Subscribe to our RSS Feed

ရိုဟင်ဂျာဟူသောအသုံးအနှုန်းကို UN နှင့် နိုင်ငံတကာအသိုင်းအဝန်း ဆက်လက် မသုံးစွဲရန် ကုလအထူးကိုယ်စားလှယ်အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တောင်းဆို



စစ်တွေ၊ ဇူလိုင် ၁၉- ရခိုင်ပြည်နယ် သို့ ရောက်ရှိနေသောကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီအရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ (Ms. Yang He Lee) အားရိုဟင်ဂျာဟူသောအသုံးအနူန်း နှင့်ပတ်သက်ကာ ယူအင်န်အဖွဲ့အစည်း များနှင့် နိုင်ငံတကာအသိုင်းအဝိုင်း အားဆက်လက်မသုံးစွဲရန်အထူး တောင်းဆိုလိုက်ကြောင်း သိရသည်။

အဆိုပါအစိုးရအဖွဲ့နှင့်တွေ့ ဆုံသည့်အစည်းအဝေးတွင် ရခိုင်ပြည် နယ် ဝန်ကြီးချုပ်ဦးမောင်မောင်အုန်း က ''ရိုဟင်ဂျာဆို တာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်က ပြောထားပြီးသားပါ။

ဒီ နှစ်ပေါင်းသုံးလေးဆယ်အတွင်းမှာ လူမျိုးအသစ်တစ်မျိုးပေါ်ပေါက်လာ တယ်ဆို တာ အဓိပ္ပာယ်မရှိပါဘူး။ ရခိုင်လူမျိုးတွေမှာ ကိုယ်ပိုင်စာပေနဲ့ ယဉ်ကျေးမှုရှိပြီးသားဆိုတာပြောစရာ တောင်မလိုတော့ပါဘူး။ ဒါကြောင့် ဘင်္ဂါလီတွေကိုလဲ ရိုဟင်ဂျာလို့ မသုံးစေချင်သလို နိုင်ငံတကာအကူ အညီပေးရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ ကို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းမသုံး ဖို့ထပ်မံတိုက် တွန်းပါတယ်။ ပြီးခဲ့တဲ့ သန်းခေါင်စာရင်းကောက်ခံယူတာ မှာ ဘင်္ဂါလီတွေက ရိုဟင်ဂျာဆိုမှ စာရင်းကောက်ခံဖို့ဆိုပြီး ငြင်းဆန်ခဲ့ ကြတယ်။ ဒါဟာနိုင်ငံတော်ရဲ့ ဥပဒေကို ငြင်းဆန်သလိုပါပဲ။ ရခိုင်လူမျိုး တွေကို မခံမရပ်ဖြစ်စေတဲ့အပြင် ဒီ အသုံးအနှုန်းကြောင့် ငြိမ်းချမ်းစွာအတူယှဉ် တွဲနေထိုင်ရေး ပျက်ပြယ် သွားနိုင်ပါတယ်'' ဟုဆက်လက်ပြော ကြားးခဲ့သည်။

ထို့အပြင် ဝန်ကြီးချုပ် မှ ရခိုင်တိုင်းရင်းသားများအား ခက် ထန်သည့်လူမျိုး လို့မမြင်မိစေရန်နှင့် နိုင်ငံတကာက ယခုကဲ့သို့အရေးကြီး သောပြဿနာများကို အလေးထား ဖြေရှင်းရန် ထပ်လောင်းပြောကြား ခဲ့သည်။

''ပြောရမယ်ဆိုရင် ရခိုင်ပြည် နယ်အရေးဟာ သာမန်သဘာဝဘေး အန္တရာယ်တစ်ခုကျရောက်တာနဲ့ မတူညီပါဘူး။ အရမ်းကိုထိလွယ်ရှ လွယ်ပြီးရှုပ်ထွေးမှုရှိတဲ့ ပြဿ နာ ပါ။ ဒါကိုဖြေရှင်းဖို့ ရခိုင်ပြည်နယ် အစိုးရနဲ့အတူ ကျွန်မတို့လဲဖြေရှင်း ဖို့အဆင်အသင့်ပါ''ဟုမစ်ယွန်ဟီလီက ပြန်လည်ပြောကြားခဲ့သည်။


.. www.MyanmarExpress.net
 

5 comments:

သိပ်မှန်ပါတယ်။အမှားကိုအမှန်မရှိတာကိုအရှိဖြစ်အေင်နှစ်ပေါင်း များစွာလော်ဘီလုပ်ထားလို့ ဒီရိုဟင်ဂျာဆိုတဲ့စကားနိုင်ငံတကာမှာရောက်နေတာပါ။မှားနေတဲ့အရာတခုကိုထပ်ခါထပ်ခါအမှန်လို့ပြော ပါများရင်နောက်ဆုံးအမှန်ဖြစ်သွားတာမျိုးပါ။မိမိကလဲမဟုတ်ကြောင်းဆက်ကာဆက်ကာအမြဲ ပြောဖို့လိုပါသည်။ဒီနေရာမှာ ရပ်တည်ချက်ခိုင်မာဖို့ပဲလို
ပါတယ်။နိုင်ငံတကာရှိမြန်မာသံရုံးတွေအပါအဝင်ကမ္ဘာတလွှားရောက်မျိုးချစ်စိတ်ရှိမြန်မာအားလုံးဝိုင်းဝန်းကူညီကြပါ။များများမလိုပါ။ရိုဟင်ဂျာဆိုတာမြန်မာမှာမရှိကြောင်းတခုထဲပါ။သင်တို့အတွက်တို်င်းပြည်ကသာဓုခေါ်နေမှာပါ။

Very good demand by chief minister of Rakhine. Let us see what Ms. Yang He Lee actually does and how she reports back to her boss. If it is the same as or similar to Quintana she is bull shit agent of UN.

မြန်မာနိုင်ငံ လူ့အခွင့်အရေးကိုယ်စားလှယ်တွေဟာ
မြန်မာနိုင်ငံကိုလာမယ်၊ဆယ်ရက် ကြာနေမယ်၊ မပြန်ခင်
သတင်းစာရှင်းလင်းပွဲလုပ်မယ်။ဒီကိုယ်စားလှယ်တွေဟာ
လူ ပြောင်းပြီး မူ မပြောင်းဘူး။ထုံစံအတိုင်း ရခိုင်ပြည်နယ် ကိုသွားမယ်၊ ကချင်ပြည်နယ်ကိုသွားမယ်။
နောက်ပြီး အင်းစိန်ထောင်ကိုသွားမယ်၊ စစ်တွေ ထောင်ကို
သွားမယ် ၊ ဘူးသီးတောင်၊မောင်တောထောင်ကိုသွားမယ၊်။
တစ်ယောက်လာလဲ ဒီနေရာ၊ ဒီဒေသ၊ နောက်လာလဲ ဒီနေရာ၊ဒီဒေသ။ သုံးသပ် ကြည့်တော့ လူ ပြောင်းပြီး မူ
မပြောင်းဘူးဖြစ်နေတယ်။
တကယ်လို့ လူ့အခွင့်အရေးကိုစောင့်ကြည့်မယ်ဆိုရင် လူ့အခွင့်အရေးအပြည့်အဝမရရှိတဲ့သူတွေ
ဘာကြောင့်မရတာလဲဆိုတာ လေ့လာဖို့လိုတယ်။
ရသင့်ရထိုက်လို့မရတာလား။ ဥပဒေကြောင့်အရ မရတာလားဆိုတာ လေ့လာဖို့လိုတယ်။
နိုင်ငံတကာမှာလဲ ဒီအတိုင်းဖြစ်မှာပါ။
ထောင်ထဲရောက်နေတဲ့ သူတွေက ရာဇာဝတ်သားဖြစ်တယ်၊ ပြစ်မှုကျူးလွန်လို့
ထောင်ထဲ ပို့ထားတာဖြစ်တယ်။ ပိုက်ဆံအကုန်ကျခံပြီး ထမင်းကျွေးထားချင်လို့၊ဇိမ်ကျကျနေစေချင်လို့၊
စမတ်ကျကျနေစေချင်လို့ ပို့ထားပေးတာမဟုတ်ဘူး။
အကျဉ်းသားတွေကို အကျဉ်းသား အလျောက်မထားပဲ သာမန်လူတွေလိုပဲလူ့အခွင့်အရေးအပြည့်အဝ
ပေးနေရမယ်ဆိုရင် ရာဇာဝတ်ပြစ်မှုတွေ
လျော့ကျသွားဖို့မရှိပဲ တိုးတိုးလာဖို့ပဲရှိတယ်။
နိုင်ငံတကာမှာလဲ သူ့နိုင်ငံနဲ့သူ အကျဉ်းသားကို အကျဉ်းသား အလျောက်ထားမှာပါ။
နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်နေသူတွေလဲ နိုင်ငံတိုင်းမှာရှိပါ
တယ်။
ဥပဒေကြောင့်အရ မဖြစ်နိုင်တာကို ဖိအားပေးနေရင် ဖိအားပေးသူရဲ့တာဝန်ပျက်ကွက်မှုသာဖြစ်မယ်။
နိုင်ငံတကာ စံချိန်စံညွှန်း ဆိုတာ ပုံသေတွက်လို့မရဘူး။ ကမ္ဘာမှာ နေရာဒေသအသီးသီးရှိသလို
နေထိုင်သည့်လူမျိုးတွေလဲ အသီးသီးရှိကြတယ်။
နေရာဒေသတူညီမှုမရှိသလို လူမျိုးတွေလဲ တူညီမှုမရှိဘူး။ ကိုယ့်ကွယ်သည့်ဘာသာ၊ရိုးရာထလေ့တွေကလဲ
မတူညီဘူး။ ဒီလိုကွဲပြားလှတဲ့ ကမ္ဘာကြီးမှာ လူ့အခွင့်အရေး
စံချိန်စံညွှန်းကို နိုင်ငံတကာစံချိန်စံညွှန်းဆိုပြီး စံတမျိုးတည်း၊ မူတမျိုးတည်း၊သတ်မှတ်လို့ဖြစ်နိုင်ပါမလား ။
ဒါကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းအနေနဲ့
လေ့လာဖို့ လိုပါတယ်။


TO DAY WHOLE WORLD IS LOOK LIKE BULLYING
OTHER WHEN THEY HAVE STRONG INFLUENCE
AND MISUSING THE POLITICAL PRESSURE.

WE FEEL MANY COUNTRIES AND ORGANIZATIONS
BULLYING TO MYANMAR NAING GAN TAW AND
THE PEOPLE.
FOR EXAMPLE WE CALLED MYANMAR BUT
THEY KEEP CALLING BURMA.WHY?

MYANMAR NAING GAN THAR AR LON ALWAYS
MIND OUR BUSINESS AND NEVER COMMENT
AND COMPLAINT TO THE OTHERS.

MYANMAR ALSO SHOULD REJECT AND COMPLAINT TO THE OTHERS AS THEY DOING
TO US.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်