Subscribe to our RSS Feed

ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးပါက ယာဉ်မောင်းခွင့် ရာသက်ပန် ပိတ်မည်

From : .. the voice
မြန်မာနိုင်ငံအတွင်း ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ပါက ယာဉ်မောင်းလိုင်စင် (ယာဉ်မောင်းခွင့်)ကို ရာသက်ပန် ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောကြားသည်။ ယာဉ်တိုက်မှု ဖြစ်ပွားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ထွက်ပြေး တိမ်းရှောင်သည့် ယာဉ်မောင်းများကြောင့် ယင်းကဲ့သို့ ရာသက်ပန်လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူရခြင်း ဖြစ်ကြောင်း၊ ယခု ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အကျုံးဝင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ “တချို့က အခင်းဖြစ်တဲ့ နေရာမှာ ရန်ရှာခံရမှာစိုးလို့ နီးစပ်ရာ ရဲစခန်းမှာ သွားအဖမ်းခံရင်တော့ တိုက်ပြေးမှု မမြောက်ဘူး။ အခင်းဖြစ်ပြီး ရဲက တရားခံကို ရှာဖွေရပြီဆိုရင် တိုက်ပြေးအဖြစ် သတ်မှတ်ပါတယ်။ အရင်က တိုက်ပြေးခဲ့ပြီး ခုထိ ထွက်ပြေးတဲ့ ယာဉ်မောင်းတွေကိုလည်း လိုင်စင် ရာသက်ပန် ပိတ်မှာပါ” ဟု ၎င်းက ဆိုသည်။ တိုက်ပြေး ယာဉ်မောင်းများကို ယင်းကဲ့သို့ အရေးယူသင့်ကြောင်း ယာဉ်မောင်းသက် ၈ နှစ်ရှိပြီး ယခု အငှားယာဉ် မောင်းနေသူ ဦးကျော်ကျော်ဝေက ပြောကြားသည်။ “ယာဉ်တိုက်မှုတွေ ဖြစ်ဖူးတယ်။ ကိုယ်ကြောင့် တိုက်မိတာ ဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ လျော်ကြေး ပေးခဲ့တယ်။ သူမှားလို့ တိုက်ပြီး နေ့ခင်းကြောင်တောင် ထွက်ပြေးတဲ့ ကားသမားမျိုးလည်း တွေ့ဖူးတယ်” ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံအတွင်း ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁၁၃၈၃ မှုရှိပြီး ထွက်ပြေးယာဉ်မောင်း ၂၀၀၀ ကျော် ရှိခဲ့ရာ ၁၆၀၀ ခန့်သာ အရေးယူနိုင်ခဲ့ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၄ ခုနှစ် ဇွန်လက ယာဉ်တိုက်မှုပေါင်း ၁၉၀ ကျော်ရှိခဲ့ပြီး ထွက်ပြေးယာဉ်မောင်း ၇၀ ဦးရှိကာ ဇူလိုင်လ ၁ ရက်မှ ၂၄ ရက်ထိ ယာဉ်တိုက်မှုပေါင်း ၁၄၀ တွင် ထွက်ပြေးယာဉ်မောင်း ၄၈ ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရှိရသည်။

.. www.MyanmarExpress.net
 

1 comments:

1-VERY GOOD ACTION TO PREVENT AND TO TAKE EFFECTIVE LEGAL ACTIONS AGAINST HIT AND
RUN DRIVERS.
2-PLEASE MAKE THE LAWS FIRST AND THEN ALLOWING
OBSERVATION PERIOD FOR FEW MONTHS
AND THEN EFFECTIVE DATE OF LAW ENFORCEMENT AND THEN STARTED
LEGAL ACTION AGAINST ALL LAW BREAKERS
BELONGED TO ANY GROUPS OF SOCIETY.
POWERFUL PEOPLE SHOULD NOT OVER RULE
THE LAWS AND ORDERS BECAUSE EVERYBODY
MUST UNDER THE LAWS AND ORDERS
AND OBEY THE LAWS AND ORDERS.
THIS IS THE ESSENCE OF DEMOCRACY.
MYANMAR HISTORY RECORDED ABOUT THE GREAT KING "ANAW RA HTAR"GAVEN ORDER
TO TAKE FULL LEGAL ACTION AGAINST HIS
ADOPTED TWO GRAND SONS THOSE TWO
BREAKING THE LAWS AND ORDERS.
3-TAKING NO ACTIONS FOR MANY YEARS
AND THEN JUST ISSUE ORDER AND TAKING
ACTION MAY NEED LEGAL ISSUE UNDER
THE DEMOCRATIC RULE.
4-THE SAFETY LAWS SUCH AS MOTOR VEHICLE
LAWS SHOULD BE THE LAWS AND ORDERS OF
FEDERAL GOVERNMENT AND ALL STATES AND
DIVISIONS MUST FOLLOW AS A STANDARD LAWS.
5-OF COURSE STATES AND DIVISIONS CAN MAKE
LAWS ONLY EFFECTIVE FOR THEIR STATES AND
DIVISIONS.
6-NEED TO REVISE SAFETY RULES OF ROADS
IN ABREAST WITH THE BEST INTERNATIONAL STANDARD.
7-MYANMAR NEED TO GO FORWARDS AND
UPWARDS WITH QUICK STEPS TO CATCH UP
AND TO REACH BETTER LIFE FOR THIS
GENERATION AND FUTURE GENERATIONS.

FOR THE COUNTRY AND FOR THE PEOPLE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်