Subscribe to our RSS Feed

ရိုဟင်ဂျာပြဿနာနှင့် ထောင်ချောက်မိ မြန်မာပြည် (အပိုင်း-၁)



မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ နော်ဝေနိုင်ငံ အော်စလိုမြို့ ရှိ The Nobel Institute & Voksenaasen တွင် ဘင်္ဂါလီ (ရိုဟင်ဂျာ)များအပေါ် မြန်မာ၏ နှိပ်ကွပ်မှု အဆုံးသတ်ရေး ခေါင်းစဉ်ဖြင့် Conference တစ်ခု ကျင်းပမည်ဖြစ်သည်။ ဆွေးနွေးပွဲသို့ Open Society Foundations မှ George Soros နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Mrs Yanghee Lee တို့အပြင် အပြည်ပြည် ဆိုင်ရာ ဒုက္ခသည်များအဖွဲ့၊ နော်ဝေ-မြန်မာကော်မတီနှင့် အခြားအဖွဲ့များမှ ခေါင်းဆောင်များတက်ရောက် ကြမည်ဖြစ်သည်။ အလားတူ မေလ ၂၉ ရက်နေ့တွင်လည်း လှေစီးဒုက္ခသည်အရေး ဆွေးနွေးပွဲတစ်ခုအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်သည်။
-
ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့များနှင့် အစ္စလာမ်နိုင်ငံများက ဘင်္ဂါလီ (ရိုဟင်ဂျာ)အရေးနှင့် ပတ်သက်၍ မြန်မာကို လက်ညိုးထိုးအပြစ်တင်ထားကြပြီး  အင်ဒိုနီးရှားနိုင်ငံကို ခိုလှုံရောက်ရှိနေသည့်  လှေစီး ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံကလာသူ ၄၃ ယောက်ပါကြောင်း အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေး အရာရှိက ပြောဆိုထားသည်။
-
“အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရောက်လာကြသူ ၁၃ဝဝ လောက်ရှိတဲ့ထဲမှာ ၆ဝဝ လောက်က ရိုဟင်ဂျာတွေဖြစ်ကြပါတယ်။ သူတို့ထဲက တချို့ဟာ မြန်မာနိုင်ငံက လာတယ်လို့ ပြောကြပြီး တချို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လာတယ်လို့ ပြောကြပါတယ်။” ဟု အင်ဒိုနီးရှား အရာရှိ Mr.Baloch က ဆိုသည်။ သို့သော်လည်း မြန်မာနိုင်ငံကဟု ဆိုသည့် ဘင်္ဂါလီ (ရိုဟင်ဂျာ) ၄၃ ဦးလုံးမှာ မြန်မာနိုင်ငံတွင်းတွင်နေထိုင်သည့် နေရပ်လိပ်စာ မပြောဆိုနိုင်သလို မြန်မာစကားလည်း မပြောတတ်ကြောင်းသိရသည်။
-
မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်မှ လှေစီးဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံသား မှန်ကန် ကြောင်း အထောက်အထားပြနိုင်ပါက လိုအပ်တဲ့ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ပေးသွားမည်ဟု တနင်္လာနေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။ ထို့အပြင် လက်ရှိဘင်္ဂါလီ(ရိုဟင်ဂျာ) ပြဿနာမှာ လူမှောင်ခိုကူးမှုသာဖြစ်၍ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဆက်လက်တုံ့ပြန်ခဲ့သည်။  ‘‘ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်လို့ ကျွန်တော်တို့မမြင်ဘူး။ ဒါတွေက ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကျွန်တော်တို့ရှိနေတဲ့ တချို့လူတွေကို မလေးရှား၊ အင်ဒို တို့ကို ပို့ဆောင်ဖို့လုပ်တဲ့ လူမှောင် ခိုကူးတဲ့ကိစ္စ၊ လူကုန်ကူးတဲ့ကိစ္စရဲ့ အကျိုးဆက်တွေလို့မြင်ပါတယ်။ နိုင်ငံတကာ မိသားစုအဖွဲ့ ၀င်ဖြစ်တဲ့အတွက် ဒီလူကုန်ကူးမှု ကို ဖြေရှင်းဖို့ ဒေသတွင်းနိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ဟု ၀န်ကြီးဦးရဲထွဋ်က အစည်းအဝေးပြီးတွင် သတင်းထောက်များအား ဖြေကြား ထားသည်။

-
ဒေါက်တာမျိုးချစ်
-

.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်