Subscribe to our RSS Feed

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ နှောကျင်းကျေးရွာ ပေါ့လျော့မှုကြောင့် မီးလောင်မှုများဖြစ်

From : ရဲဇာနည်

၂၃-၂-၂၀၁၃ ရက်နေ့ ၀၉၄၅ အချိန် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ၀ဲတောင်အုပ်စု၊ နှောကျင်းကျေးရွာနေ ဒေါ်စန်းမူ(၆၁)နှစ်၏ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများ၏ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၀၄၅ အချိန် မီးငြိမ်းသွားခဲ့သည်။ မီးလာင်မှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရသေဆုံးမှုမရှိဘဲ သွပ်မိုး၊ ၀ါးကြမ်းခင်း၊ ပျဉ်ကာ ၄ ပင်ပတ်လည် တစ်ထပ်အိမ် ၂ လုံး၊ သက်ကယ်မိုး၊ ထရံကာ၊ မြေစိုက်တဲ ၇ လုံး၊ စုစုပေါင်းနေအိမ် ၉ လုံး၊ တန်ဘိုးငွေကျပ်(၄၅၀၀၀၀ိ/-)နှင့် စပါးတင်း ၁၀၀၊ စားတော်ပဲ ၅ တင်း၊ ကုလားပဲ ၃.၅ တင်း၊ တန်ဘိုးငွေကျပ်(၅၅၀၀၀၀ိ/-)၊ စုစုပေါင်း တန်ဘိုးငွေကျပ် (၁၀၀၀၀၀၀ိ/-)မီးလောင်ဆုံးရှုံးခဲ့သဖြင့် ဒေါ်စန်းမူအား ကုန်းဇောင်းရဲစခန်း (ပ)၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။


ထို့ပြင် ယင်းနေ့ ၁၁၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စု၊ ကုန်းဖောက်ရပ်ကွက်နေ ဒေါ်မာမာစန်း(၄၂)နှစ်သည် နေအိမ်အောက်တွင် အမှိုက်များမီးရှို့ရာ အမှိုက်ပုံးအတွင်း၌ပါရှိသော ဂက်စ်မီးခြစ်ပေါက်ကွဲရာမှ နေအိမ်ထရံအား မီးစွဲပြီး မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၁၃၇ အချိန် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊ တန်ဘိုးငွေကျပ် (၁၅၀၀၀၀ိ/-)မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်မာမာစန်းအား မြိတ်ရဲစခန်း(ပ) ၁၁၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်