Subscribe to our RSS Feed

အချိုးကျကိုယ်စားပြုရေး ထင်သလောက်မရှူပ်ထွေး (Proportional Representation explained) (အပိုင်း - ခ)

From : .. SMM

မဲဆန္ဒနယ်မြေသတ်မှတ်ရာတွင်အောက်ပါအချက်သုံးချက်စလုံးကိုအခြေပြုသော်လည်းလူဦးရေကိုအထူးပြု
စဉ်းစားပါသည်။


(၁) လူဦးရေ (population) (၂) ပထဝီအနေအထား (geographical boundary) (၃) အုပ်ချုပ်ရေးနယ်မြေ
(administrative boundary, jurisdiction)


ဧရိယာသေးငယ်သဖြင့်အစ္စရေးနှင့်နယ်သာလန်တို့ သည်တစ်နိုင်ငံလုံးကိုမဲဆန္ဒတစ်ခုတည်းအဖြစ်သတ်မှတ်ကြ
သော်လည်းမြန်မာနိုင်ငံအတွက်ဆိုလျှင်တိုင်းဒေသကြီးသို့ မဟုတ်ပြည်နယ်တစ်ခုလုံးကိုမဲဆန္ဒနယ်မြေတစ်ခုအ
ဖြစ်သတ်မှတ်ရမည့်သဘောဖြစ်ပါသည်။


အကယ်၍ပြည်နယ်/တိုင်းဒေသကြီးတစ်ခုလုံးကိုမဆဲ န္ဒနယ်မြေသတ်
မှတ်လျှင်မဲပြားပေါ်တွင်ပုံနှိပ်ပေးရမည့်အမတ်လောင်းဦးရေများလွန်းနေသေးသည် -ပါတီများအတွက်ကော
မဲဆန္ဒရှင်များအတွက်ပါအဆင်မပြေ - ရှူပ်ထွေးနိုင်သည်ဆိုပါလျှင်ခရိုင်အဆင့်လောက်ကိုဆင်း၍ခရိုင်တစ်ခု
မဲဆန္ဒနယ်တစ်ခု သတ်မှတ်ပေးလျှင်အဆင်ပြေနိုင်ပါသည်။ ဥပမာအားဖြင့်ဧရာဝတီတိုင်းတွင် ဖျာပုံခရိုင်တစ်ခုလုံးကိုမဲဆန္ဒနယ်မြေတစ်ခုအဖြစ် သတ်မှတ်ပါကမြို့နယ်ငါးခုရှိသည့် အတွက်အမတ်နေရာတစ်ဒါဇင်ဝန်းကျင်ထက်ပို၍မရှိနိုင်သဖြင့် - မကြီးလွန်း- မသေးလွန်းအနေတော်ဖြစ်သည်။


PR ၏ဒုတိယလိုအပ်ချက်မှာ - ပါတီများကိုသူတို့ ရသော စုစုပေါင်းမဲအရေအတွက် အလိုက်အချိုးကျအမတ်နေရာခွဲဝေပေးနိုင်ရန်အတွက်အရည်အချင်းသတ်မှတ်ခြင်း (Threshold level) - ပါတီတစ်ခုကိုအမတ်နေရာအချိုးကျခွဲဝေပေးမည့်စာရင်းတွင်ထည့်သွင်းစဉ်း စားနိုင်ရန်အတွက်သတ် မှတ်ထားသောအနည်း ဆုံးမဲရာခိုင်နှူံးတစ်ခုရထားရပါမည်။ ဤသတ်မှတ်ချက်ကို Threshold level ဟုခေါ် သည်။ဤနေရာတွင်နိုင်ငံတစ်ခုနှင့်တစ်ခုအခြေအနေချင်းမတူသဖြင့် အနိမ့် ဆုံးသတ်မှတ်ချက်များလည်းမတူပါ။

ဥပမာဂျာမဏီတွင် ၅% ၊ ရုရှားတွင် ၇% ၊ တူရကီတွင် ၁ဝ% သတ်မှတ်၍ကနေဒါနှင့်နယ်သာလန်တွင် ၂%
အောက်အထိနှိမ့်၍သတ်မှတ်သည်။ သို့ သော် ပါတီငယ်တစ်ခုခုသည် Threshold level ကိုပြည့်မမှီသည့်အထိသေးငယ်သဖြင့်အချိုးကျခွဲဝေပေးမည့် စာရင်းတွင်ထည့် သွင်း ခြင်းမခံရသည့်တိုင်ယင်း၏ရွေးကောက်ပွဲသို့ ဝင်ရောက်အ ရွေးချယ်ခံပိုင်ခွင့်ကိုကားမပိတ်ပင်ပါ။ ပါတီ ငယ်များမှအမတ်လောင်းများသူတို့ ပါဝင်ယှဉ်ပြိုင်သည့်နယ်တွင်အနိုင်ရပါက လွှတ်တော်တက်ခွင့်ရှိသည်သာ။


ဂျာမဏီတွင် Threshold level သတ်မှတ်ချက်ရာခိုင်နှူံးမပြည့်မှီသည့်တိုင် အနည်းဆုံးအမတ်သုံးနေရာတိုက်ရိုက်အရွေးခံထားရလျှင်လည်းသတ်မှတ်ချက်မှီသည် ဟုချွင်းချက်ထားကာအချိုးကျစံနစ်တွင်းထည့်သွင်းပေးသည်။

[ကနေဒါတွင်Thresholdသတ်မှတ်ချက်ကိုပြည့်မှီသောနိုင်ငံရေးပါတီများကိုအစိုးရကထောက်ပံ့ကြေးပေးသည်။
လက်ရှိနှူံးထားမှာနောက်ဆုံးကျင်းပခဲ့သောအထွေထွေရွေးကောက်ပွဲရမဲစာရင်းကိုအခြေပြု၍ပါတီတစ်ခုအား သူ့ ကိုပေးသောမဲတစ်ပြား တိုင်းအတွက်ဖက်ဒရယ်အစိုးရက ၁.၇၅ ဒေါ်လာနှူံးတစ်ကြိမ်ထောက်ပံ့သည်။ ၂ဝ၁၁ခုနှစ်တွင်ကျင်းပခဲ့သောနောက်ဆုံးအထွေထွေရွေးကောက်ပွဲတွင်အနိုင်ရသူတိုးတက်သောကွန်ဆာဗေးတစ်ပါတီ
(Progresive Conservative Party - PC) သည်မဲ စုစု ပေါင်း ၆ သန်းနီး ပါးရပြီးဒုတိယရကာအတိုက်အခံဖြစ်လာသောနယူးဒီမိုကရက်တစ်ပါတီ (New Democratic Party - NDP) ကမဲပေါင်း ၄ သန်းခွဲကျော်ရသဖြင့်ထိုပါတီများသည် အစိုးရထံမှထောက်ပံ့ငွေမည်မျှရမည်ကိုခန့် မှန်းနိုင်သည်။ သို့ သော်ကနေဒါ၏ပြည်နယ်
အများစုကြီးသည် FPTP စံနစ်ကိုသုံးကြသည်]


ထို့ ကြောင့် PR စံနစ်တွင်ပါတီတစ်ခုသည်တနိုင်ငံလုံးမဲစုစုပေါင်းအရေအတွက်မည်မျှရသည်ဆိုသည့်အချက်
သည်အရေးအကြီးဆုံးဖြစ်သည်။


ထိုအရည်အတွက်ကိုတနိုင်ငံလုံး အတည်ပြုမဲစုစုပေါင်းနှင့်အချိုးချကာရာခိုင်နှူံးသင့်ယူခြင်းဖြစ်သည်။

အမတ်နေရာအများပါမဲဆန္ဒနယ်များနှင့် Threshold အရည်အချင်းပြည့်မှီသောပါတီများရှိနေပြီဆိုလျှင်အချိုး
ကျကိုယ်စားပြုစံနစ်ဖြင့်ရွေးကောက်ပွဲကျင်းပပေးရန်ရွေးကောက်ပွဲကော်မရှင်ကစီစဉ်နိုင်ပြီဖြစ်ပါသည်။


ထိုအခါတတိယလိုအပ်ချက်ဖြစ်သော PR မဲပြား ( Ballot စာရွက်) ကိုဖန်တီးပေးရမည် ဖြစ်ပါသည်။ PR စံနစ်အရမဲပေး ခြင်းသည်စံနစ်ဟောင်း (FPTP) ထက်ပို၍အသေးစိတ်ကျသည်။ [ဤအချက်ကိုထောက်ပြ၍ PR ကိုရှူပ်သည်ဟု ကန့် ကွက်နေကြခြင်းဖြစ်သည်။ စင်စစ်စာရေးတတ်ဖတ်တတ်သူ (အသုံးလုံးကြေသူ) မည်သူမဆိုနားလည် အသုံးချနိုင်သည့်စံနစ်ဖြစ်ပါသည်။ ဤအချက်ကိုအောက်တွင်ထင်ရှားအောင်ရှင်းပြပါမည်။]

အချိုးကျစံနစ် PR ၏အဓိကရည်ရွယ်ချက်ဖြစ်သောအချိုးကျကိုယ်စားပြုခွင့်အကောင်အထည်ဖေါ်ယူပုံကိုတစ်
ခွန်းတည်းအပြတ်ပြောရလျှင်သဘာဝအကျဆုံးနည်းဖြင့်အကောင်အထည်ဖေါ်ခြင်းဟု ပြောရပါမည်။ ပါတီတစ်ခုသည်ရွေးကောက်ပွဲတစ်ခုတွင်တနိုင်ငံလုံးကမိမိပါတီကိုပေးသောမဲစုစုပေါင်းသည် ထိုရွေးကောက်ပွဲတွင်ပါတီအားလုံးသို့ မဲထည့်သူလုံးကပေးကြသောအတည်ပြုမဲစုစုပေါင်း (total valid vote) ၏ရာခိုင်နှူံးမည်မျှကိုရခဲ့သည်ကိုကြည့်သည်။ ထိုရာခိုင်နှူံးသည်ပင်ထိုပါတီကလွှတ်တော်တွင် ရသင့်သည့်အမတ် နေရာရာခိုင်နှူံးဖြစ်လာတော့သည်။ ဥပမာ ပါတီ A သည်ရွေးကောက်ပွဲတစ်ခုလုံးတွင်ပေးကြသောမဲစုစုပေါင်း၏ ၄ဝ % ကိုရသည်ဆိုလျှင် A အတွက် အမတ်နေရာစုစုပေါင်း၏ ၄ဝ% ကိုရသင့်သည်။ ထိုအခါအမတ်နေရာ ၁ဝဝ ရှိသောလွှတ်တော်ဆိုပါက နေရာ ၄ဝ - အကယ်၍အမတ်နေရာ ၂ဝဝ ရှိသောလွှတ်တော်ဆိုပါက၄င်းသည်
အမတ်နေရာ ၈ဝ ထိုက်သင့်သည်။ မည်သည့်အမတ်ကမည်သည့်မဲဆန္ဒနယ်တွင်နိုင်သည်ဆိုသောပုဂ္ဂိုလ်နှင့်
ဒေသတွဲဖက်ခြင်း (pairing) ကိုဤအဆင့်တွင်ခေတ္တမေ့ထား ပြီးနောက်တဆင့်တွင်ရှင်းပြပါမည်။


ဤအချိုးကျရေးရည်ရွယ်ချက်ကိုအကောင်အထည်ဖေါ်ပြီးပါကမဲပြားစီစဉ်ပုံကိုဆက်ပါမည်။


PR စံနစ်ကိုမိမိတို့ နိုင်ငံ၏အခြေအနေနှင့်အတိအကျကိုက်ညီမှုရှိစေရန် မဲထည့်ပုံမူကွဲအဓိကအားဖြင့်သုံးမျိုးရှိပါသည်။ ၄င်းတို့ မှာClosed Party List system, Open Party List system, နှင့် FPTP စံနစ်နှင့်ပူးတွဲ၍ကျင်းပသော Mixed Member Proportional system (MMP) တို့ ဖြစ်ကြသည်။

Closed party list တွင်ပါတီကမိမိ၏အမတ်လောင်းများ ကိုမိမိစိတ်ကြိုက်ပါတီတွင်းရွေးချယ်မှု အစီအစဉ်တစ်ခုအရရွေးချယ်၍ဦးစားပေးအစီ အစဉ်ဖြင့်မဲပြားပေါ်တွင်ရိုက်နှိပ် ထားသည်။အောက်တွင် ဤနည်းအရဖန်တီးထားသောမဲပြားစာရွက် (Ballot paper) ကိုဖေါ်ပြထားပါသည်။ မဲထည့်သူသည်ပါတီအမည်အောက်တည့်တည့် ရှိ လေးဒေါင့်ကွက် (box) ထည်းတွင်ကြက်ခြေခတ်ပေးရန်ဖြစ်သည်။

အောက်တွင်နမူနာပြထားသောမဲပြားအရသိနိုင်သည်မှာ ပါတီတိုင်းအမတ်လောင်း ငါးဦးစီရိုက်နှိပ်ထားသဖြင့်ဤမဲဆန္ဒနယ်သည် အမတ်နေရာ အနည်းဆုံးငါးခုရှိသောမဲဆန္ဒနယ်ဖြစ်ကြောင်း သိနိုင်သည်။

အမတ်လောင်း အမည်များကိုအမှတ်စဉ် တပ်ကာရိုက်နှိပ် ထားသဖြင့်မိမိတို့  ပါတီမှနိုင်လျှင်ဤလူများ အမှတ်စဉ်အလိုက်သာအမတ်ဖြစ်လာမည်။ အမတ်နေရာများကို ၁- ၂- ၃- ၄ -၅ အစီအစဉ်အလိုက်ချပေးမည်ဖြစ်ရာအကယ် ၍ ထိုပါတီသည် အမတ်လေးနေရာသာရပါက ထိပ်ကစရေတွက်၍ လေးဦးသာ  အမတ်ဖြစ်မည်ဖြစ်သည်။ သုံးနေရာသာထိုက်သင့်ပါကထိပ် ဆုံးမှသည် သုံးဦးသာအတည်ဖြစ်မည် (နောက်ဆုံးနှစ်ဦးကျန်ရစ်မည်)။


ဤစံနစ်တွင်မဲဆန္ဒရှင်များသည် ပါတီကိုသာရွေး ချယ်ခွင့်ရကြသည်။ အမတ်လောင်းကိုပါတီကရွေးချယ် ပေးထားပြီးဖြစ်သည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်