Subscribe to our RSS Feed

သံဃာတော်များ၊ တပ်မတော်သားဟောင်းများနှင့် ကြံ့ခိုင်ရေးပါတီထောက်ခံသူများအား NLD ပါတီက ခွေးနှင့်နှိုင်း ပြောကြား

From : .. PP™

မြန်မာလူမှုကွန်ရက် အသုံးပြုသူများအနက် သံဃာတော်များ၊ တပ်မတော်သားဟောင်းဟု ယူဆရသူများ၊ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများအား NLD ပါတီ သုတေသနဌာန အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ခွေးနှင့်နှိုင်း၍ ရိုင်းစိုင်းစွာ ပြောကြားလိုက်ကြောင်း သတင်း ရရှိသည်။

NLD ပါတီ သုတေသနဌာန အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ ဘာသာရေး အစွန်းရောက်စာသားများ၊ သမ္မတဦးသိန်းစိန်အား သနားစရာကောင်းသဖွယ် ရေးသားမှုများ၊ ဒီမိုကရေစီအရေး ကြိုးပမ်းနေသူများအား တိုက်ခိုက်ရေးသားမှုများ၊ သတင်းသမားများအား တိုက်ခိုက် ဝေဖန်ထားမှုများကြောင့် ယခုကဲ့သို့ ခွေးနှင့်နှိုင်း၍ သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အပတ်စဉ်ထုတ်ဂျာနယ်အချို့တွင် ဖော်ပြထားသည်။

NLD ပါတီ သုတေသနဌာန အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ဖွတ်ခွေး ဟု လည်းကောင်း၊ ဖွတ်စွမ်းအားရှင် ဟုလည်းကောင်း၊ အမျိုးသားသစ္စာဖောက်ဟုလည်းကောင်း ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားဖော်ပြခဲ့သည်။

“အကြမ်းဖျင်းအားဖြင့် ဖော်ပြတဲ့အထဲမှာ လက်ရှိအစိုးရကို ထောက်ခံသူတွေ၊ တပ်မတော်ကို ထောက်ခံသူတွေ၊ ဗုဒ္ဓဘာသာကို ထောက်ခံသူတွေ၊ အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးကို ထောက်ခံသူတွေ အများစုကို ဖွတ်ခွေး၊ အမျိုးသားသစ္စာဖောက် ဆိုပြီး သတ်မှတ်ထားတာ တွေ့ရှိရပါတယ်။ အချို့ဆိုရင် စိတ်မကောင်းစရာ ဘယ်လို ဖြစ်သလဲ ဆိုတော့ ဆရာတော် သံဃာတော်အချို့ ကိုလည်း ဖွတ်ခွေး ဆိုပြီး ပြောထားတာှ်ေတွ့ရတယ် လို့ ပြောကြပါတယ်။ NLD ပါတီ ဆိုလိုချင်တာက သူတို့ ပါတီကို မထောက်ခံရင်၊ ဒေါ်အောင်ဆန်းဟုကြည်ကို မထောက်ခံရင်၊ အမျိုး ဘာသာ သာသနာကို ကာကွယ်ရင် ဖွတ်ခွေးလို့ တံဆိပ်ကပ်တဲ့ သဘော ဖြစ်နေတာ တွေ့ရပါတယ်။ ဒါဆိုရင် မေးစရာ ရှိတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေကို ပရိုဖိုင်း သုံးပြီး အစိုးရကို ဆဲနေတာတွေ၊ တပ်မတော်ခေါင်းဆောင်တွေကို ဆဲနေတာတွေ၊ တိုင်းရင်းသားချင်း ပဋိပက္ခ ပွားအောင် လှုံ့ဆော်နေတာတွေ၊ ဒါတွေကိုကျတော့ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ သူများကို လက်ညိုးထိုးတာဟာ ဒီမိုကရေစီဟာ မေးချင်ပါတယ်။ နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ တာဝန်ရှိသူတွေ အနေနဲ့ ဒီလို ဆက်လက်ပြီး လုပ်ဆောင်နေမယ် ဆိုရင် တူညီတဲ့ တုံ့ပြန်မှုတွေ ရရှိလာလိမ့်မယ် ဆို့ ပြောချင်တယ်” ဟု ဖွတ်ခွေး ဟု အမည်ပေးခြင်း ခံရသော သံဃာတော်တစ်ပါးက မိန့်ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူယုံတွေ ကိုင်တွယ်နေတယ် ဆိုပြီး အများစု သိရှိထားကြတဲ့ ခွန်ဒီးယမ်၊ ဒီမိုဖက်တီး၊ ဒီချစ်သူ၊ ငရဲသား၊ ဂိန်ပုရစ် အစရှိသည့် လူမှုကွန်ယက် အကောင့်များမှာ တပ်မတော်ခေါင်းဆောင်များကို ဆဲရေးတိုင်းထွာနေခြင်း၊ သမ္မတနှင့် အစိုးရ၀န်ကြီးများကို ဆဲရေးတိုင်းထွာနေခြင်း၊ သံဃာတော်များကို ရှုတ်ချနေခြင်းတို့အတွက် NLD ပါတီ သုတေသနဌာန အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းအနေဖြင့် မည်သို့ ဖြေရှင်းပေးမည် ကို သိရှိလိုကြောင်း ဖွတ်ခွေးဟု အမည်ပေးခြင်း ခံရသည့် အငြိမ်းစား တပ်မတော်အရာရှိဟောင်း တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့က အမည်ရင်းနဲ့ ပရိုဖိုင်းအမှန်နဲ့ သုံးနေတာ။ ကျွန်တော်တို့ကို ဖွတ်ခွေး၊ အမျိုးသားသစ္စာဖောက် ဆိုပြီး ပြောတယ်။ ရတယ်။ ကျွန်တော်တို့တင်မကဘူး။ သံဃာတော်တချို့ကိုပါ အမျိုးသားသစ္စာဖောက် ဆိုပြီး ကင်ပွန်းတပ်လာတာကတော့ သံဃာတော်တွေကို စော်ကားတာ ဖြစ်လာပြီ။ ဒီမိုဘက်နဲ့ စစ်ခွေးဘက် ဆိုပြီး အွန်လိုင်းမှာ အမြင်မတူတာတွေ အငြင်းပွားနေတာ ကြာလှပြီ။ NLD ပါတီ တာဝန်ရှိသူတစ်ယောက်အနေနဲ့ ဒီလိုမျိုး သံဃာတော်တွေ၊ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေ၊ တပ်မတော်ကို ထောက်ခံသူတွေ၊ အမျိုး ဘာသာ သာသနာကို ထောက်ခံသူတွေကို ခွေးနဲ့ နှိုင်းပြီး ပြောတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားလား၊ NLD ပါတီရဲ့ သဘောထားလား ပွင့်ပွင့်လင်းလင်း သိချင်ပါတယ်။ အလားတူပါပဲ သံဃာတော်တွေ၊ တပ်မတော်နဲ့ အစိုးရ၊ ကြံ့ခိုင်ရေးပါတီကို ဆဲဆိုနေတဲ့ NLD ပါတီက ထိပ်ပိုင်းနဲ့ နီးစပ်တဲ့ သူတွေ၊ NLD ပါတီဝင်တွေကို ဘယ်လို သဘောထားပါသလဲ။ ဘယ်လို အရေးယူမှာလဲ သိချင်ပါတယ်။ ဒီမိုကရေစီဆိုတာ ကိုယ့်ပါတီကို မကောင်းမပြောနဲ့၊ မဝေဖန်နဲ့ ဆိုပြီး လုပ်နေတာဟာ ဒီမိုကရေစီလား၊ ကိုယ့်ဘာသာကိုယ် အသုံးမကျလို့ ထောင်ကျ ဘူးတာနဲ့၊ ထောင်ထွက်ဖြစ်ဘူးတာနဲ့ ကိုယ့်ကိုယ်ကို မြင့်မြတ်လှပြီ တွက်မနေဖို့ ပြောချင်တယ်” ဟု ၄င်းက ပြောသည်။

“ဒါဆိုရင် ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို မိုက်မိုက်ရိုင်းရိုင်း ပြောနေတဲ့ စာမျက်နှာတွေကို ဘာဖြစ်လို့ လက်ညိုးမထိုးသလဲ။ ဥပမာ လွင်သန္တာစိုး၊ ရဲရင့်သစ္စာ၊ ဒေါက်တာကိုကိုကြီး၊ ကရ၀ိတ်မောင်မောင် အစရှိတဲ့ အကောင့်ပေါင်းစုံကို NLD ပါတီအနေနဲ့ ဘာဖြစ်လို့ ထောက်ပြခြင်း မပြုသလဲ မေးချင်ပါတယ်။ ဝေဖန်ရင် အားလုံးကို မျှမျှတတ ဝေဖန်ဖို့ ထောက်ပြပေးဖို့ လိုပါတယ်။ ကိုယ့်ပါတီက ဖွင့်ထားတဲ့ ပြန်ကြားရေးနဲ့ စည်းရုံးရေး အကောင့်တွေကို ဖယ်ထား၊ ကိုယ့်ပါတီဝင်တွေကို ချန်လှပ်ထား၊ မိုက်ရိုင်းလှတဲ့ ဘာသာခြားအကောင့်တွေကိုတော့ မသိချင်ယောင် ဆောင်ထားပြီး တစ်ဘက်သတ် စွပ်စွဲပြောကြားချက်တွေက NLD ပါတီ ဘာလဲ ဆိုတာကို ဖော်ပြနေပါတယ်။ ကိုမျိုးရန်နောင်သိမ်းကို မေးချင်ပါတယ်။ စစ်ခွေး၊ ဖွတ်ခွေး၊ အမျိုးသားသစ္စာဖောက် ဆိုပြီး ပြောဆိုနေတာက တရားမျှတပါရဲ့လား။ မှန်ကန်ပါရဲ့လား။ ဒါဆိုရင် ဒေါ်စုခြံထဲက လူတွေ သုံးနေတယ် ဆိုပြီး လူအများ သိထားကြတဲ့ ခွန်ဒီးယမ်၊ ဒီမိုဖက်တီး၊ ဒီချစ်သူ၊ ငရဲသား၊ ပုရစ် ဆိုတဲ့ အကောင့်တွေကို ဘယ်လိုလုပ်ပေးမှာလဲ။ ဒီအကောင့်တွေကနေ သံဃာတော်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ၊ သမ္မတနဲ့ ၀န်ကြီးတွေ၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေ၊ မျိုးချစ်လူငယ်တွေကို ဆဲဆိုနေတာကို NLD ပါတီက ဘယ်လို ဖြေရှင်းပေးမှာလဲ။ ဘယ်လို တာဝန်ယူမှာလဲ မေးချင်တယ်” ဟု အမျိုးသားရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ဆိုသည်။

ဦးမျိုးရန်နောင်သိမ်းသည် NLD ပါတီ သုတေသနဌာန အတွင်းရေးမှူး ဖြစ်ပြီး ဗေဒါသင်တန်းကျောင်းများကို တာဝန်ယူဆောင်ရွက်နေသူ တစ်ဦး ဖြစ်သည်။
 

.. www.MyanmarExpress.net
 

9 comments:

အန်အယ်ဒီနဲ့သူ့ကိုထောက်ခံသူတွေကိုနှိုင်း စရာခွေးထက်ယုတ်ညံ့တာရှိရင်နှိုင်းချင်တယ်။လက်ရှိအစိုးရနဲ့အရင်အစိုးရလူကြီးတွေကိုသေ သွားသူပါမကျန်အမျိုးမျိုးဆဲဆိုရိုင်းစိုင်းယုတ်မာ တာတွေကျတော့အသံတောင်မထွက်ရဲဘူး။သူတို့ကိုပြန်ပြောတော့နာတတ်လိုက်တာ။လဲသေလိုက်ကြ။

မန်း လေး မြို့  ၈၃ လမ်း ၂၃ ၂၄ ကြား မာ မွတ် က လား မင်း မင်း နေ အိမ် ဝင်း အ တွင်း မြန် မာ အ လုပ် သ မ လေး တေ များ စွာ ခေါ် ထား ပါ တယ် မင်း မင်း က လား မာ မိန်း မ အင် မ တန် ရှုပ် သူဖြစ် သော ကြောင့် မြန် မာ မိန်း က လေး အ လုပ် သမ လေး တို့  အ ပေါ် များ စွာ ရင် လေး မိ ပါ တယ်

မန်း လေး မြို့  ၂၃ လမ်း ၈၃ ၈၄ ကြား မာ မွတ် စ လင် ကု လား မင်း မင်း နေ အိမ် ဝင်း အ တွင်း မြန် မာ အ လုပ် သမ လေး များ စွာ ခေါ် ထား ပါ တယ် မွတ် စ လင် က လား မင်း မင်း မှာ မိန်း မ ကိ စ အင် မ တန် ရှုပ် ထွေး သူ ဖြစ် သဖြင့် ရင် လေး မိ ပါ တယ်

The NLD party is becoming an ultra extremist party. It will soon become a terrorist party.

ဘာ​​တွေဖွ​နေကြပြန်​ပြီလည်း.....
...ဗုဒ္ဓဘာသာလူမျိုးကိုးကွယ်​တဲ့သူ​တွေဆိုရင်
..သိ့ခံစိတ်​က​လေးနည်းနည်းထား​ပေးကြပါ..
..သိခံခြင်းသည်​​အောင်​မြင်​ခြင်းတဲ့....
...​အောင်​မြင်​ချင်​ရင်​​တော့သိခံကြပါ...
သိ့မခံရင်​​တော့တ​ယောက်​နဲ့တ​ယောက်​...
တဖက်​နဲ့တဖက်​..အပြန်​အလှန်​​ရေးကြ..ဆဲးကြ..နဲ့ဘယ်​​တော့မှပြီးမှာမဟုတ်​ဘူး..တ​ယောက်​ကဘယ်​​လောက်​ဆဲးဆဲး..
ကျန်​တ​ယောက်​ကမသိချင်​​ယောင်​​ဆောင်​လိုက်​ရင်​..မခံယူပဲးငြိမ်​​နေလိုက်​ရင်​..
ဆဲးတဲ့လူပဲးတ​ယောက်​ထဲးဆဲး​နေသလိုဖြစ်​ပြီးကြာ​တော့..သူဘာသူရှက်​ပြီးငြိမ်​သွားပါလိမ့်​မယ်​.....မယုံရင်​လက်​​တွေ့စမ်းကြည့်​ပါ..
သူဘယ်​​လောက်​​ရေး​ရေး​ပြေား​ပြေား..တဖက်​လူကပြန်​မ​ရေးဘူး...မကြားချင်​​ယောင်​​ဆောင်​​နေမယ်​ဆိုရင်​....ကြာလာ​တော့တစ်​​ယောက်​ထဲးအရူးကြီးတ​ယောက်​လိုဖြစ်​မှန်းမသိဖြစ်​သွားလိမ့်​မယ်​....သိခံကြပါ......

ပြေားပါစေ သူတို့ကံ သူတို့ကို အကျိုးပေးသွားပါလိပ့်မယ်
ပြေားတယ်ဆိုထဲက မနာလိုလို့ပြေားတာ
သူ့လမ်းသူ သွားလိပ့်မည် ပြေားနိုငိပါစေ ပြေားတတဲ့အတိုင်း
သူတို့တွေ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်

www.myanmarexpress.net ကဖေါ်ပြပေးသော အထက်ဆောင်းပါးပါ အချက်များအားလုံး ဖြစ်ရပ်မှန်များဖြစ်ပါသည် ။ ကျုပ်တို့ လည်းအဲဒီခလေးတွေဆဲသမျှ ခံစားခဲ့ ရသည်မှာလပေါင်းများစွာကြာခဲ့ ပါပြီ။ ပြန်လည်ဆဲရေးခြင်းမဟုတ်ပါ ဆုံးမခြင်းဖြစ်သည် ။ မိဘဆုံးမ၍မရလျှင်ရပ်ရွာကဆုံးမကြသည် ။ ရပ်ရွာကဆုံးမမရလျှင် ဥပဒေကဆုံးမသည် ။ ဒီမိုဖက်တီးကဲ့ သို့ သော အကောင့် များစွာ၏ နေ့ စဉ်ရက်ဆက်လပေါင်းများစွာ
ကြမ်းတမ်းစွာဆဲရေးခဲ့ မှုတို့ သည် ယင်းတို့ လိုလားသောပါတီကိုသာမက ဒီမိုကရေစီစံနစ်ကိုပင်နစ်နာစေသည် ။ ကျုပ်တို့ မှာပါတီအရောင်မရှိ ၊ ဘာသာသွေးရှိ၍ သာသနာရေးနှင့်  တိုင်းရေးပြည်ရေးကိုစိတ်ဝင်စား၏ ။သံယောဇဉ်များ၏ ။ ထို့ ကြောင့်  များစွာအဆဲခံခဲ့ ရ၏ ၊ ခွေး နွား
ဖား ပုတ်သင်ညို တို့ နှင့် အနှိုင်းခံခဲ့ ရ၏ ။ ခံပါသည် ။ များများဆဲလျှင်များများနိုင်မည်ဟု မယူဆကြကုန်လင့်  ။
ရေကန်အလယ်ကြာဖက်ပေါ်၌ ဆောင့် ကြောင့် ထိုင်တတ်ရုံမျှနှင့် ငါ ခြင်္သေ့ ဟု ထင်မှတ်မှားလျှင် မှားပေမပေါ့ ..သွားပေရော့ ..........။ ။

ဖါစုကြည်ရဲ့ nld ကခွေးအဆင့်မှာတောင် ခွေးသူတောင်းစား ကုလားအမှိုက်ပုံစောင့်ခွေး အဆင့်ပဲရှိတဲ့ ပါတီပါ

အရင်ကသိပ်စည်းလုံးခဲ့တဲ့မြန်မာ...နယ်ချဲ့ရန်တွေကိုစည်းစည်းလုံးလုံးနဲ့အတူတကွတိုက်ခဲ့တဲ့မြန်မာ...ဒီနိုင်ငံကိုကိုယ့်ဘိုးဘေးတွရဲ့သွေး၊ချွေးတွေနဲ့တည်ဆောက်ထားခဲ့တာမေ့နေကြပြီလား...ခုတစ်ယောက်နဲ့တစ်ယောက်...ချောက်တွန်းကြ...ဆဲကြ...ဘေးထိုင်ဘုပြောကြနဲ့...အရေးကြီးသွေးနီးဆိုတာဘာကိုပြောတာလဲ...ခုအရမ်းအရေးကြီးနေပါပြီ...မြန်မာနိုင်ငံတော်တိုးတက်ဖို့ကအဓိကပန်းတိုင်မဟုတ်ဘူးလား...ကိုယ့်လူမျိုး၊ဘာသာကိုစောင့်ရှောက်ဖို့ကအဓိကမကျဘူးလား? နိုင်ငံရေးလုပ်တယ်ဆိုတာကိုယ့်ပြည်သူ၊ကိုယ့်နိုင်ငံကောင်းစားဖို့အတွက်...ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်ရသလိုပါပဲ...အတူတူစည်းစည်းလုံးလုံးနဲ့ချစ်ချစ်ခင်ခင်နဲ့လုပ်ဆောင်ဖို့လိုပါပြီ...မဟုတ်ရင်တော့မြန်မာနိုင်ငံကိုအမဲဖျက်ဖို့စောင့်နေတဲ့အရာတွေအမှောင်ထဲမှာစောင့်နေလေရဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်