Subscribe to our RSS Feed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေး သတင်းထုတ်ပြန်ချက်

From : .. USDP
  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီ
      ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေး
သတင်းထုတ်ပြန်ချက်
၁၃၇၇ ခုနှစ်၊ နယုန်လဆန်း (၁၄)ရက်
၂၀၁၅ ခုနှစ် ၊ မေလ (၃၁)ရက်


၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်း အဝေးကို ၂၀၁၅ ခုနှစ်၊ မေလ (၂၉) ရက် သောကြာနေ့မှ မေလ (၃၁) ရက် တနင်္ဂနွေနေ့ထိ ပါတီဌာနချုပ်၊ နေပြည် တော်တွင်အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ ပါတီဗဟိုကော်မတီစတုတ္ထအကြိမ် အစည်းအဝေးသို့ ဗဟို အလုပ် မှုဆောင် (၄၀) ဦး ၊ ဗဟိုကော်မတီဝင် (၁၆၉) ဦး ၊အရန်ဗဟိုကော်မတီဝင်(၇၃) ဦး စုစုပေါင်း        (၂၈၂ ) ဦးတက်ရောက်ပြီး၊ တက်ရောက်ခွင့်ရှိသူ၏ (၉၈%) တက်ရောက်ခဲ့ပါသည်။

· ၂။ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးကို အောက်ပါ ဦးတည်ချက် (၁)ရပ်၊ ရည်ရွယ်ချက်    (၃) ရပ် နှင့် ရည်မှန်းချက် (၉) ရပ်တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်-

(က) ဦးတည်ချက်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံသားများ၏ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို ပါတီ၏ ဦးဆောင်မှုဖြင့် ဖော်ဆောင်ရေး။

(ခ) ရည်ရွယ်ချက် (၃)ရပ်။ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) နိုင်ငံရေးရာများနှင့်ပါတီရေးရာများကို ပါတီ၏ဦးဆောင်မှုဖြင့် ပါတီ၏အဖွဲ့အစည်း အသီးသီးနှင့် ပါတီဝင်များက ဆောင်ရွက်ရန်။

(၂) ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝင်ထု တစ်ရပ်လုံး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ရန်။

(၃) ပြည်သူများ မျှော်လင့်တောင်းတနေကြသည့် ဂုဏ်သိက္ခာရှိသောနိုင်ငံတော်အဖြစ်ရပ်တည်နိုင်ရေးနှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်ရေးတို့ကို အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းစဉ်များချမှတ်ရန်။



(ဂ) ရည်မှန်းချက် (၉)ရပ် ။ အောက်ပါအတိုင်းဖြစ်ပါသည်-

· (၁) ယုံကြည်ချက် ၊ခံယူချက်ခိုင်မာရေး၊ ပါတီ၏မူဝါဒအပေါ် အခြေခံရေးနှင့် ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍမြင့်မားရေး။

· (၂) ပါတီတွင်းဒီမိုကရေစီစနစ် ကျယ်ပြန့်စွာကျင့်သုံးရေးနှင့် ပါတီတွင်း စည်းလုံးမှု ပိုမိုခိုင်မာရေး။

· (၃) ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုလွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ရွေးကောက်ပွဲအလွန် ကာလများတွင်တည်ငြိမ်အေး ချမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ရပ်တည်နိုင်ရေး။

· (၄) ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက်ပါတီ ဗဟိုဌာနချုပ်မှ ချမှတ်ထားသော အစီအမံနှင့် လုပ်ငန်းစဉ်များကို ပါတီအဆင့်ဆင့်မှ ပီပြင်ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်ရေး။

· (၅) ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက် ဦးစီးဦးဆောင် ကြီးမှူးဆောင်ရွက်မည့် အောင်နိုင်ရေး ခေါင်းဆောင်သတ်မှတ်ရေး။

·(၆) ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရေးဆိုင်ရာ အခြေခံမူများချမှတ်အတည်ပြု ရေး။

· (၇) ပြည်သူသို့အသိပေးတင်ပြရမည့် ပါတီ၏မူဝါဒ ၊သဘောထား ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များကို ချမှတ်အတည်ပြုရေး။

· (၈) ရွေးကောက်ပွဲဆိုင်ရာ ပါတီအဆင့်ဆင့်၏ လုပ်ဆောင်ချက်များသည် သတ်မှတ်ပြဌာန်းထားသော ဥပဒေစည်းကမ်းများနှင့်အညီဖြစ်စေရေး။

· (၉) ဒုတိယအကြိမ်ပါတီညီလာခံအတွက် လိုအပ်သည့်အစီအမံများ အတည်ပြု သတ်မှတ်ရေး။

၃။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံြု့ဖိုးရေးပါတီ၊ပါတီဗဟိုကော်မတီစတုတ္ထအကြိမ်အစည်းအဝေးတွင်ပါတီ ဗဟို အလုပ်မှုဆောင်များ ၊ ပါတီဗဟိုကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင်များမှ ဆွေးနွေးညှိနှိုင်း တိုင်ပင်ကြပြီး မှတ်တမ်းတင်ခြင်း(၅)ရပ် ၊ရှေ့လုပ်ငန်းစဉ် (၅)ရပ် ၊ အတည်ပြုခြင်း (၅)ရပ်နှင့် ဆုံးဖြတ်ချက် (၄) ရပ်တို့ကို အောက်ပါအတိုင်း အသီးသီး ချမှတ်နိုင်ခဲ့ပါသည်-

· (က) မှတ်တမ်းတင်ခြင်း (၅) ရပ်။ အောက်ပါအတိုင်းဖြစ်ပါသည်-

 (၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေး ပထမနေ့ (၃၀-၅-၂၀၁၅) ရက်နေ့တွင် တင်သွင်းသော ဗဟိုအလုပ်မှုဆောင် ကော်မတီ၏ အစီရင်ခံစာကို မှတ်တမ်းတင်သည်။

(၂) ဗဟိုအလုပ်မှုဆောင်ကော်မတီက တင်ပြသည့် အောက်ပါ စာတမ်းများကို မှတ်တမ်းတင်သည်-

  (က) ယုံကြည်ချက်၊ ခံယူချက်ခိုင်မာရေး ၊ ပါတီ၏မူဝါဒအပေါ် အခြေခံရေး၊ ပါတီ၏ ဦးဆောင်မှုအခန်းကဏ္ဍ မြင့်မားရေးနှင့် ပါတီတွင်း ဒီမိုကရေစီစနစ် ကျယ်ပြန့်စွာ ကျင့်သုံးရေး ၊ပါတီတွင်းစည်းလုံးမှု ပိုမိုခိုင်မာရေးစာတမ်း၊

o (ခ) ပါတီ၏ သဘောထားရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များကို ချမှတ် အတည်ပြုရေး စာတမ်း အပိုင်း (၁) နှင့် အပိုင်း(၂)
(ဂ) ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရွေးကောက်ပွဲ အလွန် ကာလများတွင် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် အဖြစ် ရပ်တည်နိုင်ရေးစာတမ်း၊

 (ဃ) ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက် ပါတီဗဟိုဌာချုပ်မှချမှတ် ထားသောလုပ်ငန်းစဉ်များကို ပါတီအဆင့်ဆင့်မှပီပြင်ထိရောက်စွာ အကောင်အထည်ဖော်ဆောင် ရွက်ရေး စာတမ်း၊

 (င) ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များရွေးချယ်ရေးဆိုင်ရာအခြေခံမူများချမှတ်အတည်ပြု ရေး စာတမ်း၊

 (စ) ရွေးကောက်ပွဲဆိုင်ရာ ပါတီအဆင့်ဆင့်၏ လုပ်ဆောင်ချက်များသည် သတ်မှတ်ပြဌာန်းထားသော ဥပဒေစည်းကမ်းများနှင့်အညီ ဖြစ်စေရေးစာတမ်းနှင့် ဒုတိယအကြိမ် ပါတီညီလာခံအတွက် လိုအပ်သည့် အစီအမံများ အတည်ပြုသတ်မှတ်ရေးစာတမ်း။

 (၃) ပါတီဗဟိုအလုပ်မှုဆောင်ကတင်ပြသော စာတမ်းများနှင့် ပတ်သတ်၍ တိုင်းဒေသကြီး ၊ ပြည်နယ်ပါတီ အစုအဖွဲ့ (၄) ဖွဲ့၏ ဆွေးနွေးချက်များကို မှတ်တမ်းတင်သည်။

 (၄) တိုင်းဒေသကြီး၊ ပြည်နယ်ပါတီကော်မတီများ၏ အောင်နိုင်ရေးဆိုင်ရာတင်ပြချက်များအပေါ် ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီက ပြန်လည်ဆွေးနွေး လမ်းညွှန်မှာကြားခြင်းကို မှတ်တမ်းတင်သည်။

 (၅) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး ပထမ နေ့(၃၀-၅-၂၀၁၅) ရက်နေ့နှင့် ဒုတိယနေ့ (၃၁-၅-၂၀၁၅)ရက်နေ့များတွင် တင်သွင်းသောတိုင်း ဒေသကြီး၊ ပြည်နယ် ပါတီကော်မတီများ၏ အောင်နိုင်ရေးဆိုင်ရာ တင်ပြချက်များအားမှတ်တမ်းတင်သည်။

 (ခ) ရှေ့လုပ်ငန်းစဉ် (၅) ရပ်။ အောက်ပါအတိုင်းဖြစ်ပါသည်-

 (၁) ယုံကြည်ချက် ၊ခံယူချက်ခိုင်မာရေး ၊ပါတီမူဝါအပေါ် အခြေခံရေးနှင့် ပါတီ၏ ဦးဆောင်မှုအခန်းကဏ္ဍ မြင့်မားရေး။

 (၂) ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ ပါတီအောင်နိုင်ရေးအတွက် ပါတီဗဟိုဌာနချုပ်မှ ချမှတ်ထားသော လုပ်ငန်းစဉ်များကို ပါတီအဆင့်ဆင့်နှင့် ပါတီဝင်အားလုံးက ပီပြင်ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေး။

 (၃) ပါတီအဆင့်ဆင့်၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ဆောင်ချက်များသည်သတ်မှတ်ပြဌာန်းထားသော ဥပဒေ ၊ စည်းကမ်းများနှင့်အညီ ဖြစ်စေရေး.။

 (၄) ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရွေးကောက်ပွဲ အလွန်ကာလများတွင် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ရပ်တည်နိုင်ရေး။

 (၅) ပြည်သူများ မျှော်လင့်တောင်းတနေကြသည့် ဂုဏ်သိက္ခာရှိသော နိုင်ငံတော်အဖြစ် ရပ်တည်နိုင်ရေး နှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်ရေးတို့ကို အကောင်အထည်ဖေါ်နိုင်ရေး။

 (ဂ) အတည်ပြုခြင်း (၅)ရပ်။ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) ပါတီ၏ မူဝါ သဘောထားရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များကို အတည်ပြုသည်။

 (၂) ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီက တင်ပြသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို အတည်ပြုသည်။

 (၃) ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ်အောင်မြင်စွာကျင်းပနိုင်ရန်အတွက်တက်ကြွစွာပူးပေါင်းဆောင်ရွက်ရေးနှင့်ရွေးကောက် ပွဲ အလွန် ကာလများတွင် တည်ငြိမ်အေးချမ်းရေး၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ရပ်တည်နိုင် ရေး အဆိုကို အတည်ပြုသည်။

 (၄) ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက် ပါတီဗဟိုဌာနချုပ်မှချမှတ်ထားသောလုပ်ငန်းစဉ်များကိုပါတီအဆင့်ဆင့်မှ ပီပြင်ထိရောက်စွာအကောင် အထည် ဖော်ဆောင်ရွက်ရေးအဆိုကို အတည်ပြုသည်။

 (၅) ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရေးဆိုင်ရာအခြေခံမူများကို အတည်ပြုသည်။

(ဃ) ဆုံးဖြတ်ချက် (၄)ရပ်။ အောက်ပါအတိုင်းဖြစ်ပါသည်-

 (၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးတွင် ပါတီဥက္ကဌ သူရဦးရွှေမန်း၏ လမ်းညွှန်မှာကြားချက်များကို ပါတီအဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူလိုက်နာကျင့်သုံးရန် ဆုံးဖြတ်သည်။

 (၂) ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပါတီအောင်နိုင်ရေးအတွက်ဖွဲ့စည်း ထားသောအောင်နိုင်ရေးဗဟိုကော်မတီကို ဖြည့်စွက်ဖွဲ့စည်းရန်နှင့်လက်ရှိအောင်နိုင်ရေးဗဟို ကော်မတီ ဥက္ကဌသူရဦးရွှေမန်းကပင် ပါတီအောင်နိုင်ရေးအတွက် အစီအမံနှင့် လုပ်ငန်းစဉ်များကို ကြီးမှူး ဆောင်ရွက် ရန် ဆုံးဖြတ်သည်။

 (၃) ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးက အတည်ပြုထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ပါတီအဖွဲ့အစည်းအဆင့်ဆင့်က အကောင်အထည်ဖေါ်ဆောင်ရွက်ရန် ဆုံးဖြတ်သည်။

 (၄) ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးတွင် ဗဟိုအလုပ်မှုဆောင်ကော်မတီက တင်ပြသည့် စာတမ်းများပါ မူဝါဒ၊ သဘောထား၊ လမ်းညွှန်ချက်များနှင့်လုပ်ငန်းစဉ်များသည် ပါတီအဓွန့်ရှည်ခိုင်မာစွာ ရပ်တည်နိုင်ရေး၊ ပါတီအောင်နိုင်ရေးနှင့် ရွေးကောက်ပွဲလွန်ကာလများတွင်နိုင်ငံရေးဦးဆောင်မှုရရှိရေး အတွက် ပဓာနကျသောလုပ်ငန်းလမ်းညွှန်များ ဖြစ်သဖြင့် ယင်းလုပ်ငန်းစဉ်များကို မိမိနယ်မြေဒေသနှင့် လိုက်လျောညီထွေစွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ဆုံးဖြတ်သည်။

 
.. https://www.facebook.com/MyanmarExpress
 

လှေစီးပြေးဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်မှဖြစ်ကြောင်း အတည်ပြု



လှေစီး ဒုက္ခသည်များကို မေလ ၂၆ ရက်နေ့က စစ်တွေမြို့ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် မိုဟာမက် မဟာဘူတာရာမန်နှင့် လက်ထောက် ကောင်စစ်ဝန် မိုဟာမက် ဆီ လင်အူဒင်တို့် လာရောက်စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်ကြောင်းကို အတည် ပြုပေးခဲ့ကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန (လဝက) ဦးစီးမှူး ဦးခင်စိုးက ဧရာဝတီသို့ ပြောသည်။

ဦးခင်စိုးက “လာစစ်တော့ နေရပ်လိပ်စာကို မေးတယ်၊ သူတို့ မိသားစုတွေနဲ့ ဖုန်းပြောခိုင်းတယ်။ လှေစီး ဒုက္ခသည်တွေ မိသားစုဝင်တွေနဲ့ ဖုန်းပြောကြတော့ သူတို့နိုင်ငံသား ဖြစ်တယ် ဆိုတာကို အတည်ပြုသွားတယ်။ ခုတော့ လာစစ်တဲ့ ကောင်စစ်ဝန်က ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးကို အကြောင်းထားပြီးပြီ။ လွှဲပေးဖို့ပဲ ကျန်ပါတော့တယ်။ မြန်မြန်လွှဲပေးမှာပါ။ ခုတော့ ကျနော်တို့ လွှဲပေးဖို့ စောင့်နေပါတယ်” ဟု ဆိုသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည်များကို တောင်ပြိုဝဲမြို့ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အမှတ် (၂) တွင် ယာယီစခန်းဖွင့်ကာ စောင့်ရှောက်ထားကြောင်း လှေစီဒုက္ခသည်များ အရေးကို ဆောင်ရွက်ပေး နေရသည့် တောင်ပြိုဝဲမြို့မှ အမည်မဖော်လိုသူ ဌာနဆိုင်ရာဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

“အခု သူတို့ကို နိုင်ငံတကာ အဖွဲ့အစည်းတွေက အပြည့်အဝ စောင့်ရှောက်မှုတွေ ပေးနေပါတယ်။ ကျွေးတာ မွေးတာကတော့ ကျနော်တို့ ဒေသခံ ရပ်ကွက်၊ ကျေးရွာအလိုက် ဘင်္ဂါလီ ကျေးရွာလူကြီးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဆီက အလှူခံပြီးတော့ ထွေ/ အုပ် အစီအစဉ်နဲ့ ကျွေးမွေးနေပါတယ်။ နိုင်ငံတကာ NGO တွေ ပေးတာက ရေသန့်၊ ဆေးဝါး၊ မုန့်ခြောက်ထုပ်တွေပါ” ဟု ယင်းဝန်ထမ်းက ပြောသည်။

.. https://www.facebook.com/MyanmarExpress
 

လှေစီးဒုက္ခသည်အရေး မြန်မာကို လက်ညှိုးမထိုးကြဖို့ သတိပေးပြောကြား

From : .. rfa

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေလ ၂၉ ရက်နေ့ကကျင်းပခဲ့တဲ့ ရွှေ့ပြောင်းသူတွေ အရေး နိုင်ငံတကာဆွေးနွေးပွဲကို တွေ့ရစဉ်

အရှေ့တောင်အာရှနိုင်ငံတွေမှာ လတ်တလောကြုံတွေ့နေရတဲ့ လှေစီးဒုက္ခသည်ပြဿနာကို မြန်မာနိုင်ငံတစ်ခုတည်း ကိုရွေးပြီး လက်ညှိုးထိုး ပြစ်တင်ပြောဆိုခြင်းမပြုကြဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ကျင်းပခဲ့တဲ့ ရွှေ့ပြောင်း သူတွေအရေး နိုင်ငံတကာဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က သတိပေးပြောကြားလိုက်ပါတယ်။

လှေစီးဒုက္ခသည်ပြဿနာ တိုက်ရိုက်သက်ရောက်မှုရှိတဲ့ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေပါဝင်တဲ့ ၁၇ နိုင်ငံအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထင်လင်းက အခုလို ပြောကြားခဲ့တာပါ။

“အချုပ်အခြာအာဏာရှိတဲ့ နိုင်ငံတိုင်းမှာ စိန်ခေါ်မှုအခက်အခဲတွေရှိပြီး၊ တချို့အခက်အခဲတွေဟာ နိုင်ငံတွင်း ကိစ္စဖြစ်ကြောင်း၊ လက်ညှိုးထိုးအပြစ်တင်ပုံချပြောဆိုတာဟာ ပြဿနာကို ဖြေရှင်းရာမရောက်ကြောင်း၊ လှေစီး ဒုက္ခသည်ပြဿနာအကြောင်းရင်းဇစ်မြစ်ဟာ လူမှောင်ခိုကြောင့်ဖြစ်ကြောင်း” ဦးထင်လင်းက ပြောသွားခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို IOM နိုင်ငံတကာရွှေ့ပြောင်းသူများကူညီရေးအဖွဲ့၊ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။
 

.. https://www.facebook.com/MyanmarExpress
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အပြည့်အ၀ တာဝန်ယူပြီး ပြန်ခေါ်မည် ဟု ထိုင်းအစည်းအဝေးတွင် အာမခံပြောကြား

From : .. Hmuu Zaw



ဒီကနေ့ ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ Boat People အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ဖိအားပေးတာတွေကို ပြန်ပြတ်သားသား တုံ့ပြန်ခဲ့ကြောင်း ဖော်ပြလာခဲ့ပါတယ်။ (ဓါတ်ပုံ-Ko Zaw)

(၁) “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့။

(၂) မြန်မာနိုင်ငံကို လက်ညိုး မထိုးဖို့၊ ဒီလို ထိုးနေရင် အဖြေရမှာ မဟုတ်ဘူး။

(၃) ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ကယ်ဆယ်ထားတယ်။ ဒါတွေရဲ့ ဇစ်မြစ်က လူမှောင်ခိုတွေ ဖြစ်တယ် ဆိုတာကို ထောက်ပြခဲ့ပါတယ်။

”ဒီလူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမြန်ဆုံး ပြန်ခေါ်မယ်၊ တာဝန်အပြည့်အ၀ ယူမယ် ဆိုပြီး အာမခံ ပြောကြားခဲ့ပါတယ်။”

လက်ရှိ ရောက်ရှိလာတဲ့ ဘင်္ဂလီတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆောင်ရွက်ပေးရမှာပါ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံသားစိစစ်မှုတွေ ပြုလုပ်ပြီး ပြန်လည် ခေါ်ယူဖို့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ။

ဒီကြားထဲ နိုင်ငံသားစိစစ်မှုနဲ့ ပြန်လည်ခေါ်ယူရေးအတွက် အခိုက်အတန့်အားဖြင့် မြန်မာနိုင်ငံက နိုင်ငံတကာနဲ့ ညှိနှိုင်းပြီး နေစရာ၊ စားစရာ၊ ၀တ်စရာ ဖြည့်ဆည်းပေးရမှာပါ။ အင်ဒိုနီးရှား ရောက် မြန်မာနိုင်ငံသားတွေကိုလည်း ဒီလိုပဲ စိစစ်ပြီး ပြန်လည်ခေါ်ယူခဲ့ရတာပါ။ ဒီကြားထဲမှာတော့ ယာယီအားဖြင့် လူသားချင်းစာနာထောက်ထားတဲ့ ကူညီထောက်ပံ့မှုတွေ ပေးနေရမှာပါ။

ဒီလို ကယ်ဆယ်ရရှိပြီး ဇစ်မြစ် ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံကပါ ဆိုပြီး တစ်ဖက်သတ် စွဲချက်တွေကို သက်သေအထင်အရှားနဲ့ ပယ်ချနိုင်ပြီ ဖြစ်ပါတယ်။ ခေတ္တယာယီမှာတော့ လူသားချင်းစာနာထောက်ထားမှုရှုထောင့်အရ ဆောင်ရွက်ပေးနေတယ် ဆိုတာကို နားလည်ပေးကြဖို့ ဖြစ်ပါတယ်။

.. https://www.facebook.com/MyanmarExpress
 

လှေစီးဒုက္ခသည်များအားလုံး၏ ဇစ်မြစ်သည် မြန်မာနိုင်ငံဖြစ်ကြောင်း ကုလ စွပ်စွဲ

From : .. 7day


 အရှေ့တောင်အာရှ လှေစီးဒုက္ခသည်များ ပြဿနာ၏ ဇစ်မြစ်သည် မြန်မာနိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ စွပ်စွဲပြောကြားချက်ကို မြန်မာဘက်မှ ငြင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

 မေ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဘင်္ဂါလီ ရေမျောဒုက္ခသည်များ အရေးအတွက် ဒေသတွင်း နိုင်ငံများ အစည်းအဝေးတစ်ရပ် ကျင်းပရာ ကုလသမဂ္ဂ ကိုယ်စားလှယ်က အဆိုပါ ဒုက္ခသည်များ ၎င်းတို့နေရပ်ကို စွန့်ခွာလာခြင်းအတွက် မြန်မာတွင် အဓိက တာဝန်ရှိကြောင်း စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)မှ အဆင့်မြင့် လက်ထောက် ကော်မရှင်နာ ဗော်လ်ကာတာ့ခ်က ယခုဖြစ်ရပ်တွင် မြန်မာနိုင်ငံက အဓိက တာဝန်ရှိကြောင်း၊ နိုင်ငံမဲ့ ဘင်္ဂါလီများကို မြန်မာအစိုးရက နိုင်ငံသားအဖြစ် မသတ်မှတ်ခြင်းသည် ပြဿနာ တစ်ခုလုံး၏ သော့ချက်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အထူးကိုယ်စားလှယ် ဦးထင်လင်းက ယခုဖြစ်ရပ်ကို မြန်မာတစ်နိုင်ငံတည်းအပေါ် ပုံချနေခြင်းကို လက်ခံမည် မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။ “UNHCRက ကျွန်တော့်ရဲ့ ခင်မင်ရင်းနှီးရတဲ့ လုပ်ဖော်ကိုင်ဖက် အနေနဲ့ အခုထက် ပိုကောင်းတဲ့ သတင်းပေးမှုမျိုး လိုအပ်ပါတယ်။ လက်ညှိုးထိုးခြင်းက အရာရာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီလုပ်ရပ်ကနေ ဘာရလဒ်မှ ထွက်ပေါ်လာမှာ မဟုတ်ဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

တာ့ခ်က ဘင်္ဂါလီများကို ရိုဟင်ဂျာဟုပင် အမည်သတ်မှတ် သုံးစွဲခေါ်ဝေါ်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဖိနှိပ် ညှင်းပန်းမှုများ ကြုံနေရခြင်းကြောင့် အခြားနိုင်ငံများသို့ တိမ်းရှောင် ထွက်ပြေးရခြင်းဟု စွပ်စွဲခဲ့သော်လည်း မြန်မာကိုယ်စားလှယ်များဘက်က ဘင်္ဂါလီများသည် မြန်မာနိုင်ငံသားများ မဟုတ်ကြောင်း အခိုင်အမာ ငြင်းချက်ထုတ်ခဲ့သည်။

တစ်ရက်ကြာ ကျင်းပသည့် အစည်းအဝေးတွင် အာဆီယံ နိုင်ငံများအပြင် ဩစတြေးလျ၊ နယူးဇီလန်၊ အာဖဂန်နစ္စတန်၊ အီရန်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သလို UNHCR၊ IOM အစရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူ တာနာဆက် ပါတီမပ်ရာဂွန်က ယခုအစည်းအဝေးတွင် အဓိက ရည်ရွယ်ချက် သုံးခုကို ဦးတည်အဖြေရှာမည်ဖြစ်ပြီး ယင်းတို့မှာ လက်ရှိ ပင်လယ်ထဲ မျောပါနေသည့် ရွှေ့ပြောင်းလုပ်သားများကို အကာအကွယ်ပေးရန်၊ လူမှောင်ခိုမှုနှင့် လူကုန်ကူးမှုများကို ကာကွယ်တားဆီးရန်နှင့် မူမှန်မဟုတ်သည့် ရွှေ့ပြောင်းမှုများအတွက် အရင်းအမြစ်ကို ရှာဖွေရန်တို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.. https://www.facebook.com/MyanmarExpress
 

ဒီပဲယင်း ဖြစ်ရပ်မှန်


၂၀၀၃ ခုနှစ် မေ လ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ရွှေဘို ခရိုင် ဒီပဲယင်း တွင် ကြီးမားသည့် လူသတ်မှု ကြီးတစ်ခု ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်ပွားပုံမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ယခင် အတွင်းရေးမှုး ဖြစ်သည့် လက်ရှိဥက္ကဌ နေရာ ဝင်ယူထားသူ ဒေါ်အောင်ဆန်းစုကြည်နှင့် ယခု က ဒုဥက္ကဌဖြစ်ပြီး ယခု ဖယ်ရှားခံရသူ ဦးတင်ဦးတို့ ဦးဆောင်သည့် အဖွဲ့သည် ၂၀၀၃ ခုနှစ် မေ လ ၃၀ ရက်နေ့ ညနေ (၅) နာရီ ခွဲ တွင် ဘုတလင် မြို့ မှ ဒီပဲယင်း သို့ ထွက်ခွာလာ ရာ ဒီပဲယင်း မှ ဒေသခံ NLD ပါတီ ဝင်များက ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ခရီး စဉ်များကဲ့သို့ပင် မြို့ထဲ သို့ ကားနဲ့လှည့်ပြီး ထွက်ကြည့်ကြဖို့ နားငြီးအောင် အော်ခဲ့ကြသည်။
မျက်နှာမြင် ရိုက်ချင်ပါစေ ဆုတောင်းပြည့်သူများ

လူအများကို ထွက်ကြည့်ချင်စိတ်ရှိစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသား ဖခင်ကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေအတွက် အလွန်အနစ်နာ ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင် နှင့် ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်ကြောင်း၊ နိုဘယ်ဆုကြီးတောင် ရထားကြောင်း စသည်ဖြင့် ဒီကနေ့ စည်းရုံးရေး ခရီးစဉ်တွေမှာ လိုက်အော်သလိုမျိုး အော်ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် က အသက် ၄၃ နှစ် ထိ နိုင်ငံခြားမှာ နေနေ ခဲ့ကြောင်း၊ အင်္ဂလိပ်လူမျိုးကို လက်ထပ်ပေါင်းသင်း ကာ မြန်မာစကား မပြောတတ်သည့် သားနှစ်ယောက်ကို မွေးထားကြောင်း တွေကိုတော့ ဒီကနေ့ ထိန်ချန်ဖုံးကွယ် ထားသကဲ့သို့ ၂၀၀၃ ခုနှစ်ကလည်း ပွင့်လင်းစွာ ပြောဆိုခဲ့ခြင်း မရှိပေ။

အလောင်း မင်းတရားကြီး ဦးအောင်ဇေယျ နန်း တည်ခဲ့သည့် ရွှေဘို ခရိုင် အတွင်းမှ ဒီပဲယင်း မြို့ သား များ ကလည်း မျိုးချစ်စိတ် ဓာတ် အလွန်အမင်း ထက်သန်ကြသူ များ ဖြစ်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး အား ကြိုဆိုရန် ပြင်ဆင်ကြလေ သည်။ ဒီပဲယင်းမြို့ခံများသာ မက အနီးတဝိုက်ရှိ ရွာများ ရွာသားများကလည်း သတင်းကြားတာကြောင့် အလုပ်စောစောသိမ်းကာ လမ်းဘေးရှိ ဆိုင်များတွင် စောင့်မျှော်နေခဲ့ကြသည်။ ညနေ နေဝင်ချိန် ဖြစ်တာကြောင့် လူအများ အားနေချိန် ဖြစ်ရာ လူတွေကလည်း အဆ မတန် များလာခဲ့လေသည်။ အများစုက ထိုခေတ်က NLD တံဆိပ်ဖြစ်သည့် ခမောက်များကို ကိုင်ထားကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပေးရန် လက်ဆောင်များလည်း ကိုင်ထားကြသည်။

ညနေချိန် ဖြစ်တာကြောင့် ယမကာ သမားများလည်း ရေချိန်ကိုက်လာပြီ ဖြစ်ရာ လူစည်ကားသော လမ်းဘေး ထန်းရည်ဆိုင် အတွင်းတွင် ရုန်းရင်းဆန်ခတ် စဖြစ်လာခဲ့သည်။ စကားဝိုင်းတိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေကိုသာ အားရ ပါးရ ပြောနေ ကြရာ ပြောရင်းပြော ရင်းဖြင့် မေးခွန်း ထုတ်စရာများ၊ အငြင်းပွားစရာများ တွေ့လာရသည်။

ထိုစဉ်က အင်တာနက်မရှိ၊ Myanmar Express မပေါ်သေးသည့်အပြင် BBC, VOA, RFA, DVB  မီဒီယာများရဲ့ သတင်းအမှောင်ချမှုကြောင့် လူအများမှာ ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ချုပ် သမီး ဖြစ်ကြောင်းသာ သိရပြီး ဒီနေ့ ဒီအချိန် ဒီအသက်အရွယ်ထိ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာ ဘာမှ မသိကြပေ။ စကားပြောကြ ငြင်းကြရင်းဖြင့် ရှေ့မှီနောက်မှီ ပညာတတ် လူငယ် အချို့က ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလိပ် ခေါင်းဖြတ်သတ်ခဲ့သည့် ဗိုလ်မင်းရောင်၏ မြစ် ၊ အင်္ဂလိပ်ကို တိုက်ထုတ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်တာ မှန်ကန်ကြောင်း၊ သို့သော် ယခု ဒေါ်အောင်ဆန်းစုကြည် ယူထားသည့် ယောင်္ကျားမှာလည်း ရွှေဘိုမှ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင်ခဲ့သည့် ကုန်းဘောင်မင်းဆက်ကို ပျက်ဆီးအောင်လုပ်တဲ့အပြင် ကုန်းဘောင်ခေတ် နောက်ဆုံး မြန်မာဘုရင် သီပေါမင်းကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်္ဂလိပ် လူမျိုး ပဲ ဖြစ်ကြောင်း စကား စပ်မိရာမှ ရုတ်ရုတ်သဲသဲများ ဖြစ်လာတော့သည်။ ၎င်းနောက် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားတွင် အသက် ၄၃ နှစ်ထိ မြန်မာနိုင်ငံကို ခြေစုံကန်ကာ ထွက်သွားမှု၊ ဘာသာရေး လိုက်စားမှု အားနည်းပြီး ဗုဒ္ဓဘာသာ ဝင်ဘုန်းကြီးများကို ပမာမခန့် လုပ်မှု၊ မြန်မာစာ ကောင်းကောင်း မတတ်မှု၊ မြန်မာစကားကို မလေးစားမှု နဲ့ မြန်မာ ထက် အင်္ဂလိပ်ကို ပိုမို အထင်ကြီး ဆက်ဆံတတ်မှုများကို သိရှိကာ ဆူညံလာပြီး တမြို့လုံး လှုပ်လှုပ်ရှားရှား ဖြင့် မကျေမနပ် ဖြစ်လာကြသည်။
အမျိုးသား ခေါင်းဆောင်ကြီးနှင့် မြေးတော်
ညနေ ၅ နာရီ ခွဲ တွင် ဒီပဲယင်း မြို့နယ် စိုင်ပြင်ကြီးရွာ သို့ ဒေါ်အောင်ဆန်း စုကြည် ရောက်ရှိ ခေတ္တနားနေ ချိန်တွင် ဒေါ်အောင်ဆန်း စုကြည်၏ ယဉ်တန်းတွင် သံဃာတော်များကို နောက်ဆုံး ကားမှာ ထားပြီး တင်လာကြောင်း သတင်းများ ကြားရခြင်းကြောင့် ပိုမို ဒေါသ ထွက်လာသော မျိုးချစ် လူငယ်များနှင့် ဆရာတော်များ က ဘုတလင်မြို့နယ် တွင်းမှ ကြည်ရွာ အနီးမှ ဟုတ် မဟုတ် ကို ကြည့်ဖို့ အတွက် စောင့်နေခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုရန် ရောက်လာသူများ အားလုံးကလည်း အငြင်းပွားနေရာမှ ထပြီး ကြည်ရွာတွင် စောင့်နေကြလေသည်။

ညနေ ၇ နာရီ တွင် ဆူညံ ဆူညံ ဖြင့် ဟေးဟေး ဟားဟား အော်ကာ မီးများဖွင့်လျှက် ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကြီး ရောက်ရှိလာခဲ့သည်။ ရှေ့ဆုံးက ကားမှ အလံကို လွှင့်ထောင်လာ ပြီး အောင်ဆန်း စုကြည်က နောက်က ပါလာတာကို လာရောက်ကြိုဆိုသူများက ရပ်ကြည့်နေကြသည်။ စိတ်ထဲတွင်တော့ ဗိုလ်မင်းရောင်ကို သတ်သည့် အင်္ဂလိပ် ၊ ကုန်းဘောင်မင်းဆက်ကို သတ်သည့် အင်္ဂလိပ် ကို ယူထားသည့် မျိုးမစောင့်သည့် ဗိုလ်ချုပ်အောင်ဆန်းသမီး ဟု တွေးကာ မကျေနပ်လျှက် ရှိရာ နောက်ဆုံး ကား (ဏ/၂၈၉၈) ရောက်လာချိန်တွင် ပေကြောင်ပေကြောင်နှင့် လိုက်ပါလာသော ဘုန်းကြီးများ ကို တွေ့ရာ ဒေါသူပုန် ထလာပြီး နောက်ဆုံးမှ ကားမောင်သူကို ဘုန်းကြီးတွေ ကားကို ရှေ့ဆုံးက မောင်းရန် ပြောလေသည်။ သို့သော်လည်း NLD ပါတီဝင်များက ယခု ယဉ်တန်းသည် နိုင်ငံရေး ယဉ်တန်းဖြစ် တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ရှေ့ဆုံးမှာ နေသည့်ပြီး ဘုန်းကြီးများ သာ နောက်ကလိုက် သင့်ကြောင်း ပြောရာမှ ရန်ပွဲအဖြစ် ပြောင်းလဲ လာကာ လက်ပတ် ပတ်ထားသည့် NLD ပါတီဝင် များက ရွာသား တစ်ဦးကို စတင် ထိုးနှပ်ခဲ့လေသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဒုတိယဘုရားသခင်ဖြစ်ကြောင်း ဆရာတော်များကို မချေမငန် ပြောဆိုခဲ့ကြရာ မတရားတာကို ကြည့်မနေနိုင်သည့် ဒေသခံ မျိုးချစ် သူရဲကောင်းများက လမ်းဘေးမှ ဝင်းထရံများ၊ ခြံစည်းရိုးများကို ဆွဲကိုင်က စတင် ရိုက်နှပ်ခဲ့ကြစဉ် ယဉ်တန်းတွင် လိုက်ပါလာသူများကလည်း ကားပေါ်မှ ဂေါက်တံများ၊ ဂျန်း တုံး များနှင့် ပြန်လည် ရိုက်နှပ်ခဲ့သည်။

နောက်ဆုံး ကားနှစ်စီး တွင် ရန်ဖြစ်ကာ အပြန်အလှန် ရိုက်နှပ်နေချိန်တွင် တွင် နောက်ကား များက ရှေ့ကား များကို အကူညီတောင်းသဖြင့် ရှေ့ကားများပေါ်က ဒေါင်းအလံကိုင်ထားသူများလည်း ရောက်လာကြပြီး ရွာသားများကို ဒေါင်းအလံ ဖြင့် ရိုက်ရာ ခွပ် ဒေါင်းအလံတွင်လည်း သွေးများ စွန်းသွားခဲ့သည်။ ဘယ်ဖက်မျက်လုံးကို အုပ်ကာ သွေးအိုင်ထဲတွင် လဲနေသူ ရွာသား တစ်ဦးက "ငါတို့ရွာသားတွေကို ရိုက်နေတယ်ဟေ့" လို့ အော်လိုက်ရာ တရွာလုံး ထွက်လာပြီး ဝိုင်းရိုက်ကြတော့သည်။ အခြေအနေ မဟန်သည်ကို သိလာချိန်တွင် ဦးတင်ဦးမှ ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြဆိုပြီး NLD လူငယ်တွေကို ခေါင်းထိုးပေးခိုင်းတာကြောင့် လူငယ်များ ခေါင်းကွဲသွားကြသည်။ သူရဘွဲ့ရ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးမှာ ကားအပြင်မထွက်ရဲပေ။ ဒေါ်အောင်ဆန်းစုကြည်ပါသည့် ကား၏ နောက်ကားတွင် ပုန်းနေပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း လူငယ်တွေ အချင်းချင်းရိုက်နှက်ရန်ဖြစ်နေကြတာကို သူမကိုပါ အရိုက်ခံရမှာစိုးတာကြောင့် မတားရဲပေ။ အသံတောင် လုံးဝမထွက်တဲ့အပြင် ကားထိုင်ခံနှင့် မျက်နှာကပ်ကာ ကြောက်ဒူးတုန်နေခဲ့သည်။ ကြောင်ကြည့်နေသည့် ကားသမားလည်း ဝါးရင်းတုတ် ကိုတော့ ကြောက်ကာ အတင်းမောင်းထွက်သဖြင့် ဒေါ်အောင်ဆန်းစုကြည် ကားနဲ့ တိုက်မိပြီး ဆရာတော်တစ်ပါး သေဆုံးခဲ့ကာ နှင့် လူ ၂ ဦးသေဆုံးခဲ့ကာ ဒဏ်ယာအများအပြားရခဲ့သည်။ နောက်က ကားများကလည်း မျက်စိမှိတ်ကာ ရှေကတွင် လဲနေသော ဆရာတော် နှင့် ရွာခံများအပေါ် နင်းသွားကြသည်။ ထိုအချိန်က ဝါးရင်းတုတ်ကို ကြောက်ကာ ထွက်ပြေးသွားချိန်မှ စပြီး  ဒေါ်အောင်ဆန်းစုကြည်မှာ ယခုထိ ဒီပဲယင်းသို့ လုံးဝ မသွားရဲတော့ပေ။

အခင်းဖြစ်ပွားပြီးနောက် နောက်နေ့တွင် သက်ဆိုင်ရာမှ လာရောက် စစ်ဆေး မေးမြန်း မှုများကို ပြုလုပ်ခဲ့ရာ ဘုန်းကြီး ၁ ပါး အပါအဝင် သေဆုံးသူ ၄ ဦး ရှိကာ ဒဏ်ရာရရှိသူ ၅၀ ဦး ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ကိုယ့်တိုင်းကိုယ့်ပြည်ကိုယ့်အိမ်ယာမှာနေထိုင်ပြီး ကိုယ်ကိုးကွယ်တဲ့ ဘုရား ရုပ်ပွားတော်ကို ပိုက်ပြီး ထွက်ပြေးရတဲ့ ဘဝ ကို ဘယ်တော့မှ မမေ့ဘူး

From : .. မိုး ပွင့် ဖြူ


မင်္ဂလာ ညချမ်းလေးပါရှင်..

ပြောပြဦးမယ်။ ကြာတော့ ကြာပြီ။
ဖေဖေနဲ့ လက်ဖက်ရည်ဆိုင် လိုက်ထိုင်တယ်။
ကမ္ဘာ့ဖလား ကန်နေတဲ့ အချိန်ကပေါ့။

ကျွန်မ ဒီနေ့အထိ မမေ့နိုင်ဘူး။
ဘာလို့လဲဆို ကျွန်မ အရမ်းသဘောကျတဲ့ ဒေးဗစ်ဘက်ခမ်းကို
တစ်ဆိုင်လုံး ဆဲလိုက်ကြတာလေ။ ရစရာကို မရှိဘူး။

ဘက်ခမ်းကန်တဲ့ ပင်နတီ ချော်ပြီး အင်္ဂလန် ပြုတ်သွားတယ်လေ။
ဘောပွဲကို စိတ်မဝင်စားပေမယ့် ဘက်ခမ်းကို ကြိုက်တော့ သူတို့ဆဲတာ မခံချင်ဘူး။

ဖေဖေကို ပြောမိတယ် .
ဖေဖေ သူတို့တွေ တစ်ဆိုင်လုံး ပေါင်းပြီး ဝင်တဲ့ ဝင်ငွေက ဘက်ခမ်းရဲ့ တစ်ပတ်စာ ဝင်ငွေလောက်ပဲ ရှိတာကို သူတို့က သူတောင်းစားလို့ ဆဲနေတာ ရီချင်စရာကြီးနော် . လို့။

ဖေဖေက ပြုံးတယ်။
သမီးလေး ဝေဖန်တဲ့လူ၊ ဆဲတဲ့လူက
ပင်နတီဆိုတာ ဝင်ဖို့ ရာခိုင်နှုန်း များတာကို သိကြတယ်လေ။

ဒါကို မဝင်တာ အသုံးမကျလို့ ဆိုပြီးလဲ သတ်မှတ်လို့ ရတာပေါ့။
အဲ့ဒီ့အတွက် ဘောလုံး ကန်တတ်စရာ၊ ငွေရှိစရာ မလိုဘူးလေ တဲ့။
လုံးဝကို မှတ်မှတ်သားသား ဖြစ်သွားတယ်။

ဥပမာ - လူတစ်ယောက်ဟာ မူးရူးပြီး ရပ်ကွက်ထဲ လဲနေရင် ဒါဟာ သမရိုးကျလောက်ပဲ။ နာမည်ကျော် တစ်ယောက်က မူးရူးပြီး လမ်းဘေးမှာ အိပ်ရင်တော့ -
ဒါဟာ အဝေဖန် ခံရတော့မယ် ဆိုတာကို သိထားလိုက်တယ်။

ဘာလို့လဲဆိုတော့ သူဟာ အားလုံးရဲ့ အမြင်ရှေ့မှာ ရှိနေတယ်။
ရန်သူတွေက အာရုံစိုက်သလို ကြည်ညိုသူတွေကလဲ အရိပ်တကြည့်ကြည့်ပေါ့။

ကြားနေသမားကလဲ လေ့လာ စောင့်ကြည့်နေမယ်လေ။
အခု ကျွန်မ NLD က ရှင်တို့ရဲ့ ဒုတိယ ဘုရားသခင်ကို ဝေဖန်မယ်။
မိုးပွင့်ဖြူ ဘာမို့ သူ့လို ကမ္ဘာကျော်ကို တက်ဝေဖန်တာလဲ မမေးနဲ့။
ဒေါင်းမကြီးဟာ သောက်သုံး တစ်စက်မှ မကျလို့လို့ မှတ်ပါ... ။

NLD က ဒေါင်းမကြီးက သောက်တလွဲစကား ပြောခဲ့တယ်။
ဘာတဲ့ ခိုးဝင်လာတဲ့ ဘင်္ဂလားက ခွေးကုလားတွေကို နိုင်ငံသား မပေးတာဟာ ကမ္ဘာ့အလယ်မှာ ပြစ်ချက်တစ်ခုတဲ့။

သောက်သုံးမကျ တွေးပုံက ရွံစရာတောင် ကောင်းပါရဲ့ရှင်..
သူ အထင်ကြီးနေတဲ့ အနောက်ဖက် နိုင်ငံတွေက
နိုင်ငံသား ဖြစ်မှု ဥပဒေလေးတွေ ပြန်လေ့လာ ခိုင်းလိုက်ကြစမ်းပါ။

အမေရိကန် အမေရိကန်နဲ့ အမြဲအော်နေတဲ့ အဖွားကြီးကို
အမေရိက နယ်စပ်က Red Line မှာ မက္ကဆီကန်တွေကို
ဗိုက်ကြီးသည်မရှောင်၊ ကလေးမရှောင် ဘယ်လို ပစ်သတ်သလဲ ခေါ်ပြလိုက် ကြစမ်းပါရှင်..

ရခိုင်ဒေသက အကြမ်းဖက်မှုတွေ ဘယ်သူတွေက စခဲ့တာလဲ။
ဘယ်သူတွေ ခံနေရတာလဲ။

ခိုးဝင်တဲ့ ကုလားနဲ့ ကဒ်ဖြူကိုင်တဲ့ ကုလားနဲ့တောင် ကျွန်မတို့ အမျိုးတွေ သွေးချင်းတွေ ဒီလောက် သေကြေ ပျက်စီးပြီး အိုးပစ်အိမ်ပစ် နေနေရတာ ဒေါင်းမကြီး မမြင်တာလား။
ဒါမှမဟုတ် ကုလားကိုပဲ မြင်နေတာလား မသိပါဘူး ။

သူ့ အငယ်ကောင်လေးတွေကို နိုင်ငံသား တိုင်းရင်းသား ပေးဖို့ပဲ ပြင်နေတယ်။
ပေးများ ပေးရင်တော့ အနောက်စည်းဟာ လုံးဝပေါက်ပြီး တစ်နိုင်ငံလုံး ငါးပါးမှောက်၊ ဘာသာပျောက်မှာကို သူက ပညာတတ်ဆိုပြီး ဘာလို့ မတွေးတတ်ရတာလဲ။

မတွေးတတ်တာလား၊ ဘာသာချစ်စိတ် မရှိတာလား၊
ဒါမှမဟုတ် ဒေါင်းမကြီးက ကျွန်မတို့နဲ့ ဘာသာမတူပဲ
muslim brotherhood ပဲ ရှိနေတာလား ဆိုတာတော့ သူပဲ သိတော့မှာပေါ့ရှင်။

နောက်ဆုံးအနေနဲ့
ကျွန်မတို့ နိုင်ငံရဲ့ ၁၃၅မျိုးသော တိုင်းရင်းသားတွေရဲ့ အရေးကို
ဘာတစ်ခုမှ မလုပ်ရသေးပဲ -

ခိုးဝင်တဲ့ ကုလားတွေရဲ့ ကိစ္စကို ရှေ့တန်းတင်နေတဲ့ ဒေါင်းမကြီး၊
ဖြစ်ချင်တာက သမ္မတတဲ့။

ရွှေတိဂုံ ဘုရား ခေါ်သွားပြီး ဆုတောင်းခိုင်းလိုက် ကြပါတော့ရှင်..

.. https://www.facebook.com/MyanmarExpress
 

NLD ဗဟိုကော်မတီဝင် မှ သူမဟာ နိုင်ငံရေးသမား မဟုတ်ကြောင်း ပြောကြား

From : .. popular

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ (ဗဟို) ကော်မတီဝင်(ဗဟို) အဖွဲ့ဝင်အဖြစ်တာဝန်ယူထားတဲ့ဒါရိုက်တာ ကြည်ဖြူသျှင်က သူ့ရဲ့ Personal ဆန္ဒအရဆိုရင်တော့ ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင်ရောက်အရွေးခံမှာမဟုတ်ဘဲအဖွဲ့ချုပ်က အရွေးခံဖို့ တိုက်တွန်းလာရင်လည်းတတ်နိုင်သမျှတော့ ငြင်းဆိုဖို့ စိတ်ကူးထားကြောင်းပြောလာပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင်က မေ၊ ဇွန်၊ ဇူလိုင် (၃) လကို ဇာတ်ကားရိုက်ကူးမှုနားထားမှာဖြစ်ပြီး သြဂုတ် ၁ ရက်နေ့မှ စတင်ရိုက်ကူးမှာဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားရိုက်ကူးမှုတွေနားထားတဲ့ကာလအတွင်းမှာတော့ နိုင်ငံရေးပိုင်း နဲ့ပတ်သက်ပြီးလုပ်ဆောင်စရာတွေရှိနေလို့ပဲဖြစ်ကြောင်းလည်း သိရပါတယ်။ နိုင်ငံရေးလောကထဲကို ဝင်ရောက် ဖြစ်ခဲ့တာ ၃နှစ်ထဲဝင်ရောက်လာပြီဖြစ်တဲ့ ဒါရိုက်တာကြည်ဖြူသျှင်က သူ့အနေနဲ့နိုင်ငံရေးသမား တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်ထားဘဲ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူတစ်ယောက်အဖြစ် ဝင်ရောက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်က ပြောပါတယ်။

” ကျွန်မ အမြဲတမ်းပြောပါတယ်။ ကျွန်မဟာ နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါဘူး။ နိုင်ငံရေး သမားဆိုတာ Policy Maker တစ်ယောက်လို့ ကျွန်မမြင်တယ်။ ကျွန်မသည် Policy Maker တစ်ယောက် မဟုတ်ဘူး။ Policy တွေလည်း ကျွန်မနားမလည်ဘူး။ ဒါပေမဲ့ ကျွန်မနားလည်တာက အခုလက်ရှိ ရှိနေတဲ့အပြောင်းအလဲအရွေ့အတွက်ကို ပြည်သူတွေသိဖို့အတွက် ကျွန်မတို့ဘယ် လောက်ထိကူညီပေးနိုင်မလဲ။ ပထမအဆင့်အနေနဲ့ ကျွန်မတို့ကိုယ်တိုင်လည်း သိအောင် ကြိုးစားရမယ်။ နောက်တစ်ခုက ဒီနိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်သိသလောက်ကို ဖြန့်ဝေပေးသင့်တယ်လို့ ထင်တယ်။ ကျွန်မကတော့ လွှတ်တော်ကိုတအားစိတ်ဝင်စားတယ်။ လွှတ်တော်ဟာ ကျွန်မတို့ ပြည်သူတွေကနေ တိုက်ရိုက်ရွေးချယ်လိုက်တဲ့ လွှတ်တော်အမတ်တွေရဲ့ နေရာလေ။ ဒီလွှတ်တော်ကို ပြည်သူတွေကလည်းသူတို့ရဲ့ဒုက္ခတွေကိုဘယ်လိုမျိုးတင်ပြမလဲ၊ပြည်သူနဲ့လွှတ်တော်ပတ်သက်တဲ့အကြောင်း အရာတွေကို ကျွန်မစိတ်ဝင်စားတယ်။ ဒါကြောင့် PARLIAMENTARY SUPPORT GROUP (MYANMAR) ကိုဖွဲ့ထားတယ်” လို့ ဒါရိုက်တာကြည်ဖြူသျှင်ကပြောပါတယ်။ PARLIAMENTARY SUPPORT GROUP (MYANMAR) အနေနဲ့ လက်ရှိလွှတ်တော်၊ နောင်လာမယ့် လွှတ်တော်ရဲ့အကြောင်းကို သုံးသပ်တာတွေလုပ်ဆောင်မှာဖြစ်ပြီး ဒီအဖွဲ့ဟာ ပြည်သူနဲ့လွှတ်တော်ကြား Joint လုပ်ပေးတဲ့အဖွဲ့ ပဲဖြစ်ကြောင်းဒါရိုက်တာ ကြည်ဖြူသျှင်ကအဖွဲ့နဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။

.. https://www.facebook.com/MyanmarExpress
 

၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့၏ အကြီးဆုံးဆန္ဒပြပွဲ ဓာတ်ပုံ ၁၅၀

ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိကြောင်းနဲ့ ဒုက္ခသည်အမည်ခံ ရိုဟင်ဂျာတွေနဲ့ လှေစီးဒုက္ခသည်တွေကို လက်မခံဖို့ ရန်ကုန်မြို့ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ရဟန်းသံဃာတော်တွေနဲ့ လူထောင်ချီပြီး မေလ ၂၇ ရက်နေ့က စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒုက္ခသည်အမည်ခံ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ လက်မခံဖို့ အစိုးရကိုတောင်းဆို ကြောင်း အဲဒီလူထုဟောပြော ပွဲမှာ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားခဲ့ပါတယ်။

"နိုင်ငံတော်သမ္မတကြီးနှင့်တကွ မြန်မာအစိုးရကိုလည်းထပ်လောင်းပြီးတော့ ပြောကြားလိုပါတယ်၊ ဒုက္ခသည် အမည်ခံ ရိုဟင်ဂျာများကို ဘယ်သောအခါမှ လက်မခံပါနဲ့လို့ ဘုန်းကြီးတို့က တိုက်တွန်းပါတယ်"
.
ဆန္ဒပြသူတွေဟာ တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းကနေ ရန်ကင်းစင်တာအနီးထိ လမ်းလျှောက်ချီတက်ကြပြီး ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ဟောပြောခဲ့ ကြတာ ဖြစ်ပါတယ်။

ယခု ဆန္ဒပြပွဲဟာ ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့၏ အကြီးဆုံး လူထုဆန္ဒဖော်ထုတ်ပွဲဖြစ်ပြီး ပြည်သူ့အသံနားထောင်မယ်ဆိုတဲ့ NLD ဖါတီကတော့ ဘင်္ဂါလီတွေကို နိုင်ငံသားလက်ခံဖို့ တောင်းဆိုထားပါတယ်။

ဓာတ်ပုံ ၁၅၀ ကို  https://www.facebook.com/MyanmarExpress တွင် ကြည့်ရှုနိုင်သည်။

ဒီချုပ်နှင့် လမ်းခွဲရှင်းတမ်းများ


၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း အကွဲအပြဲများ သိသိသာသာ ပိုများလာသည်။ ယခင်ကတည်းက နေရာလုနေကြသည့် ပါတီဝင်များသည် ကိုယ်စားလှယ် လောင်း ပြဿနာကြောင့် ပဋိပက္ခပိုမိုတင်းမာလာကာ နှုတ်ထွက်ခြင်း၊ ဖွင့်ချခြင်းတို့ကို ပြုလုပ်လာကြသည်။
၂၀၁၂ ရွေးကောက်ပွဲမတိုင်ခင် NLD ပါတီ ပြန်လည်မှတ်ပုံတင်ချိန်တွင် ယခင်ပါတီဝင်ဟောင်းများ ပါတီသို့ ပြန်လည်ဝင်ရောက်ခြင်းမရှိတော့ပေ။ ၉၀ ရွေးကောက်ပွဲ အနိုင်ရ ဒီချုပ်ကိုယ်စားလှယ်များက ပါတီဝင်အဖြစ် ပြန်လည်လျှောက်ထားခြင်းမရှိတော့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ ၃ ဦး ဖြင့် ကျားကန်ခဲ့ရသည်။

♦ ၂၀၁၂ ဇန်နဝါရီလ (၅) ရက်နေ့တွင် ၁၉၉၀ ရွေးကောက်ခံ အမတ် တစ်ဦးဖြစ်ပြီး ဗဟိုဦးစီးအဖွဲ့ဝင် တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်မှူးကြီးဟောင်း ကျော်ဆန်းသည် NLD ပါတီမှ နှုတ်ထွက်ခဲ့သည်။

♦၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် NLD ပါတီဝင် (၆၇) ဦး ပြည်ခိုင်ဖြိုးပါတီသို့ အခမ်းအနား ဖြင့် ပြောင်းရွှေ့ခဲ့ကြသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း အဖွဲ့ချုပ်ဗပိာု၏ ဆက်ဆံမှုများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကျေးရွာအုပ်စုရုံး ပြောင်းရွှေ့ဖွင့်လှစ်ခြင်းအပေါ် မကျေနပ်မှုများကြောင့် မကွေးတိုင်းအတွင်းရှိ ဒီချုပ်ပါတီဝင်အများအပြား ပြည်ခိုင်ဖြိုးပါတီသို့ ကူးပြောင်းခဲ့ကြသည်။

♦၂၀၁၂ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်၊ စကားဝါလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးတွင် ပါတီဝင်များနှုတ်ထွက်ခြင်းနှင့် ပါတီအလံချခြင်း အခမ်းအနားကျင်းပကာ ပါတီဝင် ၁၃၂ ဦး နှုတ်ထွက်ပွဲကျင်းပခဲ့သည်။ ထိုနေ့က နှုတ်ထွက်ခဲ့သူများတွင် ၁၉၉၀ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းများဖြစ်ခဲ့ကြသော ဦးညွှန့်လှိုင်၊ ဦးကျော်ဝင်းတို့နှင့် ပါတီအောင်နိုင်ရေးကော်မတီ ဒေါက်တာသန်းထိုက်တို့လည်း ပါဝင်ခဲ့ သည်။

♦အလားတူ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဖိုးကြည် (ယခင် ကျွန်းစုမြို့နယ် ဥက္ကဌဟောင်း) ခေါင်းဆောင်ပါတီဝင် (၂၁) ဦးတို့သည် ၄င်းတို့၏ သဘောဆန္ဒဖြင့် ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ၂၀၁၃ နှစ်ဆန်းပိုင်းအတွင်း ကော့ကရိတ် NLD ပါတီမှ နာယက နှစ်ဦးနှင့် ဥက္ကဌ နှစ်ဦးအပါအဝင် ပါတီဝင် ၂၀ ကျော်နှုတ်ထွက်ခဲ့ကြသည်။

♦၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း မန္တလေး NLD ပါတီဝင်အများအပြားလည်း ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)သို့ ပြောင်းရွှေ့ခဲ့ကာ ၂၀၁၃ ခုနှစ် မတ်လအတွင်း NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်ခဲ့သည်။

♦ ချင်းပြည်နယ်နှင့် တံတားဦးတို့တွင် NLD ပါတီဝင် ထောင်နှင့်ချီကာ နှုတ်ထွက်ခဲ့ဖူးပြီး ၂၀၁၅ နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ပါတီဥက္ကဌတစ်ဦး နှုတ်ထွက်ခဲ့သည်။
နှုတ်ထွက်လာသူတို့၏ လမ်းခွဲရှင်းတမ်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွင်း ဗဟို ဦးစီးစနစ် ကြီးမားကြောင်း၊ အထက်ဖား အောက်ဖိသူ ပါတီထိပ်ပိုင်း အရာရှိများက ပညာတတ်များကို ချောင်ထိုးထားကြောင်း၊ လူငယ်များကို နေရာမပေးဘဲ ဗဟိုကော်မတီဝင်နေရာအားလုံးကို လူကြီးများက ရယူထားကြောင်း၊ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းအနီး ကပ်နေသူများ၏ အမူအကျင့်ကို ပါတီဝင်အများအပြား မနှစ်သက်ကြောင်း ရေးသားပြောဆိုထားကြသည်။

◄ လှိုင်မြို့နယ် NLD ပါတီဥက္ကဌ ဦးအောင်ကျော်ဦးမှာ အရက်ရောင်းသူဖြစ်ပြီး လှိုင်မြို့နယ် ဒုဥက္ကဌ ဦးဌေးအောင်မှာ လောင်းကစားဒိုင် ဖြစ်သည့်အပြင် လှိုင်မြို့နယ် NLD အတွင်းရေးမှူး ဒေါ်ခိုင်မာဌေးမှာ မလိုသြဇာသုံးနေသည်ဟု နှုတ်ထွက်လာသူ ဦးမျိုးသန့်က ဆိုသည်။

◄ ထို့အပြင် NLD ပါတီအနေဖြင့် ဗိုလ်ချုပ် နှစ်(၁၀၀)ပြည့် အခမ်းအနားကို အကြောင်းပြကာ ပြည်သူတို့ထံမှ အလှူငွေများ ကောက်ခံခဲ့ပြီး အုပ်စုဖွဲ့ လုပ်စားနေကြောင်း ဦးမျိုးသန့်က ဆိုသည်။

◄ နှုတ်ထွက်လာသူ ကျော်ဆန်းမှလည်း NLD ပါတီအနေဖြင့် နိုင်ငံရေးအောက်လမ်းနည်းများ ဖြစ်သည့် ကျိတ်ဝိုင်းများ၊ လက်တို့ဝိုင်းများ၊ ခြေပုန်းခုတ်ခြင်းများ၊ ကွက်ကျော်ရိုက်ခြင်းများကို တွင်တွင် ကျယ်ကျယ် သိက္ခာမဲ့စွာ အတင့်ရဲစွာ ပြုလုပ်နေပြီး ၎င်းတို့ အာဏာရရှိဖို့အတွက် လုပ်ဖော်ကိုင်ဖက်စိတ် ကင်းမဲ့ခြင်း၊ ရဲဘော်ရဲဘက်စိတ်ကင်းမဲ့ခြင်း၊ အစဉ်အလာများကို တန်ဖိုးမထားခြင်း၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း စတဲ့ သရုပ်ပျက် ဒီမိုကရေစီနဲ့ လမ်းသရဲဒီမိုကရေစီ စရိုက်လက္ခာများ လွှမ်းမိုးနေသည့်အပြင် အများညီလျှင် ဤ ကို ကျွဲ ဖတ်နေကြသည်ဟုဆိုသည်။

NLD ပါတီမှ ထွက်ခွာလာသူအများစုမှာ ပါတီကို မနှစ်သက်ခြင်းထက် ပါတီဝင်အချင်းချင်းအပေါ် မနှစ်သက်ခြင်း ထိပ်ပိုင်းခေါင်းဆောင်များကို မနှစ်သက်ခြင်းက အဓိကဖြစ်ကြောင်း သိရပြီး ရွေးကောက်ပွဲ မတိုင်မီ နှုတ်ထွက်မည့်သူအများအပြား ထပ်မံထွက်ပေါ်လာဖွယ်ရှိကြောင်း ပါတီဝင်ဟောင်းများထံမှ သိရပါ သည်။

ဒေါက်တာမျိုးချစ်
 

.. https://www.facebook.com/MyanmarExpress

ယခင် လမ်းခွဲရှင်းတမ်းများအားလုံးကို http://www.myanmarexpress.net/search/label/%E1%80%92%E1%80%AE%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%94%E1%80%B2%E1%82%95%20%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BC%E1%80%B2%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%99%E1%80%B9%E1%80%B8
  တွင် ဆက်လက်ဖတ်ရှုနိုင်သည်။

 
 

ဒေါ်စုအိပ်ငိုက်သည့်ဓာတ်ပုံကြောင့် လွှတ်တော်အတွင်း သတင်းယူခွင့်ပိတ်

From : .. DVB

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း အိပ်ငိုက်သည့်ပုံ  ပျံ့နှံ့ခဲ့တဲ့နောက် ပြည်ထောင်စု လွှတ်တော်က မီဒီယာခန်းကို သတင်းထောက်တွေ ၀င်ရောက်ခွင့် ဒီနေ့ ပိတ်ပင်လိုက်ပါတယ်။

NLD ကိုယ်စားလှယ်တွေ အိပ်ငိုက်နေတဲ့ပုံကို ဓာတ်ပုံရိုက်တာအပြင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အိပ်ငိုက်ပုံကို  ဓာတ်ပုံရိုက်တဲ့အတွက်ကြောင့်လို့ ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အတွင်းရေးမှူး ကိုအောင်သူရက “ကျွန်တော်တို့ ဖြစ်စေချင်တာက ဒီလိုလုပ်မယ်ဆိုရင်လည်း သတင်းထောက်တွေနဲ့ အရင် ညှိနှိုင်းစေချင်ပါတယ်။ ခုကတော့ ငါတို့ထားတဲ့နေရာမှာနေဆိုတဲ့ သဘောဖြစ်နေတယ်’’ လို့ ဒီဗွီဘီကို ပြောပါတယ်။

အရင်ကဆိုရင် လွှတ်တော်အစည်းအဝေးခန်းအပေါ် မီဒီယာခန်းက ကြည့်ရှုသတင်းယူနိုင်ပေမယ့် ဒီနေ့မှာတော့ မီဒီယာခန်းအပြင်ဘက် ကော်ရစ်ဒါကနေ တိုက်ရိုက်ပြနေတဲ့ တီဗွီကတဆင့်ပဲ ကြည့်ရှုရတော့တာပါ။

ကိုအောင်သူရက “ ကျွန်တော်တို့က အိပ်နေရင်လည်း ရိုက်ပြရမှာပဲ၊ ရန်ဖြစ်နေရင်လည်း ရိုက်ပြရမှာပဲ။ တချို့ ကိစ္စတွေဆိုရင် ဆွေးနွေးတင်ပြနေတဲ့သူကို တိုက်ရိုက်ကြည့်နေဖို့လိုပါတယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက နိုင်ငံတကာလွှတ်တော်တွေမှာလည်း ဒီအတိုင်းပဲလို့ ပြောပါတယ်။ ဒီအခြေအနေဟာ လောလောဆယ်မှာတော့ ဒီအတိုင်းရှိနေမှာဖြစ်ပြီး သူတယောက်တည်းလုပ်တာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိပ်ငိုက်သည့်ပုံ ပျံ့နှံ့ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းထံသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မိဒီယာများကို ကန့်သတ်ဖို့ ပြောဆိုခဲ့ကြောင်း လွှတ်တော်မှလာသော သတင်းအများအရ သိရပါတယ်။
.

.. https://www.facebook.com/MyanmarExpress
 

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာတူးဂျာ ဘာပြောခဲ့သလဲ





ကချင်ပြည်နယ်သို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်၂၄-၅-၂၀၁၅ ရက်နေ့တွင် ကချင် ပြည်နယ် ပူတာအိုမြို့မှ ပြန်လည်ထွက်ခွာသွားခဲ့ပြီ။ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဒေါက်တာတူးဂျာပြောခဲ့တာလေးတစ်ခု ဆက်စပ်မိလို့ ပြောပြချင်ပါတယ်။

ကချင်ပြည်နယ်အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ NLD ပါတီလို ပါတီကြီးများအနေဖြင့် တိုင်းရင်းသား ပါတီများကို ဦးစားပေးသင့်တယ်၊ ပေးစေချင်တယ်။ မိမိတို့ တိုင်းရင်းသားများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တန်းတူညီတူ အုပ်ချုပ်ခွင့်၊ ဥပဒေပြဌာန်းခွင့်တို့ကို ရချင်တယ်၊ အဲဒီ့အတွက်လည်း ကြိုးစား နေကြတယ်၊ ဒီအခြေအနေမျိုးမှာ ပါတီကြီးများဝင်ရောက်လာပြီး မဲဆွယ်လှုပ်ရှားပါက အနည်းငယ်မျှသော မိမိတို့တိုင်းရင်းသားများ၏ မဲဆန္ဒနယ်များဆုံးရှုံးသွားနိုင်တယ်။ ထို့အတွက်ကြောင့် ပါတီကြီးများအနေဖြင့် လူနေသိပ်သည်းသော တိုင်းဒေသကြီးများတွင်သာ မဲဆွယ်စည်းရုံးသင့်ပြီး တိုင်းရင်းသားများ၏ မဲဆန္ဒနယ် များတွင် ၀င်ရောက်မဲဆွယ်ခြင်းများကို နားလည်မှုရှိစွာဖြင့် မပြုလုပ်ဖို့လိုကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီကြီးများအနေနဲ့ တိုင်းရင်းသားပါတီတွေမှာ လွှမ်းမိုးမှုမရှိဘဲနဲ့ တိုင်းရင်းသားပါတီတွေကို ဦးစားပေး သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ မည်သို့ကြောင့်ပင်မသိ ထိုသတင်းကား NLD ၏ လူမှုကွန်ယက် စာမျက်နှာများတွင်သိပ်မတွေ့ရ။

သူပြောတာလည်းရှင်းရှင်းလေးပါ၊ ကချင်မှမဟုတ် တိုင်းရင်းသားတွေအားလုံးက အခုမှ ဖယ်ဒရယ်စနစ်ဖြစ်ဖို့ ရုန်းကန်ကြိုးစားနေကြတဲ့အချိန်မှာ တိုင်းရင်းသား မဲဆန္ဒနယ်တွေမှာ ၀င်ရောက် ယှဉ်ပြိုင်မှုမပြုပဲ ရှောင်ပေး ခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလေးထားသင့်တယ် ဆိုတာပါပဲ။ ရွေးကောက်ပွဲနီးလာမှ ကျွန်မတို့ပါတီက ပြည်ထောင်စုပါတီပဲ၊ ကျွန်မတို့ပါတီကိုမဲပေးပါလို့ ထအော်နေလို့မရပါဘူး။ ပြည်နယ်တွေရဲ့ အကျိုးစီးပွားအတွက် တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားအတွက် NLD ပါတီအနေဖြင့် ဘာများဆောင်ရွက် ပေးခဲ့သလဲအားလုံးအသိပါ။ 

သည့်အတွက်ကြောင့် ဒေါက်တာတူးဂျာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ တန်းတူညီတူအုပ်ချုပ်ခွင့်နှင့် တန်းတူ ညီတူ ဥပဒေပြဌာန်းခွင့်ရချင်သဖြင့် မိမိတို့တိုင်းရင်းသားများ ကြိုးစားနေကြသည့်အချိန်တွင် ပါတီကြီးများ အနေဖြင့် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေကို ဦးစားပေးဖို့ ပြောခဲ့တာပါ။
ဒေါက်တာတူးဂျာ၏     ပြောကြားခဲ့မှုအပေါ် တိုင်းရင်းသားပါတီများမှလည်း ထောက်ခံခဲ့ပြီး ပါတီကြီးများ အနေဖြင့် တိုင်းရင်းသားဒေသများတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်းမပြုခြင်းက တိုင်းရင်းသားများ၏ ဖယ်ဒရယ်စနစ်ဖြစ်ပေါ်ဖို့ ကြိုးစားနေမှုအား အထောက်အကူဖြစ်မယ်ဆိုပြီး ဝေဖန်သုံးသပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါက်တာတူးဂျာဆိုတာကလည်း ခေတ်ပညာတတ် အမြော်အမြင်ရှိသူဖြစ်သည့်အပြင် တစ်ချိန်က KIO ရဲ့ ထပ်ပိုင်းခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ တစ်ယောက်ပဲ၊ ထာဝရငြိမ်းချမ်းရေးရချင်လို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး ရွေးကောက်ပွဲဝင်ရောက်ဖို့ လုပ်ခဲ့တဲ့သူ၊ ကချင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေး အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်မည်ဖြစ်သည်ဟု ကချင်ပြည်နယ်လူထုမှ ယုံကြည်လျှက်ရှိသည့်လူ။

 KIOအဖွဲ့မှ ပြတ်သားစွာခွဲထွက်၍အမှန်တကယ် ပြည်နယ်ကောင်းစားရေးအတွက်  ဆောင်ရွက်လိုစိတ်
ရှိသည့်အပြင် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် KIO နှင့် မြန်မာအစိုးရကြားတွင် ပေါင်းကူးသဖွယ် လက်ချင်းချိတ်ဆက်         ပေးနိုင်သော ကိုယ်စားပြု ခေါင်းဆောင်တစ်ယောက်အဖြစ် ကချင်ပြည်နယ်သူ /ပြည်နယ်သားများမှ သတ်မှတ်ထားသော သူတစ်ယောက် အဲဒီတော့သူ့ရဲ့ နိုင်ငံရေးအမြင် တွေဟာ ရှင်သန်နေတယ်။ ဒါကိုသတိပြုဖို့လိုလိမ့်မယ်။ ၊ထိုကဲ့သို့သော သူတစ်ယောက်က ပြောခဲ့သော စကားများအား ဒေါ်အောင်ဆန်းစုကြည် နားမလည်မှာစိုးသည့်အတွက် နားလည်အောင် လွယ်ကူ ရှင်းလင်းစွာ ရေးသားပြီး အားလုံးသိစေဖို့  ထပ်ဆင့် မျှဝေပေးလိုက်ပါတယ်။

မိုးသည်းထန်စွာရွာသော်လည်း မိုးရေထဲမှ ကချင်တိုင်းရင်းသားများကို ဒေါ်အောင်ဆန်းစုကြည် အမိုးအောက်မှ ၁ နာရီကျော် မိန့်ခွန်းပြောခဲ့

From : .. Kachin Duwa
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ အချိန်ကာလ နီးကပ်လာချိန်မှာပဲ တိုင်းရင်းဒေသတွေဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းတွေကို ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်နေခဲ့ရာက မေလ ၂၃ရက်နေ့ စနေနေ့မှာတော့ ကချင်ပြည်နယ်ကို ရောက်ရှိလာခဲ့ပါတယ်။

 ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့ကို စနေ မနက်ပိုင်းက ရောက်ရှိခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံကချင်ပြည်သူလူထုက တိုင်းရင်းရိုးရာဝတ်စုံပြည့်တွေ ဝတ်ဆင်ပြီး မိုးရေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး မိန့်ခွန်းရှည်ကို တစ်နာရီကျော်ကြာ နားထောင်ခဲ့ရပါတယ်။

မိုးရေထဲမှ ကချင်တိုင်းရင်းသားများကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အမိုးအောက် စင်ပေါ်မှ မိန့်ခွန်းပြောခဲ့ပြီး ကပြဖျော်ဖျေသူများကိုလည်း စင်ပေါ်တက်ခွင့်မပေးဘဲ စင်အောက်တွင် ကခိုင်းကာ ဒေါ်အောင်ဆန်းစုကြည်မှ စင်ပေါ်မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။

.
. https://www.facebook.com/MyanmarExpress
 

နိုင်ငံအမြင်မှားအောင်လုပ်နေသူတွေလို့ လှေစီးပြေးတွေကို ဘင်္ဂလားဒေ့ရှ်အပြစ်တင်

From : .. voa



ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုကနေ ထွက်ပြေးသွားကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမြင်မှားအောင် လုပ်နေသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေကြသူတွေဖြစ်တယ်လို့ ဝန်ကြီးချုပ် Sheikh Hasina က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။

လူမှောင်ခိုကူးသူတွေကို ပိုက်ဆံပေးပြီး အန္တရာယ်များလှတဲ့ ပင်လယ်ပြင်မှာ ပြည့်ကြပ်နေတဲ့ စက်လှေတွေစီးပြီး အရှေ့တောင်အာရှ နိုင်ငံအတွင်းက တခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားကြတဲ့ အဲဒီလူတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဲဒီထက် ကောင်းမွန်တဲ့ ဘဝနဲ့ နေထိုင်လို့ ရနိုင်ပါတယ်လို့လည်း ဝန်ကြီးချုပ် Sheikh Hasina က ပြောပါတယ်။

တိုင်းပြည်အတွင်းမှာ သူတို့အတွက် လုံလောက်တဲ့အလုပ်အကိုင်တွေ ရှိနေပါလျက်နဲ့ အဲဒီလူတွေဟာ တိုင်းပြည်ကိုပစ်ပြီး အန္တရာယ်များလှတဲ့ အဲဒီခရီးကို ထွက်သွားကြကြောင်း၊ သူတို့တွေဟာ နိုင်ငံတကာ အဝန်းဝိုင်းကြားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမြင်မှားမှု ဖြစ်ပေါ်စေအောင် လုပ်နေကြခြင်းဖြစ်ကြောင်း Sheikh Hasina က ပြောပါတယ်။

လူမှောင်ခိုကူးတဲ့သူတွေရော၊ တိုင်းပြည်က ထွက်ပြေးသွားကြသူတွေကိုပါ ပြစ်ဒဏ်ပေးသင့်ကြောင်း ဝန်ကြီးချုပ် Sheikh Hasina က ပြောတယ်လို့ အစိုးရပိုင် Sangbad Sangstha သတင်းအေဂျင်စီမှာ ကိုးကား ဖော်ပြထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူတွေလို့ ယုံကြည်ရသူတွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့ ၃၀ ကို အစုလိုက် အပြုံလိုက် တွေ့ရှိခဲ့ကြောင်း မလေးရှားအာဏာပိုင်တွေက ပြောဆိုတဲ့အချိန်မှာပဲ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာရေတပ်က ကယ်ဆယ်လိုက်တဲ့ လှေစီးဒုက္ခသည်တွေကို အခုအခါမှာ မောင်းတောမြို့ အတွင်းက ယာယီစခန်းမှာ ထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။
 


.. https://www.facebook.com/MyanmarExpress
 

ဘင်္ဂါလီအရေး အကောင်းဆုံးဖြေရှင်းပြလိုက်တဲ့ မြန်မာအစိုးရကြောင့် လှေစီးဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဟု ကုလသမဂ္ဂ အတည်ပြု

From : .. dvb

မြန်မာရေတပ်က ကယ်တင်ထားတဲ့ ပင်လယ်ပြင်လှေစီးဒုက္ခသည် ၂၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အမျိုးသားတွေဖြစ်တယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ပြန်ကြားရေးရုံးက ဒီကနေ့ အတည်ပြုကြေညာပါတယ်။
ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယားနဲ့ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အကြီးတန်းအရာရှိ Ms. Renata Dessallien မစ္စ ရီနာတာ ဒက်စ်ဆယ်လီအန်တို့ မေလ ၂၂ ရက်က ရခိုင်ပြည်နယ်ကိုသွားရောက်ကာ ကယ်တင်ထားသူတွေကို သွားရောက်တွေ့ဆုံပြီးနောက် ထုတ်ပြန်လိုက်တာပါ။
မေလ ၂၁ ရက်နေ့က မြန်မာ့ရေပြင်ထဲ ရွှေ့ပြောင်းဝင်လာသူ ၂၀၀ ကျော်ကို အရေးပါတဲ့ ကယ်တင်မှုတွေလုပ်ခဲ့တဲ့အတွက် ကုလသမဂ္ဂအနေနဲ့ ပြည်ထောင်စုအစိုးရကိုရော ရခိုင်ပြည်နယ် အစိုးရကိုပါ ချီးကျူးပါတယ်၊ ကယ်ဆယ်ခဲ့သူ ၂၀၀ ဟာ ဘင်္ဂလားဒေ့ရှ် လူငယ်အမျိုးသားတွေလို့ ယုံကြည်ပြီး ဒီထဲက ၁၉ ယောက်ဟာ အသက် ၁၇ ကနေ ၁၅ နှစ်အကြား ရှိကြတယ်လို့ ထုတ်ပြန်ချက်မှာရေးပါတယ်။
မြန်မာ အစိုးရအနေနဲ့ ပင်လယ်ထဲမှာ ရှိနေနိုင်သေးတဲ့ ရွှေ့ပြောင်းသွားလာသူအများအပြားကို ရှာဖွေကယ်ဆယ်မှုတွေ ဆက်ပြီးလုပ်ဆောင်ဖို့လည်း ကုလသမဂ္ဂက တောင်းဆိုပါတယ်။
ကုလသမဂ္ဂ ကိုယ်စားလှယ်တွေရဲ့ ရခိုင်ခရီးစဉ်အတွင်း တရားမ၀င်ခိုးဝင်မှု၊ လူမှောင်ခို ကူးမှုတွေနဲ့ ပုံသဏ္ဍာန်မမှန်တဲ့ ရွှေ့ပြောင်းသွားလာမှု ပြသနာတွေကို အစိုးရ တာဝန်ရှိသူတွေနဲ့ နှစ်ဖက်ဆွေးနွေးခဲ့ကြပြီး ပွဲစားတွေနဲ့ ရာဇ၀တ်ကောင်တွေကို အာရုံစိုက် အရေးယူ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒြါ့ပင် နေစရာမဲ့ ဒုက္ခသည်တွေ အပါအ၀င် ရခိုင်ပြည်နယ်အတွင်း လတ်တလော အခြေအနေ တိုးတက်လာတယ်ဆိုတာကို ကုလသမဂ္ဂက လက်ခံအသိအမှတ်ပြုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အနီး ပင်လယ်ပြင်မှာ လူ ၂၀၈ ဦးလိုက်ပါလာတဲ့ စက်လှေတစင်းနဲ့ လူမပါတဲ့ စက်လှေတစင်းကို မြန်မာရေတပ်က ကင်းလှည့်စဉ် တွေ့ရှိကယ်ဆယ်ခဲ့တာပါ။
လှေစီးဒုက္ခသည်တွေကို အလယ်သံကျော်ကျေးရွာမှာ ယာယီစခန်းဖွင့်လှစ်ကာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးထားပြီး ဒီကနေ့ မေလ ၂၅ ရက်မနက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နီးတဲ့ တောင်ပြိုလက်ဝဲမြို့နယ်ကို မော်တော်ယာဉ်တွေနဲ့ ပို့ဆောင်ပေးနေပြီး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။


.. https://www.facebook.com/MyanmarExpress
 

NLD နှင့် နောက်လိုက်များဖတ်ဖို့ ဘင်္ဂလီတွေပြောတဲ့ ဘင်္ဂလီအကြောင်း

From : .. MOI


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
လူမှောင်ခို ရာဇဝတ်ဂိုဏ်းများ၏ သားကောင်များဖြစ်ခဲ့ရသည့် ပင်လယ်တွင်း လှေစီးဒုက္ခသည်များ၏ ရင်တွင်းစကားသံများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
မောင်တော မေ ၂၄
အမေး/အရေး- မင်းမင်းဇော်(သတင်းစဉ်)
တရားမဝင် ရွှေ့ပြောင်းသွားလာမှု၊ လူမှောင်ခိုမှုနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံအနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ မေ ၂၁ ရက် တွင် မြန်မာ့ပင်လယ်ပြင်၌ လူမှောင်ခို စက်လှေနှစ်စီးနှင့်အတူ လှေစီးဒုက္ခသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၀၈)ဦး လိုက်ပါလာကြောင်း ကနဦး စိစစ်တွေ့ရှိရသည်။
မြန်မာနိုင်ငံသည် လှေစီးဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှု ရှုထောင့်အရ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာ ယာယီကယ်ဆယ်ရေး စခန်းတွင် ယာယီလက်ခံထားပြီး ၎င်းတို့၏ ပင်ရင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင် နိုင်ရန် နှစ်နိုင်ငံ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထိုလှေစီး ဒုက္ခသည် များအား မေးမြန်းစိစစ်ရာ လူမှောင်ခိုမှုနှင့် လူကုန်ကူးမှုများကို စီးပွားရေး လုပ်ငန်းကြီးတစ်ရပ်ကဲ့သို့ ပြုလုပ်နေသည့် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများ၏ သားကောင်များသဖွယ် ဖြစ်ခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ လှေစီးဒုက္ခသည်အချို့၏ တွေ့ဆုံမေးမြန်းချက် ဖြစ်ရပ်မှန်များနှင့် ရင်တွင်း စကားသံများကို ရေးသား တင်ပြလိုက်ရပါသည်။
မိဇာဒ်ရော်ဟာမန်
နော်ဘော်နီယာကျေးရွာ၊ ဖာလင်ခါလီမြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကျွန်တော် အိုခိယားမြို့ပယ်လယ်ကမ်းခြေသားပေါက်စခန်းမှာ လျှပ်စစ်ပြင်လုပ်ငန်း လုပ်ကိုင်ပါ တယ်။ စခန်းကနေ အိမ်အပြန်လမ်းမှာ သူငယ်ချင်းက စက်လှေပေါ်မှာ အလုပ်လုပ်ရင် တစ်နေ့ ဘင်္ဂလားငွေ နှစ်ထောင်ကျော်ရမယ်ဆိုပြီးခေါ်သွားခြင်းခံရပါတယ်။ စက်လှေအသေးနဲ့ပင် လယ်ပြင်ထဲမှာ ၈နာရီနီးပါးကြာ အောင်မောင်းပြီးမှ စက်လှေ အကြီးထဲကို ပို့ခြင်းခံရပါတယ်။ စက်လှေပေါ်ရောက်တဲ့အခါ မင်းတို့ပြန်ဖို့မစဉ်းစားနဲ့ မလေးရှားကိုခေါ်သွားမယ်လို့ပြောပါတယ်။ တစ်လလောက်ကျော်တဲ့အခါ ကျွန်တော် တို့စက်လှေကြီးပေါ်ကို ဘင်္ဂလားဒေ့ရှ်ကလူတွေ တဖြည်းဖြည်း နဲ့ရောက်လာလို့ ရိက္ခာမလုံ လောက်ခဲ့ပါဘူး။ ကျွန်တော်တို့ကို ရိုက်နှက်ပြီး စက်လှေဝမ်းထဲအတင်းသွားခိုင်းခဲ့ပါတယ်။ အိမ်ကိုလည်း အဆက်အသွယ် မရတော့ပါဘူး။ နောက်မြန်မာရေ တပ်နဲ့တွေ့ပြီး စားသောက်ဖွယ် ရာတွေပေးပါတယ်။ ဒီစခန်းကိုရောက် လာတော့ အဝတ်အထည်တွေရ ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျန်ခဲ့တဲ့ အဖေနဲ့ အမေကို သတိရနေမိပါ တယ်။ ကျွန်တော့်ဇာတိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမြန်ဆုံးပြန်ချင်ပါတယ်။
မိုဟာမက်အီမီရာဟာဆင်
အေဒီယာမာဖာယာကျေးရွာ၊ ကော့ဘဇားမြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကျွန်တော့်မှာ မောင်နှမ ကိုးယောက်ရှိပါတယ်။ ကော့ဘဇားမြို့ပင်လယ် ကမ်းခြေမှာ ရေချိုးပြီး အပြန် လူတစ်ဦး ကခေါ်သွားပြီးတောထဲက တဲတစ်တဲမှာထားပါတယ်။ နောက်ထပ် ၄ ဦးရောက်လာပြီး စူနာပါရာကျေးရွာ အနီးကစက်လှေပေါ်တင်ခြင်းခံရပါတယ်။ ၄ နာရီနီးပါးကြာအောင်စက်လှေ ကိုမောင်းပြီး စက်လှေအကြီးပေါ် ကိုတင်ခံရပါတယ်။ မှတ်မှတ်ရရ လှေပေါ်ရောက်တာ ၃ လပိုင်း ၁၈ ရက်နေ့ပါပဲ၊ လှေပေါ်မှာဒုက္ခ မျိုးစုံခံစား ခဲ့ရပါတယ်။ ဘင်္ဂလားမှာကျန်နေတဲ့ အဖေ၊အမေ၊ မောင်နှမတွေနဲ့ အမြန်ဆုံးတွေ့ချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အမြန်ဆုံးပြန်လာခေါ်စေချင်ပါတယ်။
ရေဝါန်
ဘော်ဘာနီဟူကျေးရွာ၊ ကိုမီလာမြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကျွန်တော်အရင်က ငါးသလောက်လှေတွေမှာ ဘင်္ဂလားငွေ တစ်နေ့ တစ်ထောင်နဲ့ အလုပ်လုပ်ပါတယ်။ နောက်လှေတစ်စီးက တစ်နေ့ နှစ်ထောင်ပေး မယ်ဆိုပြီး ခေါ်သွားပါတယ်။ ပင်လယ်ထဲမှာ ၈ နာရီကြာအောင်မောင်းပြီး ဓါးတွေ၊ တုတ်တွေနဲ့ စက်လှေကြီးပေါ်တက်ခိုင်း ပါတယ်။ သူတို့က ဘင်္ဂလား-မြန်မာ ရေနယ်စပ်ရောက်တဲ့ ရေတပ်လာ တယ်ဆိုပြီး စက်လှေဝမ်းထဲကို အတင်းဆင်း ခိုင်းပါတယ်။ ဒီစခန်းကို ရောက်တော့ ကျွန်တော်ဝမ်းသာတယ်။ ကျွန်တော်ဘင်္ဂလားက အိမ်ကို အမြန်ဆုံးပြန်ချင်တယ်။
မူဟာမက်မိုဘီနော်ဟောက်
မာလ်ဖာရာကျေးရွာ၊ အိုဂီယမြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
သူငယ်ချင်းက နေ့လည်ပိုင်းမှာ လက်ဖက်ရည်သောက်မယ်လို့ခေါ်သွားပြီး ညနေပိုင်းရောက်တော့ လူ ၃ ယောက်က ကျွန်တော့်ကိုစက်လှေပေါ် ကိုခေါ်သွားပါတယ်။ အဲဒါမှ ကျွန်တော့ကို သူငယ်ချင်းက ဘင်္ဂလားငွေ ၂ သောင်းနဲ့ ရောင်းစားသွားတယ်ဆိုတာ သိရပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့ ကျွန်တော့်အဖေက မျက်မမြင်ပါ။ စက်လှေမောင်းတဲ့သူက ထိုင်းကမ်းခြေမှာ အခြေအနေမကောင်းဘူး။ မင်းတို့ကို ဘင်္ဂလားပြန်ပို့မယ်လို့ ပြောပါတယ်။ ပြန်ချင်ရင် ဘင်္ဂလားငွေ ၅ သောင်းပေးရမယ်လို့ပြောပါတယ်။ အခုဒီစခန်းကိုရောက်ပါတယ်။ ကျွန်တော်အဖေနဲ့ အမြန်ဆုံးတွေ့ချင်ပါတယ်။ ဘင်္ဂလားက အမြန်ဆုံး လာခေါ်လို့ပြောချင်ပါတယ်။
နိုရိုအာဆာ
ရာဇာကိုဒေဟင်ဖာယာကျေးရွာ၊ ကော့ဘဇားခရိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကျွန်တော်က ရွာမှာ စက်ချုပ်လုပ်ငန်းအကူအဖြစ်လုပ်ပါတယ်။ တစ်နေ့ကို ငါးရာရပါတယ်။ သူငယ်ချင်းက အလည်သွား မယ်ဆိုပြီး ကျွန်တော့်နှာ ခေါင်းပေါ် ပဝါတင်လိုက်တဲ့အခါကျွန်တော်ဘာမှ မသိတော့ပါဘူး။ ကျွန်တော် သတိရတဲ့အခါ ပင်လယ်ထဲက စက်လှေပေါ်ရောက်နေတာသိရပါတယ်။ ပင်လယ်ထဲမှာ ၈နာရီကြာ စက်လှေမောင်းပြီး စက်လှေအကြီးပေါ်ရောက် လာပါတယ်။ အသက်မသေရုံ စားသောက်ခဲ့ရပါတယ်။ မိဘဆွေမျိုး တွေနဲ့ ကွဲတာကြာတော့ အမြန်ဆုံးပြန်တွေ့ချင်ပါတယ်။ မြန်မာ အစိုးရရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ် ကို ပြန်ချင်ပါတယ်။
မူဟာမောက်မူဖာဇာလ်ဟုဆင်
အူဂျော်ဖူလ်ကျေးရွာ၊ ဖုလ်အာကော်တီဘာရီမြို့၊ စူဝါတန်ကာခရိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကျွန်တော့်မှာမောင်နှမ ၇ ယောက်ရှိပါတယ်။ ကျွန်တော့် ကော့ဘဇားပင် လယ်ကမ်းခြေကို အလည်လာပါတယ်။ တည်းခိုခန်းမှာ တည်းခိုမလားဆိုပြီး ကျွန်တော့်ကို လူနှစ်ယောက်က စက်လှေပေါ်ကို တုတ်နဲ့ရိုက်ပြီး တင်ပါတယ်။ စက်လှေပေါ် ရောက်တဲ့အခါ စက်လှေမောင်း သူက မင်းကိုဝယ်ထား တယ်လို့ပြော ပါတယ်။ စက်လှေပေါ်က လူပွဲစားက ထိုင်းကိုပို့မယ်လို့ပြောပါ တယ်။ ထိုင်းကမ်းခြေမှာ အခြေအနေမကောင်းလို့ ဘင်္ဂလား ကို ပြန်ပို့မယ် လို့ပြောပါတယ်။ ငွေ ၅ သောင်းပေးရမယ်လို့လည်း ပြောပါတယ်။ ဘင်္ဂလားမှာ ကျန်ခဲ့တဲ့ ကျွန်တော့်သားလေးကို သတိရတယ်။ ဖုန်းနဲ့အဆက်အသွယ်ရ တုန်းက သားရဲ့ပြန်လာတော့ မလားဆိုတဲ့ အသံကို ကြားနေမိတယ်။ ဘင်္ဂလားဒေ့ရှ်ကို အမြန်ဆုံးပြန်ချင်ပါတယ်။


.. https://www.facebook.com/MyanmarExpress