Subscribe to our RSS Feed

မီဒီယာသတိနှင့် ကိုယ်စီတာဝန်

From : .. ဘုန်းရဲနိုင် (ဂန့်ဂေါ)

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာပြောင်းလဲကျင့်သုံးနေသော အမျိုးသားနိုင်ငံရေးရည်မှန်းချက်များကြောင့် လူ့ဝန်းကျင်၊ လူ့အဖွဲ့အစည်းများအနေဖြင့်ကဏ္ဍအသီးသီးတွင် အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာနေသည်။ လူ့ဝန်းကျင်၊လူ့အဖွဲ့အစည်းများ တိုးတက်လာသည်နှင့်အတူ လူသားဗဟိုပြုသည့် သတင်းမီဒီယာလောကသည်လည်း ဟန်ချက်ညီညီဖွံ့ဖြိုးလာသည်ကို တွေ့ရပေသည်။
အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာသောသတင်းမီဒီယာလောကသားတို့၏ လိုက်နာစောင့်စည်းရမည့် ကျင့်ဝတ်များမှသွေဖည်၍ဝေဖန်သတင်းရေးသားဖော်ပြလာမှုများကိုလည်း မကြာခဏ တွေ့လာရသည်။အချို့သော သတင်းမီဒီယာသမားတို့သည်တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေနိုင်သည့် ဝေဖန်ရေးသားမှုများစဉ်ဆက်မပြတ်ပြုလုပ်နေသည်ကိုလည်းတွေ့လာရသည်။
မကြာသေးမီက လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ရသော တိုင်းရင်းသားအရေးအခင်းများတွင် အဆိုးမြင်နိုင်ငံရေးသမားများက အချိန်သင့်အခါသင့် ဖြစ်ပေါ်လာသော စာနယ်ဇင်း လွတ်လပ်ခွင့်ကိုအရအမိ ဆုပ်ကိုင်၍ တပ်မတော်ကိုထိပါးဝေဖန်ရေးသားခဲ့ကြသည်ကို တွေ့ရသည်။ တပ်မတော်အပေါ် သာသာပိုပိုပုတ်ခတ်ရေးသား အမြတ်ထုတ်ခဲ့ကြသောသတင်းဆောင်းပါးများကို ဂျာနယ်အတော်များများတွင် တွေ့ခဲ့ရသည်။
 

တစ်ရက်တွင် သမိုင်းဘာသာရပ်ကိုပင်ကောင်းစွာသင်ကြားရခြင်း မရှိသေးသော်လည်း တွေ့သမျှစာ စုံအောင်ဖတ်တတ်သူစာရေးသူ၏ သားငယ်နှင့်သူ၏ သူငယ်ချင်းတစ်စုက သတင်းဂျာနယ်တစ်စောင်နှင့်အတူစာရေးသူကိုစောင့်မျှော်နေကြသည်ကိုတွေ့ခဲ့ရသည်။ မိမိတို့ တပ်မတော်မှ ကချင်ပြည်နယ်ကို ကျူးကျော်ပြီး လူသတ်အနိုင်ကျင့်မှုများကျူးလွန်နေကြောင်း အငြင်းအခုံဖြစ်ကြ၍ အမှန်ဟုတ်မဟုတ်သိရှိလိုကြောင်းဝိုင်းဝန်းမေးမြန်းကြသဖြင့် စာရေးသူပင်အတော် အံ့ဩသွားရသည်။ သူတို့လက်အတွင်းမှ ဂျာနယ်ကို ဖတ်ကြည့်လိုက်သည်တွင်မှ အဖြေမှာရှင်းလင်းသွားရသည်။
 

ဂျာနယ်ပါ သတင်းဆောင်းပါးမှာတိုက်ပွဲဖြစ်စဉ်များ အကြောင်းကို သတင်းအခြေအမြစ် ခိုင်လုံခြင်းမရှိဘဲ ရေးသားထားသည့်အပြင် ဝေဖန်ရေးသားမှုများမှာလည်း တစ်ဖက်စောင်းနင်း သာသာထိုးထိုးဖြင့် တပ်မတော်ကိုပုတ်ခတ် ရေးသားထားခြင်းဖြစ်သည်။ ထိုသတင်း ဆောင်းပါးကိုဖတ်ရသည်မှာ မိမိတို့ နိုင်ငံသားဆောင်းပါးရှင်တစ်ယောက် ရေးသားထားသည့် သတင်းဆောင်းပါးနှင့်မတူဘဲ၊မိမိတို့နိုင်ငံတော်အစိုးရ၏ မူဝါဒများအပေါ်အတိုက်အခံပြုနေသော အာဘော်သတင်းဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်ထားသည်နှင့်သာ တူနေသည်ဟု စာရေးသူထင်မြင်မိသည်။ဆောင်းပါးရှင်၏ အရေးအသားမှာဒို့တာဝန်အရေးသုံးပါးကိုပင် ထောက်ခံခြင်းပြုလိုဟန် မရှိသည့် အသုံးအနှုန်းများပါဝင်သည်။ တပ်မတော်အပေါ် အချို့သောဝေဖန်ပုတ်ခတ်ရေးသားမှုများမှာ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို မွန်မြတ်သော အစဉ်အလာ(၁၂)ရပ်နှင့်အညီ နိုင်ငံတော်နှင့်အများပြည်သူအကျိုးအတွက် အသက်ပေးတာဝန်ထမ်းဆောင်နေမှုကို အလိုမကျကြောင်းထင်ရှားနေသည်။ သို့ဖြစ်၍ ပြည်ထောင်စုကြီးကို ဖြိုခွဲဖျက်ဆီးလိုသူ တစ်စုကတပ်မတော်အပေါ် စာနယ်ဇင်းအရေခြုံ၍တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိမြင်လာရသည်။
 

မိမိတို့တပ်မတော်အနေဖြင့် ၁၉၈၈ ခုနှစ်မင်းမဲ့စရိုက်များဖြစ်ပေါ်နေမှုကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ထိန်းသိမ်းခဲ့ခြင်း အပေါ်တွင်လည်း လွန်လွန်ကဲကဲ အဆိုးမြင်ဘက်မှသာ ရေးသားဝေဖန်ခြင်းများစဉ်ဆက်မပြတ်ရှိနေပေသည်။ အရေးအခင်းကာလဖြစ်စဉ်ကို သာသာထိုးထိုး ဝေဖန်ရေးသားမှုများမှာ ထိုကာလကို မမီလိုက်သော လူငယ်များအဖို့ တပ်မတော်ကနိုင်ငံတော်တာဝန်များကို ရယူခဲ့ရခြင်းအပေါ်အထင်မှားအမှတ်မှားဖြစ်သွားနိုင်ပေသည်။
 

သို့ဖြစ်၍ တပ်မတော်နှင့် နိုင်ငံတော်၏သမိုင်းကြောင်းကို ထိခိုက်လာနိုင်သောအဖြစ်မှန်မှသွေဖည်နေသည့် သာသာထိုးထိုးဝေဖန်ရေးသားမှုများကို ကာကွယ်နိုင်သည့်ထိရောက်သော အစီအမံများပြုလုပ်ဆောင်ရွက်ရန် လိုအပ်နေသည်။တပ်မတော်အနေဖြင့်လည်း မိမိတို့တပ်မတော်အပေါ် ပြည်သူမှအထင်အမြင်လွဲမှားနိုင်သည့် ဝေဖန်နေမှုများကို တန်ပြန်မီဒီယာနည်းဖြင့် ထိထိရောက်ရောက်တုန့်ပြန်ဆောင်ရွက်သွားရမည်ဖြစ်သည်။
 

တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွေ့ကြုံခဲ့ရသော သတင်းမီဒီယာပိုင်းမှပြည်သူလူထုနှင့် တကွဲတပြားဖြစ်စေရန်၊တပ်မတော်၏ စည်းလုံးညီညွတ်မှု အင်အားပြိုကွဲစေရန် ရည်ရွယ်တိုက်ခိုက်ရေးသားမှုများကို ထိထိရောက်ရောက် တုန့်ပြန်နိုင်ခဲ့သည်နည်းတူ ယနေ့ တွေ့ကြုံနေရသည့်အချို့သောမီဒီယာသမားတို့၏ ထိကပါးရိကပါး တိုက်ခိုက်ရေးသား ဝေဖန်နေမှုများကိုလည်း ထိထိရောက်ရောက် တုန့်ပြန်ရေးသားနိုင်ရန်လိုအပ်နေသည်။
မီဒီယာလောကတစ်ခုလုံးကို ခြုံငုံသုံးသပ်မည်ဆိုလျှင် Electronic မီဒီယာနှင့်Printed မီဒီယာတို့တွင် မတူညီသောအားသာချက်အားနည်းချက်များ ကိုယ်စီရှိနေသဖြင့် မီဒီယာပုံစံနှစ်မျိုးလုံးကိုဟန်ချက်ညီညီ ထောက်ကန်ထားရန်လိုအပ်သည်။ Electronic မီဒီယာလောကတွင် ထိပ်တန်း အမြင့်ဆုံးအဆင့်သတ်မှတ်ထားသော အမေရိကန်ပြည်ထောင်စုသည်ပင် ယနေ့ထိတိုင် Printed မီဒီယာပိုင်းကို စနစ်တကျစီမံခန့်ခွဲနေပေသည်။
 

Electronic မီဒီယာပိုင်းထက် Printed မီဒီယာပိုင်းကို ပိုမိုနူးညံ့စွာကိုင်တွယ်နိုင်ရန် လိုအပ်ကြောင်း မီဒီယာပညာရှင်ကြီးတစ်ဦးက ထုတ်ဖော်ပြောကြားဖူးခဲ့သည်။ ယနေ့ တပ်မတော်ကို ပိုမိုထိပါးလာနေသည်မှာ Electronic မီဒီယာပိုင်းမှ မဟုတ်ဘဲ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ရေလဲသုံးစွဲနိုင်သည့် Printed မီဒီယာပိုင်းမှ ဖြစ်သည်။ထို့ကြောင့် ကုန်ကျစရိတ် သက်သာ၍တာရှည်ခံပြီး အလုံးအရင်းဖြင့် အောက်ခြေလူတန်းစားတို့ထံသို့ အလွယ်တကူရောက်ရှိနိုင်သော Printed မီဒီယာပိုင်းကိုတပ်မတော်အနေဖြင့် စနစ်တကျ လေ့လာဆန်းစစ်ဆောင်ရွက်ယှဉ်ပြိုင်ရပေမည်။
 

ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန်တာဝန်သည် တပ်မတော်၏အဓိကလုပ်ငန်းတာဝန်ကြီး သုံးရပ်အနက်အရေးကြီးသော လုပ်ငန်းတာဝန်တစ်ရပ်အဖြစ်မှတ်ယူဆောင်ရွက်လျက်ရှိသည်။
စစ်ရေးတာဝန်များကို တစ်ဖက်မှထမ်းဆောင်ကာ အခြားတစ်ဖက်မှစည်းရုံးရေးအမြင်ဖြင့် ပြည်သူ့အကျိုးပြု
လုပ်ငန်းများကို တစိုက်မတ်မတ်ထမ်းဆောင်သွားရမည်ဖြစ်သည်။ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းအပြင်တပ်မတော်သားတိုင်းသည် ပြည်သူတို့၏ဘဝခံစားချက်များကို အတူတကွ တစ်ထပ်
တည်းခံစားပြီး ပြည်သူလူထု၏ ဘဝလုံခြုံမှုနှင့် အကျိုးစီးပွားကို ပြုစုကာကွယ်မှုပေးနိုင်စွမ်းလည်း ရှိရမည်
ဖြစ်သည်။
 

တပ်မတော်အနေဖြင့် ပြည်သူတို့ကိုစည်းရုံးရေးဆောင်ရွက်ရာတွင် ဦးထမ်းသူကထမ်း၊ ပဲ့ထမ်းသူက ထမ်းဆိုသလို အဆင့်ဆင့်သော တပ်မတော်သားတိုင်းက အဓိကတာဝန်တစ်ရပ်အနေဖြင့် မိမိတို့ကျရာတာဝန်၊ နိုင်ရာတာဝန်ကို စိတ်ရင်းစေတနာမှန်ဖြင့် ထမ်းဆောင်သွားကြရမည်ဖြစ်သည်။ယခင်အတိတ်တွင် တပ်မတော်က ပြည်သူ့အပေါ် တာဝန်ကျေပွန်ခဲ့သည်ကို ပြောနေကာမျှဖြင့် လုံလောက်မည်မဟုတ်ဘဲပစ္စုပ္ပန်နှင့် အနာဂတ်တွင်လည်း ပြည်သူ့အကျိုးပြုတာဝန်များ ကျေပွန်အောင်ထမ်းဆောင်ကြရမည်ဖြစ်သည်။
ပြည်သူလူထု၏ အလိုလားအပ်ဆုံးအခြေခံလိုအပ်ချက်မှာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး
ဖြစ်သည်။ နိုင်ငံတော်၏လက်ရှိ စီးပွားရေးဖွံဖြိုးတိုးတက်မှု အခြေအနေများအရ ဆင်းရဲ၊ချမ်းသာရှိနိုင်သော်လည်း နိုင်ငံသားအားလုံးသည် တရားဥပဒေစိုးမိုးမှုအောက်တွင် လွတ်လပ်မျှတမှုနှင့် အပူအပင်ကင်းမဲ့စွာနေထိုင်နိုင်ကြရန်လိုအပ်သည်။
ယနေ့ တပ်မတော်အနေဖြင့်လည်း ပြည်သူလူထု၏ အခြေခံလိုအပ်ချက်နှင့် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ထမ်းဆောင်ရာတွင် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏လမ်းညွှန်ချက်များအတိုင်း တက်တက်ကြွကြွဆောင်ရွက်လျက်ရှိသည်။
 

မဟုတ်တမ်းတရား ဝေဖန်ထိုးနှက်မှုများကို တုန့်ပြန်နိုင်ရန်အတွက် အဆင့်ဆင့်သော တပ်မတော်သားတိုင်းအနေဖြင့်စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ကို အရေးကြီးကိုယ်စီတာဝန်တစ်ရပ်အနေဖြင့် ကျေပွန်အောင် ထမ်းဆောင်နိုင်ကြရန်လိုအပ်ပေသည်။ မဟုတ်မမှန်သတင်းများကိုသတင်းမှန်ပြန်ကြားခြင်း၊ တန်ပြန်သတင်းရေးသားခြင်းများကို အမြဲတစေဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ 
တပ်မတော်အနေဖြင့်ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကို ဖွဲ့စည်းပြီး”ပြည်သူ့ဆက်ဆံရေးလုပ်ငန်း”၊”စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်း”၊”ပညာပေးလုပ်ငန်း”၊”စည်းရုံးရေးလုပ်ငန်း”တို့ကို အဓိကလုပ်ငန်းတာဝန်အဖြစ် လုပ်ဆောင်လျက်ရှိသည်။
တပ်မတော်သားတိုင်းအနေဖြင့် မိမိတို့တပ်မတော်အပေါ် ပုတ်ခတ်ဝေဖန်ရေးသား၊ ပြောဆိုမှုများကို ကျရာကဏ္ဍမှထိထိရောက်ရောက်တန်ပြန်သွားနိုင်ရန်မိမိတို့အဆင့်နှင့် လျော်ညီသောစည်းရုံးရေးပညာသင်တန်းများကို တက်ရောက်ပြီးအစဉ်သဖြင့် ကျွမ်းကျင်ကြေညက်နေအောင်လေ့ကျင့်ပြုစုနေကြရမည် ဖြစ်သည်။စည်းရုံးရေးအမြင်ဖြင့်ဆိုပါမူ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်တပ်ဖွဲ့ဝင်စစ်သည်တိုင်း ပြည့်စုံနေရမည့်အင်္ဂါရပ်များမှာ တပ်မတော်သားတိုင်းလေ့လာလိုက်စားကြရမည့် အင်္ဂါရပ်များဖြစ်လာသည်။ ထိုအချက်များမှာ “မြန်မာနိုင်ငံအကြောင်း ဘက်စုံ၊ ထောင့်စုံမှအသေးစိတ်သိရှိပြီး ယုံကြည်ချက်၊ ခံယူချက်လေးနက်စွာခံယူမှုရှိခြင်း”၊ “စိတ်ဓာတ်စစ်ဆင်ရေးသဘောတရားများကို ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်ခြင်း”၊ “ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်တတ်သူဖြစ်ခြင်း”၊”အဟောအပြော ကောင်းသူဖြစ်ခြင်း”၊”ဗဟုသုတြွကယ်ဝပြီး စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးလိုစိတ်ရှိခြင်း”၊ “ကမ္ဘာ့နိုင်ငံ အသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးဖြစ်စဉ်များကို နှံ့စပ်စွာသိရှိခြင်း”တို့ဖြစ်သည်။
 

မိမိတို့တပ်မတော်သည် လုပ်သားပြည်သူတို့၏ ရင်သွေးများမှ လွတ်လပ်မှုကိုမြတ်နိုးပြီး ပြည်သူ့အတွက် အသက်ပေးစွန့်လွှတ်စွန့်စားခဲ့ရာမှ သန္ဓေတည်ပေါက်ဖွားလာသော တပ်မတော်တစ်ရပ်ဖြစ်သည်မှာ မည်သူမျှ ငြင်းဆန်ခြင်းမပြုနိုင်သည့် အမှန်တရားဖြစ်သည်။တပ်မတော်အနေဖြင့်လည်း မိမိတို့တပ်မတော် စတင်သန္ဓေတည် ပေါက်ဖွားလာခဲ့ချိန်ကတည်းက ပြည်သူလူထု၏ဆန္ဒသဘောထားနှင့် ကိုက်ညီသည့်အတန်တန်သော သမိုင်းပေးတာဝန်များကိုအမျိုးသားနိုင်ငံရေး လိုအပ်ချက်များအရထမ်းဆောင်လာခဲ့ရပေသည်။
သို့သော် တပ်မတော်၏ အမျိုးသားနိုင်ငံရေးတာဝန်အပေါ်ထားရှိသော ခံယူချက်သဘောထားနှင့် 

ဦးလည်မသုန်ထမ်းရွက်ခဲ့သော တည်ကြည်ပြတ်သားမှုတို့အပေါ်တွင်အမြင်ကြည်လင်မှုမရှိဘဲ သဘောထားကွဲပြားခြားနားနေသော လူတစ်စုသို့မဟုတ်အသင်းအဖွဲ့အနည်းငယ်တို့ကား တပ်မတော်၏သမိုင်းစဉ်နှင့်အတူ ယှဉ်တွဲတည်ရှိခဲ့ပေသည်။လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌လည်း တပ်မတော်အပေါ် အမြင်မကြည်လင်သော ကိုယ်ကျိုးရှာ နိုင်ငံရေးသမားအင်အားစုများ ရှိခဲ့သည်ကို ဗိုလ်ချုပ်ပြောကြားသွားခဲ့သော သမိုင်းဝင်မိန့်ခွန်းများက အခိုင်အမာ သက်သေခံလျက်ရှိသည်။
တပ်မတော်မှ တစ်စုတစ်စည်းတည်းသောတိုင်းရင်းသား စည်းလုံးညီညွတ်ရေးအင်အားစုတည်ဆောက်မှုနှင့် တိုင်းရင်းသားညီအစ်ကိုများအားလုံး တညီတညွတ်တည်းလွတ်လပ်ရေးရယူနိုင်ရေး ကြိုးပမ်းချက်များအပေါ်၌ပင် မကျေနပ်နိုင်သူများရှိခဲ့သဖြင့်တပ်မတော်၏ ဖခင်ကြီးနှင့်တကွသောနိုင်ငံ့ခေါင်းဆောင်ကြီးများ သွေးမြေကျခဲ့ရသည်မှာ အထင်အရှားဖြစ်ပေသည်။သို့ဖြစ်၍ တပ်မတော်အနေဖြင့်ပြည်သူလူထု၏ အကျိုးစီးပွားကို ထာဝစဉ်ရှေ့ရှုရပ်တည်နေခြင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်စောင့်ထိန်းအပ်သောအမျိုးသားနိုင်ငံရေးတာဝန်အဖြစ် လက်ခံကျင့်သုံးနေခြင်း၊ အားဆယ်ပါး၊ တစ်ဆယ့်နှစ်ရပ်သော အစဉ်အလာကောင်းတို့နှင့်ပြည့်စုံသောတပ်မတော်ဖြစ်ခြင်း၊ နိုင်ငံတော်နှင့်ပြည်သူ့အပေါ် နေ့စဉ် သစ္စာဆိုစောင့်သိနေခြင်းတို့ကို ပြည်သူလူထုတစ်ရပ်လုံးမှအစဉ်သဖြင့် နားလည်သိရှိနိုင်စေရန်တပ်မတော်အနေဖြင့် Printed မီဒီယာနှင့်Electronic မီဒီယာကို ဟန်ချက်ညီအကောင်အထည်ဖော် ဆောင်ရွက်ရာတွင်တပ်မတော်သားတိုင်း ကိုယ်စီတာဝန်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

.. www.MyanmarExpress.net
 

1 comments:

မီ ဒီ ယာ သ မား တွေ က လည်း တောင် က ရေး မြောက် က ရေး
နိုင် ငံ ရေး သ မား တွေ က လည်း အာ ဏာ ရ ဘို့ တောင် က လုပ် မြောက် က လုပ်

အ စိုး ရ က လည်း ကိုယ့် ဘာ သာ ပြည် သူ တွေ လုပ် ကိုင် ဘို့ ဥ ပ ဒေ ထုတ် ပြိး ဥ ပ ဒေ ကို မျက် ကွယ် ပြု ငွေ ရှာ

က ချင် သူ ပုန် ဝ သူ ပုန် ရှမ်း သူ ပုန် က ရင် သူ ပုန် သူ ပုန် အား လုးံ က လည်း လက် နက် ကိုင် ပြိး လုပ် စား အ ရ သာ တွေ့ လူ တွေ ပြည် သူ တွေ မျာ စွာ သတ်

တည် ငြိမ် ပါ တယ် လို့ ဘယ် သူ ပြော လဲ မြန် မာ ပြည် မြေ ပုန် ချ ကြည့် ကြ ကွက် ကွက် က လေး ဘဲ ဥ ပ ဒေ စိုး မိုး တာ ပါ

ဘိုဟ် တွေ ချည်း ဘဲ တိုင်းပြည် က တော့ တိုး တတ် အုးံ မှာ အစိပ် စိပ် အ မွှာမွှာ မ ဖြစ် ပါ စေ နဲ့လို့ ဆု တောင်း လျက် ပါ

ပခက တာ တိး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်