Subscribe to our RSS Feed

"ရှက်တတ်ဖို့အချိန်တန်ပြီ - ၂"



ရေဘေးသင့်ပြည်သူတွေ
အသက်လုပြေးတုန်း
ခွေး၊ ကျွဲ၊ နွား တိရိစ္ဆာန်လေးတွေ နွံနစ်ကျန်ခဲ့ရသည်

လူလည်းအသက်တစ်ချောင်း၊ ခွေးလည်းအသက်တစ်ချောင်း
ကယ်ကောင်းတာမို့

ရန်ကုန်မြေက ရောက်လာတဲ့ ဖြူဖြူနုနု
အနုပညာရှင်ဝေဋ္ဌုကျော် တစ်ယောက်
အဝတ်အစားအကုန်ချွတ်ကာ ရွံ့ဗွက်ထဲ
ပြေးဆင်းကာ သက်ရှိအားလုံးကို အသက်ကယ်နေသည်

သေနေ့ကို စောင့်ရင်း ခြေကုန်လက်ပန်းကျနေသည့် ဗွက်နစ်နေသော ခွေးကလေးလည်း အသက်ရှင်ခွင့်ရသွားသည်
တစ်ကိုယ်လုံး ရွံ့ညွန်များပေကျံကာ ဝေဠုကျော်ပုံစံပြောင်းသွားသည်

"ပြောင်းလဲဖို့ အချိန်တန်ပြီ"
အော်နေတဲ့ အနုပညာရှင်များ
ဘယ်ရောက်နေလဲ??

မိုက်တီး၊ ဝိုင်း၊ လင်းလင်း၊ မိုးယံဇွန်၊ လူမင်း၊ စည်သူလွင်၊ ဆောင်းဦးလှိုင်၊ စောဖိုးခွား၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ကြည်ဖြူရှင်၊ ဖြူဖြူကျော်သိန်း၊ သဉ္ဖာဝင့်ကျော်၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ၊ ခိုင်သင်းကြည်

တို့ ရိုက်ကွင်းမှာပဲ အချိန်ဖြုန်းနေကြမှာလား

"ရှက်တတ်ဖို့အချိန်တန်ပြီ"


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်