Subscribe to our RSS Feed

ကင်အီဆွန်း၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် မြောက်ကိုရီးယား ဒုံးပျံ လွှတ်တင်မည်

From : MRTV-4

မြောက်ကိုရီးယား နိုင်ငံမှာ ယခင်က နိုင်ငံ့ အကြီးအကဲဟောင်း တစ်ဦးဖြစ်သူ ကင်အီဆွန်း၏ နှစ် ၁၀၀ ပြည့် မွေးနေ့ကို အမှတ်ရသည့် အနေဖြင့်

ဒုံးကျည် တပ်ဆင်ထားသည့် ဂြိုဟ်တု တစ်လုံးကို လွတ်တင်မည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းတွင် ဖော်ပြခဲ့သည်။ အဆိုပါ လွှတ်တင်မှုမှာ ဧပြီလ ၁၂ ရက်နှင့် ၁၆ ရက် အကြားတွင်ဖြစ်မည် ဖြစ်ကြောင်း ကိုရီးယား အာကာသ နည်းပညာ ကော်မစ်တီမှ ပြောရေး ဆိုခွင့်ရှိသူမှ ပြောခဲ့သည်။

ယခုလို လုပ်ဆောင်ခြင်းမှာ လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်က ယင်းသို့ ပုံစံတူ လွှတ်တင်မှု အပြီးတွင် ကုလသမ္မဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်းလည်း အချို့က ပြောသည်။ ယခင်လက မြောက်ကိုရီးယားတို့မှ ၎င်းတို့၏ တာဝေးပစ် ဒုံးလက်နက်များကို ရပ်ဆိုင်ထားမည် ဆိုသည့် သဘောတူညီချက်နှင့် အတူ အမေရိကန် ပြည်ထောင်စုမှ အစားအစာ တန်ချိန် ၂၄၀၀၀၀ ကို ထောက်ပံ့ပေးမည့် ကိစ္စကို သဘော တူညီခဲ့သေးကြောင်းလည်း သိရသည်။


Myanmar Express

1 comments:

dont be like them, their ppll starve to death and making rocket

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်