From :
.. ရိုးရာလေး
ပုံမှာ မြင်တွေ့ ရတဲ့ မင်္ဂလာပွဲ သတင်းကို ဖတ်ဖူးကြမှာပါ။ ယမန်နှစ် က တစ်ကြိမ် ပြုလုပ်ခဲ့ပြီး တောင်အာဖရိက ထုံးစံ အရ ယခုနှစ်မှာ ဒုတိယ တစ်ကြိမ် ပြလုပ်ခြင်း ဖြစ်ပါတယ်။
မူလတန်း ကျောင်းနေရွယ် အသက် ၉ နှစ်သား ကလေးငယ် Saneie Masilela နဲ့ အသက် ၆၂ နှစ်အရွယ် Helen Shabangu အမျိုးသမီးကြီး တို့ရဲ့ ဒုတိယ အကြိမ်မြော်က မင်္ဂလာပွဲ ဖြစပါတယ်။ ဒုတိယ အကြိမ်ပြုလုပ်ခြင်းကြောင့် တရားဝင် အကြင်လင်မယား အဖြစ် အသိအမှတ်ပြု ခံရပြီ ဖြစ်ပါတယ်။ ယခုလို လက်ထက် ဖြစ်ဖို့ အတွက် ကလေးငယ် Saneie က တောင်းဆိုခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ ကွယ်လွန်သူ အုပ်ထိန်းသူ တစ်ဦးက အတိတ် အိပ်မက် ပေးပြီး Helen အမည်ရ အမျိုးသမီးကို လက်ထက်ဖို့ အိပ်ထက်ထဲမှာ တောင်းဆိုကြောင်း ဆိုပါတယ်။ ဒါကိုလည်း ယုံကြည်လက်ခံတဲ့ ကလေးငယ်ရဲ့ အမေဟာ မင်္ဂလာပွဲ ဖြစ်လာဖို့ အတွက် Helen ကို တောင်းဆိုပါတယ်။ ကလေး ငါဦး ရှိပြီး အသက် ၆၀ ကျော် အမျိုးသား ရှိနေသည့်တိုင် အားလုံးကလည်း သဘေတူ တာကြောင့် တရားဝင် အခမ်းအနား များနဲ့ လက်ခက် ပေးခဲ့ ပါတယ်။ ယခု ပုံကတော့ ယမန်နှစ်က ပုံ ဖဖြစ်ပါတယ်။ ယခုနှစ် မင်္ဂလာဆောင် ကတော့ တောင်အာဖရိက ရိုးရ ဝတ်ဆုံ ဝတ်ဆင်လို့ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ မင်္ဂလာပွဲ ထုံးစံ အတိုင်းပဲ ကိတ်ခွဲခြင်း၊ လက်စွတ်ဝတ်ခြင်း၊ နမ်းခြင်း တို့ကို ပြုလုပ် ပါတယ်။
မင်္ဂလာဆောင်ပြီးတော့ အတူတော့ မနေပါဘူးတဲ့။ မင်္ဂလာပွဲ ပြီးရင် ကလေးလည်း ကျောင်းသာ ဆက်တက်ပြီး အိမ်ထောင်သည်တွေလို အတူမနေကြဘူးလို့ ဆိုပါတယ်။ အိပ်မက်ပေးတဲ့ အတိုင်းဖြစ်အောင် လုပ်ခြင်းသာ ဖြစ်ပြီး ကလေးငယ် လူကြီး ဖြစ်လာမယ့် အချိန်ကိုသာ စောင့်မယ်လို့ ဆိုပါတယ်။ အမျိုးသမီးကြီးရဲ့ အမျိုးသား နဲ့ သားသမီး များကည်း ဒါကို သဘောတူလို့ တက်တက်ကြွကြွတောင် ပါဝင် ကူညီခဲ့ပါ သေးတယ်။ မင်္ဂလာပွဲ ဓာတ်ပုံ များကို အောက်ပါ လခ့်ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်