Subscribe to our RSS Feed

နိုင်ငံခြားရောက်ရွှေများနှင့် LIVING TOGETHER ကိစ္စ

အခြေအနေအကြောင်းအမျိုးမျိုးကြော င့် ပြည်ပထွက်ပြီး ကျောင်းတက်ကြ အလုပ်လုပ်ကြရတာ ယနေ့ ခေတ်မှာအားလုံးသိရှိကြပြီးဖြစ် မှာပါ။ တချို့ က မိဘက ကိုယ့်သားသမီးနောင်ရေးအတွက်တွေးပြီး ကြည်ကြည်ဖြူဖြူ လွှတ်ကြတာရှိသလို တချိုက မိမိရဲ့ဘ၀တိုးတက်ရာ တိုးတက်ကြောင့် စိတ်ကူးတွေနဲ့  မိဘကိုနားပူနားဆာလုပ်ပြီး ထွက်လာကြတာ တွေရှိပါတယ်။ မိဘတွေထဲမှာ လဲအမျိုးမျိုးရှိပါတယ်။ တချို့ ပြေပြေလည်လည်ရှိကြတော့ သားသမီးကျောင်းတက်ဖို့  သက်တောင့်သက်သာ ပါပဲ။ ကျောင်းတက်ပြီး အလုပ်ဆက်လုပ်ပြီး ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်း ရှာပါစေ ရည်ရွယ်ချက်နဲ့ ပေါ့။ ဒီကိစ္စကလဲ အရင် အနေအထားနဲ့ ဆိုမှန်ပါတယ်။ ခုလို တကမ္ဘာလုံးစီးပွါးရေးချွတ်ခြုံကျနေချိန်မှာတော့ အလုပ်မရလို့ ပြန်သွားရတဲ့ သူတွေ ဒုနဲ့ ဒေးပါ။


တချို့ ကျောင်းလာတက်တဲ့ သူတွေကျတော့လဲ ကျောင်းကို မပူမပင်တက်နိုင်ပါတယ်။ အလုပ်မရလဲကိစ္စမရှိ အချိန်တန် မိဘဆီပိုက်ဆံ ပြန်မှာပြီး မပူမပင်နေနိုင်ကြပါတယ်။ ဒါပေမဲ့ လဲ ဒီလိုကျောင်းသား ကျောင်းသူမျိုးက လက်ချိုးရေလို့ ရပါတယ်။ အများစုကတော့ မိဘတွေက ကြံဖန်ပြီးသားသမီး ရှေ့ ရေးကို တွေးပြီး ရှိတာလေးတွေထုထခွဲရောင်းချပြီး စင်္ကာပူကို လွှတ်လိုက်တာပါပဲ။ မိဘမေတ္တာပေါ့။

တချို့ကတော့ ဒုက္ခသည်စခန်းတွေကနေ လွယ်လွယ်ကူကူနဲ့ပဲ ဘာမှ အရည်အချင်းမလိုပဲ ရောက်လာခဲ့ကြပါတယ်။ တောထဲမှာတုန်းကတော့ ဒုက္ခသည်ပါ၊ ဒုက္ခအမျိုးမျိုးကို ခံစားခဲ့ရပါတယ် အော်နေပေမယ့် တတိယနိုင်ငံတွေကိုရောက်တော့ ဘဝကို မေ့ကုန်ကြပါတော့တယ်။ ဖိနိပ်ခံရလို့ လုပ်ချင်တာ မလုပ်ရဘူး ပြောခဲ့ပြီးမှ ဖိနိပ်မှုက လွတ်မြောက်ချိန်မှာတော့ မလုပ်သင့်တာတွေပဲ လုပ်ကြပါတယ်။ ဒီတော့ အရင်တုန်းက လုပ်ခွင့်မရတာတွေက မလုပ်သင့်တာတွေပါလားဆိုတာ ပိုပြီးသိလာနိုင်ပါတယ်။ နောက်ဆုံးကျတော့ ကိုယ်ပိုင် ရည်မှန်းချက်လည်း ပျောက်ကာ နိုင်ငံရေးရည်မှန်းချက်လည်း လုံးပါးပါးရပါတော့တယ်။



ွှရည်မှန်းချက်တွေနဲ့  ထွက်လာကြတဲ့ သူတွေမှာ အလုပ်မရပဲပြန်ရတော့ နောက်မှာ ရှိတဲ့ သူတွေလဲ ဘ၀ပျက်သွားကြတာတွေရှိပါတယ်။ အရင်းအနှီးက ကြီးပါတယ်။ အောင်မြင်ရင်တော့ ဘာမှပြောစရာမလိုပါဘူး။ မအောင်မြင်တော့ ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်း သိတော့တယ်ဆိုသလိုဖြစ်တော့တာပါပဲ။ တချို့ လဲ ကိုယ်တက်ထားတဲ့ ပညာနဲ့ စင်္ကာပူမှာ အလုပ်လာလုပ်ကြတာပါပဲ။ ဇနီး၊မယား သမီး သားတွေ ကိုခွဲပြီးတော့ တနယ်တကြေးမှစီးပွါးလာရှာကြရတာပါပဲ။

ဘယ်လိုအကြောင်းကြောင့်ပဲရောက်ရောက် စင်္ကာပူရောက်ပြီးဆိုပါတော့။ ရောက်ကြတာကလဲ အများစုက လူငယ်တွေပါ။ ဒီတော့ ချစ်သူတွေ ဖြစ်ကြ ချစ်ကြ ကြိုက်ကြ တာ မဆန်းပါဘူး။ ဒါပေမဲ့  ကိုယ့်လာရင်း ရည်ရွယ်ချက်ပါ ပျောက်ပြီး လက်မထပ်ပဲ အတူနေကြတဲ့ ကိစ္စကတော့  မြန်မာလူမျိုးအတွက်ရော ဘာသာရေး(ဗုဒ္ဓဘာသာအရပါ)တိုင်းတစ်ပါးသားလူမျိုးတွေရဲ့အမြင်မှာရောတယ်မကောင်းလှပါဘူး။

အချို့ ကပြောကြပါတယ် တချိန်လက်ထပ်မှာပဲတဲ့။ လောကကြီးမှာဖြစ်ချင်တာတွေ မဖြစ်ရတာတွေရှိတာသိကြမှာပါ။ ဘယ်လောက်သေချာပါတယ်ဆိုတဲ့ ကိစ္စတွေရှိလိုလဲ။ အနာဂတ်ကို ဘယ်သူကများ ကြိုတင်မြင်နိုင်ကြလို့ လဲ။နောက်ပြီး အနောက်နိုင်ငံတွေမှာက ဒီလို နေကြတာဟာ ပြဿနာတက်လာရင် အစိုးရက ခေါင်းခံပြီး ဖြေရှင်းပေးတယ်။ ခု ကိုယ်နေတာက သူတပါးတိုင်းပြည်မှာ ပြီးတော့ ဖြစ်လာရင် သံရုံးကလဲ အခွန်ကောက်ဖို့ ကလွဲလို့  ဘာမှ ကူညီမှာ မဟုတ်ပါဘူး။

ကိုယ်ဒီလိုနေတာကို မိဘက သိရင်လဲဘယ်လိုမှခွင့်ပြုမှာမဟုတ်ပါဘူး။ သိသိနဲ့ ခွင့်ပြူတယ်ဆိုရင်တောင် ဘာသာရေးမှာဘာမှဗဟုသုတ မရှိလိုပါပဲ။ တကယ်ဘာာရေးလိုက်စားတဲ့ မိဘဆိုရင်လဲ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပါဘူး။ ကိုယ့်သားသမီး သံသရာမှာ နစ်မွန်းမဲ့ ကိစ္စမျိုး ဘယ်မိဘကမှ လိုလားမှာမဟုတ်ပါဘူး။

ဒါကြောင့် ရှေးအစဉ်အဆက်ကထဲက သမီးရှင်မိန်းခလေးတွေက ကိုယ့်သားသမီးကို တစိမ်းယောင်္ကျားလေးနဲ့  ရောရောနှောနှော မနေဖို့  သမီးရည်စားဖြစ်နေကြရင်တောင် လက်မထပ်ခင် မိမိရဲ့ အပျိုရည် မပျက်အောင် ထိမ်းသိမ်းခိုင်းခဲ့ကြတာပါ။

ယောင်္ကျားလေးရှင် မိဘတွေ ဆိုရင်လဲ လက်မထပ်ခင် နှမသားချင်းကိုယ်ချင်းစာပြီး လွန်လွန်ကျူးကျူး မဖြစ်မိအောင်ဆိုဆုံးမခဲ့ကြတာပါပဲ။ ဒီကိစ္စကိုကိုယ်က မရှောင် နိုင်ရင်လဲ မြန်မြန်သာ လက်ထပ်ပြီး မိဘကိုအကြောင်းကြားပြီးနေကြပါလို့ အကြံပြုချင်ပါတယ်။ ခုခေတ်မှာအားလုံး အတူနေနေကြတာပဲ သဘောတူရင်ပြီးတာပဲလို့  တချို့ ကလွယ်လွယ်ပေါ့ပေါ့ ပြောတာကြားဖူးကြပါမှာ။

ကိုယ်နဲ့ အတူနေတဲ့သူနဲ့ လက်ထပ်ဖြစ်ကြရင် သိပ်ပြီး ကိစ္စမရှိပေမဲ့ လက်မထပ်ဖြစ်ခဲ့ရင် အကျိုးဆက်တွေအနေနဲ့  ယောင်္ကျားလေးက သိပ်မသိသာပေမဲ့ မြန်မာယဉ်ကျေးမှုဝန်းကျင်မှာ မိန်းခလေးက နှာခေါင်းရှုံခံရမှာ သေချာတယ်။

မြန်မာ့ယဉ်ကျေးမှုမှာ ရည်စားများများတဲ့ မိန်းခလေးကိုတောင် နှာခေါင်းရှုံကြပါတယ်။ ခုလိုလက်မထပ်ပဲအတူနေတဲ့ မိန်းခလေးဟာ လင်ကောင်းသားကောင်း ရနိုင်ဖို့ လွယ်ပါတော့မလား၊ ယောင်္ကျားလေးတွေရဲ့ သဘောက ကိုယ်ကသာပွေချင် ပွေ ရှုပ်ချင်ရှုပ်မှာ ကိုယ်အိမ်ထောင်ဖက်မိန်းခလေးကို ခြောက်ပစ်ကင်း သဲလဲစင်စေချင်တာပါပဲ။ ခွင့်လွှတ်နိုင်ပါတယ်ဆိုပြီး လက်ထပ်ဦးတော့ လင်မယား အခန့် မသင့်ရင် နိုင်ကွက်ကိုင်ပြီး အနိုင်ယူခံရမှာ သေချာပါတယ်။ ဒီတော့ သြော် ငါတချိန်က ဒီလိုနေခဲ့မိတာ မှားလေစွ ဆိုပြီး နောင်တရကြမှာပါ။ ဒီတော့ ဒီကိစ္စကို လက်မထပ်ခင်ထိမ်းကြပါ။ လက်ထပ်ပြီးရင် ငြီးငွေ့ လာမှာ မပူပါနဲ့ ။ တဒင်္ဂ ပျော်ရွှင်မှုကို သံသရာမှာ နစ်မွန်းမဲ့ ကိစ္စနဲ့  အလဲအလှည် မလုပ်ကြပါနဲ့ ။ ကိုယ်ကဒီလို နေလိုက်တော့ အခြားကောင်းကောင်းမွန်မွန်နေတဲ့  စင်္ကာပူပြန်မိန်းခလေးတွေကိုလဲ မြန်မာပြည်ဝန်းကျင်က ဒီကောင်မလေးလဲ ဒီလိုပဲ ဟိုမှာ နေချင်သလိုနေလာမှာပဲလို့ ထင်ကြမှာ မလွဲပါဘူး။ ဒီတော့ဒီကိစ္စကို ၀ိုင်းဝန်းပြီး အသိပေးကြ ဆင်ခြင်စဉ်းစား ခိုင်းစေချင်ကြပါတယ်။

ဒါက အပျိုလူပျိုတွေအတွက်ပါ အိမ်ထောင်တန်းလန်းနဲ့  နေကြတဲ့ သူတွေကတော့ပိုပြီးဆင်ခြင်ရမှာပါ။ ကိုယ့်ဘာသာ ကျေနပ်လို့  ဘယ်လိုပဲ နေနေ ဘာသာရေးအရ ကာမေသု မိစ္ဆာစာရ ကံ နဲ့ ငြိစွန်းလို့ ပြောနေရတာပါ။ ဒီကံကို လွန်ကျူးမိရင် နောင်ဘ၀မှာ အချောက် ဖြစ်ရင်ဖြစ် မဖြစ်ရင် မိန်းမဘ၀ပဲ ဖြစ်တော့မှာပါ။ မြင့်မြတ်တဲ့ ယောင်္ကျားဘ၀ ကိုမရနိုင်တော့ပါဘူး။ မိန်းမဘ၀ပီပီပြင်ပြင်ဖြစ်ရင်လဲ တော်သေးပေါ့။

အခြောက်ကြီး ဖြစ်နေရင်စဉ်းသာ စားကြည့်ပေတော့။ ယောင်္ကျားလေးတွေ မသွားလာမလွန်ကျူးအပ်တဲ့ မိန်းခလေး အယောက် ၂၀ ရှိပါတယ်။ မာတုရက္ခိတ=အမေအုပ်ထိမ်းမှုအောက်မှာ ရှိနေသေးတဲ့ မိန်းမ၊ ပိတုရက္ခိတ= အဖေအုပ်ထိမ်းမှုအောက်မှာ ရှိနေသေးတဲ့ မိန်းမ ...စသည်ဖြင့်ပေါ့။

ဒီမိန်းမတွေမှာ ကာယကံရှင် မိန်းမလေးက သဘောတူတူမတူတူ ယောင်္ကျားလေးက သွားလာရင် ကာမေသုမိစ္ဆာစာရပါ။ စင်္ကာပူရောက်နေတဲ့ မိန်းခလေးအများစုဟာ အားလုံး မိဘတွေ အုပ်ထိမ်းမှုအောက်မှာ ရှိနေတယ်။ ဒါကြောင့်လဲ ကိုယ့်သမီးကို တဖွဖွ မှာနေ ဖုန်းဆက်နေကြတာပေါ့။ ဒီတော့ လက်မထပ်ပဲ အတူနေနေကြတဲ့ သူတွေ ဒီကိစ္စကို ကျမ်းဂန်တက်ဆရာတော်ကြီးတွေဆီမှာ လျောက်ထား မေးမြန်ကြပါ။ လောကအပြစ်က ခွင့်လွှတ်ပေမဲ့ ဓမ္မအပြစ်က ခွင့်မလွှတ်ပါဘူး။

မိဘတွေအနေနဲ့ လဲ ကိုယ်သားသမီးက ပူဆာတိုင်း မလွှတ်ကြပါနဲ့ ။ ဗုဒ္ဓဘာသာကိုလက်ခံယုံကြည်တယ်ဆိုရင်ပေါ့။ ဒီစာကို ဘယ်သူ့ ကိုမှ ပုတ်ခတ်လို အပြစ်ပြောလိုတဲ့ သဘောမျိုးနဲ့ ရေးတာမဟုတ်ပါဘူး။ ကာမဂုဏ် သာယာမှုအတွက်နဲ့  သံသရာမှာနစ်မွန်းကြမှာ စိုးလို့ ပါ။ အခု အတူုနေကြတဲ့ ချစ်သူတွေဟာ ဒီလိုအပြစ်ရှိတယ်ဆိုတာ တယောက်မှသိမှာမဟုတ်ပါဘူး။ သိတဲ့  သူဆိုရင် ဘယ်တော့မှ ဒီလိုနေဖို့ စိတ်ကူးမိမှာ မဟုတ်ပါဘူး။ ဘာလို့ လဲဆိုတော့ ဒီကိစ္စဟာ တချိန် ကြုံမှာပဲ။ ခဏတာ စောင့်ထိမ်းရတာပါ။ ကိုယ့်ချစ်သူကို တကယ်ချစ်ရင်လဲ ချစ်သူသံသရာမှာ နစ်မွန်းစေမဲ့ကိစ္စကို ခွင့်မပြုသင့်ပါဘူး။စင်္ကာပူမှာနေတဲ့ သူငယ်ချင်းတယောက် အပြောအရ ဒီလိုနေကြတာ ၄၀ ရာနှုန်းလောက်ရှိတယ်တဲ့။ ရင်လေးစရာပါ။နော်တချက်က စင်္ကာပူမှာ လာပြီးနေ ကြသူတွေဟာ ပညာတက်အဆင့်အတန်းမြင့်ကြသူတွေပါ။ အချို့ဆိုရင် နိုင်ငံနဲ့လူမျိုးကို အလွန်ချစ်ကြောင်းနဲ့ နိုင်ငံတော် လူမျိုးအတွက် အလွန်လုပ်ပေးလိုကြောင်း အမြဲပြောကာ လက်ရှိအစိုးရကို အားမလိုအားမရနဲ့ ဝေဖန်နေကြသူတွေ များပါတယ်။ အင်တာနက်ပေါ်၊ အီးမေးတွေနဲ့ facebook နဲ့ ဘလော့တွေပေါ်မှာ စင်္ကာပူက လူတွေ ရေးလိုက်ရင် ကြီးကြီးကျယ်ကျယ်တွေများပါတယ်။ ဒါပေမယ့်လည်း လူ ၁၀၀ မှာ ၄၀ လောက်က LIVING TOGETHER နေနေကြတယ် ဆိုတာတော့ စိတ်ပျက်စရာပါ။ လူ ၁၀၀ မှာ အိမ်ထောင်သည်တွေနဲ့ သက်ကြီးရွယ်အိုတွေ နှုတ်ရင် လူ ၆၀ လောက်ကျန်ပါလိမ့်မယ်။ လူ ၆၀ မှာ ၄၀ က LIVING TOGETHER နေတယ် ဆိုတာ အလွန်စိုးရိမ်စရာကောင်းပါတယ်။ ဒီလိုသူတွေက ဒီလိုဖြစ်နေကြရင် အနာဂတ် မြန်မာ့ယဉ်ကျေးမှုအတွက်ရော တိုင်းပြည်အတွက်ရော ရင်လေးစရာပါ။ အမေရိကားရောက်မြန်မာတွေ၊ ဂျပန်၊ ဆွတ်ဇာလန်၊ အင်္ဂလန်နဲ့ တခြား နိုင်ငံရောက် မြန်မာတွေ အားလုံးကလည်း LIVING TOGETHER နေကြပါတယ်။ အနည်းနဲ့ အများပဲကွာတာပါ။ ရုရှား ရောက် မြန်မာ တွေလောက်ပဲ ဒီကစ္စနဲ့ ကင်းနိုင်ကြတာပါ။ ဒါတောင် မနေနိင်မထိုင်နိုင် ရုရှားထိလိုက်သွားတဲ့ တခြားနိုင်ငံရောက် မြန်မာမတွေ ရုရှားထိလိုက်သွားချိန်မှာ LIVING TOGETHER နေတာတွေ တွေ့နေရပါသေးတယ်။ ရာခိုင်နှုံးနဲ့ ကြည့်ရင်တော့ ၀.၂ ရာခိုင်နှုံးလောက်ရှိပါတယ်။

LIVING TOGETHER နေတဲ့ ကိစ္စဆိုတာ မြန်မာ့ဓလေ့ထုံးစံနဲ့ လုံးဝဆန့်ကျင်နေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားရောက်နေတဲ့ လက်တစ်ဆုပ်စာ မြန်မာတွေမှာပဲဖြစ်နေကြတာပါ။ အခုနောက်ပိုင်းဆိုရင် တစ်ချို့က ပေါ်ပေါ်ထင်ထင် ကြီးတွေနဲ့ အရှက်ကင်းမဲ့စွာ လုပ်ပြနေကြပါတယ်။ မြန်မာနိုင်ငံက မိဘဘိုးဘွားတွေများ သိရင် ရင်ကျိုးပြီး သေကြပါလိမ့်မယ်။ မြန်မာလူကြီးတွေ လက်မခံပဲ၊ မြန်မာ့ဓလေ့ထုံးစံကို ဆန့်ကျင်တဲ့အပြင် လူငယ်တွေအတွက်ပါ အကျိုးမရှိတဲ့ LIVING TOGETHER ကိစ္စကို အားလုံး ရှုံ့ချ ဆန့်ကျင်ကြပါစို့။

ဒေါက်တာမီးဒုတ်

31 comments:

funny writing style. there is no living together culture in burmese society in russia, but some burmese girl from another country come to russia for sexual pleasure with burmese guys. good

Living Together ဆိုတာ အဆန်းမဟုတ် မင်းတို.မမမွေးခင်ကထဲက မြန်မာပြည်မှာလဲ ရှိခဲ့တာပါ မယုံရင် အောင်ဆန်းဦး မိန်းမ လဲ့လဲ့နွယ်သိန်း (ခေါ်) သိန်းလဲ့နွယ်ကို သွားမေးကြည့် လိုက်။
၁၉၇၂ လောက်ထဲက လဲ့လဲ့တို.က ဂျာမန်အမျိုးသားနဲ့ ပါတီတက်ရင်းတွေ.ကြ အတူတူနေလာတာ ကြတာ သုံးလေးနှစ် ။ အဲဒီအချိန်က အောင်ဆန်းဦး က ယူကေမှာ မူးလို. ကောင်းတုန်းပေါ့။
ဟားဟား မြန်မာတွေ အခြားနေရာသာ မတိုးတက်ရင်ရှိမယ် အဲဒီဘက်မှာတော့ ကမ်ဘာ့အဆင့်မှီတယ် ကွ..။

အောင်ဆန်းစုကြည်ဆိုလည်း အတူတူပဲ မိုက်ကယ်အဲရစ်နဲ့ မယူခင် ၅ နှစ်လောက်ကတည်းက အတူတူနေလာကြတာ
နောက်မှ ဗိုက်ပူလာလို့ ကမန်းကတမ်းယူလိုက်ရတာ

မိုက်ကယ်ကြီးရှောတော့ ယက်ထောကြီးနဲ့ တောင် နှပ်လိုက်သေး..။ ဟေးဟေးဟေး

သူများသားသမီးတွေ ကောင်းစားနေတာ မင်းတို့ မနာလို မဖြစ်ကြပါနဲ့ ရဲဘော်တို့ရာ.....လစ်ဗင်းတူဂဲသားစနစ် ဘာ့ကြောင့် ခေတ်စားနေသလဲဆိုတာ အားလုံးအသိပါ..ကောင်းမကောင်း ကာယကံရှင်တွေကပဲ ဆုံးဖြတ်တာပါ

ကျနော့်အမြင်ပါဗျာ၊ Living together ဆိုတာ မြန်မာတွေရဲ့
ဓလေ့မဟုတ်ပါဘူး၊ ကျနော်တို့မြန်မာမှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့ ဓလေ့ထုံးတမ်း
ဥပဒေဆိုတာရှိတာကို လူတိုင်းသိပါတယ်၊ ဥပဒေအရခွင့်ပြုပေမဲ့ ဓလေ့ထုံးတမ်းအရ
ခွင့်မပြုတဲ့ကိစ္စတွေအများကြီးရှ
ိပါတယ်၊ မြန်မာယောင်္ကျား တစ်ယောက်ဟာ
မိန်းမဘယ်နှစ်ယောက်ယူယူ ဥပဒေအရ ခွင့်ပြုထားပေမဲ့ ဓလေ့ထုံးတမ်းအရ
တစ်လင်တစ်မယားဘဲ ကျင့်သုံးရတဲ့စနစ်ပါ၊ဥပဒေအရ အသိသက်သေတွေနဲ့
လက်မှတ်ထိုးမှ တရားဝင်ဖြစ်တယ်ဆိုပေမဲ့ အရှေ့ ၇ အိမ်၊ အနောက် ၇အိမ်သိတာနဲ့
ပုဆိုးတန်းတင်အကြင်လင်မယားဖြစ်အသိမှတ်ပြုပေးကြတာလဲ ဒီနေ့အချိန်ထိပါဘဲ၊
နိုင်ငံခြားမှာ လုပ်နေပြီ၊ ငါတို့မလုပ်ရင် ခောတ်နောက်ကျမယ် ဆိုတဲ့
အတွေးမတွေးပါနဲ့၊ ဘာမှမဆိုင်ပါဘူး၊ ကျနော်တို့ Culture နဲ့မကိုက်ညီလို့ ၊
ထုံးစံမဟုတ်လို့ မလုပ်တဲ မကျင့်သုံးတဲ့ ကိစ္စတွေအများကြီးပါ၊ ဥပမာ
အဖေရဲ့နံမည်ကို သားသမီးတွေမှာ ပါစရာမလိုတာ၊ ယောင်္ကျားရဲ့နံမည်ကို မိန်းမ
ယူစရာမလိုတာ အသက် ၁၈ နှစ်ကျော်ပေမဲ့ မိဘနဲ့အတူနေတာ၊ လူငယ်တွေကို ရပ်ကွက်က
ဝိုင်းစောင့်ရှေုာက်ပေးတာတွေဟာ ကျနော်တို့ မြန်မာတွေရဲ့ ထုံးစံပါ၊
ဒါတွေကိုခောတ်နောက်ကျသွားပြီဆိုပြီး ပြင်ကြမလား၊ ဘယ်သူတွေပြင်မယ်ဆိုပြီး
စဉ်းစားဘူးလဲ၊ နိုင်ငံခြားမှာ Living together နေကြတယ်ဆိုတာ
သူ့အကြောင်းတွေနဲ့သူရှိပါတယ်၊ တစ်ယောက်နဲ့တစ်ယောက် တရားဝင်မဖြစ်ခင်
နေကြည့်ကြမယ်တို့ ၊ ဥပဒေကြောင်းအရတို့ စုံနေတာဘဲဆိုတာ အားလုံးသိကြပါတယ်၊
ကျနော်အာဖရိကမှာနေဘူးပါတယ်၊ မိန်းမတစ်ယောက်ဟာ တရားဝင်
ယောင်္ကျားမရှိသေးပေမဲ့ ကလေးရှိနေတယ်ဆို၇င် အဲဒိကလေးကို
အစိုးရကထောက်ပံ့ကြေးပေးပါတယ်၊ ကလေးနှစ်ယောက် သုံးယောက် ရပြီးမှ ယောင်္ကျားက
လက်ထပ်ခွင့်တောင်းမယ်ဆိုရင်လဲ မိန်းကလေးဘက်ကို တင်တောင်းရပါတယ်၊
ကလေးတွေတောင် ရနေပြီ တင်တောင်း စရာလိုသေးလားဆိုရင် သူတို့ဓလေ့အရ
လိုပါတယ်၊ နောက်ပြီး အဲဒီလိုလက်မထပ်ခင်မွေးတဲ့ကလေးတွေကို
တရားမ၀င်သားသမီးအဖြစ် အသိအမှတ်ပြုကြပါတယ်၊ ဒါသူတို့ ဥပဒေကြောင်း၊
ဓလေ့ထုံးစံတွေပါ၊ ကျနော်တို့ မြန်မာပြည်မှာ Living together ဆိုတာ ကို
ဘယ်လိုပုံစံမျိုးနဲ့ ကျင့်သုံးကြမှာလဲ၊ နေ့ခင်းတည်းခိုခန်း ဖြစ်ဖြစ်
တစ်နေရာရာမှာ ဖြစ်ဖြစ်ချိန်းတွေ၊ အတူနေ ညနေကျရင်ကိုယ့်အိမ်ကိုပြန် ဒါ
Living together လို့ခေါ်မလား၊ ဟုတ်တယ်လေလို့ လွဲမှားစွာဖြေတဲ့သူတွေ
တပုံကြီးပါ၊ အိမ်တအိမ်မှာ အတူတူ နေရောညရော နေကြပါပြီတဲ့၊
လက်မှတ်တော့မထိုးရသေးဘူးဆိုပါတော့ ၊ Living together
လို့ပြောလို့ရတယ်ပေါ၊ ဒါပေမဲ့ ကိုယ့်ဘေးပတ်ဝန်းကျင်ကို ဘယ်လို ပြောမလဲ၊
ကျနော်တို့ ကျမတို့က လင်မယားအစစ်မဟုတ်သေးပါဘူး၊ စမ်းသပ်ဆဲကာလပါလို့
ပြောမလား၊ သဘောထားမတိုက်ဆိုင်ရင် ပျင်းသွားရင်
ကိုယ့်ဘာသာကိုယ်နေကြမှာပါလို့ပြောမလား၊ ၂၁ ရာစုဖြစ်နေပေမဲ့
မြန်မာ့အသိုင်းအ၀န်းကလုံးဝ လက်မခံပါဘူး၊ နောက်ဆုံး
ဧည့်စာရင်းတိုင်ရင်တောင် ဘယ်လိုပတ်သက်ပါတယ်ဆိုပြီးတိုင်ကြမလဲ၊
ကျနော့်အမြင်ပြောရရင် Living together နေကြမယ်ဆိုပြီး နေတဲ့
မြန်မာအတွဲတွေဟာ သူတို့စိတ်ထဲမှာ သေချာရေရာမှုတွေမရှိသေးဘူး၊
တစ်ယောက်နဲ့တစ်ယောက် သာယာမှုဘဲ လိုချင်နေကြသေးတယ်၊ငြီးငွေ့သွားရင်
ကွဲကြမှာသေချာတယ်လို့ဘဲ ကျနော်ထင်ပါတယ်၊ အင်္ဂလိပ်စကားလုံးကို သုံးပြီး
ခောတ်မှီသလိုနဲ့ ရှေ့တိုးသာ နောက်ဆုပ်သာ ဖြစ်အောင်
တစ်ယောက်နဲ့တစ်ယောက်ဟန်ဆောင်နေကြတယ်လို့ဘဲထင်ပါတယ်၊ ချစ်သူကို
တစ်ကိုယ်လုံးပုံအပ် ပေးချင်ပေးနိုင်ပေမဲ့ ဒါမျိုးစနစ်ကိုတော့
မြန်မာမိန်းကလေးတွေ လုပ်ကြမယ်မထင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့
အသိုင်းအ၀န်းဆိုတာ ရှိသေးတယ်၊ သိက္ခာဆိုတာရှိသေးတယ်လေ၊
နောက်တစ်ခုကျနော်ပြောချင်ပါတယ်၊ မြန်မာတွေက sex နဲ့ပတ်သက်ရင် ခောတ်နောက်
ကျတယ် ပွင့်လင်းမှုမရှိကြဘူးဆိုပြီးပြောတဲ့ အသံကိုကြားနေရပါတယ်၊
ဘာကိုဆိုလိုချင်ပါသလဲ၊ လူရှေ့မရှောင် သူရှေ့မရှောင် တော်သလင်း
ဇာတ်ခင်းရမှာလား၊ လူကြားသူကြားထဲထုတ်ပြောရမှာလား၊ ဘာမှမဆိုင်ပါဘူး၊
တစ်ခုဘဲရှိတယ်၊ လူငယ်တွေကို sex နဲ့ ပတ်သက်ပြီး မမှားသင့်တာမမှားရအောင်
ကြီးတဲ့လူတွေက ပြောပြသင့်တယ်၊ ရှင်းပြသင့်တယ်၊ ၊ လူငယ်တွေကို
ပွင့်ပွင့်လင်းလင်းဆွေးနွေး သင့်တယ်ဆိုတာတော့ ကျနော်လက်ခံပါတယ်၊
ကျနော်အခုနေနေတဲ့နိုင်ငံက sex နဲ့ပတ်သက်ရင် ပွင့်လင်းတယ်ဆိုတဲ့
ဥရောပနိုင်ငံမှာပါ၊ တရားဝင် ဘိတွေဖွင့်ထားတယ်၊ တီဗွီမှာကြော်ငြာတယ်၊
ကားမှာ လာကပ်တယ်၊ ဒါပေမဲ့ မိဘတွေက သူတို့သားသမီးတွေ သူတို့အုပ်ထိန်းမှု
အောက်မှာရှိနေတုံးကာလမှာ ဒီကိစ္စတွေကို ခွင့်မပြုထားပါဘူး၊ ကျနော်က
ကျနော်တို့နိုင်ငံရဲ့ ဓလေ့ထုံးစံတွေကို ပြောပြရင် သူတို့ အံသြတသင့်
နားထောင်ပါတယ်၊ ချီးကျူးပါတယ်၊ သူတို့ ဟန်ဆောင်ပြောတာမဟုတ်ဘူးဆိုတာ
ကျနော်သိပါတယ်၊ ပြောရရင် ကိုယ့်လူမျိုးရဲ့ ဓလေ့မဟုတ်တာကြီးကို
ခောတ်မှီရအောင်ဆိုတဲ့ စကားနဲ့ ဇွတ်မဖန်တီးကြပါနဲ့၊ နောက်ပြီး
မြန်မာမိန်းကလေးတွေကိုပြောချင်တာကတော့ မိန်းကလေးဆိုတာ ကိုယ့်တန်ဘိုးကို
ကိုယ်ထိန်းမှရတယ်ဆိုတဲ့ စကားပါဘဲဗျာ(xmyanmarx မှာကူးယူဖေါ်ပြပါသည်.ကောင်းလွန်းတဲ့postပါ)

ထူးအိမ်သင်ကြိုက်တဲ့ ထဲမှာ ကျွန်တော်မပါဘူး .. ဘာလို့လည်း ဆိုတော့ နိုင်ငံခြားက အမျိုးသမီးအဆိုတော်တွေရဲ့ နာမည်ကြီးသီချင်းတွေကို ယောက်ျားကြီးတန်မဲ့
ခြင်ထောင်ထဲက ညောင်နာနာအသံနဲ့ဆိုလို့ .. သူက ဘယ်လိုလုပ် သူ့ဖန်တီးမှုပြနိုင်မှာလည်း .. ကော်ပီတွေနင်းကန်ဆိုထားတာကို ..

ပို့စ်နဲ့ ပတ်သက်ပြီးတော့ ဘာမှ မပြောချင်ပါဘူး။
ဒါပေမယ့် တင်ထားတဲ့ ဓါတ်ပုံကိစ္စကိုတော့ ပြောချင်ပါတယ်။
သူတို့ ခွင့်ပြုချက်နဲ့ တင်တာလား....?????

တင်ထားတဲ့ ပုံတွေနဲ့ ပို့စ်ကဘယ်လိုပတ်သက်ပါသလဲ

ဒီလို post တခုတည်းဖတ်ပြီး ဒီ website ကတော်တော် အောက်တန်းကျမှန်းတန်းသိတယ်... ဘာဖြစ်လို့လဲ တွေ့ကရ ဓါတ်ပုံကို မဆိုင်ဘဲနဲ့ လျှောက်တင် တယ်....... တကယ်ကို စိတ်ပျက်မိတယ်... ကိုယ်ကိုကိုယ် ဆရာကြီးသိပ်လုပ်ချင်နေတယ်..... ဆရာလုပ်ချင်ရင် မသိတဲ့လူတွေကြား သွား...ဆရာလုပ်ကွ.... ဘာကောင်တွေမှန်းမသိဘူး.... အာရုံတော်တော်နောက်တယ်......

လေးစားပြီးတောင်းပန်ပါတယ် myanmarexpress
meg ကိုမယုံလို့ဓာတ်ပုံထဲမှာပါတဲ့နော်ဝေကမေကိုလတ်တို့စုံတွဲရော
စလုံးကမဝင့်တို့စုံတွဲကိုရော
လိုက်ပြီးစုံစမ်းပြီးပါပြီ
နှစ်တွဲလုံးကလက်မထပ်ပဲအတူနေနေသူတွေ (သို့မဟုတ်)နေခဲ့သူတွေမှန်းခုမှပြန်သိရပါတယ်
ကျန်တဲ့မယုံတဲ့လူတွေအားလုံး
ဒီဓာတ်ပုံတစ်ပုံနဲ့ပဲစုံစမ်းကြည့်လို့ရပါတယ်
ကျွန်မကိုယ်တွေ့ပါ
မြန်မာမိန်းခလေးများအားလုံး LIVING TOGETHER ကိုရှောင်နိုင်ကြပါစေ

ဘာမှန်းကို မသိတော့ဘူး..။

ဟဟ...တော်တော်ရီရတယ်..ဓာတ်ပုံတွေကိုကြည့်ပြီး ဘယ်နိုင်ငံက ဘယ်သူလို့ ဘယ်လိုစုံစမ်းပါသလဲရှင်...သွားမေးတဲ့သူကရော ကိုယ်နဲ့မစီမဆိုင် အတူနေပါသလားလို့သူများကိစ္စလျှောက်မေးတာပါပဲလား...

အင်တာနက်ခေတ်မှာ ဓာတ်တစ်ပုံအတွက် စုံစမ်းရတာလွယ်ပါတယ်
မယုံရင် နင့်ဓာတ်ပုံကို တင်လိုက်ပါ
စုံစမ်းတယ်ဆိုတာကလည်း meg ကိုမယုံလို စုံစမ်းတာ
ပြီးမှ တကယ်ဖြစ်နေလို့ ပြန်တောင်းပန်ထားတာပါ
အဲဒီ ဓာတ်ပုံထဲက ၂ တွဲက အပြင်မှာ လက်မထပ်ပဲ အတူနေခဲ့ပါတယ်
တစ်တွဲက ခုထိလက်မထပ်ပဲအတူနေတုန်းပါ
ဘယ်အတွဲလဲဆိုတာတော့မပြောတော့ဘူး

ဘာမှမဆိုင်တဲ့ ထူးအိမ်သင်ကို ဝင်ပြောတာပါလား။ မကြိုက်ရင် အသာနေ။ လျှောက်ပြောမနေနဲ့။ မင်းတောင် ဆိုကြည့်ပါဦးလား။ ဘာပြောပြော ငါကတော့ ထူးအိမ်သင်ကြိုက်တယ်။

တကယ်လို့ပေါ့နော် ဒီမှာ တင်ထားတဲ့ ဓါတ်ပုံကြောင့် အဲ့ဒီလူတွေ ဟာ record တခုလို ဖြစ်သွားပြီး တချိန်မှာ ဒီစာကြောင့် သူတို့ စိတ်ဒုက္ခ ကိုယ်ဒုက္ခေ၇ာက်ကြမယ် ဆို၇င် ဘယ်လိုလုပ်မလဲ ဟင် .. ?

သူတို့ အတူနေတာကိုယ့် စီးပွါးရေး ဘာထိခိုက်ပါသလဲ...မသိလို့မေးချင်တာပါ...

လူဆိုတာ ပတ်ဝန်းကျင်ရှိတယ် ငဒူလေး
မင်းညီမ ကို အဲလိုနေခိုင်းကြည့်ပါလား

ဒါဒေါ့ဟုတ်တယ်

BROTHER, LIVING TOGRTHER is more effective than marrige, both two lovers can stay happily together without having kids or any other costs of marrige, it is wellknown that marrige is not an easy part, also if you become dislike to each other, just move out of the house, no one or nothing will stop you, in divoce half of possession or other freaking things involve, there is nothing bad about that, i see living together as a more update way of living

တော် ကို တော် တဲ့  အ တွေး အခေါ် ပါ ပဲ

တော်တော် ကို တော် တဲ့  ကောင် ပဲ

စင်ကာပူက မဝင့်ဆိုတာ ကတကယ်နာမည်ကြီးပါပဲ။ တဏှာတပိုင်း မိန်းမရိုင်းကြီးပါ။ သူ့ထက်အသက် လေးငါး နှစ်လောက်ငယ် တဲ့ကောင်လေးကို အမိဖမ်း ယူလိုက်တာပါ။ အဲဒီ ကောင်လေး နဲ့မကြိုက်ခင် ကလဲသူ့မှာ အရင်ကလဲ ရည်စား ခုနှစ်ယောက် ရှစ်ယောက် လောက်ရှိသေးတယ်။ ကောင်လေးမှာ လက်ရှိရည်းစား ရှိရက်နဲ့ ကြောင်တောင်ဝင်နှိုက်တာပါ။ အဲဒီ ကောင်လေးရဲ့ ရည်းစားက လဲ စင်ကာပူ မှာ ကျောင်းလာတက်မ လို့ပဲ။ ဒါပေမဲ့ အဲဒီ ကောင်လေးရဲ့ ရည်းစားမလာခင် သုံးလေး လအတွင်း မှာပဲ ကောင်လေးကို အမိဖမ်း ယူလိုက်တာပါ။ ကျန်ခဲ့တဲ့ ကောင်လေးရဲ့ ရည်းစားလဲ အရမ်းသနား ဖို့ကောင်းပါတယ်။ အခုတော့ အဲဒီ မဝင့်ဆိုတဲ့ မိန်းမဟာ သူ့ကိုယ်နဲ့ ရင်းပြီး ကောင်လေးကို ချူစားနေပါတယ်တဲ့။ ပြောရရင်တော့ဇာတ်လမ်း ကအရှည်ကြီးပဲ။ ဆက်မပြော ချင်တော့လို့ ဒီလောက်နဲ့ ပဲတော်ပါပြီ။

ဟိုကောင်မကစောက်ကြွားမ..နင့်ပုံအရင်တင်..ငါရှာပြမယ်

Myanmar culture is one of the things that delays our country's development. There is very little bad outcome by living together. Instead, it realizes our dreams, what we feel inside, away from our parents useless colourization.

Normally, I don't comment easily on any posts. But here, I think I should say something about copy rights or something like that. I think if the photo was not approved by the two people in it, MMexpress should not post it. No. It's more like MMexpress must not post it. That's all I wanna say though my comment doesn't anything to do with living together.

Girls from SIM are the worst. Very cheap girls.

ပြောတာတွေကသဘာဝကျလို့ကျွန်တော်သဘောကျပါတယ်။။

I am not encouraging living together. But this comment is partially true.It is better to break up before marriage and better than divorced in case it does not work out between two people.But the couple should really try to know each other and try to adjust the things than trying to have just pleasure if they live together.

According to Myanmar Traditional law, there is no existence of Living Together. If a few people of neighbors accept that man and woman live together are legally married ones.

ta kel ma chit kae ble.. ma taw ta sa .. ta kar lout mar kae tet .. a mar ko yaw ..............ble lo way phan pay kya mar lae ..................

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်