Subscribe to our RSS Feed

အစိုးရမကောင်းပြောပြီး တတိယနိုင်ငံပြောင်း အထောက်ပံ့တောင်း တဲ့ ဒုက္ခသည်တစ်ဦး ဆွဲကြိုးချသေဆုံး

နယ်သာလန်နိုင်ငံမှာ ကရင်လူငယ်တဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်

ဒုက္ခသည်အဖြစ် နယ်သာလန်နိုင်ငံမှာ ပြောင်းရွှေ့ အခြေချနေထိုင်ခွင့်ရတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ရဲဘော်ဟောင်းတဦးဖြစ်သူ စောရွှေလား တယောက် ဖေဖေါ်ဝါရီ ၁၉ မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ Delfsen မှာနေထိုင်သူ KNUရဲဘော် စောရွှေလားဟာ ၁၉ ရက် ညနေပိုင်းက သူ့သူငယ်ချင်း တဦးရဲ့ ကားဂိုဒေါင်တွင်း ဆွဲကြိုးချ သေဆုံး သွားတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

ဘာ့ကြောင့် ဒီလိုလုပ်သွားရသလဲ ဆိုတဲ့ အကြောင်းရင်း အတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပဲ သူ့အလောင်းကို ဆေးရုံမှာ ဆေးစစ်နေဆဲ ဖြစ်ပါတယ်။

စောရွှေလားဟာ ၁၉၉၈ ခုနှစ် အိန္ဒိယနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ရခိုင် လက်နက်ကိုင် ခေါင်းဆောင် ဗိုလ်ရာဇာ တပ်ဖွဲ့နဲ့အတူ အိန္ဒိယနိုင်ငံ လန်ဖေါ့ ကျွန်းမှာ ရေတပ်စခန်းတစ်ခုဖွင့်ဖို့ လိုက်ပါလာရင်း အိန္ဒိယနိုင်ငံက ဖမ်းဆီး ထောင်ချခဲ့ပြီး ၂၀၁၁ မှာ ပြန်လည်လွတ်မြောက် လာပါတယ်။

၂၀၁၂ မှာ သူတို့ထဲက ၂၉ ဦးကို ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီး ရုံးနဲ့ ညှိပြီး နယ်သာလန်နိုင်ငံမှာ ခိုလုံခွင့် ပေးခဲ့ပါတယ်။

ဓါတ်ပုံ - ကိုယ်တိုင်အဆုံးစီရင်သွားသူ စောရွှေလားအား နယ်သာလန် နိုင်ငံ မထွက်ခွါမီ အိန္ဒိယလေဆိပ်တွင် တွေ့ရစဉ် (A)

 ဒုက္ခသည်အဖြစ် နယ်သာလန်နိုင်ငံမှာ ပြောင်းရွှေ့ အခြေချနေထိုင်ခွင့်ရတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ရဲဘော်ဟောင်းတဦးဖြစ်သူ စောရွှေလား တယောက် ဖေဖေါ်ဝါရီ ၁၉ မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ Delfsen မှာနေထိုင်သူ KNUရဲဘော် စောရွှေလားဟာ ၁၉ ရက် ညနေပိုင်းက သူ့သူငယ်ချင်း တဦးရဲ့ ကားဂိုဒေါင်တွင်း ဆွဲကြိုးချ သေဆုံး သွားတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

ဘာ့ကြောင့် ဒီလိုလုပ်သွားရသလဲ ဆိုတဲ့ အကြောင်းရင်း အတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပဲ သူ့အလောင်းကို ဆေးရုံမှာ ဆေးစစ်နေဆဲ ဖြစ်ပါတယ်။

စောရွှေလားဟာ ၁၉၉၈ ခုနှစ် အိန္ဒိယနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ရခိုင် လက်နက်ကိုင် ခေါင်းဆောင် ဗိုလ်ရာဇာ တပ်ဖွဲ့နဲ့အတူ အိန္ဒိယနိုင်ငံ လန်ဖေါ့ ကျွန်းမှာ ရေတပ်စခန်းတစ်ခုဖွင့်ဖို့ လိုက်ပါလာရင်း အိန္ဒိယနိုင်ငံက ဖမ်းဆီး ထောင်ချခဲ့ပြီး ၂၀၁၁ မှာ ပြန်လည်လွတ်မြောက် လာပါတယ်။

၂၀၁၂ မှာ သူတို့ထဲက ၂၉ ဦးကို ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီး ရုံးနဲ့ ညှိပြီး နယ်သာလန်နိုင်ငံမှာ ခိုလုံခွင့် ပေးခဲ့ပါတယ်။


မြန်မာဒုက္ခသည်များဟာ အစိုးရမကောင်းပြောပြီး တတိယနိုင်ငံပြောင်း အထောက်ပံ့တောင်း နေသူများဖြစ်ပြီး ပြည်သူ့အတွက်ဟု ခေါင်းစဉ်တပ်ကာ ဆန္ဒပြလေ့ရှိပြီး နိုင်ငံတကာထံမှ ပိုက်ဆံတောင်းကြလေ့ရှိပါတယ်။ အခု သေဆုံးမှုနှင့် ပတ်သက်ပြီး ပြည်သူနာမည်နဲ့ လုပ်စားသဖြင့် ပြည်သူ့မေတ္တာစူးကာ သေပွဲဝင်တာဖြစ်နိုင်ကြောင်း ဝေဖန်မှုတွေရှိနေပြီး နောက်ထပ် ဒုက္ခသည်တွေလည်း သတိထားဖို့လိုပြီးဖြစ်ကြောင်း သုံးသပ်ရပါတယ်။

 . www.MyanmarExpress.net
 

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်