Subscribe to our RSS Feed

စိတ်မနှံ့ဖြစ်ခါစ အလုပ်သမတစ်ဦးအား မြန်မာသံရုံးနှင့် MAT တို့ ကူညီပို့ဆောင်



၂၀၁၄ ဇူလိုင် ၂၆၊ကိုတီး

အိမ်အကူ မြန်မာအလုပ်သမငယ်တစ်ဦး ရုတ်တရက်စိတ်ဖေါက်ပြန်လာသဖြင့် မြန်မာသံရုံး နှင့် MAT ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က မြ၀တီမြို့ မှစောင့် ကြိုနေကြသည့် မိဘများထံသို့ ယမန်နေ့နံနက်ကပြန် လည်ပို့ ဆောင်ပေးခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။

အသက်၁၈နှစ်အရွယ်ကရင်အမျိုးသမီး၊ အငယ်လေး သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သူဌေး ကုန်းရပ်ကွက် မှ ဦးဖားကျွီး+ဒေါ်မထွေးတို့၏ သမီးဖြစ်သည်။ သူမသည် ၂၀၁၃ ခုနှစ် ကုန် ပိုင်းက ဘန်ကောက်မြို့သို့ရောက်ရှိလာခဲ့ပြီး ဘန်ကောက်မြို့ အနီး လပ်ဘူရီမြို့မှ ထိုင်းသူဌေးတစ်ဦး အိမ်တွင် အိမ်အကူအလုပ် လုပ်ကိုင်ခဲ့သည်။

သူမသည် ယခင်က ကျမ္မာရေးကောင်းမွန်ခဲ့သော် လည်း၊ ပြီးခဲ့သည့် တစ်လခန့်က လက်ကိုင်ဖုန်း တစ် လုံးဝယ်၍ သူငယ်ချင်းများနှင့် ဆက်သွယ်စကားပြော နေခဲ့သည်။ ထို့နောက်ပိုင်းမှစ၍ အမူအယာများ တဖြည်းဖြည်း ပြောင်းလဲလာကြောင်း၊ လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ ညပိုင်းတွင်သီချင်းဆိုကြောင်း ကြောင်တောင်တောင် ဖြစ်လာကြောင်း သူဌေး အမျိုး သမီးက MAT အဖွဲ့သို့ပြောသည်။

ဘန်ကောက်တွင် အလုပ်လုပ်နေကြသည့် အငယ်လေး၏ အစ်မဖြစ်သူတို့ က ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ရုံးသို့ လာရောက်၍ အကူညီ တောင်းခံလာခဲ့ပါ သည်။ MAT အဖွဲ့သည် ဥပဒေအကြံပေး ရှေ့နေကြီး ဦးအောင်မျိုးသန့်နှင့်အတူ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED အဖွဲ့ ဒါရိုက်တာ ဦးထူးချစ် နှင့် ညှိနှိုင်းစီစဉ်ခဲ့ကြသည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ ကလေး က ပတ်စပို့မရှိဘူး။ အခြေအနေကလည်း နဲနဲဆိုးနေ တယ်။ ကားပေါ်က ခုန်ချ မတတ်ပဲ။ လက်ကိုသူ့ အစ်မတွေအမြဲကိုင်ထားကြရတာ။ ကျနော်တို့ မြ၀တီ ကို ပို့ဖို့ အခက် အခဲရှိပါတယ်။ တရားမ၀င်လူသယ် ယူမှုနဲ့ ပို့တဲ့လူပါ အဖမ်းခံရမှာ။ဒါကြောင့် ဘန်ကောက် မြန်မာသံရုံးသို့ ကောင်မလေးကိုပါခေါ်သွားပြီးတင်ပြ ကြပါတယ်။ ကောင်စစ်အရာရှိ ဦးထွန်းအေးက သံအမတ်ကြီး ဦးဝင်းမောင် ကိုချက်ချင်းသတင်းပို့ပြီး ခရီးသွားလာခွင့် စာရွက်နဲ့ ယာယီကဒ် တစ်ခုကို သံရုံးတံဆိပ်နဲလုပ်ပေးလိုက်ပါတယ်။ကျနော်တို့အဖွဲ့ က မြန်မာအစိုးရလူကုန်တားအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက် ရတဲ့လူကုန်ကူးမှုကိစ္စ တချို့နဲ့လည်း ပြန်ပို့ဖူးတာတွေရှိပါတယ်။ ဒါကြောင့် လမ်းမှာ တာဝန်ကျတဲ့ လ၀က စခန်းတွေနဲ့လည်းသိထားတာကြောင့် ကြိုပြီးတော့ ညှိနှိုင်းပါတယ် ။ ဒီလို ချောချောမောမော မိဘလက်ထဲ ကိုရောက်အောင် ပို့ဆောင်နိုင်တာဟာ ထိုင်းအစိုးရ တာဝန်ရှိသူတွေရော မြန်မာသံရုံးကပါ ကျနော်တို့နဲ့ ယုံယုံကြည်ကြည် ပူးပေါင်းဆောင် ရွက်မှုရဲ့ရလဒ်လို့ဆိုနိုင်ပါတယ်” ဟု ၀မ်းမြောက်စကားဆိုသည်။

MATအဖွဲ့သည်၂၀၁၂ ခုနှစ်က ဆယ်တန်းအောင် ပြီးသဖြင့်စာရေးမလုပ်ရမည်ဟု၊ လူကုန်ကူးခံခဲ့ရသည့် ရန်ကုန်မြို့မှ အသက်၁၈ နှစ်အရွယ် မမိုးဖူးပွင့် ဆိုသူအားပို့ဆောင်ရန်အတွက် ထိုစဉ်အခါက သံမှူး ဦးနိုင်ထွန်း အကူညီဖြင့်၎င်း၊၂၀၁၄ ခု မေလ ၁၀ ရက် နေ့ကခြုံဘူရီခရိုင် ချောင်းစမေးစံလှေဆိပ်တွင် ရောင်း
စားခံခဲ့ရ သောကရင်လူငယ်တစ်ဦး ပြန်ပို့ရေးအတွက် ၊ သံမှူးကြီး ဦးအောင်မြင့် က၎င်း ခရီးသွားခွင့် အဆင် ပြေရန်စာရွက်စာတမ်းများကူညီပေးခဲ့ပါသည်။ လျှင်မြန်စွာဆောင်ရွက်နိုင်ခဲ့ကြသဖြင့် ကရင်လေးအား ရောင်းစားလိုက်သည့် မြ၀တီမှပွဲစားကိုလည်းမြ၀တီ လူကုန်တားက တပြိုင်တည်းဖမ်းဆီးနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံသားပေါင်း သုံးသန်းထက်မနည်း ၀င်ရောက်အလုပ်လုပ်ကိုင်နေ သည့်ထိုင်းနိုင်ငံတွင် ကိစ္စများမြောင်လူတို့ဘောင်ဟူသည့်စကားနှင့်အညီ ပြဿဿဿဿ နာပေါင်းအမြောက်အမြားရှိပါသည်။ အလုပ်သ မားများ ခေါင်းပုံဖြတ်ခံရခြင်း၊ ဖိနှိပ်ညှဉ်းပန်းခံရခြင်း၊ စာရွက်စာတမ်းသိမ်းဆည်း၊ ဖျက်ဆီးခံရခြင်း၊ အဓမ္မပြု ကျင့်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်းများဖြစ်ကြသည်။

ထို့အပြင်စာချုပ်စည်းကမ်းပြောင်းပြန်ကျင့်သုံးနေကြသည့် MOU နှိပ်ကွပ်ခံ အလုပ်သမားများ၏ပြဿဿသ နာ လည်း တစ်နေ့တခြားပိုမိုများပြားလာနေသည်။ ထို့ကြောင့် မြန်မာသံရုံးအနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်သမားအရေး အမှန်တကယ် ကူညီဆောင် ရွက်သည့်အဖွဲ့ အစည်းများနှင့်၊ စီမံကိန်းချမှတ်၍ စနစ်တကျပူးပေါင်းဆောင်ရွက်ရန် အထူးလို အပ်ေ ကြာင်း အလုပ်သမားအရေးဆောင်ရွက်သူများက အကြံပြုထား ကြကြောင်းသိရှိရသည်။

.. www.MyanmarExpress.net
 

1 comments:

သွေးရိုးသားရိုးကြောင့်မှ ဟုတ်ရဲ့လား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်