Subscribe to our RSS Feed

ဟီရိုရှီးမားကို အဏုမြူဗုံး ကြဲခဲ့သည့် လေယာဉ်မှ နောက်ဆုံး အသက်ရှင် ကျန်ရစ်သူ ကွယ်လွန်



Photo - Dancallister 

ဒုတိယကမ္ဘာစစ် နှောင်းပိုင်းကာလတွင် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမား ကျွန်းပေါ်သို့ အဏုမြူဗုံး ကြဲချခဲ့သည့် အမေရိကန် ဗုံးကြဲလေယာဉ်မှ နောက်ဆုံးအသက်ရှင် ကျန်ရစ်သူ အမှုထမ်းသည် ယခုအခါ ကွယ်လွန်သွားပြီဟု သတင်းရရှိသည်။

သီအိုဒိုရီ ဗန်ကာ့ခ်သည် အသက်(၉၃)နှစ် အရွယ်တွင် ဂျော်ဂျီယာပြည်နယ်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဒုတိယ ကမ္ဘာစစ်တွင် လေကြောင်းလမ်းပြတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗန်ကာ့ခ်ကို မိတ်ဆွေ အပေါင်းအသင်းများက ဒတ်ခ်ျဟု ချစ်စနိုး ခေါ်ဝေါ်လေ့ ရှိသည်။ ၎င်းသည် ဟီရိုရှီးမားကို ဗုံးကြဲခဲ့စဉ်က အသက်(၂၄)နှစ်မျှသာ ရှိသေးသည်။

(၁၉၄၅)ခုနှစ်၊ ဩဂုတ်(၈)ရက်က ဗန်ကာ့ခ် လိုက်ပါခဲ့သည့် Enola Gay ဗုံးကြဲလေယာဉ်သည် ဟီရိုရှီးမား မြို့ပေါ်တွင် အဏုမြူဗုံး ကြဲချခဲ့ရာ လူပေါင်း(၁၄၀၀၀၀)မျှ အသက်ဆုံးရှုံးခဲ့သည်။

ဗန်ကာ့ခ်က အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်ခဲ့ရခြင်းအပေါ် လုံးဝနောင်တမရကြောင်းနှင့် ဟီရိုရှီးမားတွင် ဗုံးကြဲခဲ့ခြင်းက ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်စေရန် အထောက်အကူ ဖြစ်စေခဲ့ကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။ ဗန်ကာ့ခ်သည် ဇူလိုင်(၂၈)ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ နောက်ဆုံးအချိန်ထိ နံဘေးတွင် ရှိနေခဲ့သော သားဖြစ်သူ တွမ်ဗန်ကာ့ခ်က ပြောကြားခဲ့သည်။

“သူဟာ စစ်သမိုင်းမှာ အထင်ကရ သူရဲကောင်းတစ်ယောက်အဖြစ် မှတ်တမ်းဝင်နေမယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အဓိက အရေးကြီးတာက သူဟာ ဖခင်ကောင်းတစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာပါပဲ”ဟု တွမ်က ဆိုသည်။ ဗန်ကာ့ခ်သည် အငြိမ်းစား စစ်မှုထမ်း ခံစားခွင့်အဖြစ် ၎င်းရရှိထားသည့် နေအိမ်တွင်ပင် သဘာဝအတိုင်း ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။

Enola Gay လေယာဉ်ပေါ်တွင် လက်နက်ကိုင်တွယ်သည့် လက်ထောက်အမှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် မော်ရစ်ဂျပ်ဆန် ကွယ်လွန်ခဲ့ပြီးနောက် ဗန်ကာ့ခ်သည် ဟီရိုရှားမီးကို ဗုံးကြဲခဲ့သည့် စစ်ဆင်ရေးတွင် ပါဝင်ခဲ့ဖူးသည့် တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူအဖြစ် မှတ်တမ်းဝင်လာခဲ့သည်။



Enola Gay ပေါ်မှ ကြဲချခဲ့သော အဏုမြူဗုံးကို Little Boy ဟု အမည်ပေးခဲ့ပြီး ကမ္ဘာ့စစ်သမိုင်းတွင် ပထမဆုံး အဏုမြူလက်နက် အသုံးပြုမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ဟီရိုရှီးမားတွင် ဗုံးကြဲပြီး နောက်ထပ် (၃)ရက်အကြာတွင် အမေရိကန် လေတပ်၏ Bockscar လေယာဉ်က ဂျပန်ပိုင် နာဂါစကီ မြို့ပေါ်သို့ Fat Man ဟု အမည်ပြောင် ပေးထားသည့် ဒုတိယမြောက် အဏုမြူဗုံး ကြဲချခဲ့ပြန်ရာ လူ(၈၀၀၀၀)ခန့် သေဆုံးပြီး ဂျပန်လည်း အကြွင်းမရှိ လက်နက်ချကာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခဲ့သည်။

_Ref: BBC

4 comments:

သူများနိုင်ငံတွေက အနု မြ ဗုံးထွင်ပြီးလို့ ကျဲချပြီးလို့
ကျဲခဲ့တဲ့အဖိုးကြီးတောင် အသက်ကြီးပြီးသေပြီ
တို့ဗမာတွေ ပင်အပ်တောင်မထုတ်နိုင်ဘူး စစ်တပ်ကပြည်ပကိုပညာသင်တွေလွှတ် လေ့လာတယ် ကြိုးစားကြတယ် စိုင်းသိန်းဝင်း လိုကောင်တွေပေါ်လာတယ်
ပြည်တွင်းမှာ ဘာလုပ်လဲတော့မသိ လျှီု့ဝှက်စီမံကိန်းတွေလုပ်တယ်
ကိုယ်လူမျိုး ယူနတီသတင်းထောက်ဆိုလားပေါ်လာတယ် ဖွတယ် ပုဆိန်ဆိုးဆိုတာစစ်အစိုးရလက်ထက်က ခဏခဏကြားနေရပေမယ့် မျက်စိထဲအခုမှကွက်ကွက်ကွင်းကွင်းမြင်တယ်
ဒါကို ဥပဒေအရ အပြစ်ပေးတော့ ဦးသိန်းစိန်ကို ၀ိုင်းဆော်ကြပြန်တယ်
ကျုပ်တို့မြန်မာတွေညီညွတ်မှု မရှိလို့ ဆင်းရဲနေတာ
နောင်လဲထပ်ဆင်းရဲမှာပဲ နောင်လဲလူရာမ၀င်မှာပဲ
နောင်လဲအချင်းချင်းကိုက်နေကြမှာပဲ
လူ(၁၀၀၀၀၀)ကျော်သတ်ခဲ့တဲ့အမေရိကန် က သေတဲ့အထိနောင်တမရဘဲ သူနိုင်ငံအတွက်တာဝန်ကျေ သွားချိန်မှာ ဗမာပြည်မှာ ကိုယ်အချင်းချင်းက ကိုယ်တပ်မတော်တည်ဆောက်ရေးမှာ ကူညီဖို့ဝေးစွ
ဂျောက်ချနေကြတယ် ဂျောက်ချသူကို အားပေးအားမြှောက်ပြုနေကြတယ် တိုင်းပြည်မတိုးတက်တာ
စစ်တပ်ကြောင့်ချည်းပဲမဟုတ်ဘူး အဲသလိုယူနတီလိုကောင်စားတွေရယ် အမေစုအာဏာရမှအလုပ်လုပ်မယ်ဆိုတဲ့ စောက်ညစ်တွေ၇ယ်
အမေစုပါတနာ စီးပွားရေးပိတ်ဆို့နိုင်ငံတွေ၇ယ်ကြောင့်ပဲ

သိပ်မှန်တယ် ဗျာ

ကောင်းရာသုဂတိတော့ လားဦးတော့မှာပဲ။

အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ပြီး စစ်နိုင်အောင်လုပ်တာ အမေရိကန်ရဲ့ဗျူဟာလား။ လူ့အခွင့်ရေးသမားတွေနဲ့ မီဒီယာတစ်လောကလုံးကရော အမေရိကန်ရဲ့ ဒီလိုလုပ်ရပ်တွေအပေါ်ကျ မှန်တယ်လို့ယူဆပါသလား ???????

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်