Subscribe to our RSS Feed

ဧရာဝတီအထူး စီးပွားရေးဇုန်နှင့် စီမံကိန်းမျိုးစုံအတွက် ဂျပန်က အမေရိကန်ဒေါ်လာ ဘီလျံ၂၂ဝ ရင်းနှီးမြှုပ်နှံမည်




ဂျပန်နိုင်ငံမှ Far East Asian အုပ်စုက ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၂၂ဝဘီလျံအထိ ပါဝင်ရင်းနှီးမြှပ်နှံသွားရန် အဆိုပြုထားပြီ ဖြစ်ကြောင်း ၂၂-၂-၂ဝ၁၂ရက်က သိရသည်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များဖြစ်သော ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးနှင့် Free Trade Zone၊ ရေနံချက်စက်ရုံ၊ ရေနံလှောင်ကန်များ အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအတွက် ပြည်တွင်းရှိ စီးပွားရေး ထိပ်တန်းလုပ်ငန်းစုများ ဖြစ်သော Asian World၊ Max အပါအဝင်လုပ်ငန်းစုကြီးများ နေရာကြိုတင် ရယူထားနေကြပြီ ဟုလည်းသိရသည်။ "ပုသိမ်မြို့ကို စင်ကာပူစတိုင်ဖြစ်အောင် လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေကြတယ်။ ဂျပန်အဖွဲ့က ဧရာဝတီရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကြီးတွေမှာ ပါဝင်ချင်နေတယ်။ သူတို့က တိုင်းဒေသကြီးရဲ့ ခွင့်ပြုချက်ကို ပြည်ထောင်စုအစိုးရဆီ တင်လိုက်ပြီ'' ဟု FarEastAsian၏ မြန်မာပြည်ကိုယ်စားလှယ် ဖြစ်သော Asian Square Powerမှ MDဒေါ်မီမီခင်က ပြောကြားသည်။

''လောလောဆယ် ဝဲဒေါင့်က ပမ္ပဝတီဆိပ်ကမ်းကို အဆင့်မြှင့်တင်မှုတွေ လုပ်နေကြသလို ငဝန်မြစ်ကြောင်းရဲ့ ရေစူးထပ် တူးနေတာတွေ ရှိနေပြီ။ ဂျပန် အဖွဲ့က SEZ(Special Economic Zone)နဲ့ Free Trade Zone ကိုပိုပြီး စိတ်ဝင်စားနေတယ်'' ဟု၎င်းက ဆက်လက်ပြောကြားသည်။ ''ဂျပန်ကလုပ်မယ်ဆိုရင် ပြည်တွင်း လုပ်ငန်းရှင်ကြီးတွေကို ပူးပေါင်းပါဝင်ဖို့ခေါ်မှာပါ။ ထူးတို့၊ Asian World ၊ ရွှေတောင် IGEတို့လို ကုမ္ပဏီတွေလည်း ဦးဆောင်ပါဝင်နိုင်တယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ဧရာဝတီတိုင်း ဒေသကြီးအစိုးရ အဖွဲ့သည် ပြီးခဲ့သော ကာလများက ဧရာဝတီတိုင်းဒေသကြီးကို အထူးစီးပွားရေးဇုန်ကြီး လုပ်ဆောင်သွားရန်ရှိကြောင်း ပြည်တွင်းမီဒီယာများအား ပြောကြားထားသည်။

Myanmar Express

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်