Subscribe to our RSS Feed

မော်လမြိုင်မြို့တွင် ဘတ်ငွေသန်း ၁၂၄၀၀ ရင်းနှီးမြှုပ်နှံမည့် ဘိလပ်မြေစက်ရုံ တည်ဆောက်မည်

From : .. ကြေးမုံ


အာဆီယံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီးဖြစ်သော SCG ကိုယ်စား SCG ၏ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် Mr.Kan Trakulhoon နှင့် သီးသန့် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁၈ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှစတင်၍ အမှတ်(၅၂) ဆရာစံလမ်း ဗဟန်းမြို့နယ်ရှိ Acacia Tea Salon ၌ ကျင်းပသွားမည်ဖြစ်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ရှယ်ယာရှင်များနှင့် တွေ့ဆုံရန် ရောက်ရှိနေသော Mr.Kan နှင့် တွေ့ဆုံမေးမြန်း မှုများ ပြုလုပ်နိုင်မည့်အပြင် SCG ၏ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းများနှင့် အနာဂတ် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ၏ နောက်ဆုံးရ အခြေအနေများကို ရှင်းလင်းပြောပြသွားမည် ဖြစ်သည်။ ထို့ပြင် ဘိလပ်မြေနှင့် ဆောက်လုပ်ရေး ပစ္စည်းများ၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုအပေါ် ကုမ္ပဏီ၏ ချဉ်းကပ်မှုများ၊ CSR နှင့် လူ့စွမ်းအား မြှင့်တင်ရေး လုပ်ဆောင်မှုများအပေါ် အမြင်များအား မျှဝေသွားမည်ဖြစ်သည်။ မော်လမြိုင်မြို့တွင် တည်ဆောက်မည့် ဘိလပ်မြေစက်ရုံသို့ လမ်းဖောက်လုပ်မှုများ ပြုလုပ်နေပြီး စက်ရုံ တည်ဆောက်မှုအတွက် SCG က ဘတ်ငွေ သန်းပေါင်း ၁၂၄ဝဝ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကာ ၂ဝ၁၆ ခုနှစ် ဒုတိယ လေးလပတ် ကာလတွင် လုပ်ငန်းလည်ပတ်ရန် မျှော်မှန်းထားကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသ တစ်ခုလုံးရှိ Customer များအကြား SCG အမှတ်တံဆိပ် အသစ်နှင့် ဘိလပ်မြေ အိတ်သစ်များကိုလည်း SCG က မိတ်ဆက်ထား ကြောင်းနှင့် ရှယ်ယာရှင်များ အနေဖြင့် လုပ်ငန်းထပ်မံချဲ့ထွင်မှုမှ အကျိုးအမြတ်ရရှိမည်ဟု SCG က ယုံကြည် ထားကြောင်း သိရသည်။

.. www.MyanmarExpress.net
 

1 comments:

GOOD NEWS AND WELCONE.
BELIEVE FACTORIES ARE PRODUCING PROPER
PRODUCTS AND STANDARD
BUT FOUND INFERIOR QUALITY IN TO DAY
RETAIL MARKETS.
FOUND BUSINESS MEN ARE CHEATING AND
MANY LOCAL CONTRACTORS ARE ALSO
CHEATING BY USING THE POOR QUALITY
FOR ALL CONSTRUCTION WORKS.
NOTICED MANY BUILDINGS FLOORS/SLABS AND
WALLS ARE NOT WATER PROOF BUT LEAKING
WATERS.
THERE ARE FEW REASONS WHY HAPPENING
LIKE THIS FOR LONG LONG TIME AGO.
1-NEED "MIS" MYANMAR INDUSTRIAL STANDARD.
2-NEED TO INSPECT AND TO TAKE LEGAL
ACTIONS TO THE MERCHANTS AND THE
CONTRACTORS.
3-NEED SAFETY BUILDING CODE.
4-NEED LEGAL ACTIONS.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်