Subscribe to our RSS Feed

ဘုရားသားတော်တွေကို ပါဒေါ်စု တရားဟောနေပြီ


ပဏ္ဏိတာရာမရွှေတောင်ကုန်း သာသနာ့ရိပ်သာ (၂၂)ကြိမ်မြောက် ဗုဒ္ဓယဉ်ကျေးမှုသင်တန်း မှ ရှင်သာမဏေများ နှင့် သိက္ခာရှင်များကို ဒေါ်စုမှ အောင်မြင်ခြင်းအကြောင်း ဟောပြော
အားပေးစကားပြောနေစဉ်

သားများကိုရင်ဝတ်လျှင် မိဘများမှတောင် ရှိခိုးကန်တော့ရသည်။ ပုထုဇဉ်လူများ၏ ကျင့်ဝတ်သည် ဘုရားသားတော်များ စောင့်ထိန်းရသော ကျင့်ဝတ်ထက် သာပါ့မလား။ ပုထုဇဉ်ထက် မြင့်မြတ်သော ရှင်သာမဏေများက ကြမ်းပေါ်တွင်ထိုင်၍ အမျိုးသမီးများကို မော်ကြည့်နေရခြင်းသည် သင့်တော်ပါ့မလား။ 

Myanmar Express 

မြောက်ကိုရီးယားတို့ တာတိုပစ် ဒုံးကျည် နှစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့

From :MRTV-4

မြောက်ကိုရီးယား နိုင်ငံမှာ မြေပြင်မှ သင်္ဘောသို့ ပစ်ခတ်သည့် တာတိုပစ် ဒုံးကျည် နှစ်စင်းကို ကိုရီးယား ကျွန်းဆွယ် အနောက်ဘက်ရှိ ပင်လယ်ဝါသို့ စမ်းသပ်

ပစ်လွတ်ခဲ့ကြောင်း NHK သတင်းတွင် ဖော်ပြခဲ့သည်။ တောင်ကိုရီးယား အစိုးရ သတင်း အရင်းအမြစ်များမှ ပြော့ရာတွင် မြောက်ကိုရီးယားမှ ပစ်လွှတ်သည့် ဒုံးကျည် နှစ်စင်းမှာ နိုင်ငံ အနောက်မြောက်ပိုင်းရှိ ခရိုင် တစ်ခုတွင် ရှိနေသော အခြေစိုက် စခန်းမှ ကြာသပတေးနေ့ နံနက်ပိုင်းက ပစ်လွတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

အဆိုပါ KN-01 သင်္ဘောဖျက် ဒုံးကျည်မှာ ကီလိုမီတာ ၁၂၀ အကွာအဝေး အထိ ပစ်ခတ်နိုင်ကြောင်းလည်း အမည်မဖော်လိုသူ အဆိုပါ သတင်းအရင်းအမြစ် အရ သိရသည်။ ယခုလို ပစ်လွှတ်မှုမှာ လာမည့် လတွင် ပြုလုပ်မည့် ဂြိုဟ်တု လွှတ်တင်မှု အစီအစဉ်နှင့် ဆက်စပ်မှု့ ရှိပုံ မရကြောင်း အဆိုပါ လူမှပြောသည်။ တောင် ကိုရီးယား နိုင်ငံမှာ မြောက်ကိုရီးယားတို့ အနေဖြင့် တာဝေးပစ် ဒုံးကျည်ကို စမ်းသပ်ရန် စီစဉ်နေသည်ဟု ယုံကြည်ထားကြောင်း သိရသည်။

ယခုလို တာတိုပစ် ဒုံးကျည်ကို စမ်းသက်ခြင်းမှာ သင်္ဘောဖျက် လက်နက်များ၏ ပစ်နိုင်အားကို စမ်းသပ်ချင်၍ြ်ဖစ်နိုင်ကြောင်းလည်း အဆိုပါ သတင်း အရင်းအမြစ်မှ ပြော သည်။ စောင့်ကြည့်သူများမှ ပြောရာ၌မူ မြောက်ကိုရီးယား နိုင်ငံမှ တောင်ကိုရီးယား နှင့် အမေရိကန်တို့ကို သတိပေးရန် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

source : NHK news


Myanmar Express

ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ခြောက်သန်းကျော်ရှိ

From : ခေတ်လူငယ်


နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးက စိတ်ဝင်တစား အကဲခတ်နေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၅ နေရာအတွက် မဲပေးနိုင်မည့် မဲဆန္ဒရှင် ခြောက်သန်းလေးသိန်းကျော် ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်သည်။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၇ နေရာအတွက် မဲပေးနိုင်သူ ၄,၆၈၂,၀၄၀ ဦး ရှိမည်ဖြစ်ကာ အမျိုးသား လွှတ်တော် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးက စိတ်ဝင်တစား အကဲခတ်နေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၅ နေရာအတွက် မဲပေးနိုင်မည့် မဲဆန္ဒရှင် ခြောက်သန်းလေးသိန်းကျော် ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၃၇ နေရာအတွက် မဲပေးနိုင်သူ ၄,၆၈၂, ၀၄၀ ဦး ရှိမည်ဖြစ်ကာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ခြောက်နေရာအတွက် ၁,၆၆၉,၁၉၂ ဦးရှိကြောင်း၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေများအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၃၃,၃၃၀ ရှိပြီး လွှတ်တော်သုံးရပ်အတွက် စုစုပေါင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆,၄၈၄,၅၆၇ ဦးရှိမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ၂၀၁၂ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းကို မတ်လ ပထမပတ်အတွင်း ထုတ်ပြန်ခဲ့ရာ မဲပေးပိုင်ခွင့် ရှိသူများ မဲစာရင်းတွင်မပါဝင်ခြင်း၊ မဲပေးခွင့်မရှိသူများ မဲစာရင်းတွင် ပါဝင်နေခြင်းများ၊ သေဆုံးပြီးသူများ မဲစာရင်းတွင် ပါဝင်နေခြင်း စသည့် အငြင်းပွားဖွယ်ရာ မဲစာရင်း မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး မဲစာရင်းများကို မတ်လ ၂၅ ရက်နေ့ထိ ပြန်လည်ပြင်ဆင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

Myanmar Express 

ဗုဒ္ဓဘာသာကို စော်ကားတဲ့ ကုလားတွေ






Myanmar Express 

ကြားဖြတ် ရွေးကောက်ပွဲအတွက် အမေရိကန်နှင့် နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့များ ရောက်ရှိ

From : ခေတ်လူငယ်


မြန်မာနိုင်င၏ ကြားဖြတ်ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားများသာမက ပြည်ပနိုင်ငံများကပါ အထူးစိတ်ဝင်စားနေကြသည်။ ၂၀၁၀ ရွေးကောက်ပွဲထက်ပင် စိတ်ဝင်စားနေကြပါသည်။ အကြောင်းမှာ ယခင်ရွေးကောက်ပွဲ မဝင်ခဲ့သည့် NLD ပါတီက ရွေးကောက်ပွဲဝင်၍ ဖြစ်မည်ဟု ဆိုနေကြသည်။ မြန်မာအစိုးရက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များကို ပြည်ပနိုင်ငံများမှ ကြည့်ရှုလေ့လာရန် ခွင့်ပြုလိုက်သည်။ EU နိုင်ငံခြားဆက်ဆံရေး အကြီးအကဲရုံးက ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို စေလွှတ်မည်ဟု ကြေညာချက်ထုတ်လိုက်သည်။ အလားတူပင် အာဆီယံကိုယ်စားပြု ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ကမူ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။ အမေရိကန်၊ ကနေဒါ၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့ကလည်း ကိုယ်စားလှယ်အဖွဲ့များ ရောက်လာကြပြီး ဖြစ်သည်။ အမေရိကန်က စောင့်ကြည့်မည့်အဖွဲ့ ရောက်လာပြီဖြစ်သည်။ သို့သော် အမေရိကန်က ပြောသည်က ရွေးကောက်ပွဲကို စောင့်ကြည့်သည်ဆိုသည့် အဆင့်မှာ မရှိကြောင်း၊ ဘာကြောင့်လဲဆိုလျှင် မြန်မာအစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် ရက်ပိုင်းအလိုမှာမှ ဖိတ်ခေါ်ခဲ့၍ ကုလသမဂ္ဂက ပြဋ္ဌာန်းထားသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်ရေး အချက်တွေနှင့်အညီ စစ်ဆေးနိုင်မည် မဟုတ်၍ ဖြစ်သည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ ဧပြီ ၁ ရက် ရွေးကောက်ပွဲ ပြုလုပ်သည့် ကာလမှာ ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အာဆီယံက ကိုယ်စားလှယ်များသည် မြန်မာပြည်သို့ စောင့်ကြည့်ရန် ရောက်နေကြကြောင်းသိရှိရသည်။

 Myanmar Express 

ဒေါ်အောင်ဆန်းစုကြည်အား မ ထောက်ခံရခြင်း အကြောင်းရင်း (ပေးစာ - ၁၂၂)

အခုလိုခေါင်းစဉ်ပေးလိုက်တဲ့အတွက် တစ်မျိုးတော့မထင်ကြပါနဲ့ဗျာ။ ကျွန်တော်အမြင်လေးရထားတာကို နည်းနည်းရှယ်ယာလိုက်တာပါ။ ကိုမာဃလုလင်ရေးထားတာလေး သဘောကျလို့ ညကျစဉ်းစားပြီးရေးဦးမှပဲဆိုပြီး အတွေးပေါ်လာတုန်း ရေးလိုက်တာပါ။ လေရှည်နေမှာစိုးလို့ လိုရင်းပဲရေး လိုက်တော့မယ်ဗျာ။ လူတစ်ယောက် သူတစ်ပါးအပေါ် သြဇာလွှမ်းမိုးနိုင်တဲ့ အချက်တွေကို ဒေါ်အောင်ဆန်းစုကြည်နှင့် နှိုင်းယှဉ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ကျွန်တော်တို့ ဘာကြောင့် မထောက်ခံရလဲဆိုတာ ကို သက်သေပြတာပေါ့ဗျာ။

လူထုခေါင်းဆောင် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ခေါင်းဆောင် မဟုတ်ပါ။ အမေစု ဆိုတဲ့ ဒေါ်စုကလည်း ကျွန်တော့်အမေ မဟုတ်ပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာက ကျွန်တော်တို့လို ခေတ်ပညာတတ်လူငယ်တွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းမရှိပါဘူး။ မျက်စိစုံမှိတ်ထောက်ခံသူတွေအပေါ်မှာ သာ လွှမ်းမိုးနိုင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ချိန်နဲ့ အခု ကြားဖြတ်ရွေးကောက်ပွဲ ဝင်တဲ့အချိန်တွေမှာ ပိုသိသာတာ တွေ့ရပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကို ဒေါ်စု သပိတ်မှောက်တုန်းက ကျွန်တော်တို့ အကြံပေးခဲ့ပါတယ်။ လွှတ်တော်ထဲ ရောက်မှ အခြေခံ ဥပဒေကို ပြင်ဖို့ပါ။ ဒါပေမယ့် အဲဒီ လမ်းကြောင်းကို မှားတယ် ဆိုပြီး မရွေးချယ်ခဲ့ပါဘူး။ ဒေါ်စု က မရွေးချယ်တော့ သူ့ကို ထောက်ခံသူ နာလဗြိန်းတုံး များကလည်း လွှတ်တော်ထဲကနေ အခြေခံဥပဒေ ပြင်ဖို့ ပြောတဲ့ လူမှန်သမျှ ကို အစိုးရ နှောက်လိုက်တွေ၊ လွှတ်တော် ထဲမှာ လက်ညိုးထောင် ခေါင်းညိမ့်တွေလို့ ပြင်းပြင်းထန်ထန် ပြောပြီး ဝေဖန်ခဲ့ကြပါတယ်။

အခု တော့ အဲဒီလူတွေကရော ဒေါ်အောင်ဆန်းစုကြည်ပါ မျက်နှာပြောင်တိုက်ပြီး လွှတ်တော် တွင်းကနေ အခြေခံဥပေး ကို ပြင်ဖို့ ကြိုး စားခြင်းသာ နည်းလမ်းမှန်ပါလို့ ပြောပြန်ပါတယ်။ နောက်ကလူတွေကလည်း ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် ထောက်ခံတယ် ဆိုတဲ့ ကိုယ်ပိုင် အတွေးအခေါ် မရှိတဲ့ လူတွေ သာ ဖြစ်နေပါတယ်။

ဒေါ်စု အနေနဲ့ လူဗြိန်းတွေ အပေါ်မှာသာ သြဇာလွှမ်းမိုးနိုင်ပြီး ပညာတတ် အသိဥာဏ်ရှိတဲ့ လူငယ်တွေအပေါ်မှာ ဘာကြောင့် သြဇာ မလွှမ်းမိုးနိုင်တာလဲ ဆိုတာကို သူတစ်ပါးအပေါ် သြဇာလွှမ်းမိုးနိုင်တဲ့အချက်များ နဲ့ နှိုင်းယှဉ်ပြလိုပါတယ်...

သူတပါးအပေါ် သြဇာလွှမ်းမိုးစေသော အချက်များ...

(၁) ပုဂ္ဂိုလ်ရေးအရည်အချင်းရှိခြင်း
(၂) ခွန်အားကြီးမားခြင်း
(၃) ရုပ်ရည်ချောမောခြင်း
(၄) သွက်လက်ဖျတ်လတ်ခြင်း
(၅) ဥာဏ်ပညာကြီးမားခြင်း
(၆) ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း
(၇) ပရိယာယ်ကြွယ်ဝခြင်း
(၈) တရားမျှတခြင်း
(၉) စိတ်ဓာတ်ကြံ့ခိုင်ခြင်း
(၁၀) တည်ကြည်ဖြောင့်မတ်ခြင်း
(၁၁) အရွယ်ရောက်ခြင်း
(၁၂) ဥစ္စာဓနကြွယ်ဝခြင်း
(၁၃) မျိုးရိုးမြင့်မြတ်ခြင်း
ဆိုတာတွေပဲ။


အဲဒီအချက်တွေနဲ့ သုံးသပ်ကြည့်မယ်ဆိုရင်

(၁) ပုဂ္ဂိုလ်ရေးအရည်အချင်းရှိခြင်း ဆိုတဲ့အချက် (၀%) သာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည် လုပ်ခဲ့တဲ့ နိုင်ငံရေး (သို့မဟုတ်) တော်လှန်းရေး မှာ ၂၄ နှစ်အတွင် ဘာတွေ အောင်မြင်ခဲ့လဲ ဆိုတာ က သက်သေပါပဲ။ ၂၄ နှစ်အတွက်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုဂ္ဂိုလ်ရေး အရည်အချည်း တစ်ခုခုကြောင့် မြန်မာ လူထု ကောင်းကျိုးချမ်းသာ ရရှိသွားတာ တစ်ခုမှ မရှိပါဘူး။ ၂၄ နှစ် အတွက် နိုင်ငံရေး အောင်မြင်မှု ဘာတစ်ခု မှ မရှိခဲ့ပါဘူး။

၂၄ နှစ် ဆိုတာကို လူအများ မမြင်နိုင်ရင်တောင် အခု ပြီးခဲ့ တဲ့ တစ်နှစ် အတွင်းပဲ ကြည့်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ ဒုတိယ ပင်လုံ ပျောက်သွားပါပြီ။ အခြေခံဥပဒေကို သပိတ်မှောက်ခြင်း မအောင်မြင်ပါ။ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ခြင်း မအောင်မြင်ပါ၊ နောက်ဆုံးတော့ စစ်အစိုးရ စီစဉ်ထားတဲ့ လမ်းပြမြေပုံအတိုင်းသာ ပါတီကို မှတ်ပုံတင်လိုက်ရတဲ့ အပြင် ရွေးကောက်ပွဲတောင် ဝင်ရပါပြီ။

အစကတည်းက ဒီလိုလုပ်မယ် ဆိုရင် အမျိုးသား ညီလာခံကို ဘာလို့ သွားမတတ်စရာလိုလဲ၊ ပြည်သူ့ဆန္ဒခံယူပဲကို ဘာဖြစ်လို့ ကြက်ခြေခက်ခိုင်းနေစရာလိုလဲ၊ ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးလည်း နေလို့ရတယ်လို့ ပြောနေစရာလိုလဲ... ဒါတွေက အင်မတန် ရှင်းလင်းပြီး မြင်သာတဲ့ အရည်အချင်း ညံ့ဖျင်းမှုတွေပါ။

(၂) ခွန်အားကြီးမားခြင်း ကတော့ ဒီနေရာ ဗလတောင့်တာနဲ့တိုင်းတာမဟုတ်ဘူးဗျ။ ဗလ တောင့်တာနဲ့ တိုင်းလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်လို မီးယပ်ပိန် မီးယပ်ခြောက်ကို မဆိုင်တာ အပြစ်ပြောတယ် ဖြစ်ပါလိမ့်မယ်။ အမှန်တော့ ခွန်အားကြီးခြင်း ဆိုတာ နောက်မှာ စစ်မှန်တဲ့ ထောက်ခံသူတွေ ရှိတယ်ဆိုတာ သက်သေပြတာပါပဲ။ (၀%) ကန့်ကွက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် နောက်မှာ စစ်မှန်တဲ့ ထောက်ခံမှု ဆိုတာ မရှိသလောက် တွေ့နေရလို့ပါ။ "အမေစု ကိုထောက်ခံပါတယ်" လို့ အော်နေတဲ့ လူတွေ အားလုံးက NLD ပါတီဝင် အများစု သာ ဖြစ်ကြပြီး ပါတီဝင် မဟုတ်သူများကို ဘာကြောင့် ထောက်ခံတာလဲ မေးလိုက်ရင် အဖြေ ရေရေရာရာ ထွက်မလာ ပါဘူး။ အမြင်သာ ဆုံး အချက်ကတော့ စည်းမဲ့ ကမ်းမဲ့ အုပ်အော် သောင်းနင်း သွားနေတဲ့ နောက်လိုက်တွေပါပဲ။ စည်းမဲ့ ကမ်းမဲ့ ဥပဒေမဲ့နေသူ ၁၀၀၀ ဦး ထောက်ခံခြင်း ထက် စည်းကမ်းပြည့်ဝသူ တစ်ဦး ထောက်ခံခြင်းက ပိုပြီး ခွန်အားကြီးမားစေပါတယ်။



(၃) ရုပ်ရည်ချောမောခြင်း ဒါကျတော့ တိုင်းပြည်ခေါင်းဆောင်တွေက ဒါနဲ့မဆိုင်ဘူး ထင်တယ်။ မဆိုင်တော့ ဒါနည်းနည်း ပယ်တယ်။ (%) နည်းနည်း ပါချင်သပဆိုလည်း ပါလို့ ရပါသေတယ်။ ပါးရည်နားရည် တွန့်နေတဲ့ အရိုးပေါ်အရေတင် ဒေါ်စုထက် တခြား ငယ်ရွယ်နုပျိုသူတိုင်က ပိုပြီး ခန့်ညားမယ် ဆိုတာ အိမ်နီးချင်း နိုင်က က ဝန်ကြီးချုပ် ယင်လတ် ရှင်နာဝတ်နဲ့ ဒေါ်စု ကို နှိုင်းယဉ် ကြည့်ရင် အဖြေရှင်းသွားပါလိမ့်မယ်။


(၄) သွက်လက်ဖျတ်လတ်ခြင်း အင်း ဒီအချက်ကတော့ လူငယ်တွေအတွက်တော့ တက်တက်ကြွကြွ လျင်လျင်မြန်မြန် လုပ်ဆောင်တာ ကို ပြောတာဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက်ကတော့ မှန်ကန်တဲ့ ဆုံးဖြတ် ချက်တွေကို လျင်မြန်စွာ ဆုံးဖြတ်ချက် ချနိုင်တာတွေက ပို အဓိကကျမယ် ထင်တယ်။ ဥပမာ ဒုတိယ ပင်လုံလို ပေါ့ဗျာ.. ချက်ချင်း ဆုံးဖြတ်ပြီး ချက်ချင်း လုပ်လိုက်တာပဲ... ရလဒ်ကတော့ မအောင်မြင်ခြင်းပေါ့... ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဘူး ဆိုတုန်းကလည်း အဲလိုပဲ... အခု ဝင်မယ် ဆိုတော့လည်း အဲလိုပါပဲ။ ခိုင်မာတိကျတဲ့ မူဝါဒ တစ်ခု လက်ဆုတ်လက်ကိုင်ထားတယ် ဆိုတာ မရှိဘူး။ ဒီအချက်ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နားကလူတွေ တဖြည်းဖြည်း ခွာသွားတာပါ။ ဥပမာ NDF တို့လိုပေါ့....

(၅) ဥာဏ်ပညာကြီးမားခြင်း ပညာရှိလည်းဖြစ်တယ်၊ ကျိုးကြောင်းဆီလျော်စွာ ချင့်ချိန်တတ်တဲ့ မဟုတ်ပါဘူး... ဒါကြောင့် မှန်းချက်နဲ့ နှမ်းထွက် အမြဲ မကိုက် ဖြစ်ခဲ့တာ ၂၄ နှစ် ရှိပါပြီ။ (၀%)ပါဗျာ။


(၆) ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း ဒါကတော့ အများပြည်သူသိတဲ့အတိုင်း ပါပဲ... ကမ္ဘာမှာ ဟိုးလေး တကျော်ကျော်ဖြစ်ခဲ့ရတဲ့ ဂျွန်ယက်တောနဲ့ နှစ်ည အတူ အိပ်ခဲ့တာပါ။ ဒါ့အပြင် ဒေးဗစ်လှမြင့် နဲ့ ဖောက်ပြန်တာတွေလည်း ရှိခဲ့ပါတယ်။ ကိုယ်ကျင့်သိက္ခာရှိမှု (၀%) ဗျာ။


(၇) ပရိယာယ်ကြွယ်ဝခြင်း ဒီအချက်က သြဇာလွှမ်းနိုးနိုင်တဲ့ ခေါင်းဆောင်တွေမှာ ရှိကို ရှိရမယ့် အချက်ပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီနေ့အထိ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မဟာဗျူဟာ ထဲမှာပဲ ပတ်ချာလည်ရင်း NLD ပါတီကိုတောင် ၂၀၀၈ အခြေခံဥပဒေ အရ မှတ်ပုံတင်လိုက်ရပါတယ်။




(၈) တရားမျှတခြင်း ဒီတချက်က ပိုပြီး မြင်သာတယ်လို့တောင် ထင်ပါတယ်။... လူအချင်းချင်း မျှမျှ တတ မဆက်ဆံပါဘူး.. ဥပမာ ကိုယ်တိုင်က ခုံပေါ်ထိုင်ပြီး ဘုန်းကံရှိတဲ့ ယောင်္ကျားတွေ အောက်မှာ ထိုင်နေတာကို လက်ခံနေတာမျိုးပေါ့။ တရားမျှတခြင်း (၀၅) မရှိပါဘူး။



(၉) စိတ်ဓာတ်ကြံ့ခိုင်ခြင်း အားလုံးသိတဲ့အတိုင်းဗျာ ဦးအောင်ကြည်နဲ့ သုံးကြိမ် တွေ့အပြီးမှာ NLD ကို မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ စိတ်ဓာတ်ကို သက်သက်မှတ်မှတ်နဲ့ တစ်ခုထဲမှာ ကြံ့ကြံ့ခိုင်အောင် ထားနိုင်စွမ်းမရှိပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာလည်း ပါပါတယ်။ ဒီတော့ ဒီတချက်လည်း (၀%) ဗျာ။


ဦးအောင်ကြည်ရဲ့ ပထမ ရိုက်ချက် (၂၀၁၁ ဂျူလိုင် ၂၅)

လိမ်မာတော့ အသက်လည်းကြီးပြီ... အမြင်မှန်ရတော့


ဦးအောင်ကြည်ရဲ့ ပထမရိုက်ချက်အပြီး မျက်နှာသေ နဲ့ ဒေါ်စု


ဦးအောင်ကြည်ရဲ့ ပထမ ရိုက်ချက်ကို မရှုမလှ ခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် မျက်နှာ
.....


နှစ်ပတ်ခန့် ကြာသော်......



ဦးအောင်ကြည်ရဲ့ ဒုတိယ ရိုက်ချက်


မသိတဲ့လူကို သိတဲ့လူက ပြောရင် နားထောင်ရတယ်...
လမ်းမှားကို ဆက်မလျှောက်နဲ့


ဦးအောင်ကြည်ရဲ့ ဒုတိယ ရိုက်ချက် ဒဏ်ကို ခံလိုက်ရတဲ့ ဒေါ်စု မျက်နှာ
.....


တစ်လခန့်ကြာသော်...


ဦးအောင်ကြည်ရဲ့ တတိယ ရိုက်ချက် (၂၀၁၁ စက်တင်ဘာလ ၃၀)


တော်တော် ဒုံးဝေးတာပဲ
ဦးနောက်မရှိဘူးလား.. ဒီလောက်ပြောနေတာကို နားမလည်နိုင်ဘူး...


ဦးအောင်ကြည်ရဲ့ တတိယ ရိုက်ချက် အပြီး ဒေါ်စု မျက်နှာ နဲနဲပြောင်းလဲလာ
.....

တစ်လ လခန့်ကြာသော်........


ဦးအောင်ကြည်ရဲ့ စတုတ္ထရိုက်ချက် (၂၀၁၁ အောက်တိုဘာ ၃၀)


အာ... စကောလောက်မှ စောက်မနက်တဲ့ဟာ
ဖြုတ်ဦးနောက်လောက်တောင် အသိဥာဏ် မရှိဘူးလားဟ...
လမ်းမှားကို ဆက်မလျှောက်နဲ့တော..ဟ...


ဦးအောင်ကြည် စတုတ္ထမြောက်ရိုက်ချက်နဲ့ ကျင်းဝင်သွားပါပြီ... ဒေါ်စုမျက်နှာကိုသာ ကြည့်ပါ
.......



ဦးအောင်ကြည်ရဲ့ စတုတ္ထရိုက်ချက်အပြီး NLD ကို မှတ်ပုံတင်ဖို့ နေပြည်တော်ကို ပြေးကြပြီ


NLD လမ်းမှန်ပေါ်ကို ရောက်လာပါပြီ




(၁၀) တည်ကြည်ဖြောင့်မတ်ခြင်း နည်းနည်းချွင်းချက်ဗျာ။ ကိုယ်ကျင့်သိက္ခာနဲ့နည်းနည်းဆက်စပ်သလားလို့။ ဒါတော့မပြောတော့ဘူး။

(၁၁) အရွယ်ရောက်ခြင်း သူတစ်ပါးကို လွှမ်းမိုးတယ်ဆိုတဲ့အထဲမှာ ဒါကတော့ ဒီမိုကရေစီနိုင်ငံမှာ ဒီအချက်က အချက်တစ်ချက်အနေနဲ့ပါဝင်တယ်။ အရွယ်လွန်နေသူ တစ်ယောက်ကတော့ သြဇာ အလိုလို ကျလာတာပါပဲ။ ခက်တာက အသက် ၄၃ နှစ် အတွင်း အရွယ်ကောင်းချိန်မှာ မိုက်ကယ်အဲရစ် နဲ့ပဲ သာယာ နေတော့ အခုချိန်မှာ အရွယ်လွန်ရပြီပေါ့ဗျာ။ ဒီတချက်လည်း (၀%)ဗျာ။


(၁၂) ဥစ္စာဓနကြွယ်ဝခြင်း ဒါ လည်း အားလုံး မြင်တဲ့ အတိုင်းပါပဲ.. ဒေါ်အောင်ဆန်းစုကြည်မှာ မိဘ ဘိုးဘွားပိုင် အမွေ ဆိုတာလည်း အိမ်တလုံးကလွဲပြီး မရှိသလို ကိုယ်တိုင် ဝင်ငွေရတဲ့ အလုပ်လုပ်နေတာလည်း မတွေ့ရပါဘူး။ အနောက်နိုင်ငံတွေ အကြိုက်လိုက်ပြောပြီး ပေးစာ ကမ်းစာ စားနေရသူပါ။ ဒီတချက်လည်း (၀%) ပါပဲ။


(၁၃) မျိုးရိုးမြင့်မြတ်ခြင်း
ဟိုးအရင် ရှင်ဘုရင်ခေတ်တွေတုန်းကတော့ ဒါက အဓိကအချက်ပေါ့ဗျာ (ခု မြောက်ကိုရီးယားခေါင်းဆောင်လိုပေါ့ဗျာ)။ အခုဒီမိုကရေစီက ဒါနဲ့လုံးဝမဆိုင်၊ မဆိုင်ပါ။ ပါချင်သပဆိုလည်း အများပြည်သူများ၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဗျာ။ ဒါပေမယ့် နောက်မျိုးဆက် ကို ကြည့်ရင်တော့ မြန်မာ စစ်စစ်တွေ မဟုတ်တော့ပါဘူး။ နောက်မျိုးဆက်တင် မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုာကည်ကိုယ်တိုင်က နိုင်ငံခြားသားကို ယူခဲ့တာ ပါ။ ဒါကြောင့် မြင့်မြတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးရိုးဟာ အဲဒီမှာပဲ ဆုံးသွားပါတယ်။ (ဦးအောင်ဆန်းဦး ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ချွေးမ က မြန်မာနိုင်ငံသူ ဖြစ်နေလို့ပါ။ (၀%) ဗျာ။

ဒီလောက်ဆို မိတ်ဆွေတို့ ဘယ်အတန်းစားထဲမှာ ဘယ်အချက်နဲ့ လက်မခံနိုင်လည်း ဆိုတာကို သိကြလောက်ပါပြီ။ ဒီလို သူတပါးပါးကို သြဇာလွှမ်းမိုးစေတဲ့ အချက်တွေထဲက တစ်ခု မှ မပြည့်စုံတဲ့ လူကို လူကြိုက်များတယ်ဆိုတာ အငြိမ့်မင်းသမီး တစ်ယောက်ကို (ဒါမှမဟုတ်) အပြောကောင်းတဲ့ ကွက်စိပ် ဆရာတယောက်ကို လူကြိုက်များတာနဲ့ အတူတူပါပဲ။ အငြိမ့်မင်းသမီး နဲ့ ကွက်စိပ် ဆရာ ဆိုတာ နိုင်ငံ့ခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ကျွန်တော့် ခေါင်းဆောင် မဟုတ်တာတော့ သေချာပါတယ်။


Myanmar Express

တောင်ငူမြို့က NLD ပါတီ အမတ်လောင်း လေးဂွဖြင့် အပစ်ခံရ

 တောင်ငူမြို့မှ ၀င်ရောက်ယှဉ်ပြိုင်မည့်NLD အမတ်လောင်း ၏ ရုပ်ရည်

 မတ်လ ၂၉ ရက်နေ့ ညနေပိုင်းကတောင်ငူမြို့မှဝင်ရောက်ယှဉ်ပြိုင်မည့်  NLD ပါတီ အမတ်လောင်း ဦးအောင်စိုးမြင့်က တောင်ငူမြို့တွင်းမှာ ဟောပြော စည်းရုံးရေးပွဲ လုပ်ဆောင်နေစဉ် ဦးအောင်စိုးမြင့်ကား ကို တောင်ငူမြို့နေ NLD ပါတီကို မလိုလားသူ ပြည်သူ များက လေးဂွဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။NLD ပါတီအနေဖြင့်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စည်းမရှိကမ်းမရှိ သွားလာမူ၊အပြုအမူတို့ကို မနှစ်သက်သော ပြည်သူများစွာရှိကြောင်းသိရှိရသည်။ထိုကဲ့သို့ NLD ပါတီ အမတ်လောင်းများ အား ကျောက်ခဲများ၊လေးဂွများဖြင့် ပစ်ခတ်မူသည်NLD ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ကြသည့် အမတ်လောင်းများ တွင်သာ ပစ်ခတ်ခံရခြင်းမဟုတ်ဘဲ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အားလည်း အလားတူ ပစ်ခတ်မူများ ရှိကြောင်းတွေ့ရှိရသည်။


Myanmar Express 

ကြိုက်တဲ့ ပါတီကို မဲပေးနိုင်ပါသည် ၊ သို့သော်.......



Myanmar Express 
 

လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း စနစ်တကျ ပြုစုတင်ပြကြရန် အသိပေးနှိုးဆော်

From : ခေတ်လူငယ်


၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ အခန်း (၁၃)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို ကျခံသုံးစွဲကြမည်ဖြစ်ရာ အဆိုပါ ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းများကို ဥပဒေနှင့်အညီ စနစ်တကျ စာရင်းပြုစု၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒအလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း နေပြည်တော်/ သက်ဆိုင်ရာ ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ ကော်မရှင်ညွှန်ကြားချက် (၃/၂၀၁၀) ၏ ပူးတွဲ(က)ပါ သတ်မှတ်ပုံစံအတိုင်း ပေးပို့တင်ပြရမည်ဖြစ်ပါသည်။ နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက် ခံရသည်ဖြစ်စေ၊ အရွေးမခံရသည်ဖြစ်စေ ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းတင်ပြရန် တာဝန်ရှိပြီး ဥပဒေနှင့်အညီ သတ်မှတ်ရက်အတွင်း စနစ်တကျ တင်ပြခြင်းမရှိပါက လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၈(ဂ) အရ အရည်အချင်း ပျက်ယွင်းသူအဖြစ် ဆုံးဖြတ်ကြေညာခြင်း ခံရနိုင်ကြောင်း အသိပေးနှိုးဆော်လိုက်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၁၆.၉.၂၀၁၀ ရက်စွဲပါ ညွှန်ကြားချက် (၃/၂၀၁၀)နှင့် ပူးတွဲ(က) သတ်မှတ်ပုံစံများအား ၁၈.၉.၂၀၁၀ ရက်နေ့ထုတ် သတင်းစာများတွင် ထုတ်ပြန်ကြေညာပေးထားပြီးဖြစ်ကြောင်းသိရှိရသည်။
 
 Myanmar Express 

Eleven Media Group သို့ ပြည်သူတစ်ဦးမှ အိတ်ဖွင့်ပေးစာ

EMG ဆိုတဲ့ Eleven Media Group က အငယ်ထွေးဆိုတဲ့ ဆောင်ပါးရှင်က ဘာသဘော
နဲ့ရိုဟင်ဂျာလို့ သုံးပြီးရေးထားသလဲတော့ မသိနိုင်ပါဘူး။သူရဲ့တထွာတမိုက်ဦးနှောက်က
တရုတ်ရဲမကောင်းတာကို ဦးစားပေးရေးချင်နေတာ ပေါ်လွင်ပေမယ့် "ရိုဟင်ဂျာ မောင်းတော
မှတ်ပုံတင် ကိုင်ထားတာ...." ဆိုတာကတော့ မေးစရာရှိပါတယ်။ဒီစကားရဲ့ဆိုလိုရင်းက ရိုဟင်ဂျာ
သည်မှတ်ပုံတင်ရှိသည်၊ရိုဟင်ဂျာသည် နိုင်ငံသားဖြစ်နေပြီ ဆိုတဲ့ ဆိုလိုချက်ကို သွားသက်ရောက်စေပါတယ်။
ဒေါက်တာသန်းထွဋ်အောင်ဆိုတဲ့ Eleven က Chairman & CEO ကိုမေးစရာရှိပါတယ်။ခင်ဗျားရဲ့ပေါ့လျော့မူတစ်ခုက
အမျိုးဘာသာ သာသနာကို ဘယ်လောက်ထိခိုက်သွားစေနိုင်မလဲဆိုတာ နားလည်ပါရဲ့လား?
မသိနားမလည်ေ၀၀ါးဝါး ဖြစ်နေသူအတွက် ရိုဟင်ဂျာ ဆိုတာ တိုင်းရင်းသားလား၊နိုင်ငံသားလား Confuse ဖြစ်သွားစေနိုင်ပါတယ်။
တကယ်အဲ့ဒီအဖြစ်ပျက်မျိုး ရှိနေခဲ့ပါစေ...နိုင်ငံတော်ကရော၊တိုင်းရင်းသားအားလုံးက တရားဝင်အတိအလင်းမရှိပါဘူး၊
မဟုတ်ပါဘူး လို့ကြေငြာထားတဲ့လူမျိုးဖြစ်ပါတယ်။တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်ရိုးမှန်ရင် ဒီလို မလုပ်သင့်ပါဘူး၊
ထမင်းတနပ်အတွက် အလုပ်မလုပ်ပါနဲ့။နာမည်ကျော်ကြားထင်ပေါ်လိုမူနဲ့ အလုပ်မလုပ်ပါနဲ့။ဗုဒ္စ ဘာသာ နဲ့ အမိမြန်မာနိုင်ငံတော်
မျက်နှာကို ပေါ်ပင်လုပ်လိုစိတ်တစ်ခုတည်းနဲ့ မနင်းချေလိုက်ပါနဲ့ ဒေါက်တာကြီး။
Myanmar Express 

ရွာလုံးကျွတ်မီးလောင်နေတာတောင် ဖျော်ဖြေပွဲကို ဆက်ပြသတဲ့ NLD ပါတီ


 ဧပြီ လ  ၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီ သည် ပါတီ အောင်နိုင်ရေးအတွက် ရုပ်ရှင်မင်းသား၊မင်းသမီး အဆိုတော်များဖြင့် မဲစည်းရုံးရေး ဖျော်ဖြေပွဲများ အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကာ လုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။အဆိုပါဖျော်ဖြေရေး အဖွဲ့များ မတ်လ ၂၉ ရက်နေ့က စစ်ကိုင်းမြို့သို့ စည်းရုံးရေးအတွက်ဖျော်ဖြေဖို့ရောက်ရှိနေစဉ် ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာတွင် ရွာလုံးကျွတ် မီးလောင်ကျွမ်းမူဖြစ်ခဲ့ကြောင်းကို MEG သတင်းထောက်တစ်ဦးမှ ပေးပို့ခဲ့သည်။

 မီးလောင်နေသော်လည်း ပါတီ အောင်နိုင်ရေး ကို အဓိကထား ဖျော်ဖြေနေသူများ

 မီးလောင်ကျွမ်းခံခဲ့ရတဲ့ အဲ့ဒီရွာဟာ အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁၀၀၀ ကျော် ရှိတယ်လို့ သိရပြီး တရွာလုံးနီးပါး မီးလောင်သွားတယ်လို့ သတင်းရရှိပါတယ်။  စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝင်းကုန်းရွာဟာ အလောင်းတော်ကဿပ တောင်ခြေမှာ ရှိပြီးတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် သောက်ရေသုံးရေ အလွန် ရှားပါးတယ်လို့ သိရပါတယ်။
ပုလဲမြို့က မီးသတ်ကားတွေ လာရောက် ငြှိမ်းသတ်ခဲ့ပေမဲ့ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ဖို့ အခက်အခဲတွေ အများအပြား ကြုံတွေ့ခဲ့ရပြီး တရွာလုံးနီးပါး လောင်ကျွမ်းခံခဲ့ရတာ ဖြစ်ပါတယ်။လာမယ့်ရွေးကောက်ပွဲမှာ အောင်မြင်နိုင်ရေးအတွက်   NLD ပါတီ အနေဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် စည်းရုံးရေး လုပ်ငန်းများ ကို အနယ်နယ်အရပ်ရပ်တွင် လုပ်ဆောင်နေသော်လည်း လုပ်ဆောင်ခဲ့သည့် မြို့နယ်များ အတွင်း လူသေမူဖြစ်ပွားခြင်း၊မီးလောင်မူဖြစ်ပွားခြင်း များဖြင့်သာ ကျန်နေခဲ့လေသည်။


Myanmar Express 

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း

From : ခေတ်လူငယ်

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၈ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ ရှင်းလင်းပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုများ၊ လွတ်လပ်၍ တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏မေးမြန်းမှု များ ကို ပြန်လည်ဖြေကြားခဲ့သည်။ မဲရုံအတွင်းသို့ မီဒီယာများ သတင်းဓာတ်ပုံ ရိုက်ကူးခွင့်နှင့် ပတ်သက်၍ မီဒီယာ တစ်ခုက မေးမြန်းခဲ့ရာ ''မဲရုံအတွင်းကိုတော့ မီဒီယာတွေ ၀င်ခွင့်မရှိပါဘူး။ မဲရုံပြင်ပကနေပဲ ဓာတ်ပုံရိုက်ကူးခွင့်၊ သတင်း မေးမြန်းခွင့် ရှိပါတယ်။ မဲရုံအတွင်းကိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မဲရုံ ကိုယ်စားလှယ်တွေ၊ ပါတီ ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေပဲ ၀င်ခွင့်ရှိပါတယ်။ ကိုယ်စားလှယ်တွေ အနေနဲ့လည်း မဲရုံထဲကို စကားပြောစက်၊ ကင်မရာ၊ ဖုန်းတွေ ယူနိုင်သော်လည်း သုံးစွဲခွင့် မပြုထားပါဘူး'' ဟု ပြည်ထောင်စုေ ရွးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြန်လည်ဖြေကြားခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက် ၍လည်း ''လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ မဲစာရင်း တိကျမှန်ကန်ဖို့ အလေးထား ပြီး ဆောင်ရွက်နေပါတယ်။ အဲဒီအတွက်လည်း ၀န်ကြီးဌာန အသီးသီးက ပြည်ထောင်စု ၀န်ကြီးတွေ၊ ပြည်ထောင်စုဒုတိယ၀န်ကြီးတွေကို ဖိတ်ကြားပြီး မဲပေးရာမှာ ဘက်လိုက်ခြင်း မပြုဖို့နဲ့ ဥပဒေနဲ့အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ ခုကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီ ၁၇ ခုက ကိုယ်စားလှယ် ၁၆၀ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၈ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ကြားဖြတ်ရွေးကောက်ပွဲကို လာရောက်လေ့ လာဖို့ ပြည်ပက လေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင်ဦးရေ ၁၅၀ ကျော်ကိုလည်း ဖိတ်ကြားထားပါတယ်။ အောင်မြင်ပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ယခင်ရွေးကောက်ပွဲ အတွေ့အကြုံတွေထဲက ကောင်းတာတွေယူပြီး မကောင်းတာတွေပြင်ပြီး ဆောင်ရွက်နေပါတယ်။ ကိုယ်စား လှယ်တွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ စည်းကမ်းဖောက်ဖျက်တာတွေ တွေ့ရင် ကော်မရှင်ကို ချက်ချင်း တိုင်နိုင်ပါတယ်'' ပြောကြားခဲ့သည်။ မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ရာတွင် သမ္မတကြီး ဦးသိန်းစိန် ဓာတ်ပုံအား သုံးစွဲနေမှုများနှင့် ပတ်သက်၍ သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကိုလည်း ''သမ္မတကြီးရဲ့ ဓာတ်ပုံကို အသုံးပြုပြီး မဲဆွယ်တာကို ဖြေကြားရမယ် ဆိုရင်တော့ ဒါကတော့ အဖြစ်မှန်ပဲလေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ အငြင်းမပွားလိုပါဘူး။ ကျွန်တော့်အနေနဲ့ သမ္မတကြီးပုံနဲ့ စည်းရုံးတာကိုတော့ ဘာမှမပြောလိုပါဘူး'' ဟု ပြန်လည် ဖြေကြားခဲ့သည်။ နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိ၍ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်တော့သည့် ဖားကန့်၊ ဗန်းမော်၊ မိုးကောင်းမြို့နယ်များတွင်လည်း ကျင်းပနိုင်သည့် အခြေအနေရှိပါက ချက်ချင်း ကျင်းပပေးမည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်း အစီအစဉ် ပြောင်းလဲခြင်း


From : ခေတ်လူငယ်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၁-၄-၂၀၁၂ ရက်နေ့မှစ၍ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား ဈေးကွက်အခြေခံသော ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ် (Managed Floating Exchange Rate Regime) ကို စတင်ကျင့်သုံးမည် ဖြစ်ပါသည်။ နိုင်ငံသုံးငွေကြေး မြန်မာကျပ်၏ တန်ဖိုးအား နိုင်ငံခြားသုံးငွေဖြင့် တန်ဖိုးသတ်မှတ်ရာတွင် ယင်းနေ့မှစ၍ နိုင်ငံခြားငွေဈေးကွက်ရှိ ရောင်းလိုအားနှင့် ဝယ်လိုအား အခြေအနေများအရ သတ်မှတ်မည်ဖြစ်ပါသည်။ ပြောင်းလဲကျင့်သုံးမည့် နိုင်ငံခြားငွေလဲလှယ်နှုန်း စနစ်သစ်နှင့်အညီ ရည်ညွှန်း နိုင်ငံခြားငွေလဲလှယ်နှုန်း (Reference Foreign Exchange Rate) ကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှ နေ့စဉ် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။ ဤအစီအစဉ်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးစနစ်အား ခေတ်မီစေမည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အဓိကအားဖြင့် အမျိုးမျိုးသော ငွေလဲလှယ်နှုန်းများကို ပေါင်းစည်းရန်နှင့် လက်ရှိ အပြည်ပြည်ဆိုင်ရာ ပေးချေမှုများ၊ ပြည်ပငွေလွှဲပေးပို့မှုများအပေါ် တားမြစ်ချက်များကို တဖြည်းဖြည်းချင်း ဖယ်ရှားပေးရန်ဖြစ်ပါသည်။ ၁၉၇၇ ခုနှစ်မှစ၍ အထူးထုတ်ယူခွင့် (SDR) တစ်ယူနစ်လျှင် ၈ ဒသမ ၅၀၈၄၇ ကျပ်ဖြင့် ချိတ်ဆက်သတ်မှတ်ခဲ့သည့် တရားဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းအား ယခုကဲ့သို့ ဈေးကွက်မှ သတ်မှတ်ပေးသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် အစားထိုးခြင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းများအား ပေါင်းစည်းရေးအတွက် ပထမအဆင်ဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဈေးကွက်နိုင်ငံခြားငွေ လဲလှယ်နှုန်းအပေါ် လိုအပ်သလို ထိန်းကျောင်းဆောင်ရွက်မည် ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပြည်တွင်းပြည်ပမှ တာဝန်ရှိအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း ရေးဆွဲရာတွင် နိုင်ငံတော် စီးပွားရေး အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏ နိုင်ငံခြားငွေ အရအသုံးဆိုင်ရာ လျာထားမှုများအား ဈေးကွက်နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် လိုက်လျောညီထွေ ဖြစ်စေနိုင်သော ခန့်မှန်းနှုန်းထားတစ်ရပ်ဖြင့် တွက်ချက်လျာထားပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်း အစီအစဉ် ပြောင်းလဲမှုများကို ပြည်သူလူထု သိရှိစေရန် ဆက်လက် သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

မြန်မာစကားမတတ်တဲ့ အမေစု သား နှစ်ယောက် အတုယူစရာ

မြန်မာစကားမတတ်တဲ့ အမေစု သား နှစ်ယောက် အတုယူစရာ လို့ ခေါင်းစဉ်တပ်ထားပေမယ့် တကယ်တော့ မြန်မာစကားတတ်ပြီး မြန်မာအချင်းချင်း အင်္ဂလိပ်လို့ ပြောတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အတုယူသင့်ပါတယ်။ မြန်မာစကားကို လေးစားပြီး မြန်မာတွေကြားမှာ ပျော်ရွှင်နေတဲ့ နိုင်ငံခြားသား တစ်ယောက်က နိုင်ငံခြားသားကို ယူပြီး သားတွေကို မြန်မာစကား သင်မပေးတဲ့ မြန်မာတစ်ယောက်ထက် အများကြီး ပိုသာပါတယ်...။





Myanmar Express

နိုင်ငံသားအမည်ခံ ပြည်ပလုပ်ငန်းများအား လုံးဝအရေးမယူဘဲ တရားဝင်ပြောင်းလဲမှတ်ပုံတင်ရန် ရက် ၉၀ ခွင့်ပြု


From : သတင်း

ပြည်တွင်း၌ နိုင်ငံသားအမည်ခံကာ လာရောက်ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားသားပိုင် ကုမ္ပဏီများအား နောက်ကြောင်းပြန် အရေးယူမှု လုံးဝမရှိဘဲ အမှန်အတိုင်း မှတ်ပုံတင်ရန် ရက်ပေါင်း ၉၀ ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ပြောကြားသည်။ အဆိုပါ အမိန့်ကြေညာစာအား ဖေဖော်ဝါရီလ ၂၇ ရက်က စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယင်းနေ့မှစ၍ ရက်ပေါင်း ၉၀ သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားက အမည်သာခံပြီး မည်သည့်ပိုင်ဆိုင်မှုမှ မရှိခြင်း၊ ငွေကြေးထည့်ဝင်မှု လုံးဝမရှိခြင်းဖြစ်ပါက ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသားပိုင်အဖြစ်လည်းကောင်း၊ နိုင်ငံခြားသားက မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ လက်ထပ်ထိမ်းမြားကာ လုပ်ငန်းလုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်ပါက ၅၀ ရာခိုင်နှုန်း နိုင်ငံခြားသား ပိုက် ဖက်စပ်လုပ်ငန်းအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသူ နိုင်ငံသားတစ်ဦးအား အမွေစား အမွေခံအဖြစ်မွေးစားကာ လုပ်ငန်းလုပ်ကိုင်စေခြင်းဖြစ်ပါက မြန်မာနိုင်ငံသားအတွက် သင့်တင့်သည့် ရှယ်ယာ ရာခိုင်နှုန်းပေးပြီး ဖက်စပ်လုပ်ငန်းအဖြစ်လည်းကောင်း ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား လုပ်ငန်းတစ်ခုတွင် အနည်းဆုံး ၃၅ ရာခိုင်နှုန်း ပါရှိရမည်ဟု သတ်မှတ်ထားရာ ပုံစံပြောင်းလဲ မှတ်ပုံတင်ခြင်းများအားလည်း ထိုအတိုင်းသာ ခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

အာရှ ပစိဖိတ် ဒေသကို အမေရိကန် စစ်ရေးယန္တရား ဦးစားပေးမည်

From : သူရိယ(နေရှင်း)

အမေရိကန်ပြည်ထောင်စု ငွေကြေးအကြပ်အတည်းက ဗျူဟာ အပြောင်းအလဲကို ဖြစ်စေသည်ဟု အမေရိကန် ကာကွယ်ရေး အတွင်းရေးမှူး လီယွန် ပန်နက်တာက ဗျူဟာများ ပြန်လည်သုံးသပ်သည့် နိဒါန်းတွင် ပြောဆိုသည်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုကို သမ္မတဟောင်း ဂျော့ဘုရှ်က သံတမန်နှင့် စစ်ရေး အရေးယူဆောင်ရွက်များ လုပ်ဆောင်ခဲ့သည်။

သို့သော်လည်း အာဖဂန်နစ္စတန်နှင့် အီရတ်ရှိ စစ်ပွဲများက အမေရိကန်စစ်တပ်ကို မောပန်းစေသကဲ့သို့ ငွေကြေးရင်းမြစ်ကို ပိုမိုကုန်ကျစေခဲ့ပြီး အီရတ်နှင့် အာဖဂန်မှ စစ်တပ်များ ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့သည်။

အရှေ့အလယ်ပိုင်းမှ စစ်တပ်များ ဆုတ်ခွာခြင်းနှင့်အတူ အမေရိကန် စစ်ရေးနည်းဗျူဟာက ကမ္ဘာတ၀န်း အကြမ်းဖက် တိုက်ဖျက်ရေး နည်းဗျူဟာကို အဆုံးသတ်စေခဲ့သည်။

ကြပ်တည်းလာသည့် စီးပွားရေးနှင့် စစ်ရေး အသုံးစရိတ်အကြား မျှတအောင် ၀ါရှင်တန် ကြိုးစားနေမှုကိုလည်း ထင်ဟပ်စေခဲ့ သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်က အမေရိကန် စစ်ရေး အသုံးစရိတ်သည် အဆမတန် မြင့်တက်ခဲ့သည်။ အမေရိကန်၏ စစ်ရေး အသုံးစရိတ်ကြီးမြင့်မှုကလည်းလည်း ဒေါ်လာ ၁၅ ထရီလီယံ အကြွေးတင်နေသည်။



အမေရိကန်၏ ငွေကြေးလိုငွေပြမှုနှင့် အကြွေးပြဿနာသည် လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟုလည်း ပန်နက်တာက ယုံကြည်လျက်ရှိသည်။

လာမည့် ရာစုနှစ်တွင် အမေရိကန်က ဒေါ်လာ ၄၈၉ ဘီလီယံ စစ်ရေး အသုံးစရိတ်ဖြင့် အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်သည်။

အခြေစိုက် မြေပြင်တပ်များကို လျော့ချနေသော်လည်း အရည်းအသွေးများက အနာဂတ် အောင်မြင်မှုများနှင့် ဆိုက်ဘာကို လွမ်းမိုထားနိုင်ခြင်းတို့ကို အလေးအနက်ထားသွားမည်ဖြစ်သည်။

“လျင်မြင်ဖျတ်လတ် ပြောင်းလဲနိုင်ပြီးတော့ ခြိမ်းခြောက်တာတွေအတွက် အသင့်ရှိနေတဲ့ ပထမတန်းစား တပ်ဖြစ်ဖို့ အမေရိကန်က ထိန်းသိမ်းထားရမယ်” ဟု အိုဘားမားက ပြောဆိုခဲ့သည်။

ယခင်က အမေရိကန်က စစ်ပွဲ ၂ ပွဲကို တပြိုင်တည်း တိုက်ခိုက်နိုင်သည့် အရည်အချင်းကို ထိန်းသိမ်းထားခြင်းထက် အဓိက စစ်ပွဲတခုကို တိုက်ခိုက်ပြီး တခြား တခုကို ဟန်တိုင်းနိုင်ရန် ရည်ရွယ်လျက်ရှိသည်။

ဗျူဟာက ပြန်လည်သုံးသပ်မှုက အမေရိကန်၏ ကမ္ဘာပေါ်တွင် တည်ရှိမှုကို ပြန်လည် စဉ်းစားနေသည့် ညွန်းဆိုချက် တခုဖြစ်စေခဲ့သည်။

အမေရိကန်၏ စိန်ခေါ်ချက် ၅ ခုကို ပန်နက်တာက စာရင်းပြုစုခဲ့သည်။ အစွန်းရောက် ၀ါဒ၊ အစုလိုက်အပြုံလိုက် ပျက်စီးစေနိုင်သည့် လက်နက်၊ အာရှရှိ နိုင်ငံများ ပေါ်ထွန်းလာမှု၊ အရှေ့အလယ်ပိုင်းပြောင်းလဲမှု၊ တခြားတိုင်းပြည်များ၏ တလွဲအသုံးချမှု တို့ဖြစ်သည်။

ယင်းတို့အနက် ပန်နက်တာက အနာဂတ်တွင် အရှေ့အလယ်ပိုင်းနှင့် အာရှ ပစိဖိတ်သည် အမေရိကန်အတွက် ကြီးမားသည့် ခြိမ်းခြောက်စိန်ခေါ်မှုအဖြစ် ယုံကြည်လျက်ရှိသည်။



အမေရိကန်ရှိ လူများစုကလည်း အရှေ့အလယ်ပိုင်းကို အထူးအာရုံစိုက်ခဲ့ပြီး တခြားသောဒေသ အထူးသဖြင့် အာရှကို လစ်လျူရှုခဲ့သည်ဟု ယုံကြည်လျက်ရှိသည်။

အာရှပစိဖိတ်ရှိ အမေရိကန်တပ်များ တောင့်တင်းမှုကို အိုဘားမားက အလေးထားပြောကြားသွားသည်။ ငွေကြေး လျော့ချမှုသည် အရေးပါသည့် ဒေသနှင့် မသက်ဆိုင်ဟုလည်း ဆိုသည်။
ယင်းမှတ်ချက်များက အမေရိကန် စစ်ရေး အာရုံစူးစိုက်မှုက ရှေ့သို့ တိုးတက်လုပ်ဆောင်နေသည့် လက္ခဏာတရပ်ဖြစ်ပြီး တရုတ်၏ ဒေသတွင်းလွမ်းမိုးမှုကို ချိန်ခွင်ရှာညှိရန် ကြိုးစားခြင်းဖြစ်သည်ကို ညွန်ပြခြင်းဖြစ်သည်။

ဂျော့ဘုရှ် သမ္မတ သက်တမ်းကာလအတွင်း အမေရိကန်က တနိုင်ငံတည်း သို့ မဟာမိတ်များဖြင့် ကြိုက်နှစ်သက်ရာ လုပ်ပိုင်ခွင်ရှိသည်ဟူသော အတွေးအခေါ်ရှိသူများလည်း ရှိနေသည်။

သို့သော်လည်း အိုဘားမားက အမေရိကန်က သူ၏ အဓိက မဟာမိတ်များနှင့် လက်တွဲဆောင်ရွက်မှု တိုးမြင့်သွားရန်နှင့် ကမ္ဘာတွင် အမေရိကန် တည်ရှိမှုကို နည်းအသစ်များ တိုးတက်လုပ်ဆောင်ရန် ဖိအားပေးပြောဆိုခဲ့သည်။

ယခင်အတိတ် ဖြစ်ရပ်များကလည်း အမေရိကန်က တိုင်းပြည်ငယ်များ၏ အုပ်ချုပ်သူများကို ဖြုတ်ချရန်အတွက် တောင့်တင်းမှု အလုံအလောက်ရှိနေသည်ကို သက်သေပြလျက်ရှိသော်လည်း ပစ်မှတ်ထားသည့် တိုင်းပြည်၏ နိုင်ငံရေး တည်ငြိမ်မှု ရရှိရန် အတွက် အားနည်းချက်ရှိနေသည်ဟု ဆိုသည်။
ဝါရှင်တန်၏ လစ်ဗျားမူဝါဒကို ကြည့်ခြင်းအားဖြင့် အမေရိကန်က ရည်းမှန်းချက်ကို ရရှိရန် မဟာမိတ်များ၏ ပူးပေါင်းမှုကို လိုအပ်သည်ဟု ထင်ရှားစွာ ညွန်ပြလျက်ရှိသည်။

အလားတူ အမေရိကန်က နေတိုးကို ဥရောပတွင် ပိုမို ကျယ်ပြန့်သည့် ကဏ္ဍတွင် ပါဝင်ရန်လည်း တောင်းဆိုလိုက်သည်။ လက်တင် အမေရိကနှင့် အာဖရိကတွင် အမေရိကန် တည်ရှိမှုကို နည်းလမ်းအသစ် အသုံးပြု စီစဉ်ခြင်းလည်း ဖြစ်သည်။

ဗျူဟာအပြောင်းအလဲများနှင့်အတူ ကာကွယ်ရေး အစီအစဉ်သစ်က ကမ္ဘာပေါ်တွင် အတောင့်တင်းဆုံးစစ်တပ်ဟူသော ဂုဏ်ပုဒ်ကို ထိခိုက်မည်မဟုတ်ချေ။

အမေရိကန်၏ ရည်ရွယ်ချက်ဖြစ်သော ကမ္ဘာထိပ်တန်းနေရာကို ထိန်းသိမ်းထားခြင်းဟူသော ထုတ်ဖော်ပြောဆိုချက် တခုလည်း ဖြစ်သည်။

Myanmar Express


မြန်မာလူမျိုးတွေ ဒါတွေကို မေ့နေကြမှာစိုးလို့ပါ

မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း


တို့ဗိုလ်ချုပ်တွင် သားသမီး (၃) ယောက်ထွန်းကားခဲ့သည်


အငယ်ဆုံးသမီး ကတော့ အနောက်နိုင်ငံသားဖြင့် လက်ထပ်ခဲ့သည်


အနောက်နိုင်ငံသားတစ်ယောက်အတွက် ကလေး(၂)ယောက် မွေးပေးခဲ့သည်


ယောကျာ်းမသေခင်အချိန်ထိကတော့ မြန်မာနိုင်ငံကို ကျီးထိုးထိုး ခွေးစားစား လွှတ်ထားတယ်



အနောက်နိုင်ငံ ယဉ်ကျေးမူအရကြောင့်လား?၊ ဒေါ်စုကြည် ၀ါသနာကြောင့်လား?

ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗိုလ်ချုပ်မြေးတော်


မျက်နှာဖြူ လူမျိုးတွေက အရှင်နှစ်ပါးကို ဒီလိုခေါ်ပြီး မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ကြတယ် မြန်မာလူမျိုးမှန်ရင် မေ့လို့မရတဲ့ အိမ်မက်တစ်ခုပေါ့

Myanmar Express

ကြားဖြတ်ရွေးကောက်ပွဲ သတင်းများကို ဂြိုလ်တုမှ သတင်းရယူခြင်း


From : ခေတ်လူငယ်

ဆောင်ရွက်လိုသော သတင်းဌာနများ ဂြိုလ်တုမှ သတင်း ပေးပို့/ရယူနိုင် ၁.၄.၂၀၁၂ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ သတင်းများကို ဂြိုလ်တုမှ သတင်းရယူခြင်း (SNG; Satellite News Gathering) ဆောင်ရွက်လိုသော သတင်းဌာနများအတွက် နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (တပ်ကုန်း)နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ပြည်လမ်း၊ ရန်ကုန်) စသည့် (၃) နေရာမှ Thaicom-5 ဂြိုလ်တုသို့ Satellite Uplink လုပ်ငန်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ သတင်းပေးပို့လိုသော သတင်းဌာနများသည် ညွှန်ကြားရေးမှူးချုပ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထံ Booking Time လျှောက်ထား၍ သတ်မှတ်အခကြေးငွေ ပေးပြီး Uplink ဆောင်ရွက်နိုင်သည်။ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှာ- ၀၆၇-၇၉၄၇၁၊ ၀၆၇-၇၉၄၇၄၊ Fax; ၀၆၇-၇၉၄၇၃၊ ၀၆၇-၇၉၄၆၄ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

စတုတ္ထမဏ္ဍိုင် ကြီး သစ်ထူးလွင်(ခ)သစ်ထူးလိမ် ညာတယ်

မတ်လ ၂၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန
ရုံး ပြတင်းပေါက်မှ ရှမ်းအမျိုးသမီး မနန်းဝိုးဖန် ပြုတ်ကျသေဆုံးသွားကြောင်းသိ
ရှိရသည်။အထိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများမှ
မနန်းဝိုးဖန် သေဆုံးရသည့်ဖြစ်စဉ်မှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ နေ့ည မနားတမ်း
စစ်ဆေးနေသောကြောင့် မနန်းဝိုးဖန် မှာ စစ်ဆေးမူဒဏ်များကို မခံနိုင်တော့သဖြင့်
ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ကြောင်းသတင်းအဖြစ် မှတ်တမ်းတင်နေသည်ကိုတွေ့ရှိနေရ သည်။


 ဒီမိုဝေယံလည်း လိမ်နေတယ်




သေဆုံးသွားသူ မနန်းဝိုးဖန်
သေဆုံးသူ မနန်းဝိုးဖန် မှာနဂိုကတည်းက သွေးပေါင်ကျရောဂါအခံရှိကြောင်း
သိရှိရသည်။ယခု သေဆုံးသွားသည့်ဖြစ်စဉ်မှာလည်း မနန်းဝိုးဖန် သည် (စစစ) မှ နေ့ည
စစ်ဆေးနေသောကြောင့်မခံနိုင်၍ ကိုယ့်ကိုကိုယ် ခုန်ချ သတ်သေခြင်းမဟုတ်ဘဲ
ပြတင်းပေါက်အနီးမှ မူးလဲ၍ပြုတ်ကျကာ သေဆုံးသွားခြင်းဖြစ်သည်။


သေဆုံးသူ၏ ရှေ့နေ မအိအိအောင် ပြောကြားချက်


Myanmar Express