Subscribe to our RSS Feed

NLD ဗဟိုအဖွဲ့ဝင် လူငယ်တစ်ဦး ဖွင့်ချတဲ့ ပုဒ်မ၄၃၆ ပြင်ဆင်ရေး အခြေအနေမှန် အသံဖိုင် အင်တာနက်တွင် ပျံနှံနေ

From : .. We Love True
ဇူလှိုင်လ ၈ ရက်နေ့မှစတင်၍ အင်တာနက်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အခြေအနေမှန်ဟုသော အသံဖိုင်တစ်ခု ပျံ့ နှံနေသည်ကို တွေ့ရှိရသည် ။ ယင်းအသံဖိုင်တွင် ရန်ကုန်မြို့ ၈ မိုင်ရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ထိုင်နေဟန် ရှိသည့် NLD ဗဟိုမှ လူငယ်တစ်ဦးပါဝင်သည့် အုပ်စုတစ်ခု၏ စကားပြောနေခြင်းကို အသံဖမ်း၍ တင်ထားဟန် ရှိသည်။ယင်းအသံဖိုင်ကို https://soundcloud.com/nldmyanmar/nld လင့်ခ်တွင်လည်း ယင်း ၇ မိနစ်စာ ဖိုင်အား နားဆင်နိုင်ပြီး facebook အသုံးပြုသူများစွာ ဖြန့်ဝေနေကြသည်။ ၎င်းတို့ပြောကြားမှုများတွင် NLD ပါတီနှင့် ၈၈ မျိုးဆက် ပွင့်လင်း မှ ဦးဆောင်ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင် ရေး လက်မှတ်များကောက်ခံမှုမှာ ၃၃ သိန်းကျော် မဟုတ်ကြောင်း ဆယ်သိန်းပင်မပြည့်ကြောင်း၊ အောက်ခြေ တွင် အဖွဲ့များဖွဲ့၍ ကောက်ခံနေသော်လည်း ဆွေမျိုးများ အသိမိတ်ဆွေများထံမှ သာ ရရှိကြောင်း ၊ ထို့ကြောင့် လက်မှတ်အရေအတွက်များအား ဂဏာန်းတိုး၍ ဖော်ပြနေရကြောင်း ၊ဒေါ်စုမှ ကွမ်းခြံကုန်းသို့ သာလာရောက် ပြီး အဆင်ပြေသည်ဟုသာ မှတ်ထင်နေကြောင်း ၊ မိမိတို့ အောက်ခြေတွင် လုပ်နေရသည်မှာ အခက်အခဲများစွာ ရှိနေကြောင်း ပြောကြားထားသည် ။ NLD ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်း ကမူ ဇူလှိုင် ၁၉ နေ့အထိ ကောက်ခံထားသော လက်မှတ်စာရင်းကို ဇူလှိုင် ၂၆ နောက်ပိုင်းမှ ကြေငြာနိုင်မည်၊ လက်မှတ် အရေအတွက်ကိုမူ ပြောပြရန် ငြင်းဆိုလိုက်သည်ဟု မြန်မာတိုမ်းဂျာနယ်မှ ဖော်ပြခဲ့သော်လည်း ဇွန်လ ၃၀ ရက် ရက်စွဲဖြင့် NLD မှထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် ရက်ပေါင်း ၃၃ ရက်အတွင်း လက်မှတ် ၃၃ သိန်း ကျော် ရရှိထားသည်ဟု ကြေငြာခဲ့သည် ။

ထို့ကြောင့် မဖြစ်နိုင်ကြောင်း ထောက်ပြဝေဖန်မှုများလည်း အင်တာနက်တွင် ရေးသားဖော်ပြမှုများလည်း ရှိနေသည် ။ထိုအခြေအနေတွင် ယခုကဲ့သို့  ဗဟိုအဖွဲ့ဝင် လူငယ်၏ ပြင်ဆင်ရေး လက်မှတ်အရေအတွက်များစွာရရှိရန် အောက်ခြေမှ ဂဏာန်းအရေအတွက်ကို လိမ်လည်ပြီး တိုး၍ တင်ပြခဲ့ရ ခြင်းများ ရှိသည်ဟူသော အသံဖိုင်ထွက်ပေါ်လာခဲ့ရခြင်းဖြစ်ပြီး ဒေါ်စုမှာ အဖြစ်မှန်ကို မသိဟု သူက ထပ်မံပြော ကြားထားသည် ။ ဒေါ်စု အခြေအနေမှန်မသိသေးသည်မှာ လက်မှတ်ကိစ္စတင်မဟုတ်ပဲ ၈၈ မျိုးဆက်ပွင့်လင်း အဖွဲ့နှင့် ပူးပေါင်းပြီး ပြုလုပ်နေသည့် ပြင်ဆင်ရေးပွဲများတွင် မင်းကိုနိုင်တစ်ဦးတည်းသာ တတ်ကြွစွာ ပါဝင်နေကြောင်း ၊ယခင်က ပါဝင်ဖူးသူများမှာလည်း ယခုအခါ လက်ရှောင်နေကြကြောင်း ၊ယင်းသို့ ရှောင်နေရခြင်းမှာ ၎င်းတို့အား NLD မှာ အသုံးချနေသလို ခံစားနေရ၍ဖြစ်ကြောင်း ပြောကြားထားပြန်သည် ။ယခင်က ၈၈ ပွင့်လင်းများနှင့် NLD တို့ စိတ်ဝမ်းကွဲမှုသတင်းများ FACEBOOK တွင် ရေးသားမှုများရှိလာသော်လည်း မဖြစ်နိုင်ကြောင်း တန်ပြန် တုံ့ပြန်မှုများ ရှိခဲ့ပြီး ယခုအသံဖိုင်တွင်မူ ထိုဖြစ်ရပ်များ မှန်ကန်မှုရှိသည်ဟု ဝန်ခံထားသည်ကိုတွေ့ရှိရသည်


 .. www.MyanmarExpress.net
 

4 comments:

Far Suu Kyi go back to Bangali & bring them to Gaza
and die...

ကိုယ့်ပါတီထဲကအ ခြေအနေတောင် မသိဘဲရူး
နေတဲ့အဖွားကြီးသနားစရာပါဘဲ

or daw su, daw su..... very foolish,,

NLD ရဲ့ လွှတ်တော်အမတ်တွေကို ကြည့်ရတာ စိတ္တဇဆေးရုံမှာလာပြတဲ့ လူနာတွေလိုပဲ။ စိတ်ရောဂါကု ဆရာဝန်တွေက လူနာတွေကို မေးတဲ့ပုံစံရှိတယ်။ ကျောက်ဒိုးကို အလည်ကနေ အပေါက်ဖောက်တယ်။ ကြိုးလေးဆွဲလိုက်တယ်။ ကြိုးလေးကို လက်ကနေဆွဲပြီး လူနာသည်ရဲ့ မျက်လုံးလေးကြားမှာ လှုပ်ပြတယ်။ လူနာသည်က မျက်လုံးလေး ဘယ်ကြည့် ညာကြည့်နဲ့ ။ အဲလိုလူနာသည်မျိုးကို စစ်ဆေးရုံကြီးမှာတက်တုန်းကတွေ့ ဖူးတယ်။ သူတို့ က ရှေ့ တန်းမှာ ငှက်မိတဲ့လူတွေ။ အန်အယ်ဒီအမတ်လောင်းတွေက အဲလိုလူတွေပဲ။ ရူးခါနီး ရူးမရူး ကိုယ့်ကိုယ်တောင် မသိတဲ့လူတွေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်