From: https://www.facebook.com/MyanmarMediaWatch
မီဒီယာသမားများ ကျင့်ဝတ်လိုက်နာမှု အားနည်းကြောင်း စာနယ်ဇင်ကောင်စီ အတွင်းရေးမှူး ဝန်ခံ ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ ယုဇနဟိုတယ်မှာပြုလုပ်တဲ့ မီဒီယာ ဖိုရမ်ဆွေးနွေးပွဲမှာ ဆွေးနွေး ခဲ့ပြီးနောက် အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။
"ကိုယ့်တန်ဖိုးကိုတင်ဖို့လိုတယ်.. တစ်ဦးချင်းတန်ဖိုးတင်မှ အဆင့်တန်းရှိတဲ့မီဒီယာဖြစ်လာမယ်.. ကာယကံရှင်သတင်းသမားတွေက ကိုယ်တိုင် ကျင့်ဝတ်လိုက်နာမှဖြစ်မယ်.. ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေမှာ မီဒီယာတွေဘက်က အားနည်းချက်တွေရှိတယ်.."
သတင်းမီဒီယာသမားတွေ ကျင့်ဝတ်မညီမှုနှင့် ပတ်သက်ပြီး မီဒီယာသမားတွေကို ပြည်သူတွေပြည်လည် ယုံကြည်လာဖို့ ရည်ရွယ်ချက်နဲ့ မီဒီယာဖိုရမ်ကို ကျင်းပခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာ ဂျာနယ်လစ်ကွန်ရက်တို့ကဦးစီးပြီး သတင်းမီဒီယာသမား ၅၀ ကျော်လောက် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
စာနယ်ဇင်းကောင်းစီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ၏ ဝန်ခံမှု ဗွီဒီယိုဖိုင်ကို https://www.youtube.com/watch?v=kSyVm2ef9lQ&feature=youtu.be မှာ ကြည့်ရှုနိုင်ပါတယ်။
အတွင်းရေးမှူးက ဝန်ခံနေပေမယ့် 7day, Eleven နဲ့ အခြား ကျင့်ဝတ်မဲ့ မြန်မာမီဒီယာသမားအများစုကတော့ သတင်းသမားတွေ ဥပဒေချိုးဖောက်တာကို သာမန်ပြည်သူများလို အပြစ်မပေးဖို့ တောင်းဆိုနေကြပါတယ်။
Myanmar Media Watch ရဲ့ စစ်ဆေးချက်အရ မြန်မာနိုင်ငံဟာ မီဒီယာသမားကို ပြည်သူ မယုံကြည်၊ မလေးစားမှု အမြင့်ဆုံးနိုင်ငံများထဲက တစ်နိုင်ငံ ပါဝင်လျှက်ရှိနေပါတယ်။
.. www.MyanmarExpress.net
4 comments:
မီဒိယာသမား ဆိုပြီး အခွင့်ထူးခံလူ မဖြစ်ပါစေ နဲ့ ပြည်ူသူကအရုံအကြည်မရှိတာ ကပေါက်ကရထင်တာ ရေးတဲ့သူတွေကြောင့် ဖြစ်ပါတယ် လူစည်း ဘလူးစည်းရှိသလို စာနယ်ဌင်းကျင့်ဝတ်နဲ့အညီရေးသားရင် လေးစားခံရမှာဘဲ ယခင်သတင်းစာ ဆရာကြီး တွေပြည်သူက ဘာကြောင့်လေးစားလဲ သူတို့က ကျင့်ဝတ်နဲ့အညီရေးသားတယ်လေ
အရင်အစိုးရ၊စစ်တပ်မကောင်းကြောင်းရေးရင်လူများစုသဘောကျမယ်နေတာ၊အခုပြည်သူတွေကသတင်းတခုဖတ်ရင်တဘက်စောင်းနင်းရေထားတာလား၊အပျက်သဘောရေးထားတာလားဆိုတာစဉ်းစားပြိးဖတ်နေကြတာပါ၊ဟိုဘက်ကိုလိုက်ရေးထားတာလား၊ကိုယ်ဘက်ကိုသေးသိမ်အောင်ရေးထားတာလား၊ပုဂွိုလ်ရေးတိုက်ခိုက်ပြိးရေးထားတာလား၊ကိုယ်အမျီုးဘာသာသာသနာကိုစော်ကားရေးထားတာလား၊ဥပဒေကျုးလွန်လို့တာဝန်ရှိသူတွေကအရေးယူတာလား၊မိဒိယာကိုဖိနှိပ်ချင်လို့အရေးယူတာလားတကယ်ပြစ်မှု့မြောက်လို့အရေးယူတာလားစသည့်ဖြင့်ပြည်သူတွေကပိုင်းခြားဝေဖန်တက်နေပါပြိ၊၊အစိုးရလွန်သလားပြစ်မှု့ကျုးလွန်သူလွန်သလားဆိုတာလဲသုံးသပ်တက်နေပါပြိ၊အစိုးရနဲ့တပ်မတော်ပုတ်ရရင်ပြိးရောဆိုပြိးရေးနေရင်တော့လူနည်းစုလောက်ဘဲသဘောကျမှာဖြစ်ပြိးလူများစုပြည်သူများကတော့သဘောမကျပါဘူး၊မိမိအဖွဲ့အစည်းကိုမိမိတို့ကိုယ်တိုင်ထိမ်းမှသာပြည်သူချစ်သောမိဒိယာဖြစ်လာမှာပါ၊နောက်ဆိုရင်တိုင်းပြည်အတွက်လဲမကောင်းပါဘူး။
မီဒီယာသမားတွေဖါကျနေတာ
မဖေါ်ပြသင့်တဲ့ဟာတွေဖေါ်ပြတယ်
မရေးသင့်တဲ့ဟာတွေရေးတယ်
နိင်ငံအတွက်အကျိုးမရှိ ပြည်သူအတွက်အကျိုးမရှိ
ချီစားကြီးနေတဲ့ကောင်တွေနဲ့တူတယ်
မီဒီယာသမားတွေဖါကျနေကြတယ်
မဖော်ပြသင့်တဲ့ပာာတွေ မရေးသင့်တဲ့ဟာတွေဖော်ပြနေကြတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်