဖြစ်စဉ်ကို မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်းတွင် ၃၀.၈.၁၅ ရက် ၁၉း၃၀ နာရီ၊ ပ ၇၄၅/၂၀၁၅ ၊ ပုပ်မ ၃၂၆ အမှု့ဖွင့်ခဲ့ပြီး ရဲစခန်းက အမှု့ကို စစ်ဆေးဆောင်ရွက်လျှက်ရှိပါသည်။

စုံစမ်းမေးမြန်းနိုင်ပါသည်

ရာဇာကြီး
(ဖုံးနံပါတ်-၀၉၇၉၈၁၀၈၅၂၉)
ကျီတော်ရပ်ကွက် အောင်နိုင်ရေး

Phyu Tote


တစ်ခါတစ်လေ စဉ်းစားကြည့်တယ်........ လာမယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုကို အကျိုးပြုမယ့် အမတ်ရွေးမှာလား၊ နွားချော နွားလှ ရွေးပွဲလားဆိုတာ......

ဘယ်လောက် ဘယ်လို အကျိုးပြုတယ်ကို ပါတာနည်းတယ်...... ဘယ်လောက်တတ်တယ်၊ ဘယ်လိုချောတယ်ပဲ...... ပညာတတ်ပီး မိုက်ကန်းခဲ့လို့ ပိုပေါ့ကြောင့် ခမာတွေ ဒုက္ခရောက်ခဲ့ရတာ သမိုင်းက သက်သေ......

ဒါကိုပဲ ငါ့အမတ်က ဘယ်လောက်လှတယ်၊ ဘယ်လိုဥပဓိရုပ်ကောင်းတယ်နဲ့...... ဖတ်ရတာ စိတ်မချမ်းသာလှ...... ဒီကြားထဲ Lesbian အမတ်တွေလည်း မြင်နေရတော့ အတော် စိတ်မသက်မသာ.......

သူ့ဟာသူ Lesbian ဖြစ်တာမပြောလိုပေမယ့် Lesbian ကနေ ကလေးရထားတဲ့ အမတ်လောင်းသတင်းတွေ ကြားရတာတော့ အတော်အဆင်မပြေလှ........

ဒါတွေက ပြောင်းလဲဖို့ လုပ်မယ်ဆိုတော့........ အင်းပေါ့လေ..... လောလောဆယ်တောင် ရွေးကောက်ပွဲ မဲဆွယ်နေတာ နွားချော၊ နွားလှ ရွေးသလို လုပ်နေတာမယ် Lesbian တွေပါ တစ်တပ်တစ်အားဆိုတော့ အားရှိလှသဗျာ........ စောင့်ကြည့်ရတာပ.........

Lesbian = လိင်တူဆက်ဆံသော မိန်းမ။ (အဘိဓါန်မှ တိုက်ရိုက် ကူးယူပါသည်)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်