From :
.. 7Day Daily
နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က သမ္မတရာထူးမှ အငြိမ်းစားယူပြီးနောက် သူပိုင်သည့် လယ်တွင် နဂါးမောက်သီးပင်များ စိုက်ပျိုးကာ အေးချမ်းစွာနေထိုင် မည်ဟု လွှတ်တော်အမတ်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များအား ပြောကြားလိုက် ကြောင်း သတင်းရရှိသည်။
‘‘သူ့မှာ လယ် ၁၀ ဧကရှိ တယ်။ အသက်ရှည်ချင်ရင် အပင်စိုက်ဆိုတော့ အငြိမ်းစားယူပြီးရင် နှစ်ရှည်ခံသီးပင်စိုက်မယ်။ စိန်တလုံး သရက်သီးကတော့ တလုံးကို ငါးရာကျပ်ပဲရတော့ မကိုက်ဘူး။ နဂါးမောက်သီးပဲ စိုက်မယ်။ နဂါးမောက်သီးက တစ်လုံး ခုနစ်ရာကျပ် ရတယ်လို့ ပြောတယ်’’ဟု သမ္မတကပြောကြောင်း ဇူလိုင် ၁၉ ရက်တွင် အာဇာနည်ခေါင်း ဆောင်များအတွက် ရည်စူးပြုလုပ်သော အလှူ၌ သမ္မတနှင့် တွေ့ဆုံခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောသည်။
(၆၇)နှစ်မြောက် အာဇာနည် နေ့ အထိမ်းအမှတ် ရည်စူးကုသိုလ်အမျှပေးဝေခြင်း အခမ်းအနားကို နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိ မြို့နယ် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဆောင်၌ ကျင်းပခဲ့ ပြီး တက်ရောက်လာသူများနှင့် နိုင်ငံတော်သမ္မတက စကားစမြည်ပြောစဉ် အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။
‘‘သူပြောတဲ့ပုံစံကို သုံးသပ် ကြည့်ရင် ၂၀၁၅ မှာ အငြိမ်းစား ယူမယ်လို့ သုံးသပ်လို့ရပါတယ်’’ ဟု ဦးမင်းသူက ၎င်း၏အမြင်ကို ပြောသည်။အဆိုပါအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ် တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့မှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။
.. www.MyanmarExpress.net

8 comments:
အခုထိရူးလို့မပြီးနိုင်သေးတဲ့မွတ်စုကြီးကတော့ငရဲရောက်တဲ့ထိပြည်သူတွေကိုအာနေညာနေဦးမှာပါ
who care ?
ဦးသိန်းစိန်ကို ရှိခိုးပါ၏
ခြံစိုက်လို့နွားလှည်းလိုရင်ပြောပါ။နွား၂ကောင်အလကားပေးမယ်။မင်းကိုမနိုင်နဲ့ပြောင်ကြီးကိုကိုကြီးဆိုတဲ့နွား၂ကောင်ပါ။ဆန်ကုန်မြေလေးဘယ်နေရာမှဆောက်ဖြစ်မရှိလို့နဖါးကြိုးထိုးပြီးလှည်းဆွဲခိုင်းပါ။
ဒါဆိုသမီးတို့မြန်မာပြည်ကြီးပျက်တော့မှာပေါ့နော် ကယ်ပါဦးသမ္မတကြီးရယ်
ဦးသိန်းစိန်ချီးတနေ့တကော်စားရင် ဒေါ်စုသူ့ခြေဖျားကိုမှီမည်။
ကယ်ပါဆိုတာ လဥကိုပြောတာ။နင့်ဘွားတော်ဒေါ်စုကြီးကိုကယ်ပါခိုင်းပါလား။အမွှေုးနုနဲ့ကုလားလဥယူပေးလိမ့်မယ်။ ပူပူနွေးနွေးမြှုံထားလို့ရတာပေါ့မီးရယ်။ဌဲဌဲ
သမတ ရေ ဒီတိုင်းးပြည်မှာသမတမလုပ်ပါနဲ့ဗျာ မတန်လို့ပါ
ဦးသန်ရွှေ နှစ်(၂၀)ကျော် ဘာမှတစ်ခွန်းမပြောဘူး ပြောချင်ရင် သေနတ်နဲ့ပြောတယ် ဘယ်သူမှ လေကျယ်ကျယ်မလည်ရဲဘူး
အခု သမတကြီးက နွားနို့သောက်ဖို့အင်မတန်မှရိုးစင်းစေတနာပါတဲ့စကားပြောတော့ခွေးကမွေးတဲ့ ကာတွန်းဆရာတွေနဲ့မစင်စားပြီးရှင်နေတဲ့မီဒီယာက သေးသိမ်အောင်လှောင်ပြောင်တယ်
(၈)မိုင်လမ်းဆုံမှာဒေါ်စုကန့်ကွက်ဆနပြခံရတော့သူ့လူတွေ
ဆင်းထိုးကြချိန် သမတ ပြည်ပပြည်တွင်းဘယ်သွားသွားစောက်ရှက်ခွဲဖို့ သူတို့ကပဲအမြဲစီစဉ်ဆောင်ရွက်တယ်တကယ်လဲ သမတကရှောင်ရမဲ့အခြေအနေထိဖြစ်လာတယ်
(မတန်ပါဘူးသမတရယ် ကိုယ်တိုင်ဆင်းထိုးပစ်လိုက်စမ်းပါ)
ရပြီးသားမဲ တပြားမှမလျှော့စေရပါဘူး
အခုလဲ ဘ၀ကို ရိုးရှင်းစွာဖြတ်သန်းချင်ကြောင်းပြောတာကို
(၂)တန်းမအောင်တဲ့ပေါက်လွှတ်ပဲစားကာတွန်းဆရာတွေက
ဗြောင် လှောင်ကြပြန်ပြီ (မတန်လိုက်တာဗျာ)
ဒီကနေ့မှန်ပါတယ် ကိုယ့်တာဝန်ကိုယ်ကျေတယ် ဆိုတဲ့မီဒီယာနဲ့ အဆင့်မရှိကာတွန်းဆရာစောက်စုတ်တွေသိဖို့က
မင်းတို့ရပ်တည်ရေးသားနေတာတွေဟာအရင်ကတော့မသိဘူး အခုအရမ်းမှားနေပြီဆိုတာပဲ ဦးသိန်းစိန် ကို တွယ်သလိုပဲ
ဒေါ်စုကြီးမှာတွယ်စရာ အကွက်မရှိတော့ဘူးလား တွယ်ရင်စာစောင်မရောင်းရမှာစိုးလို့လား မင်တို့ပြောပြောနေတဲ့ မှားတဲ့ဘက်နဲ့မှန်တဲ့ဘက် မှန်တဲ့ဘက်ပဲလိုက်မယ်ဆိုပြီးကိုယ်ပဲဒိုင်သူကြီးလုပ်ကိုယ်ပဲ
ဆုံးဖြတ်ကိုယ်ပဲတွယ်ချင်တဲ့သူကိုတွယ်မယ်ပေါ့ (မြင်ယောင်သေး တသက်လုံးလက်သံပြောင်လာတဲ့အဖွဲ့ကြီးကိုမင်းတို့က မရှိတော့ဘူးထင်နေတာကိုး အဲဒီအစိတ်သားအဖွဲ့ကပဲ မင်းတို့ကြိုက်ကြိုက်မကြိုက်ကြိုက် မင်းတို့သိပ်လွန်ကဲလာရင်ပညာပေးလိပ်မယ်နော အဲခါကျမှ အမလေး အဘလေး မအော်နဲ့  ကျုပ် ကတော့ ပြည်သူလူထုအစစ်ကြီးကိုပဲသနားတာဗျ (88 to 2011)အခြေနေကို စစ်သားတွေလဲမကြိုက်ဘူး လူထုလဲမကြိုက်ဘူး ဒါအမှန်ဘဲ အေး မကြိုက်လို့ မင်းတို့လုပ်နေတဲ့စည်းမရှိကမ်းမရှိ ပရမ်းပတာ လူကြီးတွေကိုဆော်ချင်တိုင်း အမျိုးသားဝတ်စုံ ခေါင်းပေါင်းဟာ
ကာတွန်းဆရာလက်ချက်နဲ့ အိမ်သာခွက်လောက်မှတန်ဖိုးမရှိအောင်လုပ်ပစ်တာတွေ
စစ်သားမုန်းတိုင်းသူပုန်သူကန်အားလုံးလူရာသွင်းမြှောက်ပင့်ရေးသားနေကြတာတွေ(ဗိုလ်ချုပ်ကြီးနှုတ်ခမ်းမွှေးမွေးနေ့မင်္ဂလာကျင်းပ ၊ မင်းအောင်လှိုင်ဟာထိုင်းရဲ့မွေးစားသား ဆိုတာမျိုးတွေ)အဲဒါတွေဟာ မင်းတို့သိပ်ကြောက်နေတဲ့ တိုင်းပြည်ချောက်ထဲကျဖို့လက်နှစ်လုံးအလို ဆိုတဲ့အဓိပါယ်တွေပဲ လောပိတရေတံခွန်လို ချောက်ကနေပြုတ်ကျမှ ချောက်ထဲကျတာမဟုတ်ဘူး စစစ်သားတွေစိတ်ဓါတ်ပျက်အောင် အဲဒါကနေ ၀န်ထမ်းအဖွဲ့အစည်းတွေပျက်အောင် ၊ အစဉ်အလာမကောင်းတဲ့အဖွဲ့တွေကို အမျိုးသားရေးစိတ်နဲ့တိုင်ပင်စရာမလိုဘဲ(LIMIT)လုပ်ရမှာကို
စွတ်မြှောက်ထိုးတင်၊မှားတဲ့ဘက်မှန်တဲ့ဘက်မိမိဘာသာသတ်မှတ်ရေးချင်တာတွေရေးလူတွေအသိမှားခံစားချက်မှားတွေဝင်ကုန်တာလဲ ချောက်ထဲကျချင်တဲ့သဘော ပဲ ဘာပဲပြောပြော သမတကြီးရေ
ဒီတိုင်းပြည်အတွက် ရိုးသားပေးပါ ဒီတိုင်းပြည်ကလူတွေအတွက်တော့အကုန်မရိုးသားလိုက်ပါနဲ့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်