Subscribe to our RSS Feed

အပြစ်မရှိဟု မီဒီယာအချို့အော်နေသော်လည်း လိပ်ပြာမလုံကာ ထွက်ပြေးသွားသည့် သိက္ခာမဲ့ မီဒီယာသမား Bi မွန်းတည့်နေဂျာနယ် ထုတ်ဝေသူလင်မယားနှင့် မိတ်ဆွေတို့ကို ထိုင်းနိုင်ငံတွင် ထပ်မံဖမ်းဆီး


Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ်တိုက်ပိုင်ရှင် လင်မယားနှင့် မိတ်ဆွေတို့ကို ထိုင်းနိုင်ငံတွင် ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း အဆိုပါဂျာနယ်မှ သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က အတည်ပြုပြောကြားသည်။

ဇူလိုင် ၁၆ ရက်က Bi မွန်းတည့်နေ ဂျာနယ်တိုက်ပိုင်ရှင် ဦးကျော်မင်းခိုင်နှင့်ဇနီး ဒေါက်တာအိအိစံတို့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ၄င်းတို့၏မိတ်ဆွေ ဦးယဉ်မင်းထွန်း၏ နေအိမ်သို့ ရောက်ရှိနေကြစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကိုသိန်းမင်းအောင်က ပြောကြားသည်။

“ထိုင်းနိုင်ငံမှာ အဖမ်းခံရတယ်ဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့ ဘယ်မှာဖမ်းတယ်။ အခုဘယ်ရောက်နေတယ် ဆိုတာလည်း မသိဘူး။ ဘယ်သူ့ကိုမှလည်း မေးလို့မရဘူး။ ကျွန်တော်တို့ဆီကို သတင်းမရောက်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ ပထမဖမ်းဆီးခံထားရတဲ့ အယ်ဒီတာတွေကို ရုံးထုတ်မယ့် ဇူလိုင် ၂၂ ရက်ကျရင်တော့ တစ်ခုခုသိခွင့်ရမှာပါ”ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် ဖမ်းဆီးခံရသည့် ဂျာနယ်ထုတ်ဝေသူ ဒေါက်တာအိအိစံ၏ ဖခင်ဖြစ်သူ ဦးသန့်တင်က “အဖမ်းခံရတယ်ဆိုတာ ဟုတ်ပါတယ်။ အခုစစ်ကြောရေးမှာ ရောက်နေတယ်။ စစ်နေတုန်းပဲလို့ သိရတယ်။ အမှုတော့ မဖွင့်ရသေးဘူးလို့ကြားတယ်။ ကျွန်တော်လည်း ဒီလောက်ပဲသိတယ်” ဟု ပြောကြားသည်။

ဇူလိုင် ၇ ရက်က ဖြန့်ချိခဲ့သောBiမွန်းတည့်နေဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြခဲ့သည့် သတင်းတွင်ပါဝင်သော ပြည်သူများအထင်မှားစေကာ နိုင်ငံရေးမတည်မငြိမ်ဖြစ်စေမည့် အကြောင်းအရာများနှင့် ပတ်သက်၍ မွန်းတည့်နေဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုနိုင်စိုင်းအောင်နှင့် အယ်ဒီတာအဖွဲ့ဝင်များဖြစ်သော ကိုဝင်းတင်၊ ကိုရဲမင်းအောင်တို့ကို ရဲသတင်းတပ်ဖွဲ့မှ ဇူလိုင် ၈ ရက် နံနက်အစောပိုင်းတွင် ၎င်းတို့သုံးဦး၏ နေအိမ်များမှ လာရောက်ခေါ်ဆောင်သွားခဲ့ ပြီး ဇူလိုင် ၉ ရက်တွင် ယင်းသတင်းရေးသားသူ ကိုမင်းဝသန်ကိုပါ ထပ်မံခေါ်ဆောင်သွား ခဲ့သည့်နောက်တွင် ယခုကဲ့သို့ ဂျာနယ်ထုတ်ဝေသူ လင်မယားနှင့် မိတ်ဆွေတို့ကိုပါ ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ ၇ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသော အယ်ဒီတာများနှင့် သတင်းထောက်ကို ၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေဖြင့် ပန်းဘဲတန်းရဲစခန်း၌ အမှုဖွင့်ထားပြီး ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်များတွင် စတင်ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

5 comments:

မှတ်သွားအောင်အပြစ်ပေးသင့်ပါတယ် နောက်ထပ်မလုပ်၇ဲအောင်အနည်းဆုံး ထောင်အနှစ်၂၀ လောက်အပြစ်ပေးစေခြင်ပါတယ်

ANY BODY IS GUILTY AND NOT GUILTY IS
DEPEND UPON THE FULL INVESTIGATION
AND COURT ORDERS.
THE POLICY OF MEDIA IS JUST WRITE THE
REPORTS/NEWS ONLY WITHOUT COMMENTS.
MAY BE EDITORIAL NOTES SHOULD WRITE
COMMENTS BASE ON THE CONFIRMED REPORTS.

786 ကုလား လင်မယားကို မိးရှို့သတ်ကြ ရုံးထုတ်ရင်
တန်းသတ်ပစ်ကြ ၇၈၆ ကိုနီက ရှေ့နေလိုက်ရင် သူ့ပါသတ်ပစ် နိင်ဂရု ဖားသားလိုး အဖွဲ့ပါသတ်ပစ်ကြ

စာနယ်ဇင်းကျင့်ဝတ်နဲ့မညီတဲ့မွန်းတည့်နေကို ထိထိမိမိ အရေးယူသင့်ပါတယ် ဒါအပြင်ကျင့်ဝတ်နဲ့မညီတဲ့ဂျာနယ် သတင်းစာများကို လည်းအရေးယူသင့်ပါတယ်

သေဒဏ်ပေးသင့်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်