From :http://www.kachindailynews.com/2013/02/kia_1394.html
ကချင်ပြည်နယ်၊ကာမိုင်းမြို့နယ်ခွဲ ဈေးအတွင်းရှိ ဈေးဆိုင်များအနေဖြင့် စိတ်ချမ်းသာစွာဖြင့်ဈေးရောင်း ချ
ကချင်ပြည်နယ်၊ကာမိုင်းမြို့နယ်ခ
နိုင်ရန်ကချင်တပ်ဖွဲ့(KIA)တွေကို နှစ်စဉ် ကြေးပေးနေကြရပါတယ်။ နှစ်စဉ်ကြေးပေးထားပြီးဖြစ်ပေမယ့် ဒီနှစ်မှာ တော့ အခါတိုင်းလိုမဟုတ်ဘဲ KIA တပ်ဖွဲ့တွေအနေနဲ့ အစိုးရတပ်တွေ မရှိတဲ့အချိန်တွေမှာလာရောက်ပြီး ငွေကြေးထပ်မံကောက်ခံနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကာမိုင်းကဈေးဆိုင်ပိုင်ရှင်တွေ အခက်အခဲတွေ့ကြုံနေ ကြရပါတယ်။
``ကျွန်မတို့အနေနဲ့ ဒီမှာဈေးရောင်းနေတာနှစ်ပေါင်းများစွာကြာပါပြီ။ ဒီကာမိုင်းမြို့ဟာအစိုးရရုံးစို က်တဲ့
မြို့ဖြစ်ပေမဲ့ ကျွန်မတို့ဈေးသည်တွေအနေနဲ့ တဖက်ကလူတွေကိုလဲ
တည့်အောင်ပေါင်းသင်းရပါတယ်။ အစိုးရက ပစ်မသတ်နိုင်ပေမယ့်သူတို့ တဖက်ကလူတွေက
အချိန်မရွေးပစ်သတ်သွားနိုင်တဲ့အ တွက် ကြောက်နေရပါတယ်။ ဒါကြောင့်သူတို့ (KIA)တွေကို နှစ်စဉ်ကြေးစုပေါင်းကောက်ခံပေးရ ပါတယ်။
တစ်နှစ်စာပေးထားပြီးရင်၁ နှစ်ပတ် လုံး စိတ်ချလက်ချ ဈေးရောင်းလို့ရပါတယ်။
အခုကျတော့ဒီလိုမဟုတ်ပြန်ဘူး။ ခနခနလာပြီး ငွေတောင်းနေ ပါတယ်။
မပေးလို့လဲမရဘူး။ ပိုက်ဆံမပေးနိုင်ရင်သူတို့က ကျွန်မတို့သားသမီးတွေကို
တောထဲခေါ်သွားမှာကြောက် နေကြရပါတယ်....´´
ကာမိုင်းဈေးထဲမှာ ဈေးဆိုင်ဖွင့်ထားတဲ့ ဒေါ်ရွယ်ဂျီက သူတို့ဈေးဆိုင်ပိုင်ရှင်တွေရဲ့
ကြုံတွေ့နေရတဲ့အခက် အခဲကိုပြောပြခြင်းဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပြီး ခိုင်မာတဲ့သဘောတူညီချက်တွေ
ရရှိမှသာကချင်ပြည်နယ် မှာနေထိုင်ကြတဲ့သူတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ
ပပျောက်မှာဖြစ်ပါတယ်။ KIAအဖွဲ့နဲ့အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ
လုပ်နေကြပေမယ့် လက်အောက်မှာရှိနေကြတဲ့KIA တပ်ဖွဲ့ငယ်တွေအနေနဲ့
ငွေကြေးတောင်းခံခြင်း၊ လူသစ်စုဆောင်းခြင်းနဲ့ အမျိုးသမီးငယ်တွေကို
အတင်းအကြပ်ဖမ်းဆီးခြင်းတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။
www.MyanmarExpress.net``ကျွန်မတို့အနေနဲ့ ဒီမှာဈေးရောင်းနေတာနှစ်ပေါင်းမ
ကာမိုင်းဈေးထဲမှာ ဈေးဆိုင်ဖွင့်ထားတဲ့ ဒေါ်ရွယ်ဂျီက သူတို့ဈေးဆိုင်ပိုင်ရှင်တွေရဲ့

.jpg)

1 comments:
သူ တောင်းစား တောင် ပေးရ ကျွေး ရ သေး တာ ပဲ။ ပေ ပေါ့ 
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်