Subscribe to our RSS Feed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးအား Radio Free Asia ဥက္ကဋ္ဌ Ms.Libby Liu ဦးဆောင်သော အဖွဲ့လာရောက်တွေ့ဆုံ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးအား Radio Free Asia ဥက္ကဋ္ဌ Ms.Libby Liu ဦးဆောင်သော အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ မတ်လ (၁၄) ရက် ညနေပိုင်း (၅) နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းသို့ လာရောက် တွေ့ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား Radio Free Asia ဥက္ကဋ္ဌ Ms.Libby Liu ဦးဆောင်သော အဖွဲ့ လာရောက်တွေ့ဆုံစဉ်

တွေ့ဆုံရာတွင် ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး နှင့်အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်ရုံး၊ ဌာနချုပ်မှူး ဦးအောင်နိုင်ထွန်းနှင့် တာဝန်ရှိ သူများ တက်ရောက် ကြသည်။

ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ Radio Free Asia ဥက္ကဋ္ဌ Ms.Libby Liu အား လက်ဆောင်ပေးအပ်

ထိုသို့ တွေ့ဆုံရာတွင် ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် Radio Free Asia ဥက္ကဋ္ဌ Ms.Libby Liu တို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လုပ်ငန်းစဉ်များ၊ ကြားဖြတ် ရွေးချယ်တင်မြှောက်ပွဲအတွက် ပြင်ဆင် ဆောင်ရွက်မှု များနှင့် နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများကို ရင်းနှီး ပွင့်လင်း စွာ ဆွေးနွေး ကြကြောင်း သတင်း ရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်