Subscribe to our RSS Feed

မြောက်ကိုရီးယား၏ တတိယအကြိမ် နျူကလီးယား စမ်းသပ်မှု အောင်မြင်

From :http://www.oppositeyes.info/2013/02/blog-post_2599.html

မြောက်ကိုရီးယားနိုင်ငံမှ တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း ဖေဖော် ၀ါရီလ ၁၂ ရက်နေ့တွင် နိုင်ငံပိုင် သတင်းမှ ထုတ်လွှင့်ခဲ့သည်။ အဆိုပါ စမ်းသပ်မှုသည် မြောက်ကိုရီးယား ခေါင်းေ ဆာင် သစ် ကင်ဂျုံအမ် လက်ထက်တွင် ပထမဆုံး စမ်းသပ်မှုလည်း ဖြစ်သည်။

အစောပိုင်းတွင် မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ဖွယ်ရှိကြောင်း အမေရိ ကန်နှင့် အနောက်နိုင်ငံများမှ ပြောဆိုမှုများအပေါ် ငြင်းဆန်ခဲ့သည်။ မြောက်ကိုရီးယား သတင်းစာ Tongil Sinbo တွင် ရေးသား ဖော်ပြရာ၌ အမေရိကန်နှင့် အခြား နိုင်ငံများ အနေဖြင့် မြောက်ကိုရီးယား၏ ဆောင် ရွက် နေမှုများနှင့် ပတ်သက်၍ မှားယွင်းစွာ ကောက်ချက်ချလျက် ရှိကြောင်း ထိုကဲ့သို့ ကောက်ချက်ချမှု များ တွင် နျူကလီးယား စမ်းသပ်မှု တစ်ခု ပြုလုပ်မည် ဖြစ်ကြောင်းနှင့် အခြားသော မှားယွင်းသည့် အချက် များ လည်း ပါဝင်ကြောင်း သိရှိ ရပါသည်။

အဆိုပါ စမ်းသပ်မှု မပြုလုပ်ခင်တွင် တရုတ်နိုင်ငံမှလည်း မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား စမ်းသ ပ်မှု ကို ပြုလုပ်သည်ဆိုပါက ကြီးမားသော ပေးဆပ်မှုတစ်ခုကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ကုလသဂ္ဂ၊ တောင်ကိုရီးယား၊ဂျပန်နှင့် ဥရောပ နိုင်ငံများအနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယား စမ်း သပ် မှုကြောင့် ပိုမိုပြင်းထန်သည့် ပိတ်ဆို့မှုများ ပြုလုပ်သွားနိုင်ကြောင်း သတင်းများတွင် ဖော်ပြ ထားသည်။

ယနေ့ အစောပိုင်း ငလျင်လှုပ်မှုသည် မြောက်ကိုရီးယား၏ နျူ စမ်းသပ်မှုကြောင့် ဖြစ်ကြောင်း အတည်ပြုပြီး သည့်ေ နာက် တောင်ကိုရီးယားအနေဖြင့် နျူကလီးယားပျံ့နှံ့မှုများအား စစ်ဆေးလျှက် ရှိသည်။ 

မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံမှ အဆိုပါ စမ်းသပ်မှုသည် ၄င်းတို့နိုင်ငံ၏ လုံခြုံရေးနှင့် အချုပ်အခြာ အာ ဏာ ကို ကာကွယ်ရန်အတွက် ဖြစ်ကြောင်း ကြေငြာခဲ့သည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်