Subscribe to our RSS Feed

အာဖဂန်နစ္စတန်တွင် အသေခံဗုံးခွဲ၍ သမ္မတကာဇိုင်း၏ညီဝမ်းကွဲ သေဆုံး

From : .. YMG

မငြိမ်မသက်သော အာဖဂန် တောင်ပိုင်းမြို့ ကန်ဒါဟာမြို့အနီး ၌ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ မကြာမီရာထူးမှ နုတ်ထွက်ရ တော့မည့် အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ကာဇိုင်း၏ ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ မှာ သေဆုံး သွားခဲ့ကြောင်း သက်ဆိုင်ရာက ပြောခဲ့သည်။

သမ္မတရွေးပွဲမဲပေးမှု မပြေ မလည်ဖြစ်နေချိန်၌ ဤကဲ့သို့ အကြမ်း ဖက်မှု ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။

ဟာမစ်ကာဇိုင်းမှာ ကန်ဒါဟာ မြို့တွင် သမ္မတလောင်းအရှရက်ဖ် ဂါနီ၏ ရွေးကောက်ပွဲလှုံ့ဆော်ရေး တာဝန်ခံဖြစ်သည်။

သမ္မတလောင်း အဗ္ဗဒူလာ အဗ္ဗဒူလာနှင့် မဲလိမ်မှု အပြန်အလှန် စွပ်စွဲချက်ဖြင့် မဲစာရင်း စစ်ဆေးလျက် ရှိသည်။ ဤကိစ္စမှာ အာဖဂန်နစ္စတန် အား အခြေအနေ မတည်ငြိမ်အောင် ခြိမ်းခြောက်လျက်ရှိသည်။

အသေခံဗုံးခွဲသူမှာ ဟာရှ်မက် ကာဇိုင်းကို တွေ့ရန်လာသည့်ဧည့်သည် အဖြစ် အယောင်ဆောင်ကာဖောက်ခွဲ ခဲ့ကြောင်း၊ ထိုအချိန်မှာ အစ်နေ့ပွဲ ကျင်းပနေချိန်ဖြစ်ကြောင်း၊ ¤င်းနှင့် အတူ အိမ်မွေးခြင်္သေ့တစ်ကောင် လည်း သေဆုံးသွားခဲ့ကြောင်း ကန်ဒါ ဟာ အုပ်ချုပ်ရေးမှူး၏ ပြောရေး ဆိုခွင့်ရသူက ဆိုသည်။

ဧည့်သည်က ဟာရှ်မက်အား ပွေ့ဖက်လိုက်ချိန်တွင် ¤င်း၏ကိုယ် အောက်မှ ဗုံးကိုဖောက်ခွဲလိုက်ကြောင်း သိရသည်။

သမ္မတရွေးပွဲ၌ အရှရက်ဖ်ဂါ နီက အနိုင်ရသော်လည်း အဗ္ဗဒူလာ က လက်မခံသဖြင့် မဲစစ်ဆေးမှုပြု နေရသည်။ အခြေအနေက နှစ် ဖက် တင်းမာလျက် ရှိရာ ၁၉၉၂- ၁၉၉၆ခုနှစ်ကာလကကဲ့သို့ ပြည် တွင်းစစ် ဖြစ်မည်ကို စိုးရိမ်လျက်ရှိ ကြသည်။

.
. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်