Subscribe to our RSS Feed

ဗိုလ်ချုပ်နှင့် မလုပ်စားစေချင်

From : ..  (ဗိုလ်ချုပ်ကို လေးစားသူ လူငယ်တစ်ဦး)


ဗိုလ်ချုပ်အောင်ဆန်းဆိုသည်မှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းခေါင်းဆောင်၊ လွတ်လပ်ရေးဖခင် တစ်ဦး ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း သေဆုံးမှုသည် အမျိုးသားရေး ဆုံးရှုံးမှုတစ်ခု ဖြစ်ကြောင်း ဆရာချစ်ဦးညိုမှ ပြောခဲ့ဖူးသည်။ တရုတ်နိုင်ငံတွင် ဒေါက်တာဆွန်ယက်ဆင်၊ ဗီယက်နမ်နိုင်ငံတွင် ဟိုချီမင်း၊ အိန္ဒိယနိုင်ငံတွင် မဟတ္တမဂန္ဒီ၊ အင်ဒိုနီးရှားနိုင်ငံတွင် ဆိုကာနီ၊ ဖိလစ်ပိုင်နိုင်ငံတွင် ဟိုဆေးရီဇာ စသည့်ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ နိုင်ငံများတွင် နိုင်ငံ့ဂုဏ်ဆောင်သူများ၊ လွတ်လပ်ရေးဖခင်နှင့် အမျိုးသားရေးဖခင်များ ဖြစ်ကြသည်။ ၎င်းတို့ကို တစ် နိုင်ငံလုံးကပိုင်ဆိုင်ပြီး ၎င်းတို့ဆုံးရှုံးမှုကို နိုင်ငံတော်ဆုံးရှုံးမှုဟု ခံယူထားကြသည်။ မြန်မာနိုင်ငံတွင်လည်း အလားတူ ဖြစ်သည်။

ဗိုလ်ချူပ်အောင်ဆန်းအပေါ်ထားရှိသည့် မြန်မာလူထု၏ သဘောထားမှာ ဂန္ဒီ၊ ဆွန်ယက်ဆင်၊ ဟိုချီမင်း၊ ရီဇာ တို့အပေါ် ၎င်းတို့နိုင်ငံသားများထားရှိသည့် သဘောထားထက် ပိုမိုလေးနက်သည်။ ထိုအချက်သည် လက်ရှိနိုင်ငံရေးသမား အချို့အတွက် အခွင့်ကောင်းဖြစ်လာသည်။ ထို့ကြောင့် တစ်မျိုးသား လုံးပိုင်ဆိုင်သည့် ဗိုလ်ချုပ်အောင်ဆန်းကို ပါတီပိုင် အဖြစ်အသုံးချလာသည်ကို စိတ်မကောင်းဖွယ် တွေ့လာ ရသည်။
NLD ပါတီမှ ပါတီရုံးများ၊ ပါတီအလံအောက် နှင့် ပါတီဆိုင်းဘုတ်များ အောက်တွင် ဗိုလ်ချုပ်ပုံ ချိတ်ဆွဲခြင်းများ၊ ပါတီ ဆိုင်ရာ မဲဆွယ်ပွဲများ၊ ပါတီဟောပြောပွဲများတွင် NLD ပါတီနှင့် တစ်သီးတစ်ခြား လုံးဝမသက်ဆိုင်သည့် ဗိုလ်ချုပ် အောင်ဆန်းပုံကို ချိတ်ဆွဲမှုများ ပြုလုပ်နေသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။ တစ်ခါတစ်ရံ ဗိုလ်ချုပ်ပုံပြကာ အလှူခံမှုများ ပြုလုပ်နေသည်ကိုတွေ့ရပြီး တစ်ခါတစ်ရံတွင် ဗိုလ်ချုပ်ပုံများကို မြေပြင်ပေါ်ချရောင်းကာ ရံပုံငွေရှာဖွေ နေမှုများကို စိတ်မကောင်းဖွယ် တွေ့ရသည်။

ဗိုလ်ချုပ်သည် NLD ပါတီဝင်တစ်ဦးမဟုတ်သလို NLD ဆိုင်းဘုတ်နှင့် အလံအောက်တွင် ရှိသင့်သည့် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပေ။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ဟာဆီနာ၏ဖခင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးဖခင်တစ်ဦး ဖြစ်သည်။ သို့သော် ရှိက်ဟာဆီနာသည် ဖခင်ဓာတ်ပုံဖြင့် မဲဆွယ်ခြင်း၊ ၎င်း၏ ရုံးရှေ့တွင် ဖခင်ဓာတ်ပုံ ချိတ်ခိုင်းခြင်း မျိုးမရှိပေ။ အခြားနိုင်ငံများတွင်လည်း အလားတူဖြစ်သည်။ ကမ္ဘာပေါ်တွင် အမျိုးသားခေါင်းဆောင် လွတ်လပ်ရေး ဖခင်ကို ပါတီတစ်ခု၏ အလံနှင့် ဆိုင်းဘုတ်အောက်သို့ သွတ်သွင်းသည့်နိုင်ငံမှာ မြန်မာနိုင်ငံတစ်နိုင်ငံသာရှိသည်။ လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့် အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးပါတီ ၂ ခုသာ ရှိသော်လည်း သန်း ၆၀ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် ပါတီပေါင်းကလည်း ၆၀ ကျော်ကွဲပြားနေရာ ပါတီတစ်ခုမှ ဗိုလ်ချုပ်အောင်ဆန်းကို ပါတီ ပိုင်သတ်မှတ်ကာ ပါတီဆိုင်ရာကိစ္စများတွင် အပိုင်စီးအသုံးချခြင်းသည် ကျန်ပါတီပေါင်း ၆၀ ကျော်၏ ဗိုလ်ချုပ်အပေါ် ထားရှိသည့်လေးစားမှုကို လျော့ကျစေလိမ့်မည် ဖြစ်သည်။ 


NLD ပါတီသာမက အခြားတက်ကြွလှုပ်ရှားသူများဖြစ်သည့် ဦးနေမျိုးဇင်၊ ဦးဝင်းချို တို့အပါအဝင် အမည်မျိုးစုံနှင့် အဖွဲ့များ၊ သမဂ္ဂများ၊ ကွန်ယက်များနှင့် ဖောင်ဒေးရှင်းများအနေဖြင့်လည်း ခေါင်းစဉ်မျိုးစုံဖြင့် ပြုလုပ်သည့် ဆွေးနွေး ပွဲများ၊ ဆန္ဒပြပွဲများ ပြုလုပ်ချိန်၌ မလိုအပ်ပဲ ဗိုလ်ချုပ်ပုံများ ပေါပေါလောလော သုံးစွဲနေခြင်း မပြုသင့်ပေ။ အလားတူ ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူများအနေဖြင့်လည်း ဆန္ဒပြပွဲများတွင် မသုံးသင့်သလို ပြည်တွင်းရှိ ကွမ်းယာ ဆိုင်၊ အရက်ဆိုင်ရှေ့တွင် ချိတ်ဆွဲခြင်းများ မပြုလုပ်သင့်ပေ။



 
ဤကဲ့သို့သော လုပ်ဆောင်မှုကို အခြား တာဝန်သိ ပြည်သူများနှင့် အဖွဲ့အစည်းများက တားမြစ်ခြင်းများ၊ ကြေညာချက် ထုတ် ကန့်ကွက်ခြင်းများ ပြုလုပ်သင့်သလို ပါတီများ၏ လုပ်ဆောင်မှုကိုလည်း ရွေးကောက်ပွဲကော်မရှင်မှ သတိပေး ခြင်းများ၊ အရေးယူခြင်းများ ပြုလုပ်သင့်သည်။ သို့သော် ယနေ့အထိ ကန့်ကွက်သူ၊ ကြေညာချက်ထုတ်သူ၊ တားမြစ် သူဟူ၍ မတွေ့ရသေးပေ။ ရွေးကောက်ပွဲကော်မရှင်အပါအဝင် တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ် တစ်ဦးအား သိက္ခာညှိုးနွမ်းစေမည့် လုပ်ဆောင်မှုများကို ကြည့်မနေသင့်ပေ။ နိုင်ငံတော်ကိုယ်စားပြု ခေါင်းဆောင် တစ်ဦး၏ ရုပ်ပုံကို လွတ်လပ်ရေးနေ့အခမ်းအနား၊ ပြည်ထောင်စုနေ့အခမ်းအနား၊ အာဇာနည်နေ့အခမ်းအနား စသည့် နိုင်ငံတော် အခမ်းအနားများတွင်သာ အသုံးပြုသင့်သည်။ ကျရာကြုံရာပွဲလမ်းအသေးအဖွဲတိုင်းမှာ ဖောဖောသီသီ မသုံးသင့်ပေ။ သို့မှသာ အခမ်းအနားလည်း ပိုမို ထည်ဝါသွားမည်ဖြစ်ပြီး လွတ်လပ်ရေးဖခင်ကြီး၏ ဂုဏ်ရောင်မှာလည်း ပိုမို တောက်ပြောင်လာမည် ဖြစ်သည်။ 


ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်သည်။ မည်သူနှင့်မျှ တုနှိုင်းယှဉ်စရာ မရှိသလို မည်သည့် အရောင်မျှ မဆိုးသင့်၊ မည်သည့်အလံအောက်ကိုမှ မထားသင့်သည့် သီးသန့်ပုဂ္ဂိုလ် ဖြစ်သည်။ ယနေ့ခေတ်မှာ ပွင့်လင်းလာပြီဖြစ်ပြီး ပြည်သူအားလုံးက ကျိုးကြောင်းစီလျော်စွာ တွေးခေါ်နေကြပြီဖြစ်ရာ NLD ပါတီနှင့် အခြား နိုင်ငံရေးလှုပ်ရှားသူများအနေဖြင့် ဗိုလ်ချုပ်ဓာတ်ပုံသုံးကာ နိုင်ငံရေး အမြတ်ထုတ် လုပ်စားနေခြင်းများကို ရပ်တန်းက ရပ်ကြဖို့ အချိန်ရောက်ပြီ ဖြစ်ပါသည်။
 

.. www.MyanmarExpress.net
 

5 comments:

၁၉၄၇ မှာ ဗိုလ်ချုပ်ကို အင်္ဂလိပ်နယ်ချဲ့တွေကသတ်ခဲ့တုန်းက အသက်သေသွားပေမယ့် နာမည်မသေခဲ့ဘူး၊ အခု နယ်ချဲ့အင်္ဂလိပ်မယားက မသေသေးတဲ့ နာမည်ကို လုပ်ကြံနေပြန်ပြီ၊ ဗိုလ်ချုပ်အပေါ် အတော် အငြိုးအတေးကြီးကြပါလား အင်္ဂလိပ်တို့ရေ။

အသက် ၁၈နှစ်ပြည့်ပြီးရင် မိဘနဲ့သားသမီး ဘာမှမသက်ဆိုင်တော့ဘူး (အောင်ဆန်းစုကြည်)

ခွပ်ဒေါင်းအလံအောက် ဗိုလ်ချုပ်ရောက်......
တိုင်းပြည်လည်းပျောက် ကျွန်သဘောက်။

ဖာစုက ကိုယ်လိုချင် တာရရင်ပြီးရောဆိုတဲ့
ဖာစိတ်ပဲရှိတာမိဘမျက်နှာမ ထောက်ဘူး

အလကား အဖွားကြီး ဘာမှအသုံးမကြဘဲနဲ့များ ဒို့နိင်​ငံရဲဖခင်​ကြီးကိုခုတုံးလုပ်​ပြီးအသုံးခြ​နေတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်