From : SimpleViews

အောက်က ပုံလေးတွေကတော့ တပ်မတော်နေ.တိုင်းတွေ.မြင်ရတဲ့ ချီတက်ခြင်း အခန်းအနားပုံများပဲ ဖြစ်ပါတယ် ။
From : Oppositeyes
Myanmar Express
ဒီကနေ.မှာ ကျရောက်တဲ့ မြန်မာ့တော်လှန်ရေးနေ.(ခ) မြန်မာ့တပ်မတော်နေ. ကို ဂုဏ်ပြုသော အားဖြင့် မြန်မာ့တော်လှန်ရေးနေ.စတင်ခဲ့တဲ့ ရဲဘော်သုံးကျိပ် နှင့် မြန်မာ့တပ်မတော်နေ. ကျင်းပကြပုံများကို တင်ပေးလိုက်ပါတယ် ။

ရဲ ဘော် သုံးကျိပ် နာမည်များ
၁ ။ ဗိုလ်တေဇ ( သခင်အောင်ဆန်း )
၂ ။ သခင် ထွန်းအုပ် (သခင်ထွန်းအုပ်)
၃ ။ ဗိုလ်လင်္ကျာ ( သခင် လှဖေ)
၎ ။ ဗိုလ်စင်္ကြာ (သခင် အောင်သန်း )
၅ ။ ဗိုလ်ဇေယျ ( လှမောင်)
၆ ။ ဗိုလ်နေဝင်း ( သခင် ရှု.မောင်)
၇ ။ ဗိုလ်ရန်နိုင် (ထွန်းရှိန် )
၈ ။ ဗိုလ်လရောင် ( သခင် ဘဂျမ်း)
၉ ။ ဗိုလ်မှုးအောင် ( သခင် စန်းလှိုင်)
၁၀။ ဗိုလ်ရန်အောင် (သခင် လှမြိုင်)
၁၁ ။ ဗိုလ်မိုး ( သခင် အေးမောင်)
၁၂ ။ ဗိုလ်မင်းဂေါင် ( သခင် စောလွင်)
၁၃ ။ ဗိုလ်မြဒင် ( သခင် သန်းတင်)
၁၄ ။ ဗိုလ်ကျော်ဇော ( သခင် ရွှေ)
၁၅ ။ ဗိုလ်ရဲထဋ် ( အောင်သိန်း)
၁၆ ။ ဗိုလ်လင်းရုံ ( သခင် ထွန်းရွှေ)
၁၇ ။ ဗိုလ်ဖုန်းမြင့် ( သခင် တင်အေး)
၁၈ ။ ဗိုလ်မြင့်အောင် ( သခင် စိုး)
၁၉ ။ ဗိုလ်တောက်ထိန် ( သခင် စံမြ)
၂၀ ။ ဗိုလ်တာရာ (သခင် ခင်မောင်ဦး)
၂၁ ။ ဗိုလ်ဇင်ယော် ( သန်းညွန်.)
၂၂ ။ ဗိုလ်ဥာဏ ( မောင်မောင်)
၂၃ ။ ဗိုလ်ဗလ (သခင် ထွန်းလွင်)
၂၄ ။ ဗိုလ်မင်းရောင် (လှ)
၂၅ ။ ဗိုလ်မြင့်ဆွေ (သခင် ထွန်းခင်)
၂၆ ။ ဗိုလ်စောအောင် ( သခင် ငွေ)
၂၇ ။ ဗိုလ်စောနောင် ( သခင် တင့်)
၂၈ ။ ဗိုလ်မိုးညို ( သခင် ကျော်စိန်)
၂၉ ။ ဗိုလ်သန်းတင် ( သခင် သန်းတင်)
၃၀ ။ ဗိုလ်ထိန်ဝင်း ( ဆောင်း)

တိုင်းပြည် နှင့် လူမျိုးအတွက် အသက်ပေးသွားကြသော ၊ အသက်ပေးလျှက်ရှိကြသော တပ်မတော်သားများအား ဦးညွှတ်လျှက်
From : Oppositeyes

တပ်မတော်နေ့ အဖြစ် သတ်မှတ် ခဲ့သည်မှာ ဦးနုက ၀န်ကြီးချုပ်၊ ဦးဗဆွေက ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန်ယူ အုပ်ချုပ်နေသည့် ပါလီမန် ဒီမိုကရေစီ ခေတ် ၁၉၅၅ ခုနှစ်တွင် ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် တရုတ်ဖြူ ကျူးကျော်မှုနှင့် အကြီးအကျယ် ရင်ဆိုင်နေရချိန် ဖြစ်ပါသည်။ ၁၉၅၄ ခုနှစ်တွင် ဘုရင့်နောင် စစ်ဆင်ရေးကို ဆင်နွဲသည်။ ၁၉၅၅ ခုနှစ်ဆန်းတွင် ရန်ကြီးအောင် စစ်ဆင်ရေးကို ဆင်နွဲသည်။ ထိုစစ်ဆင်ရေးကြီးများ အပြီးတွင် တရုတ်ဖြူတပ်များ မြန်မာ့မြေပေါ်ရှိ အခိုင်အမာ စခန်း အားလုံးကို စွန့်လွှတ်ပြီး ဆုတ်ခွာ သွားခဲ့ရသည်။
ထို့ကြောင့် ၁၉၅၅ မတ်လဆန်းတွင် ပြုလုပ်သည့် ဦးနု၏ ၀န်ကြီးအဖွဲ့ အစည်းအဝေးတွင် မြန်မာနိုင်ငံတွင် တပ်မတော်ကို ဂုဏ်ပြုသည့် တပ်မတော်နေ့ ရှိသင့်ကြောင်း၊ထိုနေ့ကို သတ်မှတ်ရာတွင် ဖက်ဆစ် ဂျပန်တို့အား အသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စား တိုက်ခိုက်ခဲ့သည့် ဗမာ့ တပ်မတော်သား များကို ဂုဏ်ပြုသော အားဖြင့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ အဖြစ် သတ်မှတ်သင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ထိုဆုံးဖြတ်ချက် အရ အောင်ဆန်းကွင်းတွင် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားတွင် စတင်ပြီး တပ်မတော်နေ့အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဘီအိုင်အေ စတင် ဖွဲ့စည်းခဲ့သည့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ (အချို့က ၂၆ ရက်ဟု ဆိုသည်။)ကို တပ်မတော်နေ့ သတ်မှတ်ရန် သင့်မသင့် စဉ်းစားခဲ့ဖူးသည်။ သို့သော် ဘီအိုင်အေ တပ်မတော်သည် ဂျပန် အကြံပေး အရာရှိများ၏ လက်အောက်တွင် ဖွဲ့စည်းခဲ့ပြီး ၎င်းတို့၏ ကွပ်ကဲမှုဖြင့် တိုက်ပွဲ ၀င်ခဲ့ရသဖြင့် လွတ်လပ်သော တပ်မတော် မဟုတ်၊ ဖက်ဆစ်တော်လှန်ရေး လုပ်ချိန်မှသာ ဂျပန် အကြံပေးများကို ဖယ်ရှားပြီး လွတ်လပ်သော မျိုးချစ် တပ်မတော်ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သောကြောင့် မတ်လ ၂၇ ရက် ကိုပင် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
အဏ္ဏ၀ါစစ်သည်
(1945 March 27 ဖက်ဆစ်တော်လှန် ရေးနေ့။ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းမှ
ရဲဘော်ဒို့ အနီးဆုံးရန်သူ ကို ခြေမှုန်းပါ လို့ အရိပ်ပြ မိန့်ခွန်းခြွေခဲ့တဲ့ နေ့။)

1 comments:
မိန့်ခွန်း နားထောင်ချင်ပါတယ်ဗျို့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်