Subscribe to our RSS Feed

ပြည်သူအများ ကြည့်ရှုနေစဉ် မဲစာရင်းများကို စည်းကမ်းမဲ့ ဖြုတ်ယူသွားသူ NLD ပါတီမှ မျိုးရန်နောင်သိန်း အား အရေးယူ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး အတွက် ပြည့်စုံ မှန်ကန်သော မဲစာရင်းများ ပြုစုနိုင်ရန် မဲဆန္ဒရှင်များ စာရင်းပြုစုခြင်း ရှေ့ပြေး စီမံချက်ကို ရန်ကုန် တိုင်းဒေသကြီး အလုံမြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)နှင့် ချင်းပြည်နယ် တီးတိန် မြို့နယ်တို့တွင် စမ်းသပ် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ စမ်းသပ် ဆောင်ရွက်ရာတွင် တီးတိန်မြို့နယ် မဲဆန္ဒရှင် စာရင်း ပြုစုခြင်း ရှေ့ပြေးစီမံချက်အရ လွယ်ဘွာလ်း ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် အများပြည်သူများ လေ့လာ ကြည့်ရှုရန် မဲဆန္ဒရှင် စာရင်းကို ဇူလိုင်(၁၀) ရက်မှ စတင်၍ ကပ်ထားခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းကို (၂၂-၇-၂၀၁၄)ရက် နံနက် (၁၁)နာရီခန့်တွင် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးမျိုးရန်နောင်သိန်း နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် ၁၂/ဗဟန(နိုင်) ၀၈၆၄၉၆ (အတွင်းရေးမှူး၊ NLD ပါတီ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့)က ၎င်း၏ သဘောဖြင့် ဖြုတ်ယူ၍ ယူဆောင် သွားခဲ့သည့် အတွက် တီးတိန်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဂင့်ခင်းထန်က ဦးမျိုးရန်နောင်သိန်းအား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉(က) အရ အရေးယူ ပေးပါရန် တီးတိန်မြို့မ ရဲစခန်း၌ တိုင်ကြား အမှုဖွင့်လှစ်ခဲ့သည်။

တီးတိန်မြို့မရဲစခန်းမှ အမှုအမှတ်(ပ) ၇/၂၀၁၄ ဖြင့် အမှုဖွင့်ခဲ့ပြီး ဒုရဲအုပ် ခင်မောင်ကြည်က စစ်ဆေး ဆောင်ရွက်ကာ ဦးမျိုးရန်နောင်သိန်းအား ကလေးမြို့နယ် ၉ မိုင်ရဲစခန်း၌ စစ်ဆေးချက် ရယူပြီး အာမခံပေး ခဲ့ကြောင်းနှင့် အမှုကို လာမည့် ရက်သတ္တပတ် အတွင်း တီးတိန်မြို့နယ် တရားရုံးတွင် တရား စွဲဆိုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သတင်းရရှိသည်။


.. www.MyanmarExpress.net
 

3 comments:

စည်းမဲ့ကမ်းမဲ့လုပ်တာ ဒီမိုကရေစီလား။

အာဇာနည်ကုန်းမြင်ကွင်း

ဗိုလ်ချုပ်အောင်ဆန်း ။ အေး ငါလဲသံသရာခရီးထွက်နေတာနှစ်(၆၀)ကျော်သွားတယ် အခုမှ ငါ့အုတ်ဂူလေးဆီပြန်ရောက်တော့တယ် - ဟ ဂူတွေလဲမရှိတော့ဘူး ဟို နီ နီ နီ နီ ကြီးကဘာကြီးတုံး
ဒေါ်စုကြည် ၊ ဖေဖေဖေဖေဖေဖေဖေ ဖေဖေသေပြီးသမီးလိမ်လိမ်မာမာနေတယ်နော် အဲဒါကဂူတွေဗုံးခွဲခံရလို့ ပုံစံသစ်နဲ့ပြန်ဆောက်ထားတာပါ။
ဗိုလ်ချုပ်အောင်ဆန်း ၊ ဒါနဲ့သမီးနဲ့အကိုကြီးက ဘာဖြစ်လို့အတူတူမလာတာလဲ၊
ဒေါ်စုကြည် ၊ သမီးနိုဘယ်ဆုရတာကိုသူမနာလိုဘူးဖေဖေ၊
ဗိုလ်ချုပ် ၊ ဒါနဲ့သမီးမိသားစုတွေရော ၊
ဒေါ်စုကြည် ၊ ဟိုလေ ဟိုလေ ကိုမိုက်ကယ်ကတော့အင်ဂလန်ကသတ်ပြစ် အဲလေ အင်ဂလန်မှာဆုံးသွားပြီ၊
ဗိုလ်ချုပ် ၊ နင့်လင်ကိုမေးနေတာ နားကောကောင်းရဲ့လား
ဒေါ်စုကြည် ၊ ကိုမိုက်ကယ်က သမီးလင်ပါဖေဖေရဲ့
ဗိုလ်ချုပ် ၊ ဟေ ငါကအသက်ပေးပြီးတိုက်တယ် နင်ကဘယ်လိုဖြစ်လို့ငါ့မိသားစုထဲတောင်ခေါ်လာတာလဲ
ဒေါ်စုကြည် ။ ဖေဖေဖေဖေ ဘာမှမစိုးရိမ်ပါနဲ့ ပြည်သူတစ်ရပ်လုံးကသမီးလင်ယူတာကို ကြေနပ်ကြတယ် တချို့ဆို မေ့တောင်မေ့နေကြပြီ
ဗိုလ်ချုပ် ၊ ဒါဆိုမြေးကလေးတွေကောကွဲ့
ဒေါ်စုကြည် ၊ ခဏဖွက်ထားတယ် အဲလေ သူတို့လဲမအားကြဘူးဖေဖေ
ဗိုလ်ချုပ် ၊ ငါသေတဲ့နေတောင်မအားဘူးလားဒီကောင်တွေက
ဒေါ်စု ၊ သမီးတစ်ယောက်လုံး လုပ်စား အဲလေ လာတဲ့ဟာကို
ဗိုလ်ချုပ် ၊ ဟေ့နင်ကမောင်နှမသားအမိချင်းတောင်မတည့်ပဲနိုဘယ်ဆုကြီးတောင်ရတယ်ဆို ၊
ဒေါ်စု ၊ ဟိုအဲဒါက အမေရိကန်ကသက်သက်လုပ်ပေး အဲလေသမီးအရမ်းတော်လို့ပေါ့
ဗိုလ်ချုပ် ၊ အေးဒါနဲ့သမီးကရန်ကုန်မှာပဲနေတော့ဖေဖေ့ အုတ်ဂူကို ခဏခဏရောက်မှာပေါ့
ဒေါ်စု ၊ ဟင့်အင်း သမီးက ဖော်ရှိုးပဲဖေဖေ အဲလေ ကြားရက်တွေမှာသမီးမအားဘူးဖေဖေရဲ့ သမီးလူတွေကို ၄၃၆
အတွက် လမ်းပေါ်ထွက်ဖို့လုပ်နေရတာဖေဖေသိရဲ့လား။
ဗိုလ်ချုပ် ၊ ဘာလဲ ၄၃၆
ဒေါ်စု ၊ ဟိုဟို သမီးတိုင်းပြည်သိမ်းဖို့ အဲလေ အခြေခံဥပဒေပြင်ဖို့ ကီးပွိုင့်ပါဖေဖေ
ဗိုလ်ချုပ် ၊ အခြေခံဥပဒေကဘာလို့ပြင်မှာလဲ
ဒေါ်စု ၊ ဖေဖေ့သား(စစ်သား)တွေကလွှတ်တော်မှာ(၂၅%)အသာစီးယူထားတာဖေဖေ မသိဘူးမဟုတ်လား ၊
ဗိုလ်ချုပ် ၊ ဖေဖေ သိတာပေါ့ တိုင်းပြည်မှာဗရုတ်သုတ်ခအဖွဲ့တွေများလာရင်ဒီလိုပဲထိမ်းထားရမှာပေါ့
ဒေါ်စု ၊ ဗရုတ်သတ်ခအဖွဲ့မများပါဘူး သမီးတို့အဖွဲ့ပဲများတာ
ဗိုလ်ချုပ် ။အင်း ငါရေးရေးတော့သဘောပေါက်ပြီ
ငါလူပြန်မဖြစ်ဖို့ ပြန်မရှင်ဖို့ပဲလိုတော့တယ် ငါလူပြန်လုပ်ရင်
သမီးနောက်ကကုတ်ကုတ်ကုတ်မလုပ်ပဲ သူ့အမှားတွေငါဆုံးမမိရင် ငါလဲစွမ်းအားရှင်စာရင်းဝင်ပြီပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်